မျက်ရစ်ပြဿနာအားလုံးအတွက် မရှိမဖြစ် မျက်ရစ်တိပ်

အက်ဒ်မင်ကတော့ ဒါလေးနဲ့ အိုခေ.. စိုပြေ 😀

အခုနောက်ပိုင်း မိတ်ကပ်ပုံစံ အမျိုးမျိုး ခေတ်စားလာတယ်နော်။ အဓိကက မျက်လုံးမှာ အရောင်လှလှလေးတွေ အများကြီးနဲ့ အရမ်းမျက်စိပသာဒဖြစ်တယ်လေ။ ဒါပေမဲ့ ကိုယ်တွေလို မျက်ရစ်ပိနေတဲ့ မျက်ပေတုံးတွေကတော့ ထွင်ချင်သပါ့ဆိုလည်း ထွင်လို့မရတော့ အရမ်းဝမ်းနည်းစိတ်ပျက်စရာကောင်းနေရောပေါ့။ ဒါပေမဲ့ စပ်စပ်စုစုဉာဉ်အတိုင်း ရှာလိုက်ဖွေလိုက်တဲ့အခါ ဇာမျက်ရစ်တိပ် ဆိုတဲ့ပစ္စည်းလေးကို ရှာတွေ့လိုက်တယ်လေ။ အဲ့ဒီဇာမျက်ရစ်တိပ်ကို ဘယ်လိုသုံးမလဲ? အဲ့ဒါလေးသုံးပြီးရင် ဘယ်လိုမိတ်ကပ်တွေပြင်လို့ရလဲ ဆိုတာကို နှင်းက ဒီဆောင်းပါးထဲမှာ ပြည့်ပြည့်စုံစုံ ရေးပေးမယ်လေ။

ဇာမျက်ရစ်တိပ်

ပထမဆုံးအနေနဲ့ မျက်ရစ်တိပ်လေးအကြောင်း နည်းနည်းလေးပြောပြမယ်လေနော်။ မျက်ရစ်တိပ်မှာ ပလက်စတစ်မျက်ရစ်တိပ် နဲ့ ဇာမျက်ရစ်တိပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပလက်စတစ်က တော်တော်များများလည်း သိပြီးသားဆိုတော့ အခုဇာအကြောင်းပဲဆက် သွားလိုက်မယ်နော့်။ မျက်ရစ်တိပ်ဆိုတာ မျက်ရစ်ပေါ်ဖို့အတွက် ရှိရင်းစွဲမျက်ရစ်အပေါ် အခုအခံပစ္စည်းတစ်ခု တင်လိုက်တာပေါ့။ ဇာကိုဘာလို့သုံးတာလဲဆိုရင် ပလတ်စတစ်ထက်စာရင် သိပ်မသိသာလို့ပေါ့။ အထူးအဖြင့် မျက်လုံးမိတ်ကပ်ခြယ်တဲ့အခါ ဇာတိပ်လေးသုံးထားတော့ မသိသာတော့ဘူးလေ။ (အနီးစပ်ဆုံးပြောရရင် ရင်ဘတ်ထဲကဓား ရုပ်ရှင်ကားကြီးထဲမှာ အူဝဲက ဇာမျက်ရစ်တိပ် ဆိုဒ်အကြီးကို သုံးထားပါတယ်။ လုံးဝမသိသာဘူးနော် :P) မျက်ရစ်ပုံစံ (၃) မျိုးရှိသလို (အောက်မှာအဲ့ဒီ ပုံစံ ၃ မျိုးရဲ့ပုံကို ထည့်ပေးထားပါတယ်။)  ဇာမျက်ရစ်တိပ်မှာ ဆိုဒ် (၂) မျိုးရှိတယ်ရှင့်။ Small (ဆိုဒ်အသေး) နဲ့ Large (ဆိုဒ်အကြီး) ဆိုပြီးတော့ပေါ့။ မျက်ရစ်တအားသေးပြီး လုံးဝမပေါ်တဲ့လူတွေက ဆိုဒ်အသေးကို ပိုသုံးသင့်ပါတယ်။ မျက်ရစ်နည်းနည်းရှိပြီး သိပ်မပေါ်တဲ့ယောင်းတွေ၊ မျက်ရစ်နှစ်ဘက်မညီတဲ့ ယောင်းတွေကတော့ ဆိုဒ်အကြီးကို သုံးသင့်ပါတယ်။

Related Article >>> Eyeliner တစ်နေကုန်ခံစေဖို့ အချက် ၃ချက်ပဲလိုတယ်

ဒီပုံထဲက အပေါ်ဆုံးနဲ့ အောက်ဆုံးမျက်ရစ်ပုံစံကတော့ ဆိုဒ်အသေးကို သုံးသင့်ပြီး အလယ်ကတော့ ဆိုဒ်အကြီးကို သုံးသင့်ပါတယ်။
ဒါကတော့ မျက်ရစ်တိပ် (ဆိုဒ်အသေး) အသုံးမပြုခင်နဲ့ အသုံးပြုပြီး ယှဉ်ပြထားတာပါ။

Related Article >>> မိတ်ကပ်လိမ်းခြယ်ရာမှာ သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်များ

ဒီဟာလေးကတော့ မျက်ရစ်တိပ် (ဆိုဒ်အကြီး) အသုံးမပြုခင်နဲ့ အသုံးပြုပြီး ယှဉ်ပြထားတဲ့ပုံပါ။

ဇာမျက်ရစ်တိပ်ကို ဘယ်လိုအသုံးပြုရလဲဆိုတော့ ပထမဆုံး အဲ့ဒီကဒ်ထဲကနေ ဇာမျက်ရစ်တိပ်ကို ထုတ်လိုက်ပါ။ နောက်ပြီး သူ့ထဲမှာပါတဲ့ ကော်အကြည်ရောင်ကို နည်းနိုင်သမျှနည်းတဲ့ ပမာဏကိုယူပြီး တိပ်ပေါ်ကိုသုတ်လိုက်ပါ။ နောက်ပြီး ၁၀ စက္ကန့်လောက် လေနဲ့ မှုတ်ပြီးရင် ကိုယ့်မှာရှိတဲ့ မျက်ရစ်လိုင်းပေါ်တင်လိုက်ပါ။ နေရာတကျဖြစ်သွားပြီဆိုရင် ကော်ခြောက်အောင် ခဏစောင့်လိုက်ရင် ဇာမျက်ရစ်လေးကပ်ပြီးပါပြီ။

နှင်းတောက်လျှောက် သုံးခဲ့တဲ့ အတွေ့အကြုံအရ မျက်ရစ်သေးတဲ့ယောင်းတို့က မျက်လုံးထောင့်စွန်းဘက် အရမ်းတိုးပြီးမကပ်ဘဲ ကိုယ့်ရှိရင်းမျက်ရစ်အပေါ်ကိုပဲ ကပ်ပါ။ မျက်ရစ်ရှိပြီးသား ယောင်းတွေကတော့ အရှေ့တိုးကပ်ရင် မျက်ရစ်အကြီးကြီးဖြစ်သွားမှာမို့ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ကြည့်ကျက်ကပ်ပါ။ ဒါပေမဲ့ သတိထားရမှာက အကယ်လို့ အကပ်မတော်ရင် အစွန်းတွေထွက်နေတတ်တာမို့ သတိထားဖို့တော့လိုမယ်နော်။ မျက်ရစ်တိပ်ကို ဘာလို့မရှိမဖြစ်လိုအပ်လဲဆိုတော့ ဒီမျက်ရစ်တိပ်သာမတပ်ထားရင် လိုင်နာဘယ်လောက် ထူအောင်ဆွဲဆွဲ မျက်လုံးမိတ်ကပ် ဘယ်လောက်အရောင်များများတင်တင် ဘာဆို ဘာမှ ပေါ်မှာ မဟုတ်ပါဘူး။ ယောင်းတို့မျက်လုံးထဲ မြင်သာအောင် အောက်မှာပုံလေးတွေပါ ထည့်ပေးထားပါတယ်။

လိုင်နာဆိုးတာများသွားတယ် ထင်တယ်ပေါ့? ပြောပါဦး မျက်လုံးဖွင့်လိုက်ရင် ဘာမှမမြင်ရတော့တဲ့ အကြောင်းလေး 😛
ဒါမျိုး မျက်လုံးပုံ ဆန်းဆန်းတွေကို ကိုယ့်မျက်ရစ်ပုစိနဲ့ခြယ်ရင် ပေါ်မယ်ထင်တယ်ပေါ့?

ဒီလို ဒီလို အကုန်လုံးပြင်ဆင်ပြီးကာမှ မျက်ရစ်ကြောင့် စိတ်တိုင်းမကျရတဲ့ အဖြစ်မျိုးတွေ မဖြစ်ရလေအောင် မျက်ရစ်တိပ်လေးကို ခုကစပြီးသုံးကြပါစို့လို့… 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.