အရောင်ဆန်းဆန်းနှုတ်ခမ်းနီအရင့်များ

တစ်ခုခု သွားစရာ၊ လာစရာရှိတယ်ဆို အနီတွေချည်း ဆိုးနေရလို့ ပျင်းနေပြီဆိုတဲ့ ယောင်းယောင်းတို့အတွက်

‘ဟဲ့…ငါပွဲသွားစရာရှိတယ်၊ အရောင်ရင့်နှုတ်ခမ်းနီဘာဆိုးရမလဲ?’ ‘အနီဆိုးသွားလေ’။ တစ်ခါလာလဲအနီ၊ နှစ်ခါလာလဲအနီနဲ့ သူများတော့မသိဘူး ကိုယ့်ဘာသာတောင် bored ဖြစ်လာတယ်ဆိုတဲ့ယောင်းတို့အတွက်ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကိုရေးလိုက်ရပါတယ်။ နိုင်ငံတကာမှာနှုတ်ခမ်းနီအရောင်ခပ်ရင့်ရင့်တွေအရမ်းခေတ်စားနေတဲ့အချိန် ကိုယ်လဲအနီတောထဲကထွက်သင့်ပြီလေ… ဆိုတော့ကာ နှုတ်ခမ်းနီအရောင်ရင့်ရင့်နဲ့အဆန်းလေးတွေကို နှင်းကမွှေနှောက်ပြီးရှာထားပေးပါတယ်နော်။ အတူတူဖတ်ကြည့်ရအောင်…

(၁) Rich Cherry


Cherry အရောင်ဆိုတာကတော့ အနီပုပ်ကိုမှ စိုပြီးပြောင်နေတဲ့အရောင်ပါ။ အနီရဲရဲတောက်လဲမလိုချင်ဘူး၊ ဒါပေမဲ့အနီတော့ပါမှဖြစ်မယ်ဆိုတဲ့ယောင်းတို့အတွက် စိုပြီးအနီရောင်သမ်းနေတဲ့နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်စေမှာပါ။

(၂) Plummy Purple

အသားညိုတဲ့ယောင်းလေးတွေက နှုတ်ခမ်းအရောင်ရင့်အပုပ်ဆိုးရင် ပိုမည်းသွားတတ်တယ်နော်။ ဒါပေမယ့် ဇီးခရမ်းရောင်လို့ခေါ်တဲ့ ဒီအရောင်လေးဟာ အသားညိုသူတွေအတွက် လုံးဝလိုက်ဖက်နေမယ့် အရောင်ပါပဲ။ Full makeup နဲ့ dinner ပွဲတွေတက်တဲ့အခါ ယုံကြည်မှုအပြည့်ရှိတဲ့ခြေလှမ်းတွေကိုဖန်ဆင်းပေးမယ်အရောင်ဆိုလဲမမှားဘူးပေါ့။

(၃) Matte Maroon

ဒါကတော့ ရွှေအိုရောင်အသားအရည်ပိုင်ရှင်တို့အတွက် အကောင်းဆုံး pickup color ပါ။ အနီကိုမှ အညိုဘက် ပိုကဲပြီး ပုပ်သွားတဲ့အရောင်ဖြစ်တာမို့ အသားလတ်တဲ့လူတွေ၊ ညိုတဲ့လူတွေတော့ရှောင်စေချင်ပါတယ်။ ပိုရင့်သွားစေတတ်လို့ပါ။

Related Article >>> Nude look အတွက်အကောင်းဆုံး မိတ်ကပ်လိမ်းခြယ်နည်းများ

(၄) Deep Eggplant

ခရမ်းသီးပုပ်ရောင်ဆိုတော့ အနီးစပ်ဆုံးပြောရရင် ခရမ်းရောင်အရင့်ပေါ့နော် ။ Nude makeup look လေးလိမ်းမယ် စဉ်းစားရင်တော့ ဒီခရမ်းသီးပုပ်ရောင်ဟာ အရမ်းကို ထင်ပေါ်စေမှာအသေအချာပါပဲယောင်းတို့ရေ။

(၅) Black

အမည်းရောင်ကိုနှုတ်ခမ်းပေါ်တင်မယ်? ဘယ်လိုလှမှာလဲလို့ပြန်မေးကြမှာနော်။ ကိုယ်က Party တွေသွားမယ်။ ဘယ်သူနဲ့မှမတူတစ်မူထူးခြားချင်တယ်။ မျက်လုံးတွေလဲသိပ်မပြင်နေချင်ဘူးဆိုရင် တခြားအရောင်စဉ်းစားမနေပါနဲ့။ အမည်းကိုစိတ်ဒုံးဒုံးချရွေးချယ်လိုက်ပါ။ တစ်ခုသတိထားရမှာက eye makeup အရမ်းများပြီးသားယောင်းဆိုရင် over ဖြစ်သွားတတ်တာမို့ ဒီအရောင်ကိုရှောင်ပါ။ ဆိုးတဲ့အခါမှာလည်း ထူပိန်းနေတဲ့အမည်းရောင်နှုတ်ခမ်းထက် အလယ်မှာနည်းနည်းချန်ထားတဲ့ ombré (အရောင်ပြေး) လေးကပိုဆွဲဆောင်မှုရှိနေစေမှာပါနော်။

နှင်းအခုဖော်ပြသွားတဲ့အရောင်လေးတွေက international မှာအရမ်းခေတ်စားနေတဲ့အရောင်တွေထဲကမှ အာရှအသားအရည်နဲ့လိုက်ဖက်မယ့်အရောင်လေးတွေကိုရွေးထုတ်ထားတာဖြစ်ပါတယ်။ နောက်ပြီး makeup rules တွေထဲကခွဲထွက်ပြီး stunning ဖြစ်နေဖို့ ဒီအရောင်လေးတွေကို try ကြည့်မယ်ဆိုရင်တော့မမှားပါဘူး ယောင်းတို့ရေ… တကယ်စမ်းကြည့်တော့မှ အရမ်းကိုကြိုက်သွားပြီး ဒီအရောင်တွေမှ ဒီအရောင်တွေ ဖြစ်နေမယ်နော်… လှနိုင်ကြပါစေ ယောင်းကလေးတို့ရေ…

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Comments are closed