Bella ရဲ့ Translucent Powder ဘာလဲ ဘယ်လဲ?

မိတ်ကပ်လိမ်းပြီးတိုင်း လူဆီထုတ်ရောင်းလို့ရအောင် အဆီပြန်တတ်ပါတယ်ဆိုတဲ့ အက်ဒ်မင့်အတွက် တကယ်အသုံးတည့်တဲ့ ပစ္စည်းလေး… 

အက်ဒ်မင်က အလှအပကြိုက်ပြီး အလှပြင်ဆင်တတ်သူဆိုပေမဲ့ အလှကုန်ပစ္စည်းအသစ်အဆန်းတွေနဲ့ အဲ့လောက်ရင်းနှီးလှသူမဟုတ်။ ကိုယ်အလှပြင်တယ်ဆိုတာကလည်း foundation (ဖောင်ဒေးရှင်းမိတ်ကပ်၊ အောက်ခံမိတ်ကပ်) မိတ်ကပ်လေးလိမ်း၊ loose powder (ပေါင်ဒါ) လေးပုတ်၊ အိုင်းလိုင်နာလေးဆွဲ၊ အိုင်းရှဲဒိုးလေး ပါးနီလေး မျက်ခုံးလေးခြယ်၊ မျက်တောင်လေးကော့ ၊ နှုတ်ခမ်းနီဆိုးပြီးရင် ပြီးပြီဆိုတာမျိုးလေ။ နောက် အက်ဒ်မင်က အဆီပြန်တတ်တဲ့လူမျိုး ယောင်းတို့ရဲ့.. ဆိုတော့ အက်ဒ်မင်လိမ်းလိုက်တဲ့ မိတ်ကပ်တွေဆို လိမ်းပြီး ဘယ်လောက်မှ မကြာ.. မျက်နှာပြောင်နဲ့ ဖြစ်သွားပြန်ရော… ကိုယ်ပဲ မိတ်ကပ်မလိမ်းတတ်လို့လားမသိ.. ဘယ်မိတ်ကပ်နဲ့မဆို အဆင်မပြေ.. ခုတော့ အက်ဒ်မင်နဲ့ အဆင်ပြေမယ့် ပစ္စည်းလေးတွေ့လို့ အက်ဒ်မင့်လို မိတ်ကပ်နဲ့ မရင်းနှီး၊ မကျွမ်းဝင်တဲ့ ယောင်းယောင်းလေးတို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်… ဈေးလည်းမကြီးဘူးလေ.. မကြီးဆို Bella ကိုး.. ဈေးတန်သလောက် သုံးရလည်း အဆင်ပြေတယ် ယောင်းတို့ရေ… Bella ကပစ္စည်းတွေ အများကြီးထုတ်ထားတော့ ဘာပစ္စည်းလဲ ဆိုလာခဲ့ရင် Thanakha Translucent Powder ပါတဲ့။

Translucent Powder ဆိုပါလား

စစချင်းတော့ ထုံးစံအတိုင်း သနပ်ခါးတော့သိတယ်.. နောက်က Translucent Powder ဆိုတာက ဘာလားပေါ့.. ဘာလုပ်ရတဲ့ဟာမှန်းလည်း မသိဘူးလေ.. ဘူးကို ဖွင့်ကြည့်တော့လည်း တခြားမိတ်ကပ်အရောင်တွေလိုမျိုး မဟုတ်.. ဖြူဖြူကြီးဆိုတော့ စပ်စုပြီလေ…

စပ်စုကြည့်တဲ့အခါမှာတော့…. Translucent Powder ဆိုတာ အခြား မျက်နှာမှာသုံးရတဲ့ ပေါင်ဒါတွေလိုမျိုးပဲဖြစ်ပြီး သူရဲ့ထူးခြားမှုကတော့ အရောင်မပါတာပါတဲ့။ အရောင်မပါတဲ့အတွက် မလိုက်ဖက်တဲ့ အသားအရေဆိုတာမရှိတော့ဘူးပေါ့။ သူရဲ့ အခြားအားသာချက်ကတော့ အဆီပြန်တတ်တဲ့ သူတွေအတွက် သိပ်ပြီးအဆင်ပြေသတဲ့လေ။ ဘယ်လိုခေါ်မလဲ ဝင်းဝင်းပြောင်ပြောင်လေး ဖြစ်မနေဘဲ သိပ်သိပ်လေးဖြစ်နေတာမျိုးပေါ့။ Matte type လိုလေ..

အနောက်မှာ Translucent လို့ရေးထားတာကိုသေချာရှာဝယ်နော်

နောက်ပြီး အစောကပြောခဲ့သလို အရောင်မပါတဲ့ ပေါင်ဒါအမျိုးအစားဖြစ်တော့ မျက်နှာမှာအဆီတွေထွက်လာတိုင်း သူ့ကိုထပ်ထပ်သိပ်ပေးရင် တအားကြီးဖွေးလာတာ၊ ပြာလာတာမျိုးမဖြစ်တော့ပါဘူးတဲ့…  ဆိုတော့ မိုက်ပြီလေ.. လာထားပေါ့.. စမ်းကြည့်ဘီ :3

အရောင်မပါပဲ အဖြူသက်သက်ဆိုတော့ အဆင်မှပြေပါ့မလား

Bella ရဲ့ ထုံးစံအတိုင်း ဘူးလေးကလည်းချစ်စရာ… ပြီးတော့ နာမည်အတိုင်းပါပဲ.. ဘူးလေးကိုဖွင့်လိုက်တာနဲ့ သနပ်ခါးနံ့သင်းသင်းလေး အရင်ထွက်လာရော…. သနပ်ခါးနံ့ဆိုတာက မြန်မာအမျိုးသမီးတွေရဲ့ အသည်းစွဲပဲလေ.. ပြီးတော့ ပေါင်ဒါကိုသုံးမယ်ဆိုရင်တော့ သေသေချာချာနှံ့အောင်လိမ်းဖို့သတိထားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မညီဘူးဆိုရင် ကိုယ့်မိတ်ကပ်က ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်ပြီး အခြေအနေက ပိုဆိုးသွားနိုင်လို့ပါ။

Related Article >>> Double Scoop အကြောင်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့……

ပြီးတော့ အရောင်မပါဘူးသာဆိုတာ တကယ်လိမ်းစမှာတော့ ဖြူဖြူကြီးလေ… ဆိုတော့ ပုံမှန်မိတ်ကပ် လိမ်းတာထက်တော့ ပိုသတိထားပြီး လိမ်းရပါတယ်။ သေသေချာချာညီအောင်လိမ်းပြီး အသားနဲ့ကပ်ကပ်လေးဖြစ်သွားသည်အထိ လိမ်းပေးရတာတစ်ခုတော့ လက်ဝင်တာပေါ့နော်.. အက်ဒ်မင်က လိမ်းနေတုန်းမှာ ဟုတ်မှဟုတ်ပါ့မလား.. မျက်နှာကြီး အရမ်းဖွေးသွားမလားလို့ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းလိမ်းပြီးသွားတဲ့အချိန်မှာ သိပ်ကိုကျေနပ်သွားပါတယ်။

Bella ရဲ့ Powder Pact နှစ်မျိုး #GB 15 – Petal နဲ့ #GB 00 – Translucent

ဘာကြောင့်လဲဆိုတော့ သူကမိတ်ကပ်တွေ တအားလိမ်းထားသလို၊ မိတ်ကပ်သားထူထူကြီး ဖြစ်မသွားစေဘဲ သဘာဝဆန်ဆန်လေးလှနေစေလို့ပါ။ အထူးသဖြင့် Bella ရဲ့ Translucent powder လေးက ပေးရတဲ့ဈေးထက်သာတဲ့ အရည်အသွေးလေးရှိတာကို သဘောကျမိတာပါ။

ပြီးတော့ လိမ်းလိုက်တာနဲ့ သနပ်ခါးနံ့သင်းသင်းလေးနဲ့ အဆီတွေတစ်ခါတည်းစုပ်သွားပြီး ဖုံဖုံသိပ်သိပ်လေးဖြစ်သွားတာ အရမ်းကြိုက်ပါတယ်။ ပြီးတော့ နေ့လယ်လောက်ဆို ခါတိုင်းဆို အဆီတွေအရမ်းပြန်ပြီး မျက်နှာက အရမ်းဝင်းတက်နေပြီကွာ.. ခုကျတော့ အဲ့လောက်အခြေအနေမဆိုးတော့တဲ့အပြင် မနက်က အနေအထားအတိုင်းလေး သိပ်သိပ်လေးဆိုတော့ ပိုပြီးသဘောကျ… ဒါကို ပိုသေချာအောင်လို့ အက်ဒ်မင်က အဆီစုပ်စက္ကူလေးနဲ့ စမ်းကြည့်သေးတယ်။ ထင်တဲ့အတိုင်းပါပဲ..  မျက်နှာကိုသုတ်ကြည့်လိုက်တော့ အရင်ကလောက် အဆီမထွက်တော့တာကို တွေ့ရတော့တာပါပဲ။ အက်ဒ်မင်ထပ်ရသွားတဲ့ နည်းလမ်းလေးက အဆီစုပ်စက္ကူနဲ့ အဆီတွေဖယ်ရှားပြီးရင် Translucent Powder လေးတစ်ထပ်ပြန်ပုတ်လိုက်မယ်ဆို လန်းလန်းဆန်းဆန်းမျက်နှာလေးပြန်ရလာတာပါပဲ.. ပျော်စရာပေါ့… 😀

အဆီပြန်လာရင် Translucent ပေါင်ဒါလေးထပ်ပုတ်လိုက်ရုံပဲနော်

စောစောက အက်ဒ်မင်ပြောခဲ့သလိုပေါ့ ယောင်းတို့ရယ်.. လိမ်းတဲ့အခါ သေချာ လိမ်းရလို့ အတော်လက်ဝင်တာ၊ အချိန်ပေးရတာကလွဲရင် တော်တော်အဆင်ပြေတဲ့ ပေါင်ဒါလေးပါ။ အက်ဒ်မင်တော့ စွန်းကြိုက်.. ဒါကြောင့် အက်ဒမင့်လိုအဆီပြန်တတ်တဲ့ ယောင်းတို့လည်း Translucent Powder လေး စမ်းသုံးကြည့်ကြဖို့အကြံပေးပါရစေနော်။ ယောင်းတို့လှပနိုင်ကြပါစေ…

Sugar Cane ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.