ရာသီခွင်အလိုက် ၂၀၁၈ အတွက် ကံကောင်းစေမယ့် အရောင်များ

ကဲ.. ၂၀၁၈မှာ ဖက်ရှင်လည်းကျ၊ ကံလေးလည်း ကောင်းလာအောင် ရာသီခွင်အရ ဘယ်အရောင်လေးတွေဝတ်ကြမလဲ ကြည့်ကြရအောင်… 

ယောင်းတို့ရေ…. အရေးကြီးတဲ့ပွဲ သွားတဲ့အခါ၊ အရေးကြီးတဲ့စာမေးပွဲတွေ၊ အင်တာဗျူးတွေ ဖြေတဲ့အခါနဲ့ ချစ်သူရည်းစားနဲ့ ချိန်းတွေ့တဲ့အခါမျိုးတွေမှာ (ဟီးဟီး) အက်မင်ကတော့ အဝတ်အစားအရောင်ကိုသေချာသတိထားပြီး ဝတ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝတ်တဲ့အရောင်က ကိုယ့်စိတ်အရောင်ကို လာဟပ်စေလို့ပါတဲ့။ ကိုယ့်စိတ်အခြေအနေ၊ ကိုယ်အမူအရာတွေနဲ့၊ စိတ်ဖိစီးမှုအတိုင်းအတာက ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားအရောင်ပေါ်မှာ မူတည်ပြီး ပြောင်းလဲတယ်လို့ အရောင်ဗေဒပညာရှင်တွေက ဆိုထားတာရှိပါတယ်။ ဥပမာပြောရရင် အပြာရောင်က ကောင်းကင်အရောင်ဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ဆို ‘နေသာတယ် ဆော့ကြမယ်’ ဆိုတဲ့ အတွေးရှိတတ်လို့ အပြာရောင်ဝတ်ပေးထားရင် ကလေးတွေကအရမ်းဆော့ကြပါတယ်တဲ့။

ချစ်သူရည်းစားနဲ့ ချိန်းတွေ့တဲ့အခါ မိန်းကလေးတွေက အနီရောင်ဝတ်သင့်ပြီး၊ ယောကျာ်းလေးတွေက အပြာရောင် ရွေးချယ်သင့်တယ်တဲ့။ အနီရောင်က သွေးခုန်နှုန်းကို ပိုမိုမြန်စေတဲ့အတွက် ချစ်သူနဲ့ရှိတဲ့အချိန်လေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်စေမယ်တဲ့နော် ယောင်းတို့…. (အဟိ) ယောကျာ်းလေးတွေအတွက် အပြာရောင်ကတည်ကြည်မှုကို ကိုယ်စားပြုလို့ ခန့်ခန့်ကြီးနဲ့ တည်တည်ငြိမ်ငြိမ် စွဲဆောင်မှုအပြည့်ရှိစေမှာပါတဲ့…..

ကဲ ဒီလောက်ဆိုရင် အရောင်နဲ့စိတ်အခြေနေ စပ်ဆက်မှုကိုယုံလောက်ပြီဆိုတော့ ကိုယ့်မွေးတဲ့ရာသီခွင်နဲ့လိုက်ပြီး ကံကောင်းစေမယ့်အရာင်လေးတွေကို ပြောပြတော့မယ်နော်….

Aries (မိဿရာသီဖွား) – မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ကြားမွေးဖွားသောယောင်းတို့

၂၀၁၈ ခုနှစ်ဟာ ယောင်းတို့အတွက် အောင်မြင်ခြင်းကို ဖြစ်စေမယ့်နှစ်ပါ။ ဒီအချိန်ဟာ ယောင်းတို့အတွက်အလုပ်ကို တစိုက်မတ်မတ်နဲ့ရှေ့ဆက်နိုင်အောင် လုပ်ရမယ့်အချိန်ဖြစ်တဲ့အတွက် ကျရောက်လာတဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ပြီး အားစိုက်လုပ်ဆောင်ရပါမယ်တဲ့။ ဒီတော့ ယောင်းတို့အတွက် ဒီတစ်နှစ်လုံးမှာ ကံကောင်းစေမယ့်အရောင်တွေက နနွင်းရောင်နဲ့ အဝါရောင်ပါနော်….

နနွင်းရောင်လေးဝတ်ပြီး တောက်ပနိုင်ပါစေ

Taurus (ပြိဿရာသီဖွား) – ဧပြီလ ၂၁ မှ မေလ ၂၁ ကြားမွေးဖွားသောယောင်းတို့

ပြိဿရာသီဖွားတွေအတွက်လည်း ဒီနှစ်ကအောင်မြင်ခြင်းတွေဖြစ်စေမယ့် နှစ်ဖြစ်တဲ့အတွက် အလုပ်ကို အာရုံစိုက်ပြီး ရတဲ့ အခွင့်အရေးအပေါ် အကောင်းဆုံးအသုံးချပါတဲ့နော်… ကံကောင်းစေမယ့် အရောင်တွေက နနွင်းရောင်နဲ့ အဝါရောင်သန်းတဲ့ အရောင်လေးတွေ ဖြစ်ပါတယ်…

အဝါရောင်လေးဝတ်ပြီး ပေါ်လွင်ပါစေ

Related Article >>> ရာသီခွင်အရ အချစ်ရေးအဆင်မပြေရတဲ့ အကြောင်းအရင်းများ

Gemini (မေထုန်ရာသီဖွား) – မေလ ၂၂ မှ ဇွန်လ ၂၁ ကြားမွေးဖွားသောယောင်းတို့

ဖေဖော်ဝါရီအလယ်လောက်ကစပြီး ယောင်းစိတ်တိုင်းကျအရာတိုင်းက ဖြစ်လာပါမှာ… ဒါပေမဲ့ ဒါတွေက မတ်လဝန်းကျင်လောက်မှာ တဖြည်းဖြည်းလျော့လာမှာပါတဲ့…ဒါကြောင့် ယောင်းတို့အားနည်းလာတဲ့ နယ်ပယ်တွေကို သေချာအားသာအောင်ကြိုးစားရပါမယ်။ အဲ့လိုအချိန်တွေမှာ ရလဒ်ပေါ်မူတည်တဲ့ ကိစ္စရပ်တွေကို ရှောင်တာအကောင်းဆုံးပါ။ လုပ်ငန်းခွင်မှာလည်း ဖိအားများနိုင်ပြီး စိန်ခေါ်မှုပြင်းထန်မယ့် အချိန်ဖြစ်တဲ့အတွက် ကံကောင်းစေအောင် အပြာဖျော့ရောင်နဲ့ ပန်းရောင်တို့ကို ဝတ်ဆင်ပြီး အေးချမ်းမှုကိုယူပါ။

ပန်းရောင်လေးဝတ်ပြီး ပန်းလေးလို လှနိုင်ပါစေ

Cancer (ကရကဋ္ဋ်ရာသီဖွား) – ဇွန်လ ၂၂ မှ ဇူလိုင်လ ၂၂ ကြားမွေးဖွားသောယောင်းတို့

ယောင်းတို့အတွက် ဒီနှစ်က အသက်မွေးဝမ်းကြောင်းဘက်မှာ တိုးတက်မှုကြုံပါမယ်တဲ့… ချမ်းသာကြွယ်ဝမှုဖြစ်စေမယ့် နှစ်တစ်နှစ်ပါ။ ကိုယ့်မှာရထားတဲ့ စိတ်ဓာတ်တက်ကြွမှုကို အကောင်းမွန်ဆုံး အသုံးချပြီး အဆိုးအကောင်းကို မျှတအောင်စဉ်းစားချင့်ချိန်ပါ… ဒီနှစ်အတွင်းမှာ ကံကောင်းစေမယ့်အရာတွေကတော့ လိမ္မော်ရောင်နဲ့ အဖြူရောင်ပါနော်….

လိမ္မော်ရောင်လေးဝတ်ပြီး မော်ကြွားနိုင်ပါစေ

Related Article >>> ရာသီခွင်အရ ယောင်းက ဘယ်လိုအမေမျိုးဖြစ်မလဲ။

Leo (သိဟ်ရာသီဖွား) – ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၃ ကြားမွေးဖွားသောယောင်းတို့

ဒီနှစ်မှာ ယောင်းတို့ စိတ်လှုပ်ရှားဖွယ်အခွင့်အလမ်းတွေနဲ့ အသက်မွေးဝမ်းကြောင်းတိုးတက်မှုတွေကြုံရမယ်… ဘဝမှာကောင်းမွန်တဲ့သင်ခန်းစာတွေရရှိနိုင်လိမ့်မယ်… ဒီနှစ်က ယောင်းအတွက် အရမ်းအလုပ်ရှုပ်ရမယ့် နှစ်ဖြစ်သလို အလုပ်ရှုပ်ရသလောက်လည်း ဆုပြန်ရမယ့်နှစ် ဖြစ်ပါတယ်။ သြဂုတ်လလယ်ပိုင်းမှာ အခွင့်အရေးအသစ်တစ်ခုကို ရရှိပြီး အသက်မွေးဝမ်းကြောင်းတိုးတက်ပါမယ်တဲ့… ကံကောင်းစေမယ့် အရောင်လေးတွေက ရွှေရောင်၊ လိမ္မော်ရောင်၊ အနီရောင်နဲ့ အဖြူရောင်တို့ ဖြစ်ပါတယ်နော်….

ရွှေရောင်လေးဝတ်ပြီး ရွှေလိုဝင်းပပါစေ

Virgo (ကန်ရာသီဖွား) – သြဂုတ်လ ၂၄ မှ စက်တင်ဘာလ ၂၂ ကြားမွေးဖွားသောယောင်းတို့

ယောင်းတို့အတွက် အခွင့်အရေးအသစ်တွေနဲ့ အကျိုးခံစားခွင့်တွေက ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှာ မျှော်မှန်းလို့ရပါတယ်… နှစ်ဝက်လောက်ပိုင်းမှာ စိတ်ဖိစီးမှုတွေ၊ အလုပ်တွေပေါ်လာပါမယ်…. ယောင်းတို့အတွက် ကံကောင်းစေမယ့်အရာတွေကတော့ လိမ္မော်ရောင်၊ အဖြူရောင်၊ မီးခိုးရောင် နဲ့ အဝါရောင်တို့ဖြစ်ပါတယ်။

မီးခိုးရောင်လေးဝတ်ပြီး အထာကျနိုင်ပါစေ

Related Article >>> ခရပ်ရှ်ရလာပြီဆိုရင် ရာသီခွင်အလိုက် ဘယ်လိုလှုပ်ရှားကြသလဲ။

Libra (တူရာသီဖွား) – စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ ကြားမွေးဖွားသောယောင်းတို့

ရလဒ်ပေါ်မူတည်ပြီး လုပ်ရတဲ့အလုပ်တွေမလုပ်သင့်ပါဘူးတဲ့…ယောင်းရဲ့ကြိုးစားအားထုတ်မှုက ထွက်လာတဲ့ရလဒ်ကို သေချာပြန်စီစစ်ဖို့လိုပါတယ်နော်… မေလလောက်မှာ ယောင်းရဲ့အသက်မွေးဝမ်းကြောင်းတိုးတက်ဖို့ရာ အားအင်တွေ ရရှိလာမှာပါ။ သို့သော် အခြေအနေကို သေချာလေ့လာပြီးမှ ရှေ့ဆက်ပါ။ ၂၀၁၈ အတွင်း ကံကောင်းစေမယ့် အရာင်တွေက အပြာရောင်နဲ့ အစိမ်းရောင်ပဲဖြစ်ပါတယ်….

အစိမ်းရောင်လေးဝတ်ပြီး ငြိမ်းချမ်းနိုင်ပါစေ

Scorpio (ဗြိစ္ဆာရာသီဖွား) – အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ ကြားမွေးဖွားသောယောင်းတို့

ဘဝအတွက်တွေးခေါ်ရာမှာ လက်တွေ့ဆန်ဆန်တွေးခေါ်မှုတွေအတွက် ဂရုပြုသင့်ပါတယ်။ မတ်လအလယ်မှာ ယောင်းတို့အတွက် အသက်မွေးဝမ်းကြောင်း အသစ်ရအောင် အဆက်မပြတ်တဲ့တွန်းအားတွေရှိလာမှာပါ။ ယောင်းတို့အတွက် ကံကောင်းစေမယ့် အရောင်တွေကတော့ သံချေးရောင်နဲ့ အနီအရင့်ရောင်ပဲဖြစ်ပါတယ်။

အနီရင့်ရောင်လေးနဲ့ sexy

Sagittarius (ဓနုရာသီဖွား) – နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ကြားမွေးဖွားသောယောင်းတို့

ယောင်းတို့အတွက် ဒီနှစ်အတွင်းမှာ ငွေရေးကြေးရေးကို သေချာစီမံသင့်တဲ့အချိန်ပါ။ လက်တွေ့ဆန်တဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်… ဘာလို့လဲဆိုတော့ ပိုက်ဆံတွေက မမျှော်လင့်ထားဘဲ သုံးသုံးမိသွားတတ်ပါတယ်တဲ့…. ဒါကြောင့် ငွေကြေးနဲ့ပတ်သက်လာရင် သေချာစဉ်းစားပြီး သတ္တိရှိစွာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ဖို့ တိုက်တွန်းပါတယ်… ဆန့်ကျင်ဖက်လိင်တွေနဲ့ သတိထားပြီး ဆက်ဆံပါ… အနီးနားမှာရှိတဲ့ သူတွေနဲ့ကတော့ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းနိုင်မှာပါ…. ယောင်းတို့အတွက် ကံကောင်းစေမယ့် အရောင်တွေက ပန်းရောင်၊ အနီရောင် နဲ့ခရမ်းရောင်တို့ ဖြစ်ပါတယ်။

ခရမ်းရောင်လေးဝတ်ပြီး ဆွဲဆောင်မှုအပြည့်ရှိပါစေ

Related Article >>> ရာသီခွင်အလိုက် အလုပ်အပေါ်ထားတဲ့ ယောင်းတို့ရဲ့စိတ်နေစိတ်ထား

Capricorn (မကာရရာသီဖွား) – ဒီဇင်ဘာလ ၂၂ မှ ဇန်နဝါရီလ ၂၀ ကြားမွေးဖွားသောယောင်းတို့

ဖေဖော်ဝါရီအလယ်လောက်မှာ ယောင်းတို့အတွက် ကောင်းမွန်တဲ့အချိန်ကျရောက်ပါမယ်… ရာထူးတိုးမှုကြောင့် အလုပ်အပြောင်းအရွှေ့၊ နေရာအပြောင်းအရွှေ့တွေ ကြုံရပါမယ်… Relationship အသစ်မွေးဖွားမှုနဲ့ လည်းကြုံရပါမယ်။ ယောင်းတို့ဆန္ဒတွေလည်း ပြည့်ဝနိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကံကောင်းစေမယ့် အရောင်လေးတွေကတော့ အညိုရောင်၊ စတီးရောင်၊ မီးခိုးရောင်နဲ့ အမည်းရောင်တို့ ဖြစ်ပါတယ်…

စတီးရောင်လေးဝတ်ပြီး သူတစ်မူထူးခြားနိုင်ပါစေ

Aquarius (ကုမ်ရာသီဖွား) – ဇန်နဝါရီလ ၂၁ မှ ဖေဖော်ဝါရီလ ၁၈ ကြားမွေးဖွားသောယောင်းတို့

နှစ်အစပိုင်းလောက်မှာ မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ… ရွေးချယ်နိုင်တာနဲ့အမျှ ငွေဝင်လေဖြစ်ပါလိမ့်မယ်… အလုပ်အကိုင်နဲ့ ပတ်သတ်ရင် တည်ငြိမ်မှုရှိပါမယ်… ငွေရေးကြေးရေးကတော့ ပြောစရာမလိုအောင်ကို ပြည့်စုံနေမှာပါ။ လစာလည်းပိုမိုကောင်းမွန်နိုင်ကိန်းရှိပါတယ်။ ကံကောင်းစေမယ့်အရောင်တွေက အမည်းရောင်၊ အပြာရောင်၊ မီးခိုးရောင်နဲ့ စိမ်းပြာရောင်တို့ဖြစ်ပါတယ်။

အမည်းရောင်လေးဝတ်ပြီး ယုံကြည်မှု အပြည့်ရှိပါစေ

Pisces (မိန်ရာသီဖွား) – ဖေဖော်ဝါရီလ ၁၉ မှ မတ်လ ၂၀ ကြားမွေးဖွားသောယောင်းတို့

လူမှုဆက်ဆံရေးမှာ အထူးအောင်မြင်မယ့် ကာလဖြစ်ပါတယ်… အရာရာကို မျှမျှတတလုပ်ကိုင်ပါလျှင် ငွေကြေးစီးဆင်းမှု အလွန်ကောင်းမွန်ပါမယ်… အခွင့်အရေးကောင်းတွေ ကြုံလာရင် အပြောင်းအလဲကောင်းဖြစ်နိုင်ပါတယ်… ကံကောင်းစေမယ့် အရောင်တွေက ပင်လယ်စိမ်းရောင်နဲ့ ခရမ်းရောင်ဖြစ်ပါတယ်။

ပင်လယ်စိမ်းရောင်လေးနဲ့ နုနယ်ပျိုမြစ်နေပါစေ

ကံကောင်းခြင်းများစွာပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း…

Youth Thu (For Her Myanmar)

Reference : Science of PeopleAstropeak

No Comments Yet

Comments are closed