ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေနောက်ကွယ်က အကြောင်းတရား(၅)မျိုး

လက်ကမြင်းပြီး ကျိုးသွားတာကိစ္စမရှိပေမယ့် မျက်လှည့်ပြသလို အားနေရင်ကျိုးနေတာမျိုးကတော့ သတိထားစရာပါပဲ။

ခရက်ရှ်ရဲ့ ချေမိုးခြင်းခံနေရတာကိုတောင် အပြောင်မပျက် အပြုံးမပျက်ကျေနပ်နေတဲ့ ယောင်းတွေက တမြတ်တနိုးထားတဲ့ လက်သည်းလေး ဂွက်ခနဲကျိုးသွားတဲ့အခါမှာတော့ အသည်းထက်ခြမ်းကွဲသွားသလို ခံစားကြရပါတယ်။ လက်ကမြင်းပြီး ကျိုးသွားတာကိစ္စမရှိပေမယ့် မျက်လှည့်ပြသလို အားနေကျိုးနေတာမျိုးကတော့ သတိထားစရာပါပဲ။ ကျိုးလွယ်ပဲ့လွယ်တဲ့ လက်သည်းတွေနောက်ကွယ်မှာ ဒီလိုအကြောင်းတရားတွေရှိတယ်။

၁။လက်သည်းနီကို ကြာရှည်စွာမဖျက်ဘဲထားခြင်း။

လက်သည်းဆိုးဆေးထဲမှာ ပါဝင်တဲ့ပါဝင်ပစ္စည်းတွေက လက်သည်းခွံရဲ့အစိုဓာတ်ကို ခမ်းခြောက်စေတဲ့အတွက် အားနည်းသွားပြီး ကြွပ်ဆတ်ပြီးပျက်စီးတာမျိုးကိုဖြစ်စေပါတယ်။ ဒါကြောင့် လက်သည်းနီဆိုးပြီး ငါးရက်ကြာသွားတဲ့အခါမှာ ပြောင်စင်အောင်ဖျက်ပစ်သင့်ပြီး နောက်တစ်ခါထပ်မဆိုးခင် ရက်အနည်းငယ်စောင့်ဖို့လည်းလိုပါတယ်။

၂။ မတရားအရှည်ထားခြင်း။

လက်သည်းအရှည်ထားတာက လှတာမှန်ပါတယ်။ ဒါပေမယ့် စတန်ထ့ွင်ပြီး မတရားအရှည်ထားတာကတော့ ကျိုးဖို့ ပဲ့ဖို့ စိန်ခေါ်လိုက်သလိုပါပဲ။ ဒီကြားထဲ အဲ့ဒီ့လက်သည်းချွန်ကြီးနဲ့ ဖုန်းကိုတဂွက်ဂွက်နှိပ်လိုက်၊ ကီးဘုတ်ကို တဂွက်ဂွက်နှိပ်လိုက်လုပ်နေတော့ လက်သည်းက ကျိုးမှာပါပဲ။ လက်သည်းကိုသာ ပုံမှန်အရှည်အနေအထားရအောင် ညှိပေးတာမျိုးလုပ်လိုက်မယ်ဆိုရင်တော့ လက်သည်းကျိုးစရာအကြောင်းမရှိတော့ပါဘူး။

၃။Hand cream မသုံးပေးခြင်း။

အသားအရေ ခြောက်သွေးတတ်တဲ့သူတွေဆိုရင် Hand cream တစ်မျိုးမျိုးသုံးပေးသင့်ပါတယ်။ Handcreamက လက်တွေကို အစိုဓာတ်ဖြည့်တင်းပေးတာသာမကပဲ လက်သည်းတွေမှာပါ လိမ်းပေးမယ်ဆိုရင် လက်သည်းခွံကိုပါ အစိုဓာတ်ပေးတဲ့အတွက် ခြောက်သွေ့ပြီး ကျိုးပဲ့လွယ်တာမျိုးမဖြစ်တော့ပါဘူး။

၄။လက်သည်းဖျက်ဆေးထိတွေ့လွန်းခြင်း။

လက်သည်းဖျက်ဆေးတွေက လက်သည်းနီတွေပြောင်စေရုံမဟုတ်ဘူးနော်။ လက်သည်းခွံပေါ်က သဘာဝအစိုဓာတ်တွေကိုပါ ခမ်းစေတာပါ။ ယောင်းက လှချင်လွန်းလို့ ခဏခဏလက်သည်းအရောင်းချိန်းဖို့ လက်သည်းဖျက်ဆေးတွေနဲ့ ထပ်ခါထပ်ခါဖျက်ရင်တော့ လက်သည်းကိုဒုက္ခပေးနေတာပါပဲ။

၅။ သံဓာတ်အားနည်းခြင်း။

သံဓာတ်အားနည်းတဲ့အခါမှာလည်း လက်သည်းကြွပ်ဆတ်ပြီး ကျို့လွယ်ပဲ့လွယ်တာမျိုးဖြစ်စေပါတယ်။ တကယ်လို့ ယောင်းက ပင်ပန်းလွယ်တာ၊ မောဟိုက်တာ၊ တစ်ချိန်လုံးအိပ်ချင်တာမျိုးတွေဖြစ်လာပြီဆိုရင်တော့ သံဓာတ်အားနည်း၊ မနည်းစစ်ဖို့လိုပါတယ်။ သံဓာတ်ဖြည့်အားဆေး လိုလာပြီဆိုရင်လည်း အရည်အသွေး အထူးစိတ်ချရတဲ့ Ferofort သံဓာတ်အားဆေးလို သံဓာတ်အားနည်းတာကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးပြသနာတွေ၊ အရေပြားပြသနာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ခန္ဓာကိုယ်ခုခံစွမ်းအားကို တိုးမြှင့်စေပြီး လန်းဆန်းတက်ကြွစေတာမျိုးကို ယောင်းတို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

ဒီအချက်တွေကို သတိထားပြီး လက်သည်းလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ လက်သည်းလေးတွေ မျက်လှည့်ပြ ကျိုးပဲ့ခြင်းဒဏ်မှ လွတ်လွတ်ကျွတ်ကျွတ်ကင်းဝေးရမှာပါ။

<<<Zawgyi>>>

လက္ကျမင္းၿပီး က်ိဳးသြားတာကိစၥမရွိေပမယ့္ မ်က္လွည့္ျပသလို အားေနရင္က်ိဳးေနတာမ်ိဳးကေတာ့ သတိထားစရာပါပဲ။

ခရက္ရွ္ရဲ႕ ေခ်မိုးျခင္းခံေနရတာကိုေတာင္ အေျပာင္မပ်က္ အၿပဳံးမပ်က္ေက်နပ္ေနတဲ့ ေယာင္းေတြက တျမတ္တႏိုးထားတဲ့ လက္သည္းေလး ဂြက္ခနဲက်ိဳးသြားတဲ့အခါမွာေတာ့ အသည္းထက္ျခမ္းကြဲသြားသလို ခံစားၾကရပါတယ္။ လက္ကျမင္းၿပီး က်ိဳးသြားတာကိစၥမရွိေပမယ့္ မ်က္လွည့္ျပသလို အားေနက်ိဳးေနတာမ်ိဳးကေတာ့ သတိထားစရာပါပဲ။ က်ိဳးလြယ္ပဲ့လြယ္တဲ့ လက္သည္းေတြေနာက္ကြယ္မွာ ဒီလိုအေၾကာင္းတရားေတြရွိတယ္။

၁။လက္သည္းနီကို ၾကာရွည္စြာမဖ်က္ဘဲထားျခင္း။

လက္သည္းဆိုးေဆးထဲမွာ ပါဝင္တဲ့ပါဝင္ပစၥည္းေတြက လက္သည္းခြံရဲ႕အစိုဓာတ္ကို ခမ္းေျခာက္ေစတဲ့အတြက္ အားနည္းသြားၿပီး ႂကြပ္ဆတ္ၿပီးပ်က္စီးတာမ်ိဳးကိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ လက္သည္းနီဆိုးၿပီး ငါးရက္ၾကာသြားတဲ့အခါမွာ ေျပာင္စင္ေအာင္ဖ်က္ပစ္သင့္ၿပီး ေနာက္တစ္ခါထပ္မဆိုးခင္ ရက္အနည္းငယ္ေစာင့္ဖို႔လည္းလိုပါတယ္။

၂။ မတရားအရွည္ထားျခင္း။

လက္သည္းအရွည္ထားတာက လွတာမွန္ပါတယ္။ ဒါေပမယ့္ စတန္ထ့ြင္ၿပီး မတရားအရွည္ထားတာကေတာ့ က်ိဳးဖို႔ ပဲ့ဖို႔ စိန္ေခၚလိုက္သလိုပါပဲ။ ဒီၾကားထဲ အဲ့ဒီ့လက္သည္းခြၽန္ႀကီးနဲ႔ ဖုန္းကိုတဂြက္ဂြက္ႏွိပ္လိုက္၊ ကီးဘုတ္ကို တဂြက္ဂြက္ႏွိပ္လိုက္လုပ္ေနေတာ့ လက္သည္းက က်ိဳးမွာပါပဲ။ လက္သည္းကိုသာ ပုံမွန္အရွည္အေနအထားရေအာင္ ညႇိေပးတာမ်ိဳးလုပ္လိုက္မယ္ဆိုရင္ေတာ့ လက္သည္းက်ိဳးစရာအေၾကာင္းမရွိေတာ့ပါဘူး။

၃။Hand cream မသုံးေပးျခင္း။

အသားအေရ ေျခာက္ေသြးတတ္တဲ့သူေတြဆိုရင္ Hand cream တစ္မ်ိဳးမ်ိဳးသုံးေပးသင့္ပါတယ္။ Handcreamက လက္ေတြကို အစိုဓာတ္ျဖည့္တင္းေပးတာသာမကပဲ လက္သည္းေတြမွာပါ လိမ္းေပးမယ္ဆိုရင္ လက္သည္းခြံကိုပါ အစိုဓာတ္ေပးတဲ့အတြက္ ေျခာက္ေသြ႕ၿပီး က်ိဳးပဲ့လြယ္တာမ်ိဳးမျဖစ္ေတာ့ပါဘူး။

၄။လက္သည္းဖ်က္ေဆးထိေတြ႕လြန္းျခင္း။

လက္သည္းဖ်က္ေဆးေတြက လက္သည္းနီေတြေျပာင္ေစ႐ုံမဟုတ္ဘူးေနာ္။ လက္သည္းခြံေပၚက သဘာဝအစိုဓာတ္ေတြကိုပါ ခမ္းေစတာပါ။ ေယာင္းက လွခ်င္လြန္းလို႔ ခဏခဏလက္သည္းအေရာင္းခ်ိန္းဖို႔ လက္သည္းဖ်က္ေဆးေတြနဲ႔ ထပ္ခါထပ္ခါဖ်က္ရင္ေတာ့ လက္သည္းကိုဒုကၡေပးေနတာပါပဲ။

၅။ သံဓာတ္အားနည္းျခင္း။

သံဓာတ္အားနည္းတဲ့အခါမွာလည္း လက္သည္းႂကြပ္ဆတ္ၿပီး က်ိဳ႕လြယ္ပဲ့လြယ္တာမ်ိဳးျဖစ္ေစပါတယ္။ တကယ္လို႔ ေယာင္းက ပင္ပန္းလြယ္တာ၊ ေမာဟိုက္တာ၊ တစ္ခ်ိန္လုံးအိပ္ခ်င္တာမ်ိဳးေတြျဖစ္လာၿပီဆိုရင္ေတာ့ သံဓာတ္အားနည္း၊ မနည္းစစ္ဖို႔လိုပါတယ္။ သံဓာတ္ျဖည့္အားေဆး လိုလာၿပီဆိုရင္လည္း အရည္အေသြး အထူးစိတ္ခ်ရတဲ့ Ferofort သံဓာတ္အားေဆးလို သံဓာတ္အားနည္းတာေၾကာင့္ျဖစ္လာတဲ့ က်န္းမာေရးျပသနာေတြ၊ အေရျပားျပသနာေတြကို သက္သာေပ်ာက္ကင္းေစတဲ့အျပင္ ခႏၶာကိုယ္ခုခံစြမ္းအားကို တိုးျမႇင့္ေစၿပီး လန္းဆန္းတက္ႂကြေစတာမ်ိဳးကို ေယာင္းတို႔ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ပုံမွန္ေသာက္သုံးေပးသင့္ပါတယ္။

ဒီအခ်က္ေတြကို သတိထားၿပီး လက္သည္းေလးေတြကို ဂ႐ုစိုက္ေပးမယ္ဆိုရင္ေတာ့ လက္သည္းေလးေတြ မ်က္လွည့္ျပ က်ိဳးပဲ့ျခင္းဒဏ္မွ လြတ္လြတ္ကၽြတ္ကၽြတ္ကင္းေဝးရမွာပါ။

No Comments Yet

Leave a Reply

Your email address will not be published.