Beauty

မ်က္ေတာင္အတုဆက္တာနဲ႔ ရိုးရိုးမ်က္ေတာင္အတုတပ္တာမွာ ဘယ္ဟာကိုေရြးခ်ယ္သင့္လဲ?

ႏွစ္ခုလံုး အတုေတြပဲဆိုေပမဲ့ ဒီဇိုင္းကာလာ အေနအထားကေတာ့ ကြာၾကပါတယ္…

လူဆိုတဲ့အမ်ိဳးကေတာ့ က်ား၊မ၊ အသက္အရြယ္မေရြး၊ အသားအေရာင္မေရြး လွခ်င္ပခ်င္ အနည္းဆံုးေတာ့ ၾကည့္ေကာင္းခ်င္တတ္ၾကတာပါပဲ။ အထူးသျဖင့္ ေရြးခ်ယ္စရာေတြ အရမ္းမ်ားၿပီး အၿပိဳင္အဆိုင္မ်ားလာတဲ့ေခတ္မွာေတာ့ သူ႔ထက္ငါလွခ်င္ၾကတာ သိပ္ၿပီးေတာ့ ထူးဆန္းတဲ့ ကိစၥမ်ိဳး မဟုတ္ပါဘူး။ ဒါေပမဲ့လည္း လွဖို႔အတြက္ဆို အခ်ိန္က ေပးရေသးေတာ့ အခ်ိန္မရွိတဲ့လူက မလွရဘူးလား ဆိုတဲ့ ဝယ္သူရဲ႕ေတာင္းဆိုမႈေတြ ထပ္မ်ားလာတာမို႔ အခ်ိန္တိုတိုအတြင္း အလွဆံုးျဖစ္ဖို႔အတြက္ အမ်ိဳးမ်ိဳးတီထြင္လာၾကပါတယ္။ အဲ့အထဲမွာ မ်က္ေတာင္အတုဆက္တဲ့နည္းလမ္းကလည္း ၂၀၁၈ ကေနစၿပီး လူေျပာမ်ားလာတဲ့ အရာတစ္ခုေပါ့။

အရင္ဆံုး မ်က္ေတာင္ဆက္တာ ဘာလဲ ဆိုတာကို ရွင္းျပခ်င္ပါတယ္။ မ်က္ေတာင္ဆက္တယ္ဆိုတာ ကိုယ့္ရဲ႕မူရင္းမ်က္ေတာင္ တစ္ေမြးခ်င္းစီၾကားမွာ မ်က္ေတာင္ေလးေတြကို တစ္ပင္ခ်င္းစီ စိုက္တာျဖစ္ပါတယ္။ ကိုယ္လိုခ်င္တဲ့မ်က္ေတာင္ပံုစံ၊ အေနအထားကိုမူတည္ၿပီး ပံုမွန္၊ ခပ္ထူထူ၊ 3D၊ 6D စသည္ျဖင့္ေရြးခ်ယ္စရာ အမ်ိဳးမ်ိဳးရွိပါတယ္ေနာ္။

ေနာက္ၿပီး မ်က္ေတာင္ကိုလည္း ဆံပင္အစစ္နဲ႔ လုပ္ထားတဲ့မ်က္ေတာင္ေမြး၊ မ်က္ေတာင္အစစ္နီးပါးတူေအာင္ လုပ္ထားတဲ့ မ်က္ေတာင္ေမြး၊ ရိုးရိုးေကာ္နဲ႔လုပ္ထားတဲ့ မ်က္ေတာင္ေမြးဆိုၿပီး အဆင့္ဆင့္ ျပန္ခြဲထားပါေသးတယ္။ ကိုယ္ေရြးခ်ယ္တဲ့အေပၚမွာ မူတည္ၿပီး ေပါ့ပါးမႈ၊ သက္ေတာင့္သက္သာရွိမႈနဲ႔ ပံုစံကေတာ့ ကြာသြားတာေပါ့ေနာ္။

ဒီမ်က္ေတာင္ဆက္တာကေတာ့ တစ္ခါလုပ္ၿပီးရင္ ကိုယ့္ရဲ႕ ထိန္းသိမ္းမႈအေပၚမွာမူတည္ၿပီး ၂ ပတ္ကေန ၃ ပတ္ေလာက္အထိ ခံပါတယ္။  ခဏေလးအခ်ိန္ေပးရံုနဲ႔ ၁၀ ရက္ေလာက္ လွလွပပနဲ႔ စိတ္ခ်မ္းခ်မ္းသာသာ ေအးေဆးေနရမွာမို႔ စိတ္ပင္ပန္း သက္သာတာေပါ့။ အားနည္းခ်က္ကေတာ့ သူက နည္းနည္းေလး ေဈးႀကီးမယ္၊ ေနာက္ၿပီး သင့္ေတာ္တဲ့ ဆရာမနဲ႔ မေတြ႔တာမ်ိဳး၊ သံုးတဲ့ပစၥည္းေတြက ေပါေခ်ာင္ေကာင္း အစုတ္အပဲ့ျဖစ္ေနတာမ်ိဳးဆိုရင္လည္း အႏၱရာယ္ျဖစ္တတ္ပါတယ္။ အကယ္၍ ကိုယ္နဲ႔မလိုက္ဖက္ရင္လည္း ေဈးႀကီးလို႔ မျဖဳတ္ရက္၊ မျဖဳတ္ျဖစ္ တိုင္ေတြကို ပတ္ေရာ။

Related Article >>> မ်က္လံုးပံုစံကိုလိုက္ၿပီး မ်က္ေတာင္အတု ဘယ္သို႔ဘယ္ပံု ေရြးၾကမယ္

မ်က္ေတာင္အတုတပ္တာကေတာ့ ေယာင္းေလးတို႔ သိၾကတဲ့အတိုင္း ကိုယ့္ရွိရင္းစြဲ မ်က္ေတာင္ကိုပဲ အတုကပ္လုိက္တာေပါ့။ သူကလည္း ေဈးႏႈန္းကို လိုက္ၿပီး ဆံပင္ေမြးအစစ္နဲ႔ ျပဳလုပ္ထားတဲ့ အမ်ိဳးအစား၊ အစစ္နီးပါးတူေအာင္ လုပ္ထားတဲ့ အမ်ိဳးအစား၊ ရိုးရိုးေကာ္နဲ႔လုပ္ထားတဲ့ အမ်ိဳးအစားဆိုၿပီး ကြဲျပားတဲ့အျပင္ ပံုမွန္ Natural look,ထူေစတဲ့ Volume Look, 3D, 6D စသည္ျဖင့္ ေရြးခ်ယ္စရာေတြလည္း ရွိေသးတာမို႔  ကိုယ္နဲ႔သင့္ေတာ္တဲ့အျပင္အဆင္ကို စိတ္ႀကိဳက္ေရြးခ်ယ္လို႔ရပါတယ္။

မ်က္ေတာင္အတုတပ္တဲ့အခါမွာ အားသာခ်က္ကေတာ့ ေန႔တိုင္း ကိုယ္ႀကိဳက္တဲ့ပံုစံကို အမ်ိဳးမ်ိဳးေျပာင္းလို႔ရမယ္၊ ေဈးေလး နည္းနည္း ပိုသက္သာမယ္၊ ေနာက္ၿပီး ေကာ္ကအစ ကပ္တဲ့အခ်ိန္အဆံုး အားလံုး ကိုယ့္ေျခကိုယ့္လက္မို႔ စိတ္ခ်ရမယ္။ အားနည္းခ်က္ကေတာ့ အခ်ိန္အရမ္းကုန္တဲ့အတြက္ မနက္ရံုးသြား၊ ေက်ာင္းတက္ေနရတဲ့ ေယာင္းေတြအတြက္ေတာ့ တကယ့္အႀကီးမားဆံုး စိန္ေခၚမႈ ျဖစ္ေနလိမ့္မယ္။

Related Article >>> မ်က္ေတာင္တုကို စနစ္တက် ခြာၾကမယ္

အဲ့ေတာ့ ဘယ္ဟာကို ေရြးသင့္လဲ?

ကိုယ္က ဘတ္ဂ်တ္ကိုလည္း ပံုမွန္ေလာက္ သံုးႏိုင္ၿပီး အလုပ္ရႈပ္မခံခ်င္တဲ့လူဆိုရင္ေတာ့ မ်က္ေတာင္ဆက္တာကိုေရြးပါ။ ကၽြမ္းက်င္ၿပီး ယံုၾကည္ရတဲ့လူဆီမွာပဲ ဆက္ျဖစ္ဖို႔လည္း အေရးႀကီးတယ္ေနာ္။

ဒါမ်ိဳးမဟုတ္ဘဲ ဘက္ဂ်က္ခ်ိန္ရတဲ့အေနအထား ဆိုေပမဲ့ ကိုယ္ကအလွအတြက္ဆိုရင္ ဘယ္လိုပဲေနေန၊ စိတ္ဝင္စားတယ္ စိတ္လည္းရွည္တယ္ဆိုရင္ေတာ့ မ်က္ေတာင္အတုတပ္တာက ပိုၿပီးသင့္ေတာ္ပါတယ္လုိ႔ အၾကံျပဳပါရေစ။

ေယာင္းတို႔အားလံုး လွႏိုင္ၾကပါေစေနာ္။

Hnin Ei Oo (For Her Myanmar)

<<<Unicode >>>

နှစ်ခုလုံး အတုတွေပဲဆိုပေမဲ့ ဒီဇိုင်းကာလာ အနေအထားကတော့ ကွာကြပါတယ်…

လူဆိုတဲ့အမျိုးကတော့ ကျား၊မ၊ အသက်အရွယ်မရွေး၊ အသားအရောင်မရွေး လှချင်ပချင် အနည်းဆုံးတော့ ကြည့်ကောင်းချင်တတ်ကြတာပါပဲ။ အထူးသဖြင့် ရွေးချယ်စရာတွေ အရမ်းများပြီး အပြိုင်အဆိုင်များလာတဲ့ခေတ်မှာတော့ သူ့ထက်ငါလှချင်ကြတာ သိပ်ပြီးတော့ ထူးဆန်းတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။

ဒါပေမဲ့လည်း လှဖို့အတွက်ဆို အချိန်က ပေးရသေးတော့ အချိန်မရှိတဲ့လူက မလှရဘူးလား ဆိုတဲ့ ဝယ်သူရဲ့တောင်းဆိုမှုတွေ ထပ်များလာတာမို့ အချိန်တိုတိုအတွင်း အလှဆုံးဖြစ်ဖို့အတွက် အမျိုးမျိုးတီထွင်လာကြပါတယ်။ အဲ့အထဲမှာ မျက်တောင်အတုဆက်တဲ့နည်းလမ်းကလည်း ၂၀၁၈ ကနေစပြီး လူပြောများလာတဲ့ အရာတစ်ခုပေါ့။

အရင်ဆုံး မျက်တောင်ဆက်တာ ဘာလဲ ဆိုတာကို ရှင်းပြချင်ပါတယ်။ မျက်တောင်ဆက်တယ်ဆိုတာ ကိုယ့်ရဲ့မူရင်းမျက်တောင် တစ်မွှေးချင်းစီကြားမှာ မျက်တောင်လေးတွေကို တစ်ပင်ချင်းစီ စိုက်တာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့မျက်တောင်ပုံစံ၊ အနေအထားကိုမူတည်ပြီး ပုံမှန်၊ ခပ်ထူထူ၊ 3D၊ 6D စသည်ဖြင့်ရွေးချယ်စရာ အမျိုးမျိုးရှိပါတယ်နော်။

နောက်ပြီး မျက်တောင်ကိုလည်း ဆံပင်အစစ်နဲ့ လုပ်ထားတဲ့မျက်တောင်မွေး၊ မျက်တောင်အစစ်နီးပါးတူအောင် လုပ်ထားတဲ့ မျက်တောင်မွေး၊ ရိုးရိုးကော်နဲ့လုပ်ထားတဲ့ မျက်တောင်မွေးဆိုပြီး အဆင့်ဆင့် ပြန်ခွဲထားပါသေးတယ်။ ကိုယ်ရွေးချယ်တဲ့အပေါ်မှာ မူတည်ပြီး ပေါ့ပါးမှု၊ သက်တောင့်သက်သာရှိမှုနဲ့ ပုံစံကတော့ ကွာသွားတာပေါ့နော်။

ဒီမျက်တောင်ဆက်တာကတော့ တစ်ခါလုပ်ပြီးရင် ကိုယ့်ရဲ့ ထိန်းသိမ်းမှုအပေါ်မှာမူတည်ပြီး ၂ ပတ်ကနေ ၃ ပတ်လောက်အထိ ခံပါတယ်။ ခဏလေးအချိန်ပေးရုံနဲ့ ၁၀ ရက်လောက် လှလှပပနဲ့ စိတ်ချမ်းချမ်းသာသာ အေးဆေးနေရမှာမို့ စိတ်ပင်ပန်း သက်သာတာပေါ့။ အားနည်းချက်ကတော့ သူက နည်းနည်းလေး ဈေးကြီးမယ်၊ နောက်ပြီး သင့်တော်တဲ့ ဆရာမနဲ့ မတွေ့တာမျိုး၊ သုံးတဲ့ပစ္စည်းတွေက ပေါချောင်ကောင်း အစုတ်အပဲ့ဖြစ်နေတာမျိုးဆိုရင်လည်း အန္တရာယ်ဖြစ်တတ်ပါတယ်။ အကယ်၍ ကိုယ်နဲ့မလိုက်ဖက်ရင်လည်း ဈေးကြီးလို့ မဖြုတ်ရက်၊ မဖြုတ်ဖြစ် တိုင်တွေကို ပတ်ရော။

Related Article >>> မျက်လုံးပုံစံကိုလိုက်ပြီး မျက်တောင်အတု ဘယ်သို့ဘယ်ပုံ ရွေးကြမယ်

မျက်တောင်အတုတပ်တာကတော့ ယောင်းလေးတို့ သိကြတဲ့အတိုင်း ကိုယ့်ရှိရင်းစွဲ မျက်တောင်ကိုပဲ အတုကပ်လိုက်တာပေါ့။ သူကလည်း ဈေးနှုန်းကို လိုက်ပြီး ဆံပင်မွေးအစစ်နဲ့ ပြုလုပ်ထားတဲ့ အမျိုးအစား၊ အစစ်နီးပါးတူအောင် လုပ်ထားတဲ့ အမျိုးအစား၊ ရိုးရိုးကော်နဲ့လုပ်ထားတဲ့ အမျိုးအစားဆိုပြီး ကွဲပြားတဲ့အပြင် ပုံမှန် Natural look,ထူစေတဲ့ Volume Look, 3D, 6D စသည်ဖြင့် ရွေးချယ်စရာတွေလည်း ရှိသေးတာမို့ ကိုယ်နဲ့သင့်တော်တဲ့အပြင်အဆင်ကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

မျက်တောင်အတုတပ်တဲ့အခါမှာ အားသာချက်ကတော့ နေ့တိုင်း ကိုယ်ကြိုက်တဲ့ပုံစံကို အမျိုးမျိုးပြောင်းလို့ရမယ်၊ ဈေးလေး နည်းနည်း ပိုသက်သာမယ်၊ နောက်ပြီး ကော်ကအစ ကပ်တဲ့အချိန်အဆုံး အားလုံး ကိုယ့်ခြေကိုယ့်လက်မို့ စိတ်ချရမယ်။ အားနည်းချက်ကတော့ အချိန်အရမ်းကုန်တဲ့အတွက် မနက်ရုံးသွား၊ ကျောင်းတက်နေရတဲ့ ယောင်းတွေအတွက်တော့ တကယ့်အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေလိမ့်မယ်။

Related Article >>> မျက်တောင်တုကို စနစ်တကျ ခွာကြမယ်

အဲ့တော့ ဘယ်ဟာကို ရွေးသင့်လဲ?

ကိုယ်က ဘတ်ဂျတ်ကိုလည်း ပုံမှန်လောက် သုံးနိုင်ပြီး အလုပ်ရှုပ်မခံချင်တဲ့လူဆိုရင်တော့ မျက်တောင်ဆက်တာကိုရွေးပါ။ ကျွမ်းကျင်ပြီး ယုံကြည်ရတဲ့လူဆီမှာပဲ ဆက်ဖြစ်ဖို့လည်း အရေးကြီးတယ်နော်။

ဒါမျိုးမဟုတ်ဘဲ ဘက်ဂျက်ချိန်ရတဲ့အနေအထား ဆိုပေမဲ့ ကိုယ်ကအလှအတွက်ဆိုရင် ဘယ်လိုပဲနေနေ၊ စိတ်ဝင်စားတယ် စိတ်လည်းရှည်တယ်ဆိုရင်တော့ မျက်တောင်အတုတပ်တာက ပိုပြီးသင့်တော်ပါတယ်လို့ အကြံပြုပါရစေ။

ယောင်းတို့အားလုံး လှနိုင်ကြပါစေနော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *