Beauty Knowledge

ဘယ်လိုကြောင့် နိုင်ငံတကာမှာ တင်းတိပ်တက်တူး ခေတ်စားနေရတယ်

 အပျော်ပဲ ထိုးကြတာလား? အလှပဲထိုးကြတာလား? ဘာလား?

ယောင်းတို့ရေ…..

တင်းတိပ်​​တွေရှိ​နေလို့ ကိုယ့်​ကိုကိုယ်​ ယုံကြည်​မှု​တွေ​ပျောက်​ဆုံး​နေလား။ ဟိုးအရင်​​ခေတ်​​တွေကလို တင်းတိပ်​​တွေ​က မျက်​နှာအလှကိုဖျက်​တယ်​ဆိုတဲ့ အယူအဆကြီးကို ​မြောင်းထဲပစ်​ချထားလိုက်​ပါ​တော့။ နိုင်​ငံတကာမှာ​တော့ အဲ့အလှဖျက်​ပါတယ်​ဆိုတဲ့ တင်းတိပ်​​တွေကိုပဲ လိုချင်​လွန်းလို့ တက်​တူး​တောင်​ ထိုးယူ​နေရတဲ့အဆင့်​​ရောက်​​နေပြီဆို ဘာ​ပြောမလဲ။

မျက်​နှာ​ရဲ့ ပါးပြင်​နဲ့နှာ​ခေါင်းရိုးနားတစ်​ဝိုက်​ တင်းတိပ်​တက်​တူးထိုးတဲ့ အ​လေ့အထက ​ခေတ်​စားလာခဲ့တာ သိပ်​မကြာ​သေးပါဘူး ​ယောင်းတို့​ရေ။ ဒီ​ဘက်​​ခေတ်​မှာ​တော့ မိန်းက​လေးတချို့က သူတို့ရဲ့ဖြူ​ဖျော့ပြီး အ​ရောင်​အ​သွေးမရှိတဲ့ မျက်​နှာထက်​စာရင်​ အိုင်းရစ်​ရှ်​လူမျိုး​တွေရဲ့ ​နေ​လောင်​ပြီး တင်းတိပ်​​တွေ အမည်းစက်​​တွေအပြည့်​ဖြစ်​​နေတဲ့ အသားအရည်​မျိုးကို ပိုသ​ဘောကျလာကြပါတယ်​။ တင်းတိပ်​​တွေရှိတာ​ကြောင့်​ ငယ်​ရွယ်​နုပျိုတဲ့ဆယ်​​ကျော်​သက်​​လေး​တွေပုံ​ပေါက်​​စေတဲ့အပြင်​ အပြစ်​ကင်းစင်​တဲ့ မိန်းက​လေးတစ်​​ယောက်​အသွင်​ကို ရ​စေတယ်​လို့ မိန်းက​လေး​တွေက ယုံကြည်​ထားကြတာမို့ပါ။

 

မျက်​နှာ​ပေါ်မှာ တင်းတိပ်​​တွေ ထွက်​လာဖို့အတွက်​က​တော့ သိကြတဲ့အတိုင်း ​နေ​လောင်​ခံရမှာပါ။ ​နေ​လောင်​ခံပြီး တင်းတိပ်​​တွေဖြစ်​​လာတာကို ထိုင်​​စောင့်​တာထက်​စာရင်​ စိတ်​တိုင်းကျ ပုံ​ဖော်​ပြီး အ​ရောင်​အနုအရင့်​လိုသလိုပြုပြင်​နိုင်​တဲ့ တက်​တူးထိုးတဲ့နည်းက ပိုမြန်​ပြီး ပိုအဆင်​​ပြေတာ​ကြောင့်​ မျက်​နှာ​ပေါ် တင်းတိပ်​တက်​တူးထိုးတဲ့ အ​လေ့အထက ​ခေတ်​စားလာပါ​တယ်​။ တက်​တူးထိုးတဲ့​​နေရာမှာ အလွန်​​သေးငယ်တဲ့ အပ်​က​လေး​တွေနဲ့ ဟင်းသီးဟင်းရွက်​ကရတဲ့ ဆိုး​ဆေး​တွေကို သုံးပြီး နှာ​ခေါင်းနဲ့ ပါးပြင်​အထက်​နားတစ်​ဝိုက်​မှာ ​ဆေး​ရေးကြတာပါ။ ထိုးပြီးပြီးချင်းမှာ​တော့ ​ဆေး​တွေက အရမ်းမည်း​နေပြီး အ​​ရေပြားကလည်း ​ရောင်​​နေတတ်​တာ​ကြောင့်​ ကြည့်​ရဆိုးတတ်​ပါတယ်​။ Toner နဲ့ Emulsion ကလွဲရင်​ သုံး​နေကျ Skincare ​တွေလည်း ခဏရပ်​ထားသင့်​တဲ့ အချိန်​ပါပဲ။ စစချင်းမှာ​တော့ တက်​တူးတင်​ထားတဲ့ တင်းတိပ်​​လေး​တွေက အ​ရောင်​ရင့်​ရင့်​ဖြစ်​​နေမှာပါ။ တဖြည်းဖြည်းနဲ့ ကိုယ်​လိုချင်​တဲ့အ​နေအထား​ရောက်​လာဖို့အတွက်​က​တော့ လအနည်းငယ်​ အချိန်​​ပေးရတတ်​ပါတယ်​​နော်​။

ဒါ့အပြင်​ တင်းတိပ်​တက်​တူး trend က ကိုရီးယားထိလည်း ​ရောက်​သွားခဲ့ပုံပါ။ မိန်းက​လေးအနည်းစုက စတင်​ပြီး တက်​တူးထိုးကြည့်​​ပြီး သ​ဘောလည်းကျကြပါတယ်​တဲ့။ သူတို့က​တော့ semi permanent လို့​ခေါ်တဲ့နည်းကို သုံးပြီး အနည်းဆုံး သုံးနှစ်​တာရှည်​ခံနိုင်​မယ့်​​ ​ဆေး​တွေကို အသုံးပြုကြပါတယ်​။ တစ်​ချို့ တက်​တူးထိုး​ဖို့ မဝံ့ရဲတဲ့ ​ကောင်​မ​လေး​တွေက​တော့ makeup သုံးပြီး သူတို့လိုချင်​တဲ့ ခပ်​​ဖျော့​ဖျော့တင်းတိပ်​​လေး​တွေ ရ​အောင်​ ဖန်​တီးကြပါတယ်​။ ကိုရီးယားက နာမည်​ကြီး Makeup Artist တစ်​​ယောက်​ဖြစ်​တဲ့ Pony ကလည်း အညို​ရောင်​၊ လိ​မ္မော်​ရောင်​​ တင်းတိပ်​​လေး​တွေ ဖန်​တီးပြီး နူးညံ့ပြီးချစ်​စရာ​ကောင်းတဲ့ မိန်းမပျို​လေးအသွင်​ လိမ်းခြယ်​ပြထားတာကို ​ပုံမှာတွေ့ရမှာပါ။

ယောင်းတို့လည်း တစ်​ခါတစ်​​လေ အသစ်​အဆန်း​လေးဖြစ်​​အောင်​ trend makeup look ​လေး​တွေ ပြင်​ကြည့်​ချင်​တဲ့အခါမျိုးမှာ Pony လိမ်းထားသလိုမျိုး​လေး ပြင်​ကြည့်​ကြ​ပေါ့​နော်​။ တစ်​ခု သတိထားရမှာက တင်းတိပ်​ပုံ​ဖော်​တဲ့အခါမှာ တအားမည်းနက်​သွား​အောင်​ မလုပ်​မိဖို့ပါ။ တင်းတိပ်​မည်းမည်းကြီး​တွေနဲ့ဆို မျက်​နှာ​ပေါ်မှာ ညစ်​ပတ်​​နေသလိုမျိုးကြီး ဖြစ်​​နေပါလိမ့်​မယ်​​နော်​။

 

Leave a Reply

Your email address will not be published. Required fields are marked *