တစ်နှစ်လောက် ရေမချိုးတော့သောအခါ

ယောင်းသာ တစ်နှစ်လောက် ရေမချိုးပဲနေရင် ဘာတွေဖြစ်လာနိုင်မလဲ။ ညစ်ပေတုံးတွေ သိထားဖို့လိုပြီနော်။

ခေါင်းစဉ်ကြားတာနဲ့ အော့အော့ဖြစ်သွားပါလိမ့်မယ်။ ရေမချိုးပဲ တစ်ရက်လောက်နေလိုက်ရင်ကို ချွေးစော်တထောင်းထောင်းနံနေတာ။ တစ်နှစ်လောက်သာရေမချိုးရင် မတွေးဝံ့စရာပဲ။ အထူးသဖြင့် ကိုယ့်နိုင်ငံကလို စူပါရာသီဥတုမျိုးဆို ရေဆင်းစိမ်ချင်နေတာနော်။ ဒါပေမယ့် ဘာဖြစ်မလဲတော့ သိချင်နေတယ်မို့လား။ အေး။ အက်ဒမင်လည်း အဲ့ဒါပဲသိချင်လို့ ရှာဖတ်ရင်း ယောင်းတို့ဆီကြွလာတာ။

၁။အနံ့ဆိုးတွေ ထွက်လာမယ်။

ပြောရရင်တော့ ဘက်တီးရီးယားနဲ့ အရေပြားဆဲလ်တွေ ပွားသထက်ပွားလာမှာပါ။ နောက်ဆုံးတော့ ချွေးတရွှဲရွှဲ နဲ့ ရှုပ်ပွပွေလီသွားမှာအမှန်ပဲ။

၂။ကူးစက်ပိုးတွေ ၀င်လာနိုင်တယ်။

သန့်ရှင်းနဲ့ ရောဂါဘယလည်း ကင်းတယ်ဆိုတာ ကြားဖူးသိဖူးကြမှာပါ။ ဒါကြောင့် တစ်နှစ်လောက်ရေမချိုးရင်တော့ သတိထားပေတော့။ အရေပြားထိမိ၊ ရှမိဖြစ်သွားရင်တော့ ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ အလကားထိုင်ကြည့်နေမှာ မဟုတ်တာတော့ အသေအချာပါပဲ။

၃။တစ်ခေါင်းလုံးယားယံလာမယ်။

ခေါင်းမလျှော်မှတော့ ဦးရေပြားတစ်ခုလုံး ဘောက်တွေထူပြောပြီး ဆံပင်အဆီပြန်ပြီး ဆံချည်မျှင်တွေ အထုံးလိုက် ရှုပ်ထွေးသွားမှာကြောင့် ညစ်ပေနေပါလိမ့်မယ်။

၎။အနာစိမ်းတွေပေါက်လာနိုင်တယ်။

ရေလည်းမချိုး ခေါင်းလည်းမလျှော်တဲ့အတွက် ဘက်တီးရီးယားတွေများလာပြီး ဦးရေပြားပေါ်မှာ အနာစိမ်းတွေဖြစ်လာနိုင်ပါတယ်။

 

၅။ ကြွက်နို့ထွက်လာနိုင်တယ်။

ရေမချိုးတော့ အရေပြားတွေ အဆီပြန်(သို့) ခြောက်သွေ့တာမျိုးဖြစ်လာပြီး အရေပြားမှို၊ ဘက်တီးရီးယားတွေများလာနိုင်ပါတယ်။ သာမန်ရေဆေးလိုက်တာနဲ့တောင် ခန္ဓာကိုယ်က အရေပြားဆဲလ်အသေတွေဖယ်ရှားသွားပေမယ့် ရေမချိုးပဲနေတဲ့အခါကျတော့ ဆဲလ်သေတွေနဲ့ အဆီတွေစုပြီး  အဲ့ဒီ့အညစ်အကြေးတွေကနေ ကြွက်နို့တွေလည်း ထွက်လာနိုင်တာပေါ့။

၆။ပေါင်ပွန်းနာဖြစ်လာနိုင်တယ်။

ပေါင်ခြံနားကိုတော့ သတိထားဖို့လိုပါတယ်။ ရေမချိုးတဲ့အခါကျတော့ အပုအပိန့်တွေ ထွက်လာတာသာမကပဲ မှိုကြောင့် အရေပြားတွေ ယားယံနီရဲလာပြီး ပွန်းနာတွေဖြစ်လာပါလိမ့်မယ်။ တော်တော်တော့နာမှာပါ။

ကျန်းမာရေအခြေအနေအရ တစ်လလောက် ရေမချိုးပဲနေသူတွေကတောင်ပြောလာကြတယ်။ အရေပြားပုံမှန်လို ပြန်သန့်ရှင်းလာဖို့ကို တစ်ပတ်ထက်ပိုပြီး အချိန်ယူလိုက်ရတယ်တဲ့။

Dr. Elaine Larson ကတော့ ရေနေ့တိုင်းချိုးတယ်ဆိုတာ တကယ်တော့ အသန့်ကြိုက်သူတွေ လုပ်ကြတာဖြစ်ပြီး လူတစ်ယောက်က ၂ရက်တစ်ခါ ၃ရက်တစ်ခါရေချိုးရင်လည်းရပါတယ်လို့ဆိုထားပါတယ်။

မွေးကင်းစကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကင်ဆာဝေဒနာရှင်တွေကတော့ နေ့တိုင်းချိုးစရာမလိုပါဘူးလို့ လည်းဆိုထားပါသေးတယ်။

အဲ့ဒီ့တော့ ရေမချိုးချင်တဲ့ ညစ်ပေတုံးတွေ.. ၂ရက်တစ်ခါလောက်ရေချိုးတာ ယောင်းအပြစ်မဟုတ်ပါဘူး။ အခုလို အရေပြားက အ၀တ်အတင်မခံတဲ့ရာသီဥတုမျိုးမှာ ရေမချိုးဘူးကြွေးကျော်နေရင်တော့ ယောင်းအပြစ်လုံးလုံးကိုဖြစ်သွားပါပြီ။ ရေမချိုးချင်တဲ့ ညစ်ပေတုံးတွေရှိနေသေးရင်းလည်း ခေါ်ပြီးသတိပေးလိုက်ဦးနော်။

 

No Comments Yet

Comments are closed