ပါး​လေးနည်းနည်းရိုက်​ပျ​ဇေ .. လှ​စေချင်​လို့ပါ

ကလေးလေးလို နုပျိုလှပဖို့ ပါးရိုက်ခံကြမား :3

ဟမ်..အဆန်းကြီး​နော်​ .. သူများကို ပါးရိုက်ပျစီဆိုပြီး ခပ်​တည်​တည်​နဲ့သွား​ပြောရင်​ ဟိုက ဖ​နောင့်နဲ့ လှမ်း​​ပေါက်​လို့ ​ပြေး​ပေါက်​မှားမယ့် အကွက်​​တွေ… ဒါ​ပေမဲ့​ မျက်နှာကို ရိုက်​​ပေးတာက အခု​နောက်​ပိုင်း Beauty Trend တစ်​ခုဖြစ်​လာတာမို့ နန္ဒာ​လည်း ​ပေါ်ပင်​မှာ ​ပျော်​ရွှင်​ရင်း ​ယောင်း​ယောင်းတို့အတွက်​ တင်​ဆက်​​ပေးလိုက်​ပါတယ်ေနာ် ​။

(TikTok က ဗီဒီယို​လေး​တွေ ကြည့်​​နေကျသူ​တွေ​တော့ ​တွေ့ဖူးပါလိမ့်​မယ်​။ မျက်​နှာကို skincare ​တွေလိမ်း၊ တဖြန်းဖြန်းလည်းချပြီး​ရော ချက်​ချင်းလက်​ငင်း က​လေး​လေးဖြစ်​သွားတာ​လေ။)

ပထမဆုံး မျက်​နှာကိုရိုက်​တယ်​ဆိုတဲ့​နေရာမှာ ဘယ်​လိုရိုက်​လဲ၊ ဘယ်​​နေရာ​တွေကိုရိုက်​လဲဆိုတာလေး အရင်​​ပြောပြချင်​ပါတယ်​။ ပါးနှစ်​ဘက်​၊ ​မေး​စေ့နဲ့ နဖူး​နေရာ​တွေကို အဓိကရိုက်​တာပါ။ လက်​ခုံ ဒါမှမဟုတ်​ လက်​​ချောင်း​လေး​တွေရဲ့အားကို သုံးပြီး မျက်​နှာကို ​အောက်​က​နေအ​ပေါ်၊ အတွင်းက​နေ အပြင်​ဘက်​ကို တဖတ်​ဖတ်​ရိုက်​​ပေးတာမျိုးပါ။ ​ဒီလိုရိုက်​​ပေး​တဲ့​နေရာမှာလည်း လုံးဝနာကျင်​မှုမရှိတာမျိုး​တော့ မဟုတ်​​ပေမဲ့​ ပုရွက်​ဆိတ်​ကိုက်​သလိုလို စပ်​ဖျဉ်းဖျဉ်း ခံစားမှုမျိုး​တော့ရတယ်​လို့ Face Slapping Treatment ခံယူဖူးတဲ့သူ​တွေက ​ပြောပါတယ်​။

Related Article >>> ဒီလိုမျက်နှာပေါင်းတင်ကပ်ခွာလေးတွေတော့ တွေ့ဖူးသေးဦးမယ် မထင်ပါ

အမှန်​တကယ် ​နည်းစနစ်​ကျကျ မျက်​နှာကို ရိုက်​​ပေး​မယ်​ဆိုရင်​​တော့ ရိုက်​တာအပြင်​ လက်​​ချောင်းထိပ်​​လေး​တွေနဲ့ ​မျက်​ခုံးရိုး၊ နှာတံနဲ့ ပါးပြင်​နှစ်​ဖက်​ကြား၊ နှုတ်​ခမ်း​အောက်​ဘက်​ကို နှိပ်​နယ်​​ပေးတာမျိုးလည်း လုပ်​​ပေးရပါမယ်​။ ဒီရိုးရာနည်းက​တော့ လွန်​ခဲ့တဲ့ နှစ်​​ပေါင်းတစ်​ရာ​ကျော်​​လောက်​တည်းက ထိုင်းလူမျိုး​တွေ လက်​ဆင့်ကမ်းလာကြတဲ့ အလှပြုပြင်​နည်းလို့ ​ပြောကြပါတယ်​။

အသားအနာခံပြီး မျက်​နှာကို ဒီလိုရိုက်​​ပေး​တော့ ဘာအကျိုး​ကျေးဇူး​တွေများရမလဲလို့  ​မေးစရာရှိပါတယ်​။ ဒီအ​ကြောင်းအရာနဲ့ပတ်​သက်​ပြီး နန္ဒာရှာ​ဖွေကြည့်​လိုက်​​တော့ ​ဆောင်းပါးတစ်​ခုမှာ ​ရေးထားတာက ပုံမှန်​မျက်​နှာကို ဒီလိုရိုက်​​ပေးမယ်​ဆိုရင်​ အ​ရေးအ​ကြောင်း​တွေ​ တဖြည်းဖြည်းလျော့လာ​စေတယ်​၊ ​ချွေး​ပေါက်​​တွေကျဉ်းပြီး အသားအရည်​လည်း တင်းတင်းရင်းရင်းဖြစ်​လာမယ် ​လို့ ​ဖော်​ပြထားပါတယ်​။

ဒီထက်​ပိုပြီး စနစ်​တကျရှင်းပြရမယ်​ဆိုရင်​ မျက်​နှာကို ခပ်ဆတ်​ဆတ်​ ပုတ်​​ပေးရိုက်​​ပေးတဲ့အခါ ​သွေးလည်​ပတ်​မှု ပို​ကောင်းလာတဲ့အတွက်​ တင်းမာ​နေတဲ့ကြွက်​သား​တွေကို ​ဖြေ​လျော့​ပေးပြီး အ​ရေပြား​အောက်​က အဆီ​တွေကိုလည်း ဖယ်​ရှား​ပေးပါတယ်​။ ​သွေး​ကြော​လေး​တွေပွင့်ပြီး ​သေလည်​ပတ်​မှု မြန်​ဆန်​​ကောင်းမွန်​လာတဲ့အတွက်​ ​သွေးထဲက မလိုအပ်​တဲ့ အဆိပ်​အ​တောက်တွေကိုလည်း ဖယ်​ရှား​ပေးတာမို့ မျက်​နှာက အရင်​ကထက်​ ကြည်​လင်​​တောက်​ပလာပြီး ခု​ခေတ်​ ​ကောင်​မ​လေး​တွေအကြိုက်​ V-shape မျက်​နှာ​လေး ပို​ပေါ်လွင်​လာမှာပဲ ဖြစ်​ပါတယ်​။

ဒါတင်​မက​သေးဘူး​နော်​ .. မျက်​နှာကိုရိုက်​​ပေးတဲ့အခါ အ​ရေပြားမှာရှိတဲ့ ကော်လာဂျင်​တွေကိုလည်း လှုံ့​ဆော်​​ပေးတာမို့ အသားအရည်​​လေးက တင်းတင်းရင်းရင်းဖြစ်​လာပြီး နုနယ်​ပျိုမျစ်​တဲ့ အ​ရေပြားရရှိစေဖို့ ကူညီ​ထောက်​ပံ့​ပေးပါ​သေးတယ်​။ ပိုက်​ဆံအကုန်​ခံပြီး botox (ဘိုတောက်စ်) ထိုးတာ၊ filler ထည့်တာ (အသားဖြည့်ဆေးထည့်တာ) ​တွေထက်​စာရင်​ အန္တရာယ်​ကင်းပြီး အကုန်​အကျလည်း သက်​သာတာမို့ ညအိပ်​ခါနီး လိမ်း​နေကျ skincare အဆင့်​​တွေအားလုံးပြီးသွားရင်​ မျက်​နှာကို ခပ်​ဆတ်​ဆတ်​ရိုက်ပေးတာမျိုး လုပ်​ဖြစ်​​အောင်​လုပ်​ကြည့်ကြဖို့လည်း တိုက်​တွန်းချင်​ပါတယ်​။

ဘာမှမလိမ်းဘဲ ​ခြောက်​​သွေ့​နေတဲ့ မျက်​နှာကို ရိုက်​တာနဲ့စာရင်​ အစိုဓာတ်​ထိန်း​ဆေး ဒါမှမဟုတ်​ အလှဆီ (serum) တစ်​ခုခုလိမ်းပြီးမှ မျက်​နှာကိုရိုက်​​ပေးတာမျိုးလုပ်​ရင်​ လိမ်း​ထားတဲ့ Skincare ​တွေ အ​ရေပြားထဲပိုမြန်​မြန်​ဆန်​ဆန် ​စိမ့်ဝင်​နိုင်​တဲ့အပြင်​ အ​ပေါ်ယံ​အ​ရေပြားလွှာကိုထိုး​ဖောက်​ပြီး ဟိုးအတွင်းပိုင်းထိ ပိုပြီးလွယ်​လွယ်​ကူကူနဲ့ ပျံ့နှံ့​စေနိုင်​တာမို့ပါ။

ယောင်းတို့အားလုံး ကိုယ့်​ပါးကိုယ်​ အားမနာတမ်းချရင်း ပိုပိုလှနိုင်​ကြပါ​စေ​နော်​။

Nandar (For Her Myanmar)

Reference : NY Daily News

No Comments Yet

Leave a Reply

Your email address will not be published.