Fashion & Beauty

တက္တူးအေရာင္မွိန္ျခင္းကို ကာကြယ္နိုင္မယ့္ နည္းလမ္း (၄)သြယ္

ကိုယ္တန္ဖိုးထားလြန္းလို႔ အသားအနာခံၿပီး ထိုးထားရတဲ့ ပံုရိပ္ေလးေတြ မွိန္သြားလို႔ ဘယ္ျဖစ္မလဲ… 

ဒီဘက္ေခတ္ႀကီးမွာ တက္တူးဆိုတာ အမ်ိဳးသား၊ အမ်ိဳးသမီး မေရြးထိုးေနၾကပါၿပီ။ နွစ္ေတြေျပာင္းလာခဲ့သလို တက္တူးထိုးတာကို ရႈံ႕ခ်တာေတြလည္း မရွိသေလာက္ပေပ်ာက္ေနၿပီမို႔ ကိုယ္ ျမတ္ႏိုးတန္ဖိုးထားတဲ့ ပုံရိပ္ေလးေတြကို ခႏၶာကိုယ္ရဲ႕ ထင္သာျမင္သာတဲ့ ေနရာေတြမွာပါ ေရးဆြဲၿပီးေဂၚရတာက ဖက္ရွင္တစ္ခုျဖစ္ေနပါၿပီ။ ဒီလို တက္တူးခေရဇီေယာင္းေယာင္းတို႔ကို မင္မင္ကေန ေယာင္းတို႔ စိတ္တိုင္းက်ေရးဆြဲထားတဲ့အတိုင္း ဒီဇိုင္းကာလာအေနအထားေတြ မပ်က္ယြင္းရေလေအာင္ ကာကြယ္နည္းေလးေတြကို ေဝမ်ွေပးမယ္ေနာ္။

ေရခ်ိဳးဆပ္ျပာကို ေသခ်ာေရြးသံုးပါ။

အေရျပားေပၚမွာ ေသရာပါ ထိုးထားတာဆိုၿပီး ေရခ်ိဳးတိုင္းသုံးေနက် Shower ေတြနဲ႕ပဲ သုံးစြဲေနလို႕မရပါဘူး။ တက္တူးထိုးၿပီးခါစ ပထမတစ္ပတ္ေလာက္မွာဆို ပိုၿပီးသတိထားရပါတယ္။ ဓာတုပစၥည္း ၊ ဆိုးေဆးေတြနဲ႕ အေမႊးရနံံ႕ပါတာေတြက တက္တူးအေရာင္မွိန္ေစႏိုင္တာမို႔ တက္တူးထိုးထားတဲ့ အေရျပားေပၚကို ဒါေတြမပါတဲ႕ Shower မ်ိဳးကို ေရြးသုံးသင့္ပါတယ္ ေယာင္းေရ။

Related Article >>> မိန္းကေလးေတြၾကားေခတ္စားလာတဲ့ ခ်စ္စရာ တက္တူးပိစိေလးမ်ား

Sunscreen (ေနေရာင္ကာလိမ္းေဆး) သံုးေပးပါ။

တက္တူးပညာရွင္ေတြရဲ႕ ေဖာ္ျပခ်က္အရ တက္တူးဆိုတာက ေအးျမတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ေနေလာင္ဒဏ္လိုမ်ိဳး ပူေလာင္မႈနဲ႔ ထိေတြ႕တာမ်ားရင္ အေျခာက္လွန္းသလိုျဖစ္ၿပီး တက္တူးအေရာင္ေျခာက္ၿပီး ေမွးမွိန္သြားတတ္ပါတယ္။ ဒီေတာ့ ေနေလာင္ဒဏ္ခံရႏုိင္တဲ့ အခ်ိန္ေတြမွာ Sunscreen ကို သုံးစြဲေပးပါ။ SPF 15 ထက္ ပိုပါတဲ့ Sunscreen မ်ိဳးေတာ့ ျဖစ္ရပါမယ္။

Tattoo Brightening Cream သုံးေပးပါ။

ဒီ Cream မ်ိဳးကေတာ့ ေယာင္းတို႕တန္ဖိုးထားတဲ့ တက္တူးေတြကို အေရာင္မမွိန္ေစတဲ့အျပင္ ပိုၿပီးစိုေျပလွပေစနိုင္ပါတယ္။ တစ္ခုသတိထားရမွာက ဒီလို Cream ေတြသုံးစြဲတဲ့အခါ ဗီတာမင္အီး ၊ လာဗင္တာအဆီလို သဘာဝအတိုင္းအေရျပားကို အားျဖည့္တာမ်ိဳးပါဝင္ရင္ ပိုၿပီးထိေရာက္ပါတယ္။ တစ္ေန႕ကို တစ္ႀကိမ္လိမ္းေပးရုံနဲ႕ ေယာင္းတို႕တက္တူးေတြအေရာင္မွိန္ျခင္းကို ကာကြယ္ၿပီးသားျဖစ္သလို အေရာင္ပိုစိုလာမွာ ေသခ်ာပါတယ္။

Related Article >>> တက္တူးကိုေတာင္ ေဖ်ာက္ပစ္ႏိုင္တဲ့ မိတ္ကပ္ရည္

ေရပူေရေႏြးေတြနဲ႕ ေရခ်ိဳးျခင္းမွေရွာင္ၾကဥ္ပါ။

ေယာင္းတို႕ေရ ေရေႏြးနဲ႕ေရခ်ိဳးတာက ပံုမွန္ပါပဲလို႔ ေယာင္းတို႔ ေတြးေကာင္းေတြးမွာေပမဲ့  ေယာင္းတို႕ရဲ့ တက္တူးလွလွေလးေတြကို အေရာင္မွိန္ေစပါတယ္ေနာ္။ ေရခ်ိဳးတဲ့အခ်ိန္မွ သတိထားရမွာ မဟုတ္ပါဘူး။ ေနေရာင္ဒဏ္ေၾကာင့္ ပူေႏြးေနတဲ့ ေရကူးကန္ထဲ ေရကူးမိရင္လည္း တက္တူးအေရာင္ကို မွိန္ေစတာမို႔ ေရပူေရေႏြးကို တတ္ႏိုင္သေလာက္ ေရွာင္သင့္ပါတယ္ေနာ္…

မင္မင္ ေဝမ်ွေပးခဲ့တဲ့ အခ်က္ေလးေတြက ေယာင္းတို႔ ကိုယ္တိုင္အတြက္ အသုံးဝင္သလို တက္တူးႀကိဳက္တဲ့ ေယာင္းတို႔ အိုပါးေတြအတြက္ပါ အသုံးဝင္တာမို႔ ေယာင္းတို႔ ေက်နပ္ၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

Di Di (For Her Myanmar)

<<< Unicode >>>

ကိုယ်တန်ဖိုးထားလွန်းလို့ အသားအနာခံပြီး ထိုးထားရတဲ့ ပုံရိပ်လေးတွေ မှိန်သွားလို့ ဘယ်ဖြစ်မလဲ… 

ဒီဘက်ခေတ်ကြီးမှာ တက်တူးဆိုတာ အမျိုးသား၊ အမျိုးသမီး မရွေးထိုးနေကြပါပြီ။ နှစ်တွေပြောင်းလာခဲ့သလို တက်တူးထိုးတာကို ရှုံ့ချတာတွေလည်း မရှိသလောက်ပပျောက်နေပြီမို့ ကိုယ် မြတ်နိုးတန်ဖိုးထားတဲ့ ပုံရိပ်လေးတွေကို ခန္ဓာကိုယ်ရဲ့ ထင်သာမြင်သာတဲ့ နေရာတွေမှာပါ ရေးဆွဲပြီးဂေါ်ရတာက ဖက်ရှင်တစ်ခုဖြစ်နေပါပြီ။ ဒီလို တက်တူးခရေဇီယောင်းယောင်းတို့ကို မင်မင်ကနေ ယောင်းတို့ စိတ်တိုင်းကျရေးဆွဲထားတဲ့အတိုင်း ဒီဇိုင်းကာလာအနေအထားတွေ မပျက်ယွင်းရလေအောင် ကာကွယ်နည်းလေးတွေကို ဝေမျှပေးမယ်နော်။

ရေချိုးဆပ်ပြာကို သေချာရွေးသုံးပါ။

အရေပြားပေါ်မှာ သေရာပါ ထိုးထားတာဆိုပြီး ရေချိုးတိုင်းသုံးနေကျ Shower တွေနဲ့ပဲ သုံးစွဲနေလို့မရပါဘူး။ တက်တူးထိုးပြီးခါစ ပထမတစ်ပတ်လောက်မှာဆို ပိုပြီးသတိထားရပါတယ်။ ဓာတုပစ္စည်း ၊ ဆိုးဆေးတွေနဲ့ အမွှေးရနံံ့ပါတာတွေက တက်တူးအရောင်မှိန်စေနိုင်တာမို့ တက်တူးထိုးထားတဲ့ အရေပြားပေါ်ကို ဒါတွေမပါတဲ့ Shower မျိုးကို ရွေးသုံးသင့်ပါတယ် ယောင်းရေ။

Related Article >>> မိန်းကလေးတွေကြားခေတ်စားလာတဲ့ ချစ်စရာ တက်တူးပိစိလေးများ

Sunscreen (နေရောင်ကာလိမ်းဆေး) သုံးပေးပါ။

တက်တူးပညာရှင်တွေရဲ့ ဖော်ပြချက်အရ တက်တူးဆိုတာက အေးမြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေလောင်ဒဏ်လိုမျိုး ပူလောင်မှုနဲ့ ထိတွေ့တာများရင် အခြောက်လှန်းသလိုဖြစ်ပြီး တက်တူးအရောင်ခြောက်ပြီး မှေးမှိန်သွားတတ်ပါတယ်။ ဒီတော့ နေလောင်ဒဏ်ခံရနိုင်တဲ့ အချိန်တွေမှာ Sunscreen ကို သုံးစွဲပေးပါ။ SPF 15 ထက် ပိုပါတဲ့ Sunscreen မျိုးတော့ ဖြစ်ရပါမယ်။

Tattoo Brightening Cream သုံးပေးပါ။

ဒီ Cream မျိုးကတော့ ယောင်းတို့တန်ဖိုးထားတဲ့ တက်တူးတွေကို အရောင်မမှိန်စေတဲ့အပြင် ပိုပြီးစိုပြေလှပစေနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ဒီလို Cream တွေသုံးစွဲတဲ့အခါ ဗီတာမင်အီး ၊ လာဗင်တာအဆီလို သဘာဝအတိုင်းအရေပြားကို အားဖြည့်တာမျိုးပါဝင်ရင် ပိုပြီးထိရောက်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်လိမ်းပေးရုံနဲ့ ယောင်းတို့တက်တူးတွေအရောင်မှိန်ခြင်းကို ကာကွယ်ပြီးသားဖြစ်သလို အရောင်ပိုစိုလာမှာ သေချာပါတယ်။

Related Article >>> တက်တူးကိုတောင် ဖျောက်ပစ်နိုင်တဲ့ မိတ်ကပ်ရည်

ရေပူရေနွေးတွေနဲ့ ရေချိုးခြင်းမှရှောင်ကြဉ်ပါ။

ယောင်းတို့ရေ ရေနွေးနဲ့ရေချိုးတာက ပုံမှန်ပါပဲလို့ ယောင်းတို့ တွေးကောင်းတွေးမှာပေမဲ့  ယောင်းတို့ရဲ့ တက်တူးလှလှလေးတွေကို အရောင်မှိန်စေပါတယ်နော်။ ရေချိုးတဲ့အချိန်မှ သတိထားရမှာ မဟုတ်ပါဘူး။ နေရောင်ဒဏ်ကြောင့် ပူနွေးနေတဲ့ ရေကူးကန်ထဲ ရေကူးမိရင်လည်း တက်တူးအရောင်ကို မှိန်စေတာမို့ ရေပူရေနွေးကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်နော်…

မင်မင် ဝေမျှပေးခဲ့တဲ့ အချက်လေးတွေက ယောင်းတို့ ကိုယ်တိုင်အတွက် အသုံးဝင်သလို တက်တူးကြိုက်တဲ့ ယောင်းတို့ အိုပါးတွေအတွက်ပါ အသုံးဝင်တာမို့ ယောင်းတို့ ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်နော်။

Di Di (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *