Beauty

အလှဆုံးမျက်ဝန်းတစ်စုံ ဖြစ်အောင်

“သမင်မျက်လုံးလေးလို မျက်လုံးလေး ဝိုင်းဝိုင်းစက်စက်ကြီးကြီးလေးနဲ့မှ လှချင်ပါတယ်ဆိုတဲ့ယောင်းတို့ရေ.. ဒါလေးတွေလုပ်ကြည့်နော်”

မျက်ဝန်းလှလှလေးတွေက ယောင်းကို ငယ်ရွယ်တဲ့ပုံပေါက်ပြီး ပိုလှနေစေပါတယ်…ကိုယ့်မျက်ဝန်းလေးက သေးနေလို့ ကိုယ့်အလှကထင်ရှားသင့်သလောက် မထင်ရှားဘူး ဖြစ်နေတယ် ဆိုရင်တော့ ဒီနည်းလမ်းလေးတွေ သုံးပြီး ယောင်း မျက်ဝန်းလေး ပိုကြီးပြီး ပိုလှလာအောင် လုပ်လို့ ရပါတယ်နော်….

  • ယောင်း နဲ့ လိုက်ဖက်တဲ့ မျက်ခုံးပုံ ပုံဖော်ပါ

ယောင်းမျက်နှာကျနဲ့ လိုက်ဖက်တဲ့မျက်ခုံးတစ်စုံက ယောင်းအလှတရားကို ပြီးပြည့်စုံ စေပါတယ်နော်…  ကွဲပြားခြားနားတဲ့ မျက်ခုံးတွေက မျက်နှာအနေအထားကို ပြောင်းလဲစေနိုင်ပါတယ်… Beauty Salonကို မကြာခဏဆိုသလို သွားပြီးတော့ ကိုယ်နဲ လိုက်ဖက်မယ့် မျက်ခုံးပုံကို ပုံဖော်ပေးဖို့ လိုအပ်မှာပါ…

အကယ်၍ ယောင်းက အကုန်အကျ သက်သာအောင် ကိုယ့်ဘာသာပဲ ပုံဖော်မယ် ဆိုရင်တောင် ကိုယ့် မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို သေချာလေ့လာပြီးမှ ယောင်း ကိုယ်တိုင် စမ်းပြီး ပုံဖော်ကြည့်ပါ… ပြီးတော့ မျက်လုံးသေးတဲ့ယောင်းတွေ တစ်ခုရှောင်ရမှာက မျက်ခုံးကို အရမ်း ထင်ထင်ရှားရှားပုံစံမျိုး မဆွဲပါနဲ့ …

အရောင်နက်နက် နဲ့ ထူထူထဲထဲ ရှိတဲ့ မျက်ခုံးတွေက ယောင်းမျက်လုံးကို ပိုပြီး အာရုံစိုက်မိ စေပါတယ်… အဲ့ဒီတော့ သဘာဝကျတဲ့ မျက်ခုံးပုံစံလေးတွေ ရွေးချယ်ပြီး ပုံဖော်ပေးပါ… မျက်ခုံးဆွဲတံနဲ့ ပုံဖော်ပြီးရင် ဘရပ်ရှ်လေးတွေသုံးပြီး ဖြေချပေးဖို့ မမေ့ပါနဲ့ …

  • မျက်လုံး အစ်မနေအောင် ဂရုစိုက်ပါ

မျက်ဝန်းလှလှလေး ပိုင်ဆိုင်ဖို့ အတွက် မျက်လုံးက မို့ အစ်နေလို့ မဖြစ်သေးဘူးလေနော်… အဲ့တော့ အိပ်ရေးဝအောင် အိပ်ဖို့ မမေ့ပါနဲ့ ယောင်းရေ… မို့ အစ်နေတဲ့ မျက်ဝန်း က ယောင်းရဲ့ နဂို မူလ မျက်ဝန်း ထက်တောင် သေးငယ်သယောင်ယောင် ပုံပေါက်စေတာ မလို့ ပါ…

မျက်လုံးလေးမို့ မဖောင်းနေအောင် မနက် အိပ်ရာထလို့ မျက်နှာသစ် တဲ့အချိန် ရေအေးအေးလေး ကို အသုံးပြုပြီးတော့ပဲ မျက်နှာသစ်ပါ… အအေးခံထားတဲ့ လက်ဖက်ခြောက်ထုတ်ကို မျက်လုံးပေါ်မှာ တင်ထားပေးပါ… လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ… ဆားလျှော့စားဖို့ လည်းမမေ့နဲ့ နော်…

Related Article >>> သဘာဝကျကျ Foundationလိမ်းကြမယ်

  • မျက်ဝန်း အောက် က မျက်ကွင်းညိုညိုတွေ ကို တာ့တာပြလိုက်ပါ

ယောင်းမျက်ဝန်းအောက်က မျက်ကွင်းညိုညိုတွေအတွက် ကွန်စီလာသုံးတာက ယောင်းမျက်လုံး ကို ပိုကြီးလာအောင် မြင်ယောင်စေတဲ့နေရာမှာ အကူအညီ မဖြစ်ပါဘူး… ဒါပေမဲ့ ယောင်းမျက်ဝန်းကို သူများတွေ အကြည့်မှာ သိပ်အာရုံမစိုက်မိစေတဲ့အတွက် မျက်ဝန်းသေးတာကို ဖုံးကွယ်နိုင်ဖို့ အများကြီး အကူအညီ ဖြစ်ပါတယ်နော်… ကွန်စီလာကို ရွေးချယ်တဲ့နေရာမှာ ယောင်းအသားအရောင်ထက် ၁ ဆ ပိုဖြူတဲ့အရောင်ကို ရွေးချယ်ပေးဖို့ မမေ့ပါနဲ့ နော်…

  • အရောင်မရင့်တဲ့ အိုင်းရှဲဒိုးမျိုး ကို ရွေးချယ်ပေးပါ

အရောင်နုနုလေးတွေ ဖြစ်ဖြစ် အရောင်မနုမရင့် အိုင်းရှဲဒိုးမျိုး ဖြစ်ဖြစ် ယောင်းနှစ်သက်သလို ရွေးချယ် အသုံးပြုနိုင်ပါတယ်… အရောင်တောက်တောက် အိုင်းရှဲဒိုးတွေက မျက်ဝန်းဝိုင်းဝိုင်းလေးတွေ နဲ့ လိုက်ဖက်ပေမယ့် မျက်လုံးသေးတဲ့ ယောင်းတွေ အတွက်တော့ မလိုက်ဖက်တာ အမှန်ပါ…

အလင်းပြန်စေချင်တဲ့နေရာတွေ အတွက် အရောင်လင်းလင်းလေးတွေ ရွေးသုံးပေးပါ… မျက်ကွင်းညိုတယ် ဆိုရင် အရောင်လင်းလင်းလေး ( ဥပမာ – ငွေရောင် ) သုံးပေးတာမျိုး ၊ မျက်ခွံ ရဲ့ အလည်တည့်တည့်ကို အရောင်လင်းလင်းလေး သုံးပေးတာမျိုးပေါ့…

လိမ်းခြယ်ပုံကတော့ ပထမဆုံး ယောင်းမျက်လုံး အလည်တည့်တည့်မှာ အိုင်းရှဲဒိုးကို Brush လေးသုံးပြီး မျက်ခွံအရှေ့ဘက်ကို ဆွဲပေးလိုက်ပါ… နောက်တစ်ခေါက် အိုင်းရှဲဒိုးကို Brush လေးနဲ့ပဲ နည်းနည်း ထပ်ယူပြီးတော့ ပိုနေတာတွေကို လက်မှာ တစ်ချက် နှစ်ချက်ခေါက်ပြီး ခါလိုက်ပါ… ပြီးရင် မျက်ခွံ ရဲ့ အလည်တည့်တည့်မှာ ထပ်ပြီး တင်ပေးပါ… ဒီနေရာမှာတော့ မျက်ခွံအရှေ့ ပိုင်းအထိ ထပ်ဆွဲဖို့ မလိုတော့ပါဘူး… Shimmer အမျိုးအစားပဲ ဖြစ်ဖြစ် Matte အမျိုးအစားပဲ ဖြစ်ဖြစ် ယောင်းကြိုက်နှစ်သက်ရာ ကို ရွေးသုံးနိုင်ပါတယ်… အဓိကတော့ အရောင်ဖျော့တဲ့ အိုင်ရှဲဒိုး ဖြစ်ဖို့ ပဲလိုတာပါ…

Related Article >>> သဘာဝဆန်ပြီး ပေါ့ပါးလှပတဲ့ Nude Make-up လိမ်းခြယ်နည်း အဆင့်ဆင့်

  • Upper Waterline မှာ အိုင်းလိုင်နာ ဆွဲရအောင်

ဒီနည်း က ကိုရီးယားမိတ်ကပ်ပညာရှင် အများစု သုံးတဲ့နည်းလမ်းလေးပါ… အက်ဒ်မင် ကို အဲ့နည်းလေး သင်ပေးတာ က အက်ဒ်မင် ညီမလေးပါ… သူက အက်ဒ်မင်ထပ်တောင် အိုင်းလိုင်နာ ဆိုးတာ ကျွမ်းသေးတယ်… မျက်လုံးထဲမှာ အိုင်းလိုင်နာ ဆိုးထားမှန်းတောင် မသိသာစေရတော့ သဘာဝကျကျ လှမယ် ဆိုတာ ပိုပြီး သေချာတာပေါ့…

အိုင်းလိုင်နာအရည် ကိုတော့ အသုံးပြုလို့ မရပါဘူး… မျက်ဝန်း အတွင်းနဲ့ မျက်တောင်ကြားထဲ က နေရာလေးမှာ ဆွဲတာဆိုတော့ ခဲတံအမျိုးအစား သို့ မဟုတ် gel အမျိုးအစား အိုင်းလိုင်နာ ကို ရွေးချယ်ပြီး သုံးပေးပါ…

ယောင်းက သဘာဝဆန်ဆန်လေးပဲ လိုချင်တယ်ဆိုရင် အညိုရောင် အိုင်းလိုင်နာ ကို ရွေးပေးပါ… မဟုတ်ဘူး မျက်လုံးလေး ပိုထင်းထင်းလေး ဖြစ်ချင်တာ ဆိုရင်တော့ အမည်းရောင် အိုင်းလိုင်နာ ကို ရွေးပေးပါနော်…

  • အောက်မျက်ခမ်းမှာ အိုင်းလိုင်နာ ဆိုးခြင်း

ယောင်း အောက်မျက်ခမ်းမှာ အိုင်းလိုင်နာ ဆိုးချင်တဲ့အချိန် သတိထားရမှာ တစ်ခု က မျက်တောင် အပြင်ပိုင်းလေးကပဲ လိမ်းချယ်ပေးပါ… အရမ်းကြီး အပြင်ကိုလည်း မရောက်သွားပါစေနဲ့ …ဆွဲပြီးတာ နဲ့ တစ်ပြိုင်နက် Smudger ( သို့ မဟုတ် ) Brush ကို သုံးပြီး ဖြန့် ပေးပါ… အတတ်နိုင်ဆုံး မျက်တောင်နားကပ်ဆွဲပေးပါ… အဆုံးမှာတော့ ယောင်းလိုချင်သလို အိုင်းလိုင်နာ နည်းနည်း ထူထူနဲ့ အဆုံးသတ်ပေးဖို့ လည်း ရပါတယ်…

  • မျက်တောင်ကော့ကော့တစ်စုံ

မျက်တောင်ကော့တဲ့ကိရိယာ က မိန်းခလေးတစ်ယောက်အတွက် အရေးကြီးတဲ့ ပစ္စည်း တစ်ခု ဆိုရင် မမှားပါဘူး… မျက်တောင်အဖျားလေးတင် ကော့တာမျိုး မဟုတ်ပဲ အရင်းကနေ စပြီး ကော့နေအောင် လှပနေအောင် ဒီမျက်တောင်ကော့တဲ့ ကိရိယာလေး က အကူအညီပေးမှာပါ…

  • အသားရောင်အိုင်းလိုင်နာ

သဘာဝကျကျ နဲ့ မျက်ဝန်းကျယ်ကျယ်လို့ မြင်အောင်လုပ်တဲ့နေရာမှာ အသားရောင် အိုင်းလိုင်နာ တစ်ချောင်း က မရှိ မဖြစ်လိုအပ်ပါတယ်… မိန်းခလေး အများစု အထင်မှားနေတာ က အမည်းရောင် အိုင်းလိုင်နာ က ယောင်းမျက်ဝန်း ကို ပိုကြီးသယောင် ထင်စေတယ် ဆိုပြီးတော့ပါ… တကယ်တော့ အမည်းရောင်အိုင်းလိုင်နာ က ယောင်းမျက်ဝန်း ကို ပိုသေးသယောင်ယောင် ဖြစ်စေတာပါ… အဲ့ဒီတော့ အသားရောင် အိုင်းလိုင်နာ တစ်ချောင်း ကို အမြန်သွားဝယ်လိုက်ဖို့ မမေ့ပါနဲ့ နော်…

  • အကောင်းဆုံး မျက်တောင်ကော့ဆေး

မျက်တောင်ကော့ဆေးကောင်းကောင်း တစ်ခု က ယောင်းမျက်ဝန်း အလှ အတွက် အရေးပါတဲ့နေရာ ကနေ ပါဝင်နေပါတယ်… ကောင်းမွန်တဲ့ မျက်တောင်ကော့ဆေး က ယောင်းမျက်လုံး လေး ပိုဝိုင်းစက် နေစေပြီးတော့ မျက်တောင်လေးတွေ ကို ပိုထူသယောင်ယောင် ဖြစ်စေနိုင်တာပါ…

  • Crease area ကို contour လုပ်ပေးပါ

မျက်ဝန်း ရဲ့ အလည်ဗဟို ရဲ့ ဘေးတစ်ဖက်တစ်ချက် ကို crease area ဆိုပြီး သိကြပါတယ်… မျက်ဝန်း သေးသေးလေး ကို ပိုင်ဆိုင်ထားတဲ့ ယောင်းတို့ ကတော့ မျက်ဝန်းရဲ့  အပြင်ဘက်ခြမ်း ( နှာခေါင်းဘက် က crease area မဟုတ်ပါ ) ကို contour လုပ်ပေးရမှာပါ… ဥပမာ – အညိုရောင် အိုင်းရှဲဒိုး ကို သုံးပြီးတော့ အပြင်ပိုင်း crease area ကို contour လုပ်ပေးနိုင်ပါတယ်… ပြီးရင် သေချာလေးတော့ blend လုပ်ပေးဖို့ တော့ မမေ့ပါနဲ့ …

  • Inner Corner ကို Shimmer လေး နဲ့ အရောင်တင်ပေးပါ

Highlighter သို့ မဟုတ် Shimmer eyeshadow ကို အသုံးပြုပြီးတော့ မျက်ဝန်း အတွင်းထောင့်လေး ကို လိမ်းပေးပါ… ဒီ မိတ်ကပ်နည်းလေး က ယောင်း ကို လူငယ်ဆန်ပြီး လှပနေစေမှာ အမှန်ပါပဲ ….

သူ့ ကို လိမ်းခြယ်နည်း နှစ်မျိုးရှိပါတယ်… တစ်မျိုးကတော့ သေချာ blending လုပ်ပြီးတော့ သွက်လက် လန်းဆန်းနေတဲ့ပုံစံ ပါ… နောက်တစ်မျိုး ကတော့ သေချာ blend မလုပ်ထားပဲ ဒီအတိုင်းလေးပဲ မျက်လုံး ကို တောက်ပနေတဲ့ ပုံရိပ်ပေါက်နေအောင် လုပ်တာမျိုးပါ…

  • သတိထားရန် အချက်များ

အမဲရောင် ၊ မီးခိုးရောင် လို အရောင်မျိုး ကို လုံးဝ ရှောင်ပါ။

Crease area အတွက် အညိုရောင် ဖျော့ဖျော့ ကို သုံးပေးပါ။

အိုင်းလိုင်နာ အများကြီး မသုံးပါနဲ့ ။

မျက်တောင်ကော့ကော့တွေ က ယောင်းမျက်ဝန်း ကို ပိုကျယ်သယောင်ထင်စေရပါတယ် မျက်တောင်ကော့ဆေး ကို သေချာပေါက်သုံးပေးပါ။

မျက်တောင်တုတပ်ပေးမယ် ဆိုရင် အကောင်းဆုံးပါ။

မျက်လုံး area ကို eye mask လေး နဲ့ ပေါင်းတင်ဖို့ မမေ့ပါနဲ့ ။

မျက်လုံးနီလာတယ် ဆိုရင် ဆရာဝန်နဲ့ အရင်ပြပါ။

အခုဆိုရင် မျက်ဝန်းသေးသေးလေး ပိုင်ဆိုင်ထားတဲ့ ယောင်းတွေလည်း မျက်လုံးလေး ဝိုင်းစက်စက် နဲ့ သမင်မျက်လုံးအသွင်ပေါက်အောင် ပြင်ဆင်လို့ ရပြီဆိုတော့ ပိုလှသွားပြီပေါ့… ချစ်ရတဲ့ယောင်းတွေ အခုထက် ပိုပြီး ပိုပြီး လှနိုင်ပါစေ… ပြီးတော့ မျက်ဝန်းသေးသေး ပိုင်ရှင်ယောင်းလေးတွေ လည်း စိတ်အားမငယ်ပါနဲ့ နော်… ကိုယ်က ကိုရီးယားမလေး တွေ လို တရုတ်မလေးတွေလို မျက်လုံးမျိုး ကို ပိုင်ဆိုင်ထားတာပဲလေနော်…

Akari ( For Her Myanmar )

Source – http://www.stylecraze.com/articles/tips-and-tricks-to-make-small-eyes-appear-bigger/?utm_source=facebook&utm_medium=referral&utm_campaign=240817hsorgD

Leave a Reply

Your email address will not be published. Required fields are marked *