Beauty

skincare အေနနဲ႔ လူသုံးမ်ားေနတဲ့ soothing gel ရဲ႕ တကယ့္လုုပ္ေဆာင္ခ်က္ေတြက ဘာေတြလဲ ?

ထင္ထားတာနဲ႔ လြဲေနတာမ်ိဳး ျဖစ္ေနႏိုင္တာမို႔ ဖတ္ထားသင့္တယ္ေနာ္။ 🙂

Aloe Vera Soothing Gel ဆိုတာ ေဘးဘီပတ္ဝန္းက်င္မွာ လက္ညွိဳးထိုးမလြဲရွိေနတဲ့ အလွကုန္ပစၥည္းတစ္ခုပါပဲ။ ေဈးႏႈန္းကလည္း သင့္တင့္တဲ့အျပင္ တစ္ခုတည္းကို ရွစ္မ်ိဳးေတာင္သံုးလို႔ရတာဆိုေတာ့ ဘက္ဂ်က္သမားေတြနဲ႔ အံကိုက္ပဲေပါ့။ ဒါေပမဲ့လည္း ထံုးစံအတိုင္း ကုန္ပစၥည္းနဲ႔ ဝယ္သူၾကားထဲမွာ ကြာဟခ်က္ေလး အနည္းငယ္ေတာ့ရွိေနပါတယ္။ အဲ့ေတာ့ မေနႏိုင္မထိုင္ႏိုင္ မႏွင္းအိဦးက ထပ္ၿပီးေတာ့ လွ်ာရွည္ပါဦးမယ္ေနာ္။

Soothing Gel ရဲ႕ လုပ္ေဆာင္ခ်က္ ၈ မ်ိဳးကေတာ့

(၁) အသားအေရကို ေအးျမေစတယ္

(၂) ေနေလာင္ထားတဲ့ အသားအေရကို Cooling effect နဲ႔ျပန္လည္ကုသေပးႏိုင္တယ္

(၃) မိတ္ကပ္ေအာက္ခံအေနနဲ႔ အသံုးျပဳလို႔ရတယ္

(၄) အေမႊးရိတ္ၿပီးတဲ့အခ်ိန္ After Shave အေနနဲ႔ သံုးလို႔ရတယ္

(၅) လက္သည္းေျခသည္းေလးေတြကို လိမ္းေပးရင္ လက္သည္းေျခသည္းေလးေတြ ၾကည္လင္ၿပီး အရွည္ျမန္လာေစတယ္

(၆) ဆံပင္အဖ်ားႏွစ္ခြေတြကို ကုသဖို႔အတြက္ Hair Essense အေနနဲ႔သံုးလို႔ရတယ္

(၇) ေႏြရာသီမွာ အသားေလာင္တာေတြ သက္သာဖို႔အတြက္ cooling gel အေနနဲ႔သံုးလို႔ရတယ္

(၈)  Body Lotion အေနနဲ႔လည္း သံုးေပးလို႔ရပါတယ္။

ျပႆနာျဖစ္ေနတာက အသားအေရကို ေအးျမေစတဲ့ effect ေပးတာကို ေရဓာတ္ျဖည့္တင္းေပးတယ္ဆိုၿပီး လြဲေနၾကတာပါ။ Soothing Gel က Moisturizer လံုးဝမဟုတ္ပါဘူးေနာ္။ ေနာက္ၿပီး Gel အမ်ိဳးအစားျဖစ္တဲ့အတြက္ အသားေျခာက္သူေတြထက္ အဆီျပန္တတ္တဲ့လူေတြနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။

Related Article >>> အလွကုန္ အတုေတြ ဝယ္သံုးမိရင္ ဘယ္လိုဒုကၡေတြ ႀကံဳရမလဲ?

ေနာက္တစ္မ်ိဳးရွိေသးတယ္။ Soothing Gel ရွိေနရင္ က်န္တဲ့ဘာ Skincare မွသံုးစရာမလုိေတာ့ဘူးလို႔ စိတ္ထဲစြဲေနတာ။ တကယ္မလိုအပ္မွေတာ့ေယာင္းရယ္ ဆိုင္အားလံုးဒီလိုေဈးႏႈန္းသင့္တင့္ၿပီး Customer Demand (စားသံုးသူရဲ႕ေတာင္းဆိုမႈ) မ်ားတဲ့ပစၥည္းကိုပဲ ထိုင္ထုတ္ေနေတာ့မွာေပါ့။ ႏွင္းေသခ်ာရွင္းျပမယ္။ ႏွင္းတို႔ရဲ႕အသားအေရမွာ အလႊာ ၃ လႊာရွိတယ္ဆိုတာ ေယာင္းတို႔သိၾကတယ္ဟုတ္? ဒီ Soothing Gel က ႏွင္းတို႔အသားအေရရဲ႕ ပထမဦးဆံုးအလႊာကိုပဲ အေထာက္အပံ့ျဖစ္ေစၿပီး သာမန္ေလာက္ပဲထိန္းသိမ္းေပးႏိုင္တာမ်ိဳးပါ။ အဲ့အတြက္ အေရးအေၾကာင္း၊ အမဲစက္၊ ဝက္ျခံစတဲ့ အေရျပားအတြင္းပိုင္းျပႆနာေတြကို မေျဖရွင္းေပးႏိုင္တာမို႔ တျခား တိုနာ၊ Essense၊ Cream စတဲ့ပစၥည္းေတြကိုလည္း မဝယ္မျဖစ္ဝယ္သံုးရပါမယ္။ (ဒါမွလည္း ထိေရာက္မွာကိုး။)

ေနာက္ဆံုးတစ္ခုကေတာ့ စိတ္ခ်ရတဲ့ Brand ပစၥည္းကိုမသံုးဘဲ တရုတ္၊ ယိုးဒယားေအာက္လမ္းကဝင္တဲ့ Soothing Gel ကို ယံုယံုၾကည္ၾကည္နဲ႔ သံုးၾကတာပါ။ ဘယ္ဘူးကိုၾကည့္ၾကည့္ ရွားေစာင္းလက္ပက္ပဲေလ ဘာကြာလို႔လဲဆိုရင္ သူ႔မွာပါဝင္တဲ့ပစၥည္းေတြ၊ ထုတ္လုပ္တဲ့နည္းပညာအဆင့္ဆင့္ေတြ ကြာျခားပါတယ္။ နာမည္အရမ္းႀကီးတဲ့ Brand မတတ္ႏိုင္ရင္ေတာင္ ႏွင္းတို႔ ျပည္တြင္းျဖစ္ Brand ထဲက ပစၥည္းကိုရွာသံုးပါ။ ဒီလိုအတုေတြေၾကာင့္ အသားအေရပ်က္စီးၿပီး လူေတာမတိုးရဲတဲ့အထိ ျဖစ္သြားႏိုင္တာမို႔ ေရရွည္ကိုေတြးၿပီး စိတ္ခ်ရတဲ့ပစၥည္းကိုပဲ သံုးပါလို႔ႏွင္းကတိုက္တြန္းခ်င္ပါတယ္။

Related Article >>> အသားအေရ မညီျခင္းအတြက္ အိမ္တြင္းကုထံုးမ်ား

ရွားေစာင္းလက္ပတ္ဆိုတာ အင္မတန္မွ အသားအေရနဲ႔ ဆံပင္အတြက္ အက်ိဳးရွိတဲ့အပင္ပါ။ ဒါေပမဲ့ တခ်ိဳ႕လူနည္းစုထဲမွာ ဒီရွားေစာင္းလက္ပက္နဲ႔ ဓာတ္မတည့္တာမ်ိဳးရွိတတ္တာမို႔ လူတိုင္းနဲ႔တည့္တာပဲ ငါလည္းရမွာပါဆိုၿပီး မ်က္ႏွာေပၚ အလြယ္တကူလိမ္းတာမ်ိဳးေတြ လံုးဝမလုပ္ပါနဲ႔ေနာ္။ ဘယ္ကုန္ပစၥည္းကိုမဆို Allergy test (အသားအေရေပၚစမ္းသပ္ျခင္း) လုပ္ပါ။ ႏွင္းရဲ႕ေယာင္းေယာင္းေလးေတြအားလံုး အႏၱရာယ္ကင္းကင္းနဲ႔ လွႏိုင္ၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

Aloe Vera Soothing Gel ဆိုတာ ဘေးဘီပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲရှိနေတဲ့ အလှကုန်ပစ္စည်းတစ်ခုပါပဲ။ ဈေးနှုန်းကလည်း သင့်တင့်တဲ့အပြင် တစ်ခုတည်းကို ရှစ်မျိုးတောင်သုံးလို့ရတာဆိုတော့ ဘက်ဂျက်သမားတွေနဲ့ အံကိုက်ပဲပေါ့။ ဒါပေမဲ့လည်း ထုံးစံအတိုင်း ကုန်ပစ္စည်းနဲ့ ဝယ်သူကြားထဲမှာ ကွာဟချက်လေး အနည်းငယ်တော့ရှိနေပါတယ်။ အဲ့တော့ မနေနိုင်မထိုင်နိုင် မနှင်းအိဦးက ထပ်ပြီးတော့ လျှာရှည်ပါဦးမယ်နော်။

Soothing Gel ရဲ့ လုပ်ဆောင်ချက် ၈ မျိုးကတော့

(၁) အသားအရေကို အေးမြစေတယ်

(၂) နေလောင်ထားတဲ့ အသားအရေကို Cooling effect နဲ့ပြန်လည်ကုသပေးနိုင်တယ်

(၃) မိတ်ကပ်အောက်ခံအနေနဲ့ အသုံးပြုလို့ရတယ်

(၄) အမွှေးရိတ်ပြီးတဲ့အချိန် After Shave အနေနဲ့ သုံးလို့ရတယ်

(၅) လက်သည်းခြေသည်းလေးတွေကို လိမ်းပေးရင် လက်သည်းခြေသည်းလေးတွေ ကြည်လင်ပြီး အရှည်မြန်လာစေတယ်

(၆) ဆံပင်အဖျားနှစ်ခွတွေကို ကုသဖို့အတွက် Hair Essense အနေနဲ့သုံးလို့ရတယ်

(၇) နွေရာသီမှာ အသားလောင်တာတွေ သက်သာဖို့အတွက် cooling gel အနေနဲ့သုံးလို့ရတယ်

(၈)  Body Lotion အနေနဲ့လည်း သုံးပေးလို့ရပါတယ်။

ပြဿနာဖြစ်နေတာက အသားအရေကို အေးမြစေတဲ့ effect ပေးတာကို ရေဓာတ်ဖြည့်တင်းပေးတယ်ဆိုပြီး လွဲနေကြတာပါ။ Soothing Gel က Moisturizer လုံးဝမဟုတ်ပါဘူးနော်။ နောက်ပြီး Gel အမျိုးအစားဖြစ်တဲ့အတွက် အသားခြောက်သူတွေထက် အဆီပြန်တတ်တဲ့လူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။

Related Article >>> အလှကုန် အတုတွေ ဝယ်သုံးမိရင် ဘယ်လိုဒုက္ခတွေ ကြုံရမလဲ?

နောက်တစ်မျိုးရှိသေးတယ်။ Soothing Gel ရှိနေရင် ကျန်တဲ့ဘာ Skincare မှသုံးစရာမလိုတော့ဘူးလို့ စိတ်ထဲစွဲနေတာ။ တကယ်မလိုအပ်မှတော့ယောင်းရယ် ဆိုင်အားလုံးဒီလိုဈေးနှုန်းသင့်တင့်ပြီး Customer Demand (စားသုံးသူရဲ့တောင်းဆိုမှု) များတဲ့ပစ္စည်းကိုပဲ ထိုင်ထုတ်နေတော့မှာပေါ့။ နှင်းသေချာရှင်းပြမယ်။ နှင်းတို့ရဲ့အသားအရေမှာ အလွှာ ၃ လွှာရှိတယ်ဆိုတာ ယောင်းတို့သိကြတယ်ဟုတ်? ဒီ Soothing Gel က နှင်းတို့အသားအရေရဲ့ ပထမဦးဆုံးအလွှာကိုပဲ အထောက်အပံ့ဖြစ်စေပြီး သာမန်လောက်ပဲထိန်းသိမ်းပေးနိုင်တာမျိုးပါ။ အဲ့အတွက် အရေးအကြောင်း၊ အမဲစက်၊ ဝက်ခြံစတဲ့ အရေပြားအတွင်းပိုင်းပြဿနာတွေကို မဖြေရှင်းပေးနိုင်တာမို့ တခြား တိုနာ၊ Essense၊ Cream စတဲ့ပစ္စည်းတွေကိုလည်း မဝယ်မဖြစ်ဝယ်သုံးရပါမယ်။ (ဒါမှလည်း ထိရောက်မှာကိုး။)

နောက်ဆုံးတစ်ခုကတော့ စိတ်ချရတဲ့ Brand ပစ္စည်းကိုမသုံးဘဲ တရုတ်၊ ယိုးဒယားအောက်လမ်းကဝင်တဲ့ Soothing Gel ကို ယုံယုံကြည်ကြည်နဲ့ သုံးကြတာပါ။ ဘယ်ဘူးကိုကြည့်ကြည့် ရှားစောင်းလက်ပက်ပဲလေ ဘာကွာလို့လဲဆိုရင် သူ့မှာပါဝင်တဲ့ပစ္စည်းတွေ၊ ထုတ်လုပ်တဲ့နည်းပညာအဆင့်ဆင့်တွေ ကွာခြားပါတယ်။ နာမည်အရမ်းကြီးတဲ့ Brand မတတ်နိုင်ရင်တောင် နှင်းတို့ ပြည်တွင်းဖြစ် Brand ထဲက ပစ္စည်းကိုရှာသုံးပါ။ ဒီလိုအတုတွေကြောင့် အသားအရေပျက်စီးပြီး လူတောမတိုးရဲတဲ့အထိ ဖြစ်သွားနိုင်တာမို့ ရေရှည်ကိုတွေးပြီး စိတ်ချရတဲ့ပစ္စည်းကိုပဲ သုံးပါလို့နှင်းကတိုက်တွန်းချင်ပါတယ်။

Related Article >>> အသားအရေ မညီခြင်းအတွက် အိမ်တွင်းကုထုံးများ

ရှားစောင်းလက်ပတ်ဆိုတာ အင်မတန်မှ အသားအရေနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့အပင်ပါ။ ဒါပေမဲ့ တချို့လူနည်းစုထဲမှာ ဒီရှားစောင်းလက်ပက်နဲ့ ဓာတ်မတည့်တာမျိုးရှိတတ်တာမို့ လူတိုင်းနဲ့တည့်တာပဲ ငါလည်းရမှာပါဆိုပြီး မျက်နှာပေါ် အလွယ်တကူလိမ်းတာမျိုးတွေ လုံးဝမလုပ်ပါနဲ့နော်။ ဘယ်ကုန်ပစ္စည်းကိုမဆို Allergy test (အသားအရေပေါ်စမ်းသပ်ခြင်း) လုပ်ပါ။ နှင်းရဲ့ယောင်းယောင်းလေးတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ လှနိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *