Fashion & Beauty Tips

မ်က္ေတာင္တုကို စနစ္တက် ခြာၾကမယ္

သူ႔ အထာနဲ႔ သူ ရွိတာေပါ့

မ်က္ေတာင္တု တပ္ရင္ ပံုမွန္ထက္ မ်က္လံုးပိုလွေစတယ္ ဆိုတာကေတာ့ လက္ေတြ႕ပါပဲ။ အိမြန္က ေလးလံုးဆိုေတာ့ မ်က္ေတာင္တု တစ္ခါမွ မတပ္ဖူးဘူး။ ဘြဲ႕ယူတုန္းကေတာ့ မ်က္ေတာင္တုတပ္မွ မ်က္လံုးအလွ ေပၚတယ္ဆိုလို႕ စမ္းတပ္ၾကည့္မယ္ဆိုျပီး တပ္လိုက္တာ အံမယ္..တကယ္လွသြားတာပဲ xD။ အဲ… ေကာ္ မ်က္လံုးထဲ ဝင္သြားတာေတာ့ ေတာ္ေတာ္ေလး ခံလိုက္ရတယ္။ လွခ်င္လြန္းလို႔ တပ္ၿပီးကာမွ ျပန္ခြာတဲ့အခါ မ်က္ေတာင္ေမြးေလးေတြပါသြားေတာ့ ကုန္ေရာေပါ့ ေယာင္းတို႔ေရ… ရွိစုမဲ့စု မ်က္ေတာင္ေလးေတြ 🙁 ဆိုေတာ့ အိမြန္လို အျဖစ္မ်ိဳး မႀကံဳရေလေအာင္ ေယာင္းတို႔ကို မ်က္ေတာင္တုနဲ႔ ပတ္သက္တာေလးေတြကို ေမႊေႏွာက္ ရွာေဖြေပးလိုက္ပါတယ္ေနာ္…

မ်က္ေတာင္တုမွာက အမ်ိဳးအစား ၃ မ်ိဳး ရွိပါတယ္။

Strip Lashes

ဒီမ်က္ေတာင္တုကေတာ့ ေရပန္းစားၿပီး လူသံုးမ်ားတယ္ေပါ့ေနာ္။ ပံုစံအမ်ိဳးမ်ိဳး လာသလို အရြယ္အစားလည္း အမ်ိဳးမ်ိဳး ရွိတယ္။ ဒီေတာ့ သဘာဝအတိုင္းေလး လွခ်င္ရင္ေတာ့ ဒီမ်က္ေတာင္တုေလး တပ္ေပါ့။ တပ္ရလည္း အရမ္းလြယ္တယ္ေလေနာ္။

Related Article >>> Blogger မမေတြလိုမ်က္ဝန္းလွလွေလးရေစဖို႔ မ်က္ေတာင္တုတပ္နည္း

Individual Lashes

ဒီမ်က္ေတာင္တုက Strip lashနဲ႔ မတူတာက တပ္ရ ခၽြတ္ရ ခက္ၿပီး နာက်င္ေစတာပါပဲ။ ဒီလိုဟာမ်ိဳး တပ္မယ္ဆိုရင္ မ်က္ခြံႀကီးကေလးၿပီး အိပ္ငိုက္ေနသလိုမ်ား ျဖစ္ေနမလား မသိဘူးေနာ္ 😀 လြယ္လြယ္နဲ႔ ခၽြတ္မရရင္ မ်က္ေတာင္ေမႊးေတြပါ ကၽြတ္မွာေလေနာ္။

Eyelash Extensions

မ်က္ေတာင္ဆက္တာကေတာ့ တတ္ကၽြမ္းတဲ့ ပညာရွင္နဲ႔မွ ေကာင္းပါတယ္။ မ်က္ေတာင္ဆက္တဲ့အခါ မ်က္ေတာင္တုကို သဘာဝ မ်က္ခြံေတြေပၚမွာ တိုက္ရိုက္သြားဆက္လိုက္ၿပီး ၄ ၊ ၅ ပတ္ေလာက္ ၾကာပါတယ္။ မ်က္ေတာင္ဆက္ၿပီးသားကို အိမ္မွာကိုယ္တိုင္ ခၽြတ္မယ္ဆိုတာကေတာ့ စိတ္ကူးေကာင္း မဟုတ္ဘူးေနာ္ ေယာင္းေရ။ ျဖစ္ႏိုင္ရင္ေတာ့ ကိုယ္ဆက္ထားတဲ့ ဆိုင္ကို ျပန္သြားၿပီး သြားျဖဳတ္မွသာ အဆင္ေျပမွာပါ..

Related Article >>> မ်က္လံုးပံုစံကိုလိုက္ၿပီး မ်က္ေတာင္အတု ဘယ္သို႔ဘယ္ပံု ေရြးၾကမယ္

ကဲ.. မ်က္ေတာင္တုေတြအေၾကာင္း ေျပာၿပီးသြားၿပီဆိုေတာ့ အဓိေျပာခ်င္တဲ့ မ်က္ေတာင္တုခၽြတ္နည္း လာပါၿပီ။ (ဒါက မ်က္ေတာင္ဆက္ထားတာအတြက္ မပါဘူးေနာ္.. )

  • လိုအပ္တဲ့ ပစၥည္းေတြကေတာ့ မ်က္လံုးမိတ္ကပ္ဖ်က္ေဆး (Eye make-up remover) နဲ႔ နားၾကပ္ေတာင္ (ဂြမ္းတံ) ေလးပါပဲ။

ျဖဳတ္နည္း၊ ခၽြတ္နည္းကလည္း လြယ္လြယ္ေလးရယ္..

  • နားၾကပ္ေတာင္ (ဂြမ္းတံ) ဂြမ္းတံေလးကို မ်က္လံုးမိတ္ကပ္ဖ်က္ေဆးထဲ ထည့္စိမ္မယ္။ ၿပီးတာနဲ႔ ဂြမ္းတံေလးကို မ်က္ခြံတစ္ေလွ်ာက္ ေျဖးေျဖးေလး လိုက္လွန္ၿပီး ေကာ္ေတြကို ခြာလိုက္မယ္။ ျဖည္းျဖည္းခ်င္း ခြာတဲ့အခါ မ်က္ေတာင္တုေလးကို လက္ကေနကိုင္ၿပီး အလိုက္သင့္ေလး ခြာေပးမွ ကိုယ့္ရဲ႕ မ်က္ေတာင္အစစ္ေတြပါ မထိခိုက္မွာပါ။ ဒါဆိုရင္ေတာ့ မ်က္ေတာင္တုေတြ ခၽြတ္လို႔ ရပါၿပီ။

မ်က္ေတာင္တုေၾကာင့္ ကိုယ့္ရဲ႕ သဘာဝ မ်က္ေတာင္ေမြးေတြ ကၽြတ္သြားတာမ်ိဳး မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ဂရုစိုက္ရမွာေလးေတြ ရွိတယ္ ေယာင္းတို႔ေရ။

  • ပထမတစ္ခ်က္ကေတာ့ မ်က္ေတာင္တုကို နည္းမွန္လမ္းမွန္ တပ္ဖို႕ပါပဲ။
  • ဒုတိယတစ္ခ်က္က ေကာ္ကို မတြန္႔တိုေနဘဲ အေကာင္းစား ေကာ္ သံုးဖို႔ပါ။
  • တတိယတစ္ခ်က္က မ်က္ေတာင္တု ခၽြတ္ရလြယ္ေအာင္ အုန္းဆီ မဟုတ္လည္း သံလြင္ဆီေလး သံုးၿပီး ခြာေပးရင္ေတာ့ ပိုေကာင္းပါတယ္ ေယာင္းတို႔ေရ..
  • ေနာက္တစ္ခ်က္က မ်က္ေတာင္တုကို တစ္ခါတပ္ၿပီး ေနာက္တစ္ခါ ျပန္သံုးမယ္ဆိုရင္ေတာ့ ေသခ်ာေလး သိမ္းဖို႕ေတာ့ လိုပါမယ္ေနာ္။ ပစၥလကၡတ္ေတြ ပစ္မထားလိုက္နဲ႔ဦး… 
  • မ်က္ေတာင္တုကို ထပ္သံုးဖို႔ သိမ္းမယ္ဆိုရင္ေတာ့ ေရွ႕က သံုးခဲ့တဲ့ ေကာ္ေလးေတြ ေသခ်ာရွင္းေပးဖို႔ မေမ့နဲ႔ေနာ္… 

ကဲ..ဒါေလးေတြကေတာ့ အိမြန္ရဲ႕ ရွာေဖြေလ ေတြ႕ရွိေလ အခ်က္ေလးေတြပါပဲ။ ေယာင္းတို႔ရဲ႕ ကိုယ္ေတြ႕ မ်က္ေတာင္တု သံုးနည္း၊ ခၽြတ္နည္း အထာေလးေတြရွိရင္လည္း မွ်ေဝေပးခဲ့ပါဦးလို႔…

With love

Ei Mon (For Her Myanmar)

Reference: Stylecraze ,wikihow

<<< Unicode>>>

သူ့ အထာနဲ့ သူ ရှိတာပေါ့

မျက်တောင်တု တပ်ရင် ပုံမှန်ထက် မျက်လုံးပိုလှစေတယ် ဆိုတာကတော့ လက်တွေ့ပါပဲ။ အိမွန်က လေးလုံးဆိုတော့ မျက်တောင်တု တစ်ခါမှ မတပ်ဖူးဘူး။ ဘွဲ့ယူတုန်းကတော့ မျက်တောင်တုတပ်မှ မျက်လုံးအလှ ပေါ်တယ်ဆိုလို့ စမ်းတပ်ကြည့်မယ်ဆိုပြီး တပ်လိုက်တာ အံမယ်..တကယ်လှသွားတာပဲ xD။ အဲ… ကော် မျက်လုံးထဲ ဝင်သွားတာတော့ တော်တော်လေး ခံလိုက်ရတယ်။ လှချင်လွန်းလို့ တပ်ပြီးကာမှ ပြန်ခွာတဲ့အခါ မျက်တောင်မွေးလေးတွေပါသွားတော့ ကုန်ရောပေါ့ ယောင်းတို့ရေ… ရှိစုမဲ့စု မျက်တောင်လေးတွေ 🙁 ဆိုတော့ အိမွန်လို အဖြစ်မျိုး မကြုံရလေအောင် ယောင်းတို့ကို မျက်တောင်တုနဲ့ ပတ်သက်တာလေးတွေကို မွှေနှောက် ရှာဖွေပေးလိုက်ပါတယ်နော်…

မျက်တောင်တုမှာက အမျိုးအစား ၃ မျိုး ရှိပါတယ်။

Strip Lashes

ဒီမျက်တောင်တုကတော့ ရေပန်းစားပြီး လူသုံးများတယ်ပေါ့နော်။ ပုံစံအမျိုးမျိုး လာသလို အရွယ်အစားလည်း အမျိုးမျိုး ရှိတယ်။ ဒီတော့ သဘာဝအတိုင်းလေး လှချင်ရင်တော့ ဒီမျက်တောင်တုလေး တပ်ပေါ့။ တပ်ရလည်း အရမ်းလွယ်တယ်လေနော်။

Related Article >>> Blogger မမတွေလိုမျက်ဝန်းလှလှလေးရစေဖို့ မျက်တောင်တုတပ်နည်း

Individual Lashes

ဒီမျက်တောင်တုက Strip lashနဲ့ မတူတာက တပ်ရ ချွတ်ရ ခက်ပြီး နာကျင်စေတာပါပဲ။ ဒီလိုဟာမျိုး တပ်မယ်ဆိုရင် မျက်ခွံကြီးကလေးပြီး အိပ်ငိုက်နေသလိုများ ဖြစ်နေမလား မသိဘူးနော် 😀 လွယ်လွယ်နဲ့ ချွတ်မရရင် မျက်တောင်မွှေးတွေပါ ကျွတ်မှာလေနော်။

Eyelash Extensions

မျက်တောင်ဆက်တာကတော့ တတ်ကျွမ်းတဲ့ ပညာရှင်နဲ့မှ ကောင်းပါတယ်။ မျက်တောင်ဆက်တဲ့အခါ မျက်တောင်တုကို သဘာဝ မျက်ခွံတွေပေါ်မှာ တိုက်ရိုက်သွားဆက်လိုက်ပြီး ၄ ၊ ၅ ပတ်လောက် ကြာပါတယ်။ မျက်တောင်ဆက်ပြီးသားကို အိမ်မှာကိုယ်တိုင် ချွတ်မယ်ဆိုတာကတော့ စိတ်ကူးကောင်း မဟုတ်ဘူးနော် ယောင်းရေ။ ဖြစ်နိုင်ရင်တော့ ကိုယ်ဆက်ထားတဲ့ ဆိုင်ကို ပြန်သွားပြီး သွားဖြုတ်မှသာ အဆင်ပြေမှာပါ..

Related Article >>> မျက်လုံးပုံစံကိုလိုက်ပြီး မျက်တောင်အတု ဘယ်သို့ဘယ်ပုံ ရွေးကြမယ်

ကဲ.. မျက်တောင်တုတွေအကြောင်း ပြောပြီးသွားပြီဆိုတော့ အဓိပြောချင်တဲ့ မျက်တောင်တုချွတ်နည်း လာပါပြီ။ (ဒါက မျက်တောင်ဆက်ထားတာအတွက် မပါဘူးနော်.. )

  • လိုအပ်တဲ့ ပစ္စည်းတွေကတော့ မျက်လုံးမိတ်ကပ်ဖျက်ဆေး (Eye make-up remover) နဲ့ နားကြပ်တောင် (ဂွမ်းတံ) လေးပါပဲ။

ဖြုတ်နည်း၊ ချွတ်နည်းကလည်း လွယ်လွယ်လေးရယ်..

  • နားကြပ်တောင် (ဂွမ်းတံ) ဂွမ်းတံလေးကို မျက်လုံးမိတ်ကပ်ဖျက်ဆေးထဲ ထည့်စိမ်မယ်။ ပြီးတာနဲ့ ဂွမ်းတံလေးကို မျက်ခွံတစ်လျှောက် ဖြေးဖြေးလေး လိုက်လှန်ပြီး ကော်တွေကို ခွာလိုက်မယ်။
  • ဖြည်းဖြည်းချင်း ခွာတဲ့အခါ မျက်တောင်တုလေးကို လက်ကနေကိုင်ပြီး အလိုက်သင့်လေး ခွာပေးမှ ကိုယ့်ရဲ့ မျက်တောင်အစစ်တွေပါ မထိခိုက်မှာပါ။ ဒါဆိုရင်တော့ မျက်တောင်တုတွေ ချွတ်လို့ ရပါပြီ။

မျက်တောင်တုကြောင့် ကိုယ့်ရဲ့ သဘာဝ မျက်တောင်မွေးတွေ ကျွတ်သွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ဂရုစိုက်ရမှာလေးတွေ ရှိတယ် ယောင်းတို့ရေ။

  • ပထမတစ်ချက်ကတော့ မျက်တောင်တုကို နည်းမှန်လမ်းမှန် တပ်ဖို့ပါပဲ။
  • ဒုတိယတစ်ချက်က ကော်ကို မတွန့်တိုနေဘဲ အကောင်းစား ကော် သုံးဖို့ပါ။
  • တတိယတစ်ချက်က မျက်တောင်တု ချွတ်ရလွယ်အောင် အုန်းဆီ မဟုတ်လည်း သံလွင်ဆီလေး သုံးပြီး ခွာပေးရင်တော့ ပိုကောင်းပါတယ် ယောင်းတို့ရေ..
  • နောက်တစ်ချက်က မျက်တောင်တုကို တစ်ခါတပ်ပြီး နောက်တစ်ခါ ပြန်သုံးမယ်ဆိုရင်တော့ သေချာလေး သိမ်းဖို့တော့ လိုပါမယ်နော်။ ပစ္စလက္ခတ်တွေ ပစ်မထားလိုက်နဲ့ဦး…
  • မျက်တောင်တုကို ထပ်သုံးဖို့ သိမ်းမယ်ဆိုရင်တော့ ရှေ့က သုံးခဲ့တဲ့ ကော်လေးတွေ သေချာရှင်းပေးဖို့ မမေ့နဲ့နော်… 

ကဲ..ဒါလေးတွေကတော့ အိမွန်ရဲ့ ရှာဖွေလေ တွေ့ရှိလေ အချက်လေးတွေပါပဲ။ ယောင်းတို့ရဲ့ ကိုယ်တွေ့ မျက်တောင်တု သုံးနည်း၊ ချွတ်နည်း အထာလေးတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦးလို့…

With love

Ei Mon (For Her Myanmar)

Reference: Stylecraze ,wikihow

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *