Beauty
skincare တွေထဲမှာ ထိရောက်မှု အရှိဆုံးလို့ဆိုတဲ့ Cosmedical product ဆိုတာ ?
Stella (For Her Myanmar)
<<< Unicode >>>
ဟင်.. Cosmetic လည်း မဟုတ်.. Medical လည်း မဟုတ်.. ဘာလား Cosmedical???
ယောင်းတို့ရေ … ယောင်းက အသားအရေထိန်းသိမ်းနည်းတွေကို မျက်ခြေမပြတ်ကြည့်နေသူဆိုရင်တော့ အခုတစ်လော skincare လောကမှာ သိပ်ရေပန်းစားနေတဲ့ cosmedical ဆိုတဲ့စကားလုံးကို သတိထားမိမယ်ထင်တယ်။ ဒါဆို cosmedical ဆိုတာ ဘာလဲနဲ့ အသားအရေထိန်းသိမ်းတဲ့နေရာမှာ ဘယ်လိုအကျိုးပြုလဲဆိုတာကိုရော သိကြပြီးပြီလား ?
Cosmedical ဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ ရှာဖွေတွေ့ရှိထားတဲ့ အသားအရေကုသနည်းပဲ ဖြစ်ပါတယ်။ ထူးဆန်းတာက cosmedical က cosmetic လည်း မဟုတ်သလို ဆေးကုတာလို့လည်း လုံးလုံးလျားလျားပြောလို့မရပါဘူး။
Related Article >>> မျက်နှာလေးတွေ Glow နေဖို့ AHA/BHA က ဘယ်လို အကျိုးပြုသလဲ?
သာမန် skincare တွေထက် ထိရောက်မှုရှိပြီး အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းနိုင်စွမ်းရှိတာကြောင့် cosmedical product တွေကို လူကြိုက်များနေတာတော့ ငြင်းလို့မရတဲ့အချက်ပါပဲ။ Cosmedical product တွေမှာ AHA/BHA လိုမျိုး အသားအရေကို အကျိုးပြုတဲ့ အက်ဆစ်ပျော့တွေ၊ Retinoid ဆိုတဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ဓာတ်ပေါင်းတွေ၊ ဗီတာမင်စီ၊ antioxidant တွေနဲ့ နေရောင်ကာဆေး (sunscreen) တွေမှာပါတဲ့ SPF တွေ အများဆုံးပါဝင်ပါတယ်။
Cosmedical product တွေရဲ့ အကျိုးအာနိသင်တွေကတော့
ဝက်ခြံနဲ့ တခြားသော အရေပြားပြဿနာတွေကို မြန်မြန်ဆန်ဖြေရှင်းပေးနိုင်ခြင်း၊
ချွေးပေါက်တွေကို အချိန်တိုအတွင်းမှာ ပြန်ကျဉ်းသွားစေခြင်း၊
အထိမခံတဲ့ sensitive skin သမားတွေအတွက် ယားယံတာ၊ နီမြန်းတာတွေကို သက်သာခြင်း၊
အမာရွတ်တွေကို မှေးမှိန်ပျောက်ကင်းစေခြင်း၊နဲ့
ရေရှည်စွဲသုံးတဲ့အခါမှာ အသားအရေကို နူးညံ့ချောမွတ်စေပြီး glass skin ဖြစ်စေခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Related Article >>> တွဲမသုံးသင့်တဲ့ skincare ပစ္စည်း (၆) မျိုး
လောလောဆယ် Stella တို့ နိုင်ငံမှာလည်း cosmedical product တွေ တော်တော်များများတွေ့နေရပါပြီ။ သတိထားမိနေတဲ့ product ကတော့ Rincare ရဲ့ product လေးတွေပါ။ Rincare product တွေက ဆေးဘက်ဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားလို့ တောင်ကိုရီးယားနိုင်ငံက ဇီဝနည်းပညာသုတေသီတွေရဲ့ အသိအမှတ်ပြုလက်မှတ်ပါ ရရှိထားတယ်လို့ သိရပါတယ် ယောင်းတို့ရေ…
ဒီ Product တွေကို ဘယ်က ဝယ်ရမလဲလို့လည်း ခေါင်းခဲမနေပါနဲ့.. အက်ဒ်မင်တို့ For Her Myanmar နဲ့ Shop.com.mm တို့ ပူးပေါင်းထားတဲ့ Thingyan Flash Sale မှာ ဝယ်ယူလို့ရသလို ၄၀% ထိ ဒစ်စ်ကောင့်တွေလည်း ရဦးမှာမို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ ယောင်းတို့ရေ… (Buy 1 Get 1 တွေတောင် ရှိသေးတယ်နော်.. ) စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်ကို ဒီလင့်ခ်လေးမှာ ကြည့်လို့ရပါတယ်ရှင့်.. ဝယ်ဖို့အတွက် Shop.com.mm ရဲ့ App မရှိသေးဘူးဆိုရင်လည်း Andriodဆို ဒီလင့်ခ် နဲ့ IOS ဆို ဒီလင့်ခ် လေးတွေမှာ ဒေါင်းလုတ်ဆွဲလို့ ရပါတယ်နော်..
Stella ကတော့ ဒီ Rincare ကို စမ်းသုံးကြည့်ဖို့ စဉ်းစားထားပါတယ်။ ယောင်းတို့ သုံးဖူးရင်လည်း Stella ကို ပြန်ပြောပြခဲ့ဦးနော် …
Stella (For Her Myanmar)
Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။
Leave a Reply
Your email address will not be published. Required fields are marked *