Niacinamide က အသားအရေအတွက် ဘာကြောင့် မရှိမဖြစ်လိုအပ်တာလဲ?

Niacinamide အကြောင်းပြောရမယ်ဆိုရင်တော့ဖြင့်.. စွယ်စုံရလို့ ဆိုရမှာပေါ့နော်.. 

ယောင်းတို့ရေ…အခုတလော အသားအရေ ထိန်းသိမ်းသူတွေကြား အတော်လေးနာမည်ကြီးနေတဲ့ ဓာတ်တစ်မျိုး( active ingredient)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Niacinamide ပါ။

Active ingredientsတွေထဲကမှ Niacinamideဟာ အသားအရေအတွက် မရှိမဖြစ်လိုအပ်ပြီး ထိရောက်မှု အရှိဆုံးပစ္စည်းလို့ အရေပြားဆရာဝန်တွေကလည်း ထောက်ခံထားကြပါတယ်။ ဒီစွယ်စုံရ ဓာတ်ပစ္စည်းလေးရဲ့ ကောင်းကျိုးတွေကတော့….

(၁) ရောင်ရမ်းနီရဲမှုတွေကို သိသိသာသာ လျော့ကျစေပါတယ်။

အကြောင်းရင်း အမျိုးမျိုးကြောင့် မျက်နှာမှာ အဖုအပိမ့်တွေထွက်ပြီး နီရဲလာတာ၊ ရောင်ရမ်းလာတာကို ယောင်းတို့ ကြုံဖူးကြမှာပါ။ အထူးသဖြင့် ဓာတ်မတည့်တာ ဖြစ်လွယ်တဲ့ sensitive skin (ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ) မျက်နှာတွေဆို သိပ်ဒုက္ခရောက်ရပါတယ်။ အက်ဒ်မင်ဆို တစ်ခါတလေ ဆံပင်နဲ့ မျက်နှာထိမိရင်တောင် အယားဖုလေးတွေ ဖြစ်လာတဲ့ထိ အထိခိုက်မခံတဲ့သူပါ။

ဒါပေမဲ့ Niacinamideဟာ ရောင်ရမ်းမှုတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ပြီး အရေပြား sensitive ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

(၂) အဆီအလွန်အကျွံ ထွက်တာကို ထိန်းချုပ်ပေးပါတယ်။

Oily skinသမားတွေနဲ့ T-zoneတစ်ဝိုက် အဆီပြန်တတ်တဲ့ ယောင်းတို့အတွက်တော့ သတင်းကောင်းပါပဲ။ ဘာလို့လဲဆို Niacinamide ဟာ မျက်နှာအရေပြားက အဆီပိုတွေ အလွန်အကျွံထွက်တာကိုလည်း ထိန်းချုပ်ပေးတာမို့ အဆီပြန်တဲ့ ပြဿနာကို အတော်လေး ထိထိရောက်ရောက် ဖြေရှင်းနိုင်တယ် ဆိုရမှာပါ။

Related Article >>> အသားအရေ ထိန်းသိမ်းဖို့အတွက်အကောင်းဆုံးသဘာဝ ဆီ (၅) မျိုး

(၃) အစက်အပြောက်တွေ (hyper-pigmentation) နဲ့ အသားအရောင်မညီတာကို လျှော့ချပေးပါတယ်။

များသောအားဖြင့် နေလောင်တာကြောင့် ဒါမှမဟုတ် မယ်လနင် ထုတ်ပေးတဲ့ ဖြစ်စဉ် လွန်ကဲမှုကြောင့် မျက်နှာမှာ အစက်အပြောက်လေးတွေ ထွက်လာပြီး အသားအရေက ညိုတစ်ကွက် ဖြူတစ်ကွက်နဲ့ မညီမညာဖြစ်လာရပါတယ်။

Niacinamideဟာ မယ်လနင်ထုတ်လွှတ်မှူကို နှေးကွေးစေခြင်းအားဖြင့် အစက်အပြောက်အလွန်အကျွံ ထွက်တာကို တားဆီးပေးပါတယ်။

(၄) လိုင်းတွေ အရေးကြောင်းတွေကို လျော့နည်းစေပါတယ်။

Niacinamideရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကတော့ ကော်လာဂျင်တွေကို ထုတ်လွှတ်ပေးတာပဲ ဖြစ်ပါတယ်။ မျက်နှာ အရေပြား တင်းရင်းနုပျိုဖို့ လိုအပ်တဲ့ ကော်လာဂျင်ဓာတ်ကို အားကောင်းစေတာမို့ အရွယ်မတိုင်ခင် အိုမင်းမှုကို တားဆီးပေးပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ လိုင်းတွေ အရေးကြောင်းတွေ ထွက်လာလို့ စိတ်ညစ်နေတဲ့ ယောင်းတို့အတွက် အတော်ပဲပေါ့နော်….

(၅) ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။

Niacinamideဟာ အဆီအလွန်ထွက်မှုကို ထိန်းချုပ်ပေးလို့ ချွေးပေါက်ကျယ်ခြင်းကနေ တားဆီးပေးသလို ရှိနေတဲ့ ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်။

ဒါကြောင့် ဒီစွယ်စုံရ Niacinamide လေးကို Skincare အဆင့်ဆင့်မှာ ထည့်သုံးပြီး အသုံးဝင်နေကြတာပေါ့။ ဒါပေမဲ့ Vitamin C နဲ့ တွဲသုံးရင်တော့ တန်ပြန်ဓာတ်ပြုနိုင်တာကြောင့် သုံးလို့ မဖြစ်ဘူးနော် ယောင်းတို့….

လှနိုင်ကြပါစေ..

By

Mia (For Her Myanmar)

Reference links: Women Shealth Mag ,  Adore Beauty , paulachoice.com

No Comments Yet

Comments are closed