ဒီႏွစ္မိုးရာသီမွာ ေခတ္စားလာမယ့္ ႏႈတ္ခမ္းနီအေရာင္ (၅) ေရာင္

ဒီအေရာင္ေတြနဲ႔ဆို မိုးရာသီမွာ အလွဆံုးျဖစ္ေနေတာ့မွာပဲ

မိုးရာသီမွာဆို ဘယ္ေနရာပဲၾကည့္လိုက္ၾကည့္လိုက္ ထိုင္းထိုင္းမိႈင္းမႈိင္းနဲ႔ မည္းေမွာင္ေနတာခ်ည္းပဲေလ။ ဒီရာသီဥတုႀကီးကို သြားေျပာင္းလိုက္ဖို႔ မျဖစ္ႏိုင္ေပမဲ့ ေယာင္းေျပာင္းႏိုင္တာ တစ္ခုေတာ့ရွိပါတယ္။ ဒါကေတာ့ ေယာင္းရဲ႕ႏႈတ္ခမ္းနီအေရာင္ေတြပဲေပါ့။ မိုးရာသီမွာ လန္းဆန္းတက္ႂကြတဲ့ အသြင္ကို ရေစႏိုင္ဖို႔ ဒီလိုအေရာင္ေလးေတြ ဆိုးၾကည့္ပါေနာ္။

(၁) ၾကက္ေသြးေရာင္
ခပ္မိုက္မိုက္ ၾကက္ေသြးေရာင္က ေယာင္းကို သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္အသြင္ကို ေပးပါတယ္။ ထံုထံုထိုင္းထိုင္း ရာသီဥတုႀကီးမွာ ေယာင္းတင္မက ေယာင္းကို ျမင္လိုက္ရတဲ့သူတိုင္း စိတ္အားတက္ေစမွာပါ။

(၂) သံေခ်းေရာင္

အနီနဲ႔ လိေမၼာ္ေရာင္ၾကားက သံေခ်းေရာင္ေလာက္ မိုးရာသီနဲ႔ ပနံရတာမရွိပါဘူး။ ေန႔တိုင္းရုံးတက္ေနရတဲ့ ေယာင္းေတြအေနနဲ႔ဆို ဒီအေရာင္က အရမ္းလည္း မေတာက္တာေၾကာင့္ အဆင္ေျပပါတယ္။

Related article >>> ကိုယ္နဲ႔အသင့္ေတာ္ဆံုးဆိုတဲ့ လက္ကိုင္အိတ္ကို ရွာေတြ႕ၿပီလား?

(၃) လိေမၼာ္ေရာင္

မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ဘာလို႔လဲမသိ … ႏႈတ္ခမ္းနီ လိေမၼာ္ေရာင္ဆိုးရမွာကို တြန္႔ဆုတ္ၾကတယ္။ တကယ္ေတာ့ လိေမၼာ္ေရာင္က ျဖဴသူေကာ ညိဳသူေကာနဲ႔ လိုက္ဖက္တဲ့အျပင္ ဘယ္လိုအဝတ္အစားနဲ႔မဆို စည္းခ်က္က်က်လွေနေစတာမို႔ ေယာင္းတို႔ကို မိုးတြင္းမွာ လိေမၼာ္ေရာင္ႏႈတ္ခမ္းနီေလးဆိုးဖို႔ တိုက္တြန္းပါရေစ။

(၄) ပန္းဆီေရာင္

လူတိုင္းသေဘာက်တဲ့ ပန္းဆီေရာင္ေတာက္ေတာက္ေလးကလည္း ေပ်ာ္ရႊင္တက္ႂကြတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ကိုယ္စားျပဳတာမို႔ ေမ့ထားလို႔မရပါဘူး။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

(၅) အနီေရာင္

အနီေရာင္ ႏႈတ္ခမ္းနီဆိုးဖို႔ သိမ္းသြင္းေနစရာလိုေသးလို႔လား ? လူတိုင္းနဲ႔လိုက္ဖက္ၿပီး မိုးတြင္းမွာ ေတာက္ပေနေစတဲ့အျပင္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ classic ျဖစ္ေနေစပါတယ္။

ကဲ … ဒီေလာက္ဆို မိုးရာသီမွာ အျပံဳးတစ္ပြင့္ေတာက္ပႏိုင္ေအာင္ ဘယ္လိုႏႈတ္ခမ္းနီအေရာင္ေလးေတြကို ေရြးခ်ယ္သင့္လဲဆိုတာ သိၾကေလာက္ၿပီထင္ပါတယ္။ ဒါဆို အၿမဲလွေနဖို႔ကေတာ့ ေယာင္းတာဝန္ပဲေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

ဒီအရောင်တွေနဲ့ဆို မိုးရာသီမှာ အလှဆုံးဖြစ်နေတော့မှာပဲ

မိုးရာသီမှာဆို ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ မည်းမှောင်နေတာချည်းပဲလေ။ ဒီရာသီဥတုကြီးကို သွားပြောင်းလိုက်ဖို့ မဖြစ်နိုင်ပေမဲ့ ယောင်းပြောင်းနိုင်တာ တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ယောင်းရဲ့နှုတ်ခမ်းနီအရောင်တွေပဲပေါ့။ မိုးရာသီမှာ လန်းဆန်းတက်ကြွတဲ့ အသွင်ကို ရစေနိုင်ဖို့ ဒီလိုအရောင်လေးတွေ ဆိုးကြည့်ပါနော်။

(၁) ကြက်သွေးရောင်
ခပ်မိုက်မိုက် ကြက်သွေးရောင်က ယောင်းကို သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အသွင်ကို ပေးပါတယ်။ ထုံထုံထိုင်းထိုင်း ရာသီဥတုကြီးမှာ ယောင်းတင်မက ယောင်းကို မြင်လိုက်ရတဲ့သူတိုင်း စိတ်အားတက်စေမှာပါ။

(၂) သံချေးရောင်

အနီနဲ့ လိမ္မော်ရောင်ကြားက သံချေးရောင်လောက် မိုးရာသီနဲ့ ပနံရတာမရှိပါဘူး။ နေ့တိုင်းရုံးတက်နေရတဲ့ ယောင်းတွေအနေနဲ့ဆို ဒီအရောင်က အရမ်းလည်း မတောက်တာကြောင့် အဆင်ပြေပါတယ်။

Related article >>> ကိုယ်နဲ့အသင့်တော်ဆုံးဆိုတဲ့ လက်ကိုင်အိတ်ကို ရှာတွေ့ပြီလား?

(၃) လိမ္မော်ရောင်

မိန်းကလေးတော်တော်များများက ဘာလို့လဲမသိ … နှုတ်ခမ်းနီ လိမ္မော်ရောင်ဆိုးရမှာကို တွန့်ဆုတ်ကြတယ်။ တကယ်တော့ လိမ္မော်ရောင်က ဖြူသူကော ညိုသူကောနဲ့ လိုက်ဖက်တဲ့အပြင် ဘယ်လိုအဝတ်အစားနဲ့မဆို စည်းချက်ကျကျလှနေစေတာမို့ ယောင်းတို့ကို မိုးတွင်းမှာ လိမ္မော်ရောင်နှုတ်ခမ်းနီလေးဆိုးဖို့ တိုက်တွန်းပါရစေ။

(၄) ပန်းဆီရောင်

လူတိုင်းသဘောကျတဲ့ ပန်းဆီရောင်တောက်တောက်လေးကလည်း ပျော်ရွှင်တက်ကြွတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်စားပြုတာမို့ မေ့ထားလို့မရပါဘူး။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

(၅) အနီရောင်

အနီရောင် နှုတ်ခမ်းနီဆိုးဖို့ သိမ်းသွင်းနေစရာလိုသေးလို့လား ? လူတိုင်းနဲ့လိုက်ဖက်ပြီး မိုးတွင်းမှာ တောက်ပနေစေတဲ့အပြင် ဘယ်အချိန်ပဲဖြစ်ဖြစ် classic ဖြစ်နေစေပါတယ်။

ကဲ … ဒီလောက်ဆို မိုးရာသီမှာ အပြုံးတစ်ပွင့်တောက်ပနိုင်အောင် ဘယ်လိုနှုတ်ခမ်းနီအရောင်လေးတွေကို ရွေးချယ်သင့်လဲဆိုတာ သိကြလောက်ပြီထင်ပါတယ်။ ဒါဆို အမြဲလှနေဖို့ကတော့ ယောင်းတာဝန်ပဲနော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed