ကုန်ခါနီး မိတ်ကပ်ပစ္စည်းတွေကို အသစ်အတိုင်းဖြစ်အောင် လုပ်ကြမယ်..

မိတ်ကပ်နဲ့တင် ရှာသမျှလခလည်း ကုန်ပြီဆိုတဲ့ ယောင်းတို့အတွက် မင်မင့်စေတနာ။

လကုန်ခါနီးဆို ပိုက်ဆံကလည်းလက်ထဲမှာမရှိ။ အဲ့အချိန်မှာ အလှပြင်ပစ္စည်းကလည်း တကယ် အကုန်ဆုံးအချိန်ပဲမလား။ သုံးမှလည်းဖြစ်မယ် ဝယ်ဖို့ကလည်း စားဖို့တောင်အနိုင်နိုင်ဆိုတဲ့ ယောင်းယောင်းတို့အတွက် ဒီပိုစ့်လေးကတော့ ရှယ်အသုံးဝင်မှာပါ။ (မျက်မှန်တပ် အီမိုဂျီ)

အများဆုံးနဲ့ အကုန်အမြန်ဆုံး အိုင်းလိုင်နာကို ပထမဆုံးပြောပြမယ်နော်။ ဆော့ပင်အိုင်းလိုင်နာ ကုန်သွားရင် ဇာဂနာနဲ့ အဲ့ဒီဆော့ပင်ထိပ်ကို ဆွဲထုတ်ပြီး အတွင်းအပြင်လဲလိုက်ရုံနဲ့ အသစ်အတိုင်းသုံးလို့ရပါပြီနော်။ ဒါမှမဟုတ် အရည်အိုင်းလိုင်နာ ကုန်သွားခဲ့ရင်တော့ မျက်တောင်ကော့ဆေး ထိပ်လေးမှာ နည်းနည်းလောက်သွားယူပြီး သုံးလို့ရပါတယ်။ ဂျယ်လ်လိုင်နာ ခြောက်သွားခဲ့ရင်တော့ မျက်ကပ်မှန်ဆေးကို တစ်စက်လောက်ထည့်ပြီး သုံးလို့ရပါတယ်။ ထိုနည်းတူပဲ မျက်တောင်ကော့ဆေး ကုန်သွားတဲ့အချိန် (သို့) ခြောက်သွားတဲ့အချိန်မှာလည်း မျက်ကပ်မှန်ဆေးကို နည်းနည်းထည့်ပြီး ပြန်သုံးလို့ရပါတယ်နော်။

ဒီလို ထိပ်လေးကယူ

Related Article >>> မိတ်ကပ်ပစ္စည်းလေးတွေကို ဘယ်လိုသန့်စင်ကြမလဲ

ဒီတစ်ခုကတော့ နှင်းလို လက်မမြဲတတ်တဲ့ ယောင်းတို့အတွက်ပေါ့နော်။ မိတ်ကပ်ဘူးကိုင်လည်း ပြုတ်ကျ၊ အိုင်းရှဲဒိုးဘူးဆိုလည်း ပြုတ်ကျ၊ ဘာကိုင်ကိုင် ပြုတ်တော့ ကျလိုက်ရမှဆိုတဲ့ ယောင်းယောင်းတို့ မိတ်ကပ်ကွဲတာ အသည်းကွဲတာထက် နာတယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ကွဲသွားတဲ့ မိတ်ကပ်တွေ အသစ်အတိုင်းဖြစ်ဖို့ ပြန်လုပ်လို့ရတဲ့ နည်းကို နှင်းကပြောပြမှာပေါ့။ ပထမဆုံး အဲ့ဒီကွဲသွားတဲ့ မိတ်ကပ်တွေကို စုပြီး မိတ်ကပ်ဘူးထဲပြန်စုထည့်လိုက်ပါ။ အခဲအခဲတွေဖြစ်နေရင် ဇွန်းနဲ့လိုက်ချေလိုက်ဦးနော်။  ပြီးရင် အဲ့ဒီမိတ်ကပ်ဘူးထဲကို Rubbing Alcohol လို့ခေါ်တဲ့ အရက်ပြန်ပါဝင်တဲ့ အရည်ကို ဖြည်းဖြည်းချင်း ထည့်ပြီး ပြန်ခဲသွားအောင် ၂ နာရီ အနည်းဆုံးထားထားပါ။ ပြန်ခဲသွားပြီဆိုရင်တော့ အသစ်အတိုင်းပြန်ဖြစ်သွားပြီလေ။

ဟပ်ချလောင်း
Rubbing Alcohol

နောက်ဆုံးတစ်ခုက နှုတ်ခမ်းနီပေါ့။ နှုတ်ခမ်းနီမှာ အတောင့်နဲ့ အရည်နှစ်မျိုးရှိတယ်လေ။ နှုတ်ခမ်းနီအတောင့်တွေက လှည့်လှည့်ပြီး သုံးရတာဆိုတော့ ကျိုးတာလည်းလွယ် ကုန်ခါနီးဖင်ကပ်ဆိုရင် အောက်မှာမြင်ရပေမဲ့ မသုံးရ (မြင်သာမြင်ရ မကြင်ရ) ဘဝကိုရောက်သွားရောလေ။ ကိုယ်က ထုတ်ကြည့်နေတဲ့အချိန် တစ်ယောက်ယောက်က တိုက်ချလိုက်လို့ ထက်ပိုင်းကျိုးသွားတယ်ဆိုလည်း ကျိုးသွားတဲ့အပိုင်းကို မူရင်းအပိုင်းပေါ် နေရာကျအောင်တင်ပြီး ဖယောင်းတိုင်မီးလေးနဲ့ လိုက်တို့ပေးရင်တော့ ပြန်ဆက်သွားပါလိမ့်မယ်။

အသည်းမကွဲကြစေဖို့

ကုန်ခါနီး အနေအထားကိုရောက်ပြီဆိုရင်လည်း အရင်ဆုံး ဇွန်း (သို့) ဓားလေးနဲ့ ခြစ်ထုတ်ပြီး ဇွန်းပေါ်တင်ထားလိုက်ပါ။ အဲ့ဒီ ဇွန်းအောက်ကနေ ဖယောင်းတိုင်မီးလေးနဲ့ အပူပေးပြီး အရည်ပျော်လာတဲ့အခါ ဘူးအလွတ်တစ်ခုထဲထည့်ပြီး အအေးခံလိုက်ပါ။ ဒါဆို အများကြီးထပ်သုံးလို့ ရပြီပေါ့နော်။ အရည် နှုတ်ခမ်းနီဆိုရင်တော့ အဲ့ဒီနှုတ်ခမ်းနီဘူးကို ထက်ခြမ်းခွဲချလိုက်ပါ။ အဲဒီအထဲမှာ တစ်ဝက်နီးပါး ပိုနေမယ့် နှုတ်ခမ်းနီတွေကို တွေ့ရပါလိမ့်မယ်။ အဲ့ဒါလေးတွေကို ဓားနဲ့ ကလော်ထုတ်ပြီး ဘူးအလွတ်ထဲထည့် သုံးလို့ရတယ်နော်။

ဇွန်းလေးနဲ့ခြစ်တာပေါ့

ကဲ ဘယ်လိုလဲ။ နှင်းပြောတဲ့နည်းလေးတွေက လွယ်လည်းလွယ်၊ အဆင်လည်းပြေတယ်မလား။ တစ်ချို့ပစ္စည်းတွေက ကိုယ်ကုန်တယ်လို့ထင်ပေမဲ့ အများကြီးပြန်သုံးလို့ရသေးတယ်ဆိုတော့ ဘတ်ဂျက်လည်း ကာမိသွားတယ်လေ။ ဒီပိုစ့်လေးက ယောင်းတို့အတွက် အသုံးဝင်တယ်ဆိုရင် ယောင်းသူငယ်ချင်းတွေကိုလည်း ဝေမျှပေးပါဦးနော်။

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.