Fashion Fashion & Beauty

ခပ္ေဟာ့ေဟာ့အက်ႌေတြနဲ႕လိုက္ဖက္ညီတဲ့ ဘရာအမ်ိဳးအစား (၃) မ်ိဳး

ဘယ္ေလာက္ေဟာ့တဲ့အက်ႌဝတ္ဝတ္ ဘရာအေရြးမွားရင္ေတာ့ ဂြမ္းေနဦးမွာပဲေနာ္ 🤕

ေယာင္းတို႔ေရ … အက်ႌေဟာ့ေဟာ့ေလးတစ္ထည္ကို ဝတ္ခ်င္ေပမဲ့ ကိုက္ညီတဲ့ဘရာမရွိလို႔ စိတ္ညစ္ရတာေတြ ႀကံဳဖူးၾကလား ? အရာေတြထင္ေနတာ၊ ႀကိဳးေတြေပၚေနတာ၊ ေက်ာေျဗာင္အက်ႌေတြဝတ္ရင္ အေနာက္မွာဘရာကိုျမင္ေနရတာစသျဖင့္ မ်ိဳးစံုႀကိဳးခုန္ေနတာပဲ။ Stella ကိုယ္တိုင္လည္း အဲ့ျပႆနာနဲ႔ေတာ္ေတာ္တိုင္ပတ္လို႔ ဘာလုပ္ရမလဲ အေျဖရွာတဲ့အခါမွာ သိလာတာသမွ်အကုန္လံုး ေယာင္းတို႔ကို ေဖာက္သည္ခ်ေပးပါဦးမယ္။

U-Plunge Bra

တစ္ခ်ိဳ႕လည္ပင္းအဟိုက္အက်ႌေတြက ေတာ္ေတာ္ႀကီးကိုဟိုက္တာမ်ိဳးေယာင္းတို႔ ႀကံဳဖူးၾကမယ္ထင္ပါတယ္။ ဆယ္လီဘရစ္တီေတြ အဲ့လိုအက်ႌမ်ိဳးဝတ္တာျမင္ေတာ့ ဟယ္ သူတို႔က်ေတာ့ ဘာဘရာႀကိဳးမွလဲ မျမင္ရဘူးဆိုၿပီး ရွာေဖြၾကည့္ေတာ့မွ အလယ္မွာ U ပံုစံရွိတဲ့ ဘရာေလးေတြနဲ႔ ဝတ္ရမွန္းသိတာပါ။ ဒီလိုဘရာမ်ိဳးေတြ႔ရင္ေတာ့ ဝယ္သာဝယ္လိုက္ပါေနာ္။

Related article >>> ဝတ္စံုျပည့္မဝတ္ခ်င္တဲ့ ေယာင္းတို႔အတြက္ ေပါ့ေပါ့ပါးပါးရုံးတက္ဖက္ရွင္အတြဲအစပ္ (၃) ခု

Strapless Bra

ရင္ျပတ္အက်ႌေတြ၊ Off Shoulder အက်ႌေတြနဲ႔ ႀကိဳးတစ္ေခ်ာင္းအက်ႌေတြ ဝတ္တဲ့အခါ ဘရာႀကိဳးေတြေပၚေနရင္ဘယ္လိုမွ ၾကည့္မလွပါဘူး။ အဲ့လိုအက်ႌေတြအတြက္ ေယာင္းမွာရွိသင့္တာကေတာ့ Strapless Bra ပါ။ Strapless Bra ေတြမွာ ႀကိဳးလံုးဝမပါဘဲ ေယာင္းရဲ႕ခႏၶာကိုယ္မွာ တစ္သားတည္းက်ေနေစတာမို႔ ကၽြတ္က်မွာေတြဘာေတြလည္း စိတ္ပူစရာမလိုပါဘူး။

Related article >>> ၂၀၁၉ ေႏြရာသီမွာ ေခတ္စားစျပဳေနတဲ့ အေရာင္ဆန္း (၅) မ်ိဳး

Invisible Bra

ေက်ာေျပာင္အက်ႌေတြ ဝတ္ေတာ့မယ္ဆိုရင္ ေနာက္ေက်ာမွာ ဘရာအျပားလိုက္ႀကီးေပၚေနလို႔ ကိုယ့္ရဲ႕ေနာက္ေက်ာအလွကို မေဖာ္ျပႏိုင္ဘဲ အေပၚကထပ္ဝတ္ရတာမ်ိဳး၊ တစ္ခါတစ္ေလကိုယ္ဝတ္ခ်င္တဲ့ အက်ႌလွလွေလးကိုေတာင္ ဗီရိုထဲျပန္သိမ္းလိုက္ရတာမ်ိဳးရွိတယ္မွတ္လား ? Invisible bra နဲ႔သာဆိုရင္ ဒါေတြလံုးဝျဖစ္မလာေတာ့ပါဘူး။ Invisible bra ေတာ္ေတာ္မ်ားမ်ားက ကပ္ခြာပံုစံျဖစ္ၿပီး ေယာင္းရဲ႕ရင္သားမွာကပ္ေနမွာျဖစ္လို႔ လံုးဝမကြာက်ပါဘူး။

Related article >>> ေဒါက္ဖိနပ္လွလွေလးေတြကို ဆိုဒ္မွန္မွန္ေရြးၾကမယ္

ခပ္ေဟာ့ေဟာ့အဝတ္အစားနဲ႔ လိုက္ဖက္မႈရွိတဲ့ဘရာေတြ ေရြးခ်ယ္ဝတ္ဆင္ၿပီး အၿမဲယံုၾကည္မႈရွိရွိလွႏိုင္ၾကပါေစေနာ္။

Stella (For Her Myanmar)

<<<Unicode>>>

ဘယ်လောက်ဟော့တဲ့အင်္ကျီဝတ်ဝတ် ဘရာအရွေးမှားရင်တော့ ဂွမ်းနေဦးမှာပဲနော် 🤕

ယောင်းတို့ရေ … အင်္ကျီလှလှလေးတစ်ထည်ကို ဝတ်ချင်ပေမဲ့ ကိုက်ညီတဲ့ဘရာမရှိလို့ စိတ်ညစ်ရတာတွေ ကြုံဖူးကြလား ? အရာတွေထင်နေတာ၊ ကြိုးတွေပေါ်နေတာ၊ ကျောဗြောင်အင်္ကျီတွေဝတ်ရင် အနောက်မှာဘရာကိုမြင်နေရတာစသဖြင့် မျိုးစုံကြိုးခုန်နေတာပါပဲ။ Stella ကိုယ်တိုင်လည်း အဲ့ဒီပြဿနာနဲ့တော်တော်တိုင်ပတ်လို့ ဘာလုပ်ရမလဲ အဖြေရှာတဲ့အခါမှာ သိလာတာမှန်သမျှအကုန်လုံး ယောင်းတို့ကို ဖောက်သည်ချပေးပါဦးမယ်။

U-Plunge Bra

တစ်ချို့လည်ပင်းအဟိုက်အင်္ကျီတွေက တော်တော်ကြီးကိုဟိုက်တာမျိုးယောင်းတို့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဆယ်လီဘရစ်တီတွေ အဲ့လိုအင်္ကျီမျိုးဝတ်တာမြင်တော့ ဟယ် သူတို့ကျတော့ ဘာဘရာကြိုးမှလဲ မမြင်ရဘူးဆိုပြီး ရှာဖွေကြည့်တော့မှ အလယ်မှာ U ပုံစံရှိတဲ့ ဘရာလေးတွေနဲ့ ဝတ်ရမှန်းသိတာပါ။ ဒီလိုဘရာမျိုးတွေ့ရင်တော့ ဝယ်သာဝယ်လိုက်ပါနော်။

Related article >>> ဝတ္စံုျပည့္မဝတ္ခ်င္တဲ့ ေယာင္းတို႔အတြက္ ေပါ့ေပါ့ပါးပါးရုံးတက္ဖက္ရွင္အတြဲအစပ္ (၃) ခု

Strapless Bra

ရင်ပြတ်အင်္ကျီတွေ၊ Off Shoulder အင်္ကျီတွေနဲ့ ကြိုးတစ်ချောင်းအင်္ကျီတွေ ဝတ်တဲ့အခါ ဘရာကြိုးတွေပေါ်နေရင်ဘယ်လိုမှ ကြည့်မလှပါဘူး။ အဲ့လိုအင်္ကျီတွေအတွက် ယောင်းမှာရှိသင့်တာကတော့ Strapless Bra ပါ။ Strapless Bra တွေမှာ ကြိုးလုံးဝမပါဘဲ ယောင်းရဲ့ခန္ဓာကိုယ်မှာ တစ်သားတည်းကျနေစေတာမို့ ကျွတ်ကျမှာတွေဘာတွေလည်း စိတ်ပူစရာမလိုပါဘူး။

Related article >>> ၂၀၁၉ ေႏြရာသီမွာ ေခတ္စားစျပဳေနတဲ့ အေရာင္ဆန္း (၅) မ်ိဳး

Invisible Bra

ကျောပြောင်အင်္ကျီတွေ ဝတ်တော့မယ်ဆိုရင် နောက်ကျောမှာ ဘရာအပြားလိုက်ကြီးပေါ်နေလို့ ကိုယ့်ရဲ့နောက်ကျောအလှကို မဖော်ပြနိုင်ဘဲ အပေါ်ကထပ်ဝတ်ရတာမျိုး၊ တစ်ခါတစ်လေကိုယ်ဝတ်ချင်တဲ့ အင်္ကျီလှလှလေးကိုတောင် ဗီရိုထဲပြန်သိမ်းလိုက်ရတာမျိုးရှိတယ်မှတ်လား ? Invisible bra နဲ့သာဆိုရင် ဒါတွေလုံးဝဖြစ်မလာတော့ပါဘူး။ Invisible bra တော်တော်များများက ကပ်ခွာပုံစံဖြစ်ပြီး ယောင်းရဲ့ရင်သားမှာကပ်နေမှာဖြစ်လို့ လုံးဝမကွာကျပါဘူး။

Related article >>> ေဒါက္ဖိနပ္လွလွေလးေတြကို ဆိုဒ္မွန္မွန္ေရြးၾကမယ္

ခပ်ဟော့ဟော့အဝတ်အစားနဲ့ လိုက်ဖက်မှုရှိတဲ့ဘရာတွေ ရွေးချယ်ဝတ်ဆင်ပြီး အမြဲယုံကြည်မှုရှိရှိလှနိုင်ကြပါစေနော်။

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *