Beauty

အသားျဖဴဖို႔ကနံပါတ္ (၁) လား? ႏိုးးးး အသားအေရေကာင္းဖို႔က နံပါတ္ (၁) ပါေနာ္…

ေပါ့ေစခ်င္လို႔ေၾကာင္ရုပ္ထိုး၊ ေဆးအတြက္ေလး ဆိုတဲ့ အကြက္ေတြ 🤨🤨🤨

မွန္မွန္ေျဖေယာင္းေလး။ အသားအေရထိန္းသိမ္းတဲ့ပစၥည္း (skincare) ကိုသြားဝယ္တဲ့အခါမွာ အသားျဖဴခ်င္လို႔ဆိုၿပီးပဲ အၿမဲေျပာဝယ္တယ္မလား? အလွကုန္ပစၥည္းကုမၸဏီေတြကလည္း လူေတြေတာင္းဆိုတာမ်ားေတာ့ ဒီ Whitening line (အသားျဖဴေစတဲ့ပစၥည္းေတြ) ကိုပဲထုတ္လာၾကၿပီး သိပ္မေလ့လာၾကေတာ့ဘဲ ဘာသံုးရမလဲ ေမးတာနဲ႔ ဒါကိုပဲထိုးေပးတတ္တာက အက်င့္ႀကီးတစ္ခုလို ျဖစ္ေနေရာေလ…

မယံုရင္တစ္အိမ္တက္တစ္အိပ္ဆင္း မွန္တင္ခံုေတြ လိုက္ၾကည့္မလား? ၁၀၀ မွာ ၉၀ ေလာက္က ဒီလိုအသားျဖဴမယ့္ ပစၥည္းေတြကိုပဲ သံုးတာ။ အဲ့ေတာ့ မေျပာမၿပီး မတီးမျမည္ဆိုသလိုပဲ အသည္းေတြအရမ္းယားလာလြန္းလို႔ ခုေျပာေတာ့မယ္။

ယူတို႔ေတြ အသားျဖဴဖို႔အတြက္ လုပ္လို႔ရတဲ့ နည္းလမ္း ၃ မ်ိဳးရွိတယ္ဆိုတာသိလား?

ပထမတစ္မ်ိဳးက ဗီတာမင္စီေသာက္ေပး၊ ဗီတာမင္စီပါတဲ့ ပစၥည္းေတြကိုသံုးေပးေတာ၊ ဒုတိယတစ္ခုက ဗီတာမင္ B3 (Niacinamide) ကို ေသာက္ေပးတာ (သို႔) ဗီတာမင္ B3 (Niacinamide) ပါတဲ့ ပစၥည္းေတြကို သံုးေပးတာ၊ တတိယတစ္ခုကေတာ့ ခႏၶာကိုယ္ထဲမွာရွိတဲ့ မယ္လနင္ဓာတ္ေတြကို ေလွ်ာ႔ခ်ပစ္လိုက္တာ စသည္ျဖင့္ရွိပါတယ္။

ပထမတစ္နည္းကေတာ့ အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြမွာ ပါဝင္တဲ့ဓာတ္ေပါ့။ ဒါေပမဲ့ အဲဒီ ဗီတာမင္စီက ဝက္ျခံသမားေတြနဲ႔ လံုးဝမတည့္ဘူးဆိုတာ သိၾကလားဟင္? ဒါေၾကာင့္ တိုနာသံုးၿပီးမွ၊ စကင္းကဲလိုက္မွ ဝက္ျခံေတြ ပိုထြက္လာတယ္ ဆိုတာမ်ိဳးၾကံဳရတာေပါ့။ ေကာင္တာကမမေတြလည္း ေပးၾကတယ္ေနာ္ အားႀကီးနဲ႔။ အဆီေတြအရမ္းျပန္ၿပီး ဝက္ျခံတစ္ျပဳတ္လိုက္ ထြက္ေနလည္း ေရာ႔ Whitening။ အလြန္အၾကဴးေတြ လုပ္ၾကတာေတာ္… ျဖဴရင္ၿပီးေရာ.. စုတ္ျပတ္ေနလည္း အဆင္ေျပတယ္ဆိုရင္ေတာ့ ရပါတယ္ ယူတို႔သေဘာ။

Related Article >>> အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို မျဖစ္မေန လုပ္ရမယ့္ မ်က္ႏွာအသားအေရ ထိန္းသိမ္းနည္း (၇) ခ်က္

ေနာက္တစ္မ်ိဳးက ခႏၶာကိုယ္ထဲမွာရွိတဲ့ မယ္လနင္ဓာတ္ကို ေလွ်ာ႔ခ်တဲ့နည္း။ ယူတို႔အသားျဖဴခ်င္တာ ကိစၥမရွိဘူး။ ဒီမယ္လနင္ဓာတ္ေတြက ယူတို႔ကို ခရမ္းလြန္ေရာင္ျခည္ကေနကာကြယ္ၿပီး အေရျပားကင္ဆာျဖစ္ပြားႏႈန္းကို ေလွ်ာ႔ခ်ေပးတဲ့ပစၥည္းဆိုတာကို ယူတို႔မသိတာလား၊ မသိခ်င္ေယာင္မ်ား ေဆာင္ေနေရာ႔သလား?

ေနာက္ၿပီး ဒီလိုအသားျဖဴေဆးေတြက ဓာတုပစၥည္းေတြ အရမ္းမ်ားၿပီး ျဖဴရင္လည္း သဘာဝအတိုင္းျဖဴတာမဟုတ္လို႔ ေကာင္းေနတဲ့ အသားအေရေတာင္ စန္းစန္းတင့္ျဖစ္သြားႏိုင္တဲ့အျပင္ ကင္ဆာျဖစ္ဖို႔ အားေပးသလိုမ်ိဳးလည္း ျဖစ္တတ္တာမို႔ ဒီနည္းကိုလည္း လက္ေရွာင္သင့္ပါတယ္ေနာ္။

ေနာက္ဆံုးတစ္ခုကေတာ့ Vitamin B3 (Niacinamide) ပါတဲ့ပစၥည္းေတြသံုးတာ။

ဒီနည္းလမ္းေလးကေတာ့ အားလံုးထဲမွာ ႏွင္းအၾကံျပဳခ်င္တဲ့နည္းေလးပါပဲ။ ဘာလို႔လဲဆိုေတာ့ သူကရွိရင္းစြဲအသားကို ျဖဴသြားေစတာမ်ိဳးမဟုတ္ဘဲ မညီမညာျဖစ္ေနတာေလးေတြကိုပဲ ညီညာသြားေအာင္ ညွိေပးတဲ့အျပင္ အသားအေရတိုင္းနဲ႔လည္း သင့္ေတာ္တာဆိုေတာ့ အဖုထြက္တာေတြ၊ အဆီျပန္တာေတြနဲ႔ မယ္လနင္းဓာတ္ကို ေလွ်ာ႔ခ်ပစ္လိုက္တာမ်ိဳးေတြမရွိဘဲ အႏၱရာယ္ကင္းကင္း သံုးစြဲႏိုင္ပါလိမ့္မယ္ေနာ္။ ဒါေပမဲ့ ဒီဓာတ္ပါတဲ့ပစၥည္းက ရွာရတာေတာ့ နည္းနည္းေလး ခက္တာမို႔ အခက္အခဲေလးေတာ့ ရွိႏိုင္ပါတယ္။

Related Article >>> ဝင္းပစိုျပည္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ေစဖို႔ မီးဖိုေခ်ာင္ထဲက လွ်ိဳ႕ဝွက္မိတ္ေဆြေလးမ်ား

 

ဆိုေတာ့ ဗီတာမင္စီက ေဈးကြက္ထဲမွာ လြယ္လြယ္ကူကူ ေတြ႔ႏိုင္တာမို႔ ဒါပဲ သံုးမွရမယ္ဆိုရင္ေတာ့ ဝက္ျခံသမားေတြ ဝက္ျခံကိုအရင္ေပ်ာက္ေအာင္ကုဖို႔၊ အဆီျပန္တာကို ေလွ်ာ႔ခ်ေပးတဲ့ အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြကို သံုးေပးဖို႔ အၾကံျပဳပါရေစ။ ၿပီးမွ ျဖဴၾကပါေနာ္။

ေနာက္ပိုင္းမွာလည္း အလွအပစံႏႈန္းေတြက တျဖည္းျဖည္းနဲ႔ေတာ့ ေျပာင္းလဲလာၿပီမို႔ စြတ္မျဖဴခ်င္ၾကပါနဲ႔ဦးလို႔ေနာ္။ ေတာ္ၾကာ ျပန္ညိဳခ်င္မွ မီးေသြးေတြပြတ္ေနရမယ္ စိတို႔ 😛

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ပေါ့စေချင်လို့ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး ဆိုတဲ့ အကွက်တွေ 🤨🤨🤨

မှန်မှန်ဖြေယောင်းလေး။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း (skincare) ကိုသွားဝယ်တဲ့အခါမှာ အသားဖြူချင်လို့ဆိုပြီးပဲ အမြဲပြောဝယ်တယ်မလား? အလှကုန်ပစ္စည်းကုမ္ပဏီတွေကလည်း လူတွေတောင်းဆိုတာများတော့ ဒီ Whitening line (အသားဖြူစေတဲ့ပစ္စည်းတွေ) ကိုပဲထုတ်လာကြပြီး သိပ်မလေ့လာကြတော့ဘဲ ဘာသုံးရမလဲ မေးတာနဲ့ ဒါကိုပဲထိုးပေးတတ်တာက အကျင့်ကြီးတစ်ခုလို ဖြစ်နေရောလေ…

မယုံရင်တစ်အိမ်တက်တစ်အိပ်ဆင်း မှန်တင်ခုံတွေ လိုက်ကြည့်မလား? ၁၀၀ မှာ ၉၀ လောက်က ဒီလိုအသားဖြူမယ့် ပစ္စည်းတွေကိုပဲ သုံးတာ။ အဲ့တော့ မပြောမပြီး မတီးမမြည်ဆိုသလိုပဲ အသည်းတွေအရမ်းယားလာလွန်းလို့ ခုပြောတော့မယ်။

ယူတို့တွေ အသားဖြူဖို့အတွက် လုပ်လို့ရတဲ့ နည်းလမ်း ၃ မျိုးရှိတယ်ဆိုတာသိလား?

ပထမတစ်မျိုးက ဗီတာမင်စီသောက်ပေး၊ ဗီတာမင်စီပါတဲ့ ပစ္စည်းတွေကိုသုံးပေးတော၊ ဒုတိယတစ်ခုက ဗီတာမင် B3 (Niacinamide) ကို သောက်ပေးတာ (သို့) ဗီတာမင် B3 (Niacinamide) ပါတဲ့ ပစ္စည်းတွေကို သုံးပေးတာ၊ တတိယတစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မယ်လနင်ဓာတ်တွေကို လျှော့ချပစ်လိုက်တာ စသည်ဖြင့်ရှိပါတယ်။

ပထမတစ်နည်းကတော့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ပါဝင်တဲ့ဓာတ်ပေါ့။ ဒါပေမဲ့ အဲဒီ ဗီတာမင်စီက ဝက်ခြံသမားတွေနဲ့ လုံးဝမတည့်ဘူးဆိုတာ သိကြလားဟင်? ဒါကြောင့် တိုနာသုံးပြီးမှ၊ စကင်းကဲလိုက်မှ ဝက်ခြံတွေ ပိုထွက်လာတယ် ဆိုတာမျိုးကြုံရတာပေါ့။ ကောင်တာကမမတွေလည်း ပေးကြတယ်နော် အားကြီးနဲ့။ အဆီတွေအရမ်းပြန်ပြီး ဝက်ခြံတစ်ပြုတ်လိုက် ထွက်နေလည်း ရော့ Whitening။ အလွန်အကြူးတွေ လုပ်ကြတာတော်… ဖြူရင်ပြီးရော.. စုတ်ပြတ်နေလည်း အဆင်ပြေတယ်ဆိုရင်တော့ ရပါတယ် ယူတို့သဘော။

Related Article >>> အသက်(၂၅)နှစ်ကျော်လာပြီဆို မဖြစ်မနေ လုပ်ရမယ့် မျက်နှာအသားအရေ ထိန်းသိမ်းနည်း (၇) ချက်

နောက်တစ်မျိုးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ မယ်လနင်ဓာတ်ကို လျှော့ချတဲ့နည်း။ ယူတို့အသားဖြူချင်တာ ကိစ္စမရှိဘူး။ ဒီမယ်လနင်ဓာတ်တွေက ယူတို့ကို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပြီး အရေပြားကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတဲ့ပစ္စည်းဆိုတာကို ယူတို့မသိတာလား၊ မသိချင်ယောင်များ ဆောင်နေရော့သလား?

နောက်ပြီး ဒီလိုအသားဖြူဆေးတွေက ဓာတုပစ္စည်းတွေ အရမ်းများပြီး ဖြူရင်လည်း သဘာဝအတိုင်းဖြူတာမဟုတ်လို့ ကောင်းနေတဲ့ အသားအရေတောင် စန်းစန်းတင့်ဖြစ်သွားနိုင်တဲ့အပြင် ကင်ဆာဖြစ်ဖို့ အားပေးသလိုမျိုးလည်း ဖြစ်တတ်တာမို့ ဒီနည်းကိုလည်း လက်ရှောင်သင့်ပါတယ်နော်။

နောက်ဆုံးတစ်ခုကတော့ Vitamin B3 (Niacinamide) ပါတဲ့ပစ္စည်းတွေသုံးတာ။

ဒီနည်းလမ်းလေးကတော့ အားလုံးထဲမှာ နှင်းအကြံပြုချင်တဲ့နည်းလေးပါပဲ။ ဘာလို့လဲဆိုတော့ သူကရှိရင်းစွဲအသားကို ဖြူသွားစေတာမျိုးမဟုတ်ဘဲ မညီမညာဖြစ်နေတာလေးတွေကိုပဲ ညီညာသွားအောင် ညှိပေးတဲ့အပြင် အသားအရေတိုင်းနဲ့လည်း သင့်တော်တာဆိုတော့ အဖုထွက်တာတွေ၊ အဆီပြန်တာတွေနဲ့ မယ်လနင်းဓာတ်ကို လျှော့ချပစ်လိုက်တာမျိုးတွေမရှိဘဲ အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ပါလိမ့်မယ်နော်။ ဒါပေမဲ့ ဒီဓာတ်ပါတဲ့ပစ္စည်းက ရှာရတာတော့ နည်းနည်းလေး ခက်တာမို့ အခက်အခဲလေးတော့ ရှိနိုင်ပါတယ်။

Related Article >>> ဝင်းပစိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ မီးဖိုချောင်ထဲက လျှို့ဝှက်မိတ်ဆွေလေးများ

 

ဆိုတော့ ဗီတာမင်စီက ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ တွေ့နိုင်တာမို့ ဒါပဲ သုံးမှရမယ်ဆိုရင်တော့ ဝက်ခြံသမားတွေ ဝက်ခြံကိုအရင်ပျောက်အောင်ကုဖို့၊ အဆီပြန်တာကို လျှော့ချပေးတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးပေးဖို့ အကြံပြုပါရစေ။ ပြီးမှ ဖြူကြပါနော်။

နောက်ပိုင်းမှာလည်း အလှအပစံနှုန်းတွေက တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာပြီမို့ စွတ်မဖြူချင်ကြပါနဲ့ဦးလို့နော်။ တော်ကြာ ပြန်ညိုချင်မှ မီးသွေးတွေပွတ်နေရမယ် စိတို့ 😛

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *