နေလောင်တဲ့ အသားအရည်အတွက် အထိရောက်ဆုံး ကော်ဖီ scrub

၂ရောင်ခြယ်၊ ၃ရောင်ခြယ် အသားလေးတွေကို တစ်ညီတည်း ပြန်ဖြူလာဖို့… 

မင်္ဂလာပါ ယောင်းတို့ရေ….သင်္ကြန်မှာ အပီအပြင်လည်ပြီး အသားရောင်က ၂ရောင်စပ်တွေ၊ ၃ရောင်စပ်တွေ ဖြစ်ကုန်ပြီလား? မပူပါနဲ့ အစွမ်းထက်ဆေးတစ်လက် လာပါပြီ။ beauty spa တွေသွားပြီး အသားဖြူဖို့ ကုသမှုခံယူစရာမလိုဘဲ ယောင်းတို့ မီးဖိုချောင်မှာ အလွယ်တကူရှိနေတဲ့ အဲ့ပစ္စည်းလေးနဲ့ ယောင်းတို့ မျက်နှာကို ဝင်းပနေအောင် လုပ်ပေးနိုင်ပါတယ်။ အဲ့ဒါကတော့ ကော်ဖီမှုန့်ပါပဲ ယောင်းတို့ရေ…

ကော်ဖီမှုန့်ကို အသင့်ဖျော်ကော်ဖီမှုန့်မသုံးဘဲ ဘာမှမရောထားတဲ့ ကော်ဖီမှုန့်အစစ်ကို သုံးပေးရပါမယ် နော်။ နေလောင်ပျက်ဆီးနေတဲ့ အသားအရည်ကို ပြန်ဖြူဖို့ ကော်ဖီမှုန့်ကို အဆင့်နှစ်ဆင့်နဲ့ အသုံးပြုပေးရုံပါပဲ။ ပထမ တစ်ဆင့်ကတော့ coffee scrub(ကော်ဖီကြေးချွတ်ဆေး)လေး လုပ်ရပါမယ်။ ခွက်ငယ်တစ်ခွက်ထဲ ကော်ဖီမှုန့်တစ်ဇွန်း၊ မှုန့်ညက်နေတဲ့သကြားတစ်ဇွန်း(fine sugar) နဲ့ သံလွင်ဆီ တစ်ဇွန်း ထည့်ပြီး နှံ့သွားအောင် မွှေပေးပါမယ်။ ရလာတဲ့ အရောကို နေလောင်နေတဲ့ အသားအရည်ပေါ် ၆မိနစ်လောက် အသာအယာ ပွတ်တိုက်ပေးရမယ်နော်။ အဲ့နောက် တဘက်အဝတ်အစိုလေးနဲ့ အသာအယာသုတ်ပေးပါ။

အဆင့် ၁

Related Article >>> နှုတ်ခမ်းကွာတတ်တဲ့ ယောင်းလေးတို့အတွက် အစွမ်းထက် ဆေးတစ်လက်

နောက်တစ်ဆင့်က coffee mask (ကော်ဖီပေါင်းတင်ကပ်ခွာ) လုပ်ရပါမယ်။ ခွက်ထဲကို ကော်ဖီတစ်ဇွန်းရယ် ပျားရည်တစ်ဇွန်းရယ် Besanလို့ခေါ်တဲ့ Gram Flour(ပဲမှုန့်တစ်မျိုး)ရယ် ဘာမှမရောထားတဲ့ ဒိန်ချဉ်အပျစ်အခဲ နှစ်ဇွန်းရယ် ထည့်ပြီး နယ်ပေးရပါမယ်။ ရလာတဲ့ အနှစ်ကို အသားရည်ပေါ် မိနစ်၃၀လောက် တင်ပြီး ပေါင်းတင်ပေးရပါမယ်။ အဲ့နောက် ရေနဲ့သေချာ ဆေးချလို့ရပါပြီ။

အဆင့် ၂ဆင့်လုံးမှာ ရလာမယ့် ပုံလေးတွေ

scrubကို တစ်ပတ်သုံးခါ လုပ်ပေးလို့လည်း ရသလို နေ့တိုင်းလုပ်ပေးလည်း ရပါတယ်။ ကော်ဖီပေါင်းတင်ဆေးကို ဒိန်ချဉ်နဲ့ Gram Flourမရရင် ပျားရည် တစ်ဇွန်းခွဲရယ် လီမွန်ရည် (သံပုရာရည်) တစ်ဇွန်းခွဲရယ် ကော်ဖီမှုန့် တစ်ဇွန်းခွဲရယ် သုံးပြီး လုပ်လည်း ရပါတယ် ယောင်းတို့ရေ။ ကိုယ့်မျက်နှာက ဆစ်ထရစ်အက်ဆစ်အပျော့စားနဲ့ ဓာတ်မတည့်ရင်တော့ သံပုရာမသုံးပါနဲ့နော်။

ဒီပစ္စည်းလေးတွေ ရှိရင် အိုခေပါပြီ

Related Article >>> ကော်ဖီခရေဇီယောင်းတို့မသိသေးတဲ့ ကော်ဖီရဲ့ကောင်းကျိုးတွေ

လက်တွေ့စမ်းသပ်ချက်တွေအရလည်း ကော်ဖီနဲ့ မျက်နှာကြေးချွတ်တာတွေ၊ ကော်ဖီနဲ့ ပေါင်းတင်တာတွေဟာ မျက်နှာအတွက် တကယ်သင့်တော်တဲ့ အလှအပလျှို့ဝှက်ချက် တစ်ခုဖြစ်တယ်ဆိုတာ အရေပြားဆရာဝန်တွေက လက်ခံထားကြပါတယ်။ ကော်ဖီနဲ့ မျက်နှာကြေးချွတ်ခြင်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေ မပိတ်သွားဖို့ တားဆီးကာကွယ်ပေးတာမို့ မျက်နှာကို ကြည်လင် ဝင်းပစေပြီး နူးညံ့စေပါတယ်။

နောက်ပြီး ကော်ဖီမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ မျက်နှာပေါ်ရောက်လာတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မှိုတွေကို တားဆီးပေးနိုင်တာမို့ မျက်နှာအရေပြားအတွက် အရေးပါတဲ့အကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ရဲ့ လေ့လာချက်အရ ကော်ဖီဟာ ခရမ်းလွန်နေရောင်ခြည်ကြောင့် ဖြစ်လာတဲ့ အရေပြားတချို့ကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ မျက်လုံးအောက်က မျက်အိတ်တွေ မျက်ကွင်းညိုတာတွေကို လျော့ပါးသက်သာစေတာမို့ မျက်လုံးနားတစ်ဝိုက် ပြဿနာတွေကြုံရလို့ စိတ်ညစ်နေတဲ့ယောင်းတို့အတွက် အတော်လေး အသုံးဝင်မှာပါ။ ကော်ဖီမှာ antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိပါတာကြောင့် မျက်နှာကို အိုမင်းရင့်ရော်သွားစေတဲ့ free radicalတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် မျက်နှာ နုပျိုချင်တဲ့ မမတွေ အန်တီတွေအတွက် coffee scrub နဲ့ mask ဟာ “မအိုဆေး” လို့တောင် ဆိုနိုင်ပါတယ်နော်။

ဒါကြောင့် scrubပေါင်းစုံ maskပေါင်းစုံထဲကမှ ဒီကော်ဖီ scrub နဲ့ maskဟာ နေလောင်လို့ ညိုမည်းသွားတဲ့ အသားအရည်အတွက် အထိရောက်ဆုံးဖြစ်တယ်လို့ အနောက်တိုင်းက အလှအပရေးရာဆရာဝန်တွေက လက်ခံထားကြပါတယ်။ ခုနောက်ပိုင်း အသားအရည်ထိန်းသိမ်းပစ္စည်းတွေမှာပါ ကော်ဖီရဲ့ အလှအပရေးရာ အစွမ်းသတ္တိကြောင့် ကော်ဖီကို ထည့်လာတဲ့အထိပါပဲ။

ဒါကြောင့်မို့ လုပ်ရတာလည်း လွယ် ရှာရတာလည်းလွယ်တဲ့ coffee scrubနဲ့ mask လုပ်နည်းကို ရသွားပြီဆိုတော့ ပျက်စီးညိုမည်းနေတဲ့အသားအရည်အတွက် စိတ်မပူပါနဲ့တော့လို့..

By

Mia(For Her Myanmar)

Reference links: Tanya Chaudhary and sweta mishra lovely from Youtube ,  Prevention

No Comments Yet

Leave a Reply

Your email address will not be published.