ဝင်းပသွားမယ့်မျက်နှာအသားအရည်လေးအတွက် တစ်ညတာတော့ ဒီလို အနားပေးသင့်ပါတယ်

န့တိုင်းပျက်စီးနေမယ့်အသားအရည်အတွက် တစ်ညလောက်တော့ ကောင်းကောင်းအချိန်ပေးသင့်ပါတယ်

နေ့တိုင်းမိတ်ကပ်တွေလိမ်း၊ အိပ်ရေးတွေပျက်၊ အပြင်တွေသွားတော့ နေထိ၊ အသားအရည်တွေ ခြောက်သွေ့ အက်ကွဲပျက်စီးနေတဲ့ ယောင်းယောင်းတွေလက်ညှိုးထောင်။ လုပ်လိုက်ရတဲ့ အသားအရည်ထိန်းသိမ်းခြင်း နည်းလမ်းအဆင့်ဆင့်၊ ဝယ်သုံးလိုက်ရတဲ့ ပစ္စည်းတွေကလည်း သိန်းချီ ပြီးတော့ ဘာမှလည်းဆက်မဖြစ်လာတဲ့ နေ့တွေညတွေဆိုတာ မရေမတွက်နိုင်။ အဲ့တော့ စိတ်ဓာတ်တွေကျပြီး စိတ်ဖိစီးရင်း ဝက်ခြံလေးတွေ ပိုထွက်လာရောလေ။ အဲ့ပြဿနာတွေကို အချိန်ခဏလေးနဲ့ ဖြေရှင်းဖို့အတွက် နှင်းသုံးတဲ့နည်းလမ်းလေးကို ပြောပြပေးမယ်နော်။

ဘာပစ္စည်းမှ အများကြီးမလိုဘူးရယ်။ သုံးနေကျ မျက်နှာပေါင်းတင်ဆေးရယ်၊ မျက်နှာပေါင်းတင် ကပ်ခွာလေးတစ်ခုရယ်။ ဒါပဲ။ အရင်ဆုံး မျက်နှာက မိတ်ကပ်တွေအားလုံး ပြောင်သွားအောင် Micellar Water (မျက်နှာသစ်ရေ) ကို ဂွမ်းလေးထဲထည့်ပြီး မျက်နှာကို သာသာလေးပွတ်သုတ်ပြီး ဖျက်လိုက်ပါ။ နောက်ပြီး မျက်နှာပေါင်းတင်တဲ့ဆေးကို ၁၀ မိနစ်လောက်ပေါင်းထားပြီး ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။ မျက်နှာကို ပြောင်နေအောင်သုတ်ပြီး အခန်းထဲမှာ အဲကွန်းဖွင့်ပြီး ဖရက်ရှာလေးဖျန်းထားလိုက်။ အခန်းလေးအေးလာတဲ့အချိန်မှာ ဆိုရင် ကိုယ့်ကြိုက်တဲ့သီချင်း အေးအေးလေးတွေ ဖွင့်ပြီး ဖုန်းအလမ်းလေးပါ လုပ်ထားလိုက်။

Related article >>> မျက်နှာပေါင်းမတင်မီနဲ့ ပေါင်းတင်ပြီးမှာ သတိပြုရမဲ့ အချက် (၇)ချက်

sheet mask

အဲ့လို အကုန်လုံး ပြင်ဆင်ပြီး အေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာဆိုရင် မျက်နှာကပ်ခွာကို (anti- aging လို့ခေါ်တဲ့ မျက်နှာအသားအရည် တင်းရင်းစေတဲ့ အကျိုးရှိမယ့် ကပ်ခွာလေးကို ဦးစားပေးနော်။) အထုပ်လေးထဲကထုတ် မျက်နှာပေါ် သာသာယာယာလေးကပ်ပြီး တစ်နာရီလောက် ဘာမှစိတ်ထဲမထည့်ဘဲ အေးဆေးနားလိုက်ပါ။ သီချင်းလေးတွေကိုခံစား ဘာတစ်ခု ဆို တစ်ခုမှမတွေးဘဲ အိပ်ပျော်မယ်ဆိုလည်း အိပ်ချပြီး စိတ်လွတ်လက်လွတ် နားလိုက်နော်။ တစ်နာရီ ပြည့်သွားရင်တော့ မျက်နှာကပ်ခွာကို ခွာချရင်း ကြက်သီးနွေးရေလေးနဲ့ ပြန်ဆေးချလိုက်ရင်တော့ ကြည်ပြီး ဝင်းနေတဲ့ မျက်နှာလေးဖြစ်သွားမှာပါနော်။ အားလုံးပြီးသွားရင်တော့ ကိုယ်လိမ်းနေကျ skincare တွေကို ခါတိုင်းထက် ပိုပြီး ညင်ညင်သာသာလေး လိမ်းလိုက်နော်။ (ခါတိုင်းထက် မျက်နှာလေးက ပိုနုနေလို့လေ။) လက်ချောင်းလေးတွေနဲ့ မျက်နှာကို နှိပ်ပေးရင်း ကိုယ့်မျက်နှာထဲ စိမ့်ဝင်လာမယ့် အေးမြမှုကို ခံစားလိုက်ရင်တော့ဖြင့် နူးညံ့ပြီး အိစက်နေတဲ့ မျက်နှာလေးကို တစ်ခဏလေးနဲ့ ရပါပြီနော်။

Related Article >>> မိတ်ကပ်မလိမ်းခင် လုပ်သင့်တဲ့ skincare အဆင့်(၆)ဆင့်

ဒါကတော့ နှင်းတစ်ပတ်ကိုတစ်ခါ အမြဲလုပ်ဖြစ်တဲ့ နည်းလေးပါ။ အဲ့အချိန်မှာ အလုပ်ကိစ္စဘာကိစ္စ ဘာတစ်ခုမှမစဉ်းစားဘဲ အနားကိုအပြည့်ကြီး ရှယ်ယူလိုက်တော့ လုံးဝအနားရပြီး အသားအရည်က ခဏလေးနဲ့ တအားကြည်ချသွားတာ အရမ်းသိသာပါတယ်။ တစ်ပတ်လုံးမှာ အနည်းဆုံး တစ်ရက်လောက်တော့ ဒီလိုလေးထိန်းသိမ်းသင့်ပါတယ်။ မဟုတ်ရင် စိတ်ဖိစီးမှုတွေနဲ့တင် အရေးကြောင်းတွေ စောစောထွက်လာဦးမယ်။ ဒါကြောင့် ကိုယ့်မျက်နှာအသားအရည် အရမ်းမပျက်စီးခင်ကတည်းက သေချာထိန်းသိမ်းပေးရအောင်နော်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.