Drag queen makeup look ဆိုတာဘာလဲ? ဘယ်လိုလိမ်းရမလဲ?

Trendy look လေးလည်းဖြစ်၊ ကိုယ့်ချစ်သူလေးနဲ့လည်း ပျော်စရာဂိမ်းလေးဖြစ်မှာမို့ try ကြည့်သင့်ပြီနော်

ပထမဆုံးအနေနဲ့ drag queen makeup look လေးဘယ်လိုစပေါ်လာလဲဆိုတာ ပြောပြမယ်နော်။ သက္ကရာဇ် ၁၈၀၀ နှောင်းပိုင်းနဲ့  ၁၉၀၀ အလယ်ပိုင်းလောက်မှာတော့ ဥရောပဘက်က အော်ပရာလေးတွေ စလုပ်လာတဲ့အခါ အမြင်လေးတွေဆန်းသွားအောင် ယောကျာ်းလးတွေကမိန်းကလေးလို ဝတ်စားပြီး ဖျော်ဖြေရင်းကနေ ဒီ culture လေးကပျံ့နှံ့လာတာဖြစ်ပါတယ်။ Drag queen makeup look ဆိုတာ ယောကျာ်းလေးတစ်ယောက်ကမိန်းမလိုဝတ်စား၊ makeup အပြည့်နဲ့ ဆံပင်အတုတွေတပ်ပြီးပြင်ဆင်ထားတာကိုခေါ်ပါတယ်။ Drag queen သည် ယောကျာ်းလေးတစ်ယောက်ကို မိန်းမပုံဝတ်စားပြင်ဆင်ထားတာဖြစ်ပါတယ်။ အခြေအနေအရဝတ်စားပြင်ဆင်တာမျိုးလဲဖြစ်နိုင်သလို သူ့ရဲ့ ခံစားမှုအရလည်း ဖြစ်နိုင်ပါသေးတယ်။ Drag queen makeup look ဟာ လူတစ်ယောက်လုံးကို လုံးဝပြောင်းလဲလိုက်တာ ဖြစ်တဲ့အတွက် မိတ်ကပ်အထူကြီးတွေ၊ ထူးထူးဆန်းဆန်းဆံပင်ပုံစံတွေ၊ မိန်းမဆန်ဆန် အဝတ်အစားလေးတွေတော့ လိုကိုလိုအပ်ပါလိမ့်မယ်။ ဒီ makeup look လေးကိုစမ်းလိမ်းကြည့်ချင်တဲ့ယောင်းတို့အတွက် လိမ်းနည်းအဆင့်ဆင့်လေးကို နှင်းကဆက်ဖော်ပြပေးမယ်နော်…

(၁) ပထမဦးဆုံးအနေနဲ့ မျက်နှာပေါ်ကအမွှေးတွေ အကုန်လုံးကိုရိတ်ပါ။ (နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစသည်ဖြင့်။)

(၂) သုံးနေကျ moisturizer လေးကိုလိမ်းပြီး (၁၀) မိနစ်လောက်အရေပြားထဲကိုစိမ့်ဝင်အောင်ထားပါ။

(၃) အောက်ခံ base မိတ်ကပ်လေးလိမ်းပါ။

(၄) ဖောင်ဒေးရှင်းကိုမျက်နှာအသားရေနဲ့ အလိုက်ဆုံးအရောင်ရွေးပြီး လိုအပ်သလောက်မျက်နှာပေါ်တင်ပါ။ Full coverage makeup ဆိုပိုကောင်းပါလိမ့်မယ်။ (Foundation လိမ်းတဲ့အခါမှာလည်း လက်တွေနဲ့ပွတ်ဆွဲနေတာထက် makeup brush လေးနဲ့ဖြစ်စေ၊ sponge လေးနဲ့ဖြစ်စေလိမ်းပေးရင် အသားထဲကိုပိုစိမ့်ဝင်စေပြီး မိတ်ကပ်ပျက်တာ၊ ကွက်တာသိပ်မဖြစ်တော့ပါဘူးနော်။)

(၅) မျက်ကွင်းညိုတာတွေ၊ ချွေးပေါက်ကျယ်တာတွေ၊ အသားအရေမညီတာတွေကိုဖုံးဖို့ ကွန်စီလာလေးကို လိမ်းပေးပါ။

(၆) အဆီထိန်းဖို့အတွက် loose powder ကို များများလေးထပ်ပေးပါ။

Related Article >>> အရုပ်နဲ့တူသွားအောင် မိတ်ကပ်လိမ်းကြည့်ကြမလား

(၇) ပါးနီလေးကို ခပ်ဖွဖွလေးနဲ့အရောင်တင်မယ်။ ပန်းသီးရဲရဲလေးပါးပေါ်တင်ထားသလို အရောင်နီနီရဲရဲလေးဖြစ်သွားအောင်တင်ပါ။

(၈) Eyeshadow မတင်ခင် base လေးကိုအရင်တင်မယ်။ အရောင်ကို ခပ်တောက်တောက်နဲ့ ထင်းနေတာလေးတွေသုံးပေးနော်။

(၉) မျက်ခုံးရိုးမှာ highlight လေးထည့်မယ်။ နောက် angle brush ကိုသုံးပြီး ချွန်ထွက်နေတဲ့ eyeshadow shade ကို အရောင်ရင့်လေးသုံးပြီး လိုချင်တဲ့အနေအထားရတဲ့အထိ ဖြည်းဖြည်းချင်း ခြယ်ပါ။

(၁၀) Eyeshadow ခြယ်ပြီးသွားရင်တော့ မျက်တောင်အတုကို အစစ်နဲ့အနီးကပ်ဆုံးနေရာမှာတပ်ပြီး တစ်သားတည်း ဖြစ်သွားတဲ့အထိ ဂရုတစိုက်နဲ့ တပ်ပါ။

(၁၁) မျက်တောင်အတုမတပ်ခင်ရော တပ်ပြီးတဲ့အချိန်မှာရော mascara လေးနဲ့ ကော့ပေးပါ။

(၁၂) Contouring ကိုသေချာချပေးပါ။ မေးရိုးတွေကားနေတတ်တာမို့ ပါးရိုးလေးကို သေချာသတိထားပြီး ချပေးနော်။ Highlight ကိုလဲပါးမို့၊ နှာခေါင်းရိုး စတဲ့ နေရာတွေမှာ ထင်းထင်းလေးဖြစ်အောင်ထည့်ပေးပါ။

(၁၃) Lip liner လေးနဲ့ကိုယ်လိုချင်တဲ့နှုတ်ခမ်းပုံရအောင်ဖော်လိုက်မယ်။ ပြီးရင် နှုတ်ခမ်းနီအရောင်ရင့်ရင့်လေးကို နှုတ်ခမ်းအပြည့် ခပ်ထူထူဖြစ်အောင်ဆိုးလိုက်မယ်နော်။ (ဖူးဖူးလေးဖြစ်ချင်ရင်တော့ gloss လေးထပ်ဆိုးပေးလိုက်ပါ။)

ဒါဆိုရင်တော့ drag queen makeup look လေးပြည့်ပြည့်စုံစုံနဲ့ ပြီးသွားပါပြီနော်။ ကိုယ့်ဘဲဘဲလေးကို အင်ဂျင်ကိုင်ချင်တဲ့ ယောင်းယောင်းလေးတို့အတွက် ဆေးထိုးနည်းလေးလဲဖြစ်တာမို့ ကိုယ့်မိတ်ကပ်စကေးကိုစမ်းရင်း သူ့ကိုလဲပုံပြောင်းပေးပြီးသားဖြစ်တာမို့ စမ်းဖြစ်အောင်စမ်းကြည့်ကြပါဦးလို့…။

ရေးထားတဲ့ စာလေးတွေကြည့်ပြီး မလိမ်းတတ်သေးဘူးဆိုရင်တော့ ဒီမှာ ယောင်းတို့ ကြည့်ပြီးလုပ်လို့ရမယ့် YouTube Video Link လေးတွေ ပေးထားပါတယ်နော်.. တစ်ယောက်နဲ့ တစ်ယောက် လိမ်းခြယ်ပုံချင်း မတူကြတာမို့ ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ်ပြီး လိမ်းပေးနိုင်ပါတယ်ရှင့်။


Reference : Leaf, Wikipedia

 

No Comments Yet

Comments are closed