ဆွယ်တာကို လန်းအောင်ဝတ်ကြမယ်။

ကဲ.. ကဲ.. ဆောင်းတွင်းမှာ ဒီလိုလေးတွေ တွဲဝတ်လိုက်ရင် အဇမ်းလန်းလို့ရပြီပေါ့… 

ဆောင်းတွင်းရောက်တော့မှာဆိုတော့ ဆွယ်တာနဲ့စမတ်ကျကျလှလှလေး ဝတ်လို့ရအောင် အက်ဒမင်ရှာလို့ ရသမျှ နည်းလမ်းလေးတွေမျှဝေပေးလိုက်မယ်နော်။

၁) ဆွယ်တာတစ်ထည်၊ စကပ်၊ ဖိနပ်လှလှ

သာမန်အရောင်ဖျော့ဖျော့ဆွယ်တာကိုမှ စကပ်အတွန့်လေးရယ်နဲ့ လူအာရုံကျစေမဲ့ ဖိနပ်မျိုး တွဲဖက်ဝတ်ဆင် သင့်ပါတယ်။

၂) အထပ်ထပ်ဝတ်ပါ။

အရမ်းအေးတဲ့နေ့မျိုးမှာ ဖက်ရှင်ကျချင်ရင်တော့ အထပ်ထပ်သာ ဝတ်လိုက်ပါ။ ဆွယ်တာအောက်မှာ လက်ရှည်ထပ်ဝတ်ပြီး အပေါ်က ဂျင်းကုတ်ဝတ်ရင်လည်း ခပ်မိုက်မိုက်လေးဖြစ်နေမှာပါ။

၃) အရောင်ဆင်တူဝတ်ပါ။

ဆွယ်တာအရောင်နဲ့ နှုတ်ခမ်းနီအရောင်၊ ဦးထုပ်အရောင်ဆင်တူတာမျိုးကို စမ်းဝတ်ကြည့်သင့်ပါတယ်။ နားကပ်အရောင်နဲ့ ဆွယ်တာအရောင်ဆင်တူတာမျိုးကောပဲနော်။

Related Article >>> Boyfriend Jeans တွေကို တီရှပ်တွေနဲ့ပဲ တွဲဝတ်နေတုန်းလား?

၎) Denim စကပ်နဲ့ ဂျင်းနဲ့ဝတ်မယ်။

ဆွယ်တာကို ဂျင်းစကပ်အတိုလေးတွေနဲ့ ချစ်စရာကောင်းအောင်ပုံဖော်လို့ရသလို ဂျင်းအပြဲဝတ်ပြီးလည်း အလန်းလုပ်လို့ရပါသေးတယ်။

၅) ပွဲတက်မယ်ဆိုရင်

အမွှေးပွဆွယ်တာတွေကို အောက်ကပြောင်ပြောင်လက်လက်ဖြစ်နေတဲ့ စကပ်ရှည်၊ ဘောင်းဘီရှည်နဲ့ တွဲဝတ်ကြည့်ပါ။ ညဘက်ပါတီပွဲတွေမှာ လုံလုံခြုံခြုံလေးနဲ့ အမိုက်စားလေးဖြစ်နေမှာပါ။

၆) Retro ဖက်ရှင်

အရောင်မကြိုက်တဲ့ဆွယ်တာတွေရှိရင် ဒီလိုမျိုးဂျင်းလေးတွေနဲ့တွဲဝတ်ဆင်သင့်ပါတယ်။

ကဲ ဒီနှစ်ဆောင်းတွင်းမှာ ရှိတဲ့ဆွယ်တာလေးနဲ့လန်းလန်းလေးဖြစ်နိုင်ကြပါစေနော်။

Miko ( For Her Myanmar )

No Comments Yet

Comments are closed