Beauty

မိတ္ကပ္မလိမ္းထားသလို ထင္ရတဲ့ မိတ္ကပ္ပံုစံရေအာင္ ျပင္တဲ့အခါ သိထားရမယ့္ အခ်က္ (၆)ခ်က္

မိတ္ကပ္ ေလွ်ာ့လိုက္ရင္ ရၿပီမလား.. လြယ္လြယ္ေလးပါလို႔ေတာ့ မထင္ေစခ်င္… 😛

မိတ္ကပ္ေတာ့ အျပည့္ လိမ္းထားပါရဲ႕… ဒါေပမဲ့ ‘ဟင့္အင္း ငါကဒီေန႔ဘာဆိုဘာမွကို ျပင္မလာတာ’ ဆိုၿပီး ဂ်င္းတိုင္း ေအာင္ျမင္ဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ဘူးေနာ္…  မိတ္ကပ္ပါးပါးေလးနဲ႔ ညက္ညက္ေလးျဖစ္ေနတာကို သေဘာက်တယ္ ဟုတ္? ဒါေပမဲ့ အဲဒီ ပါးပါးညက္ညက္ အရမ္းေပါ့ပါးတဲ့ မိတ္ကပ္ပံုစံက ခါတိုင္းျပင္ေနက် မိတ္ကပ္အထူႀကီးေတြထက္ ျပင္ရခက္တယ္ဆိုတာ ယံုၾကမလားဟင္?

ဘာလို႔လဲဆိုေတာ့ အဲဒီမိတ္ကပ္ပံုစံမွာ ကိုယ့္ပင္ကိုယ္အသားအေရကိုက ဒီလိုဝင္းဝင္းေလးနဲ႔ အျပစ္အနာအဆာမရွိ လွေနတဲ့ပံုေပါက္ေအာင္ ျပင္ရမွာ မဟုတ္လား 😛 ကဲ ဒါဆို ဒီလို ဂ်င္းသိပ္ဖို႔ အဲေလ.. သဘာဝအတိုင္း ညက္ညက္ေျပာင္ေျပာင္ေလး လွေနဖို႔ သတိထားသင့္တဲ့ အခ်က္ေတြကို အရင္ေလ့လာၾကည့္ၾကမယ္ေနာ္…

(၁) ကိုယ့္အသားအေရကို တတ္ႏို္င္သေလာက္ ေကာင္းေအာင္ထားပါ။

တျခားမိတ္ကပ္အျပင္အဆင္ေတြမွာ ေအာက္ခံအသားအေရ ဘယ္ေလာက္ပဲ မေကာင္းမေကာင္း မိတ္ကပ္နဲ႔ ဖံုးပစ္လိုက္တာမ်ိဳး၊ အျပည့္အဝဖံုးေပးႏိုင္တဲ့ မိတ္ကပ္သံုးလိုက္တာမ်ိဳး လုပ္လိုက္လို႔ရေပမဲ့ ဒီမိတ္ကပ္ပံုစံမွာေတာ့ တတ္ႏိုင္သေလာက္မိတ္ကပ္ကို ေလွ်ာ့ၿပီးသံုးရမွာမို႔ ကိုယ့္အသားအေရက အရမ္းသိသိသာသာဆိုးရြားေနရင္ မိတ္ကပ္ကြက္သလို ျဖစ္သြားတတ္တာမို႔ ေရမ်ားမ်ားေသာက္၊ အသီးအရြက္မ်ားမ်ားစားၿပီး ဝမ္းမခ်ဳပ္ေအာင္ အစားအေသာက္ဆင္ျခင္ရင္း အသားအေရကို ဂရုစိုက္ေပးရပါမယ္ ေယာင္းတို႔ေရ…

(၂) မိတ္ကပ္အရည္ကို အသားအေရာင္နဲ႔ တစ္ထပ္တည္း က်ေစမယ့္ အေရာင္၊ အမ်ိဳးအစားကိုေရြးပါ။

ေဖာင္ေဒးရွင္းေပါ့ေနာ္။ ခါတိုင္းလည္း အသားအေရာင္နဲ႔ တစ္ထပ္တည္းက်တာ ေရြးရတယ္ဆိုေပမဲ့ အခုက လံုးဝတစ္ထပ္တည္းအျပင္ အရမ္းမထူတာရယ္၊ အစိုဓာတ္ကို အေျခခံထားတဲ့ (water based, oil based) အမ်ိဳးအစားေတြကို ေရြးခ်ယ္ရပါမယ္။

မိတ္ကပ္အရည္ လိမ္းတဲ့အခါမွာလည္း မိတ္ကပ္ေဖာ့တံုးကို ေရေလးဆြတ္ၿပီး ျဖည္းျဖည္းခ်င္း ပုတ္လိမ္းေပးပါ။ မိတ္ကပ္မလိမ္းခင္မွာလည္း ေရဓာတ္ျဖည့္ခရင္မ္ကို မ်ားမ်ားေလး စိုအိေနေအာင္ လိမ္းေပးပါ.. ဒါက အေရးႀကီးတယ္ေနာ္..

Related Article >>> မိတ္ကပ္ပံုစံကို လိုက္ၿပီး ေရြးခ်ယ္ႏိုင္ေစဖို႔ အေျခခံ မိတ္ကပ္ဖ်က္ေဆး (၄)မ်ိဳး

(၃) ကြန္ဆီလာကို လိမ္းျဖစ္ေအာင္လိမ္းပါ။

အနီကြက္ေတြ၊ မ်က္ႏွာက အမည္းစက္ေတြနဲ႔ အသိသာဆံုးျဖစ္တဲ့ မ်က္ကြင္းညိဳတာေတြကို ဖံုးဖို႔က မိတ္ကပ္တစ္ခုတည္းနဲ႔ အဆင္မေျပပါဘူး။ ကြန္ဆီလာကို သံုးျဖစ္ေအာင္ သံုးရမွာပါ။ ကြန္ဆီလာသံုးတဲ့အခါမွာလည္း ပမာဏကို သံုးေနက်ထက္ ေလွ်ာ့့ၿပီး အသားအေရာင္ထက္ တစ္ဆင့္ပဲျဖဴတဲ့ အေရာင္ကို သံုးရမွာပါ။ အထဲက အရည္ကလည္း မပ်စ္မက်ဲအေနအထား ျဖစ္ေနရမွာျဖစ္ၿပီး မိတ္ကပ္သားအရမ္းမထူတဲ့ အမ်ိဳးအစားပဲ ျဖစ္ေနရပါမယ္။

(၄) ဖုန္ဖုန္ႀကီးျဖစ္သြားေစမယ့္ ေပါင္ဒါအမ်ိဳးအစား မိတ္ကပ္ပစၥည္းကို လံုးဝမသံုးပါနဲ႔။

ဒီမိတ္ကပ္ပံုစံနဲ႔ အဓိကရည္ရြယ္ခ်က္က ၁၂ နာရီေလာက္ လံုလံုေလာက္ေလာက္ အိပ္ထားၿပီး ေရဓာတ္အျပည့္ရထားတဲ့ ၾကည္လင္ရွင္းသန္႔ၿပီး ေတာက္ေတာက္ပပ ေအာက္ခံမ်က္ႏွာအသားအေရကို ျပခ်င္တာေလ ေနာ္..  ဒါေၾကာင့္ မ်က္ႏွာကို မိတ္ကပ္လိမ္းထားတာ သိသာေစတဲ့ ေပါင္ဒါအမ်ိဳးအစား မိတ္ကပ္ပစၥည္းေတြကို မသံုးသင့္ပါဘူး ေယာင္းေရ… ဥပမာ ပါးနီဆိုရင္လည္း ခရင္မ္၊ ဂ်ယ္လ္၊ အရည္ စသည္ျဖင့္ ညက္ညက္ေလးျဖစ္ေစမယ့္ အမ်ိဳးအစားကိုပဲ အစားထိုးသံုးသင့္ပါတယ္။

(၅) မ်က္ခံုးကို ခဲနဲ႔အမ်ားႀကီးမဆြဲဘဲ ပံုသြင္းရံုေလာက္ပဲ လုပ္ပါ။

ပံုမွန္မ်က္ခံုးေမြးရွိတဲ့ ေယာင္းေတြဆိုရင္ တိတိက်က်ႀကီး ဆြဲေနတာမ်ိဳးမလုပ္ဘဲ မ်က္ခံုးျခစ္တံေလးနဲ႔ ညီညီညာညာျဖစ္သြားေအာင္ ၿဖီးလိုက္တာမ်ိဳးေလာက္ဆို အဆင္ေျပပါၿပီ။ မ်က္ခံုးေမြး မရွိတဲ့ ေယာင္းေတြကေတာ့ ေပါင္ဒါေလာက္နဲ႔ နည္းနည္းပါးပါး ဟိုျခစ္ ဒီျခစ္ လုပ္လိုက္ရံုနဲ႔ အဆင္ေျပပါၿပီ။ မ်က္ခံုးနည္းတူ မ်က္ေတာင္ကိုလည္း ေကာ့ေဆးမသံုးဘဲ ေကာ့တဲ့စက္ေလာက္နဲ႔ပဲ ေကာ့လိုက္ရင္ ရပါၿပီ။

Related Article >>> မိတ္ကပ္လိမ္းတဲ့ ေန႔ေတြအတြက္ မ်က္ႏွာသန္႔စင္နည္း အဆင့္ဆင့္

(၆) အေရာင္ေတြကို နည္းႏို္င္သမွ်နည္းေအာင္ ေလွ်ာ့ခ်ပါ။

မ်က္ႏွာမွာ မိတ္ကပ္လိမ္းထားတယ္ဆိုေပမဲ့ ကိုယ္က သဘာဝ မ်က္ႏွာေလးအတိုင္း ရေအာင္၊ မိတ္ကပ္ မပါသေယာင္ လိမ္းထားတာမဟုတ္လား… ဒီေတာ့ အျမင္အရ မိတ္ကပ္က်ေတာ့ နည္းနည္းေလး လိမ္းၿပီး ရဲရဲေတာက္ ႏႈတ္ခမ္း၊ ကာလာစံု မ်က္လံုးနဲ႔ဆို ဘယ္လိုမွ အဆင္မေျပပါဘူးေနာ္.. အဲဒါေၾကာင့္ ကိုယ္က မိတ္ကပ္ကို မရွိသေလာက္ထိ ေဖ်ာ့ခ်လိုက္ၿပီဆိုရင္ တျခား တစ္မ်က္ႏွာလံုးမွာရွိတဲ့ အေရာင္ေတြကိုလည္း ေလွ်ာ့ခ်မွ ရပါလိမ့္မယ္။ ဒါမွ သဘာဝမ်က္ႏွာေလးနဲ႔ အိုေကမွာ စိုျပည္မွာေပါ့။

အခုဆိုရင္ေတာ့ သတိထားရမယ့္ အခ်က္ေတြကို ေလ့လာၿပီးတဲ့အျပင္ မိတ္ကပ္လိမ္းတဲ့နည္းပါ ပါထားတယ္ဆိုေတာ့ ေယာင္းတို႔အတြက္ အဆင္ေျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္..

ႏွင္းခ်စ္တဲ့ေယာင္းေယာင္းေလးေတြ လွသည္ထက္လွႏိုင္ၾကပါေစလို႔။

Hnin Ei Oo (For Her Myanmar)

Reference Links : stylecaster, glamour

<<< Unicode >>>

မိတ်ကပ် လျှော့လိုက်ရင် ရပြီမလား.. လွယ်လွယ်လေးပါလို့တော့ မထင်စေချင်… 😛

မိတ်ကပ်တော့ အပြည့် လိမ်းထားပါရဲ့… ဒါပေမဲ့ ‘ဟင့်အင်း ငါကဒီနေ့ဘာဆိုဘာမှကို ပြင်မလာတာ’ ဆိုပြီး ဂျင်းတိုင်း အောင်မြင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်… မိတ်ကပ်ပါးပါးလေးနဲ့ ညက်ညက်လေးဖြစ်နေတာကို သဘောကျတယ် ဟုတ်? ဒါပေမဲ့ အဲဒီ ပါးပါးညက်ညက် အရမ်းပေါ့ပါးတဲ့ မိတ်ကပ်ပုံစံက ခါတိုင်းပြင်နေကျ မိတ်ကပ်အထူကြီးတွေထက် ပြင်ရခက်တယ်ဆိုတာ ယုံကြမလားဟင်?

ဘာလို့လဲဆိုတော့ အဲဒီမိတ်ကပ်ပုံစံမှာ ကိုယ့်ပင်ကိုယ်အသားအရေကိုက ဒီလိုဝင်းဝင်းလေးနဲ့ အပြစ်အနာအဆာမရှိ လှနေတဲ့ပုံပေါက်အောင် ပြင်ရမှာ မဟုတ်လား 😛 ကဲ ဒါဆို ဒီလို ဂျင်းသိပ်ဖို့ အဲလေ.. သဘာဝအတိုင်း ညက်ညက်ပြောင်ပြောင်လေး လှနေဖို့ သတိထားသင့်တဲ့ အချက်တွေကို အရင်လေ့လာကြည့်ကြမယ်နော်…

(၁) ကိုယ့်အသားအရေကို တတ်နိုင်သလောက် ကောင်းအောင်ထားပါ။

တခြားမိတ်ကပ်အပြင်အဆင်တွေမှာ အောက်ခံအသားအရေ ဘယ်လောက်ပဲ မကောင်းမကောင်း မိတ်ကပ်နဲ့ ဖုံးပစ်လိုက်တာမျိုး၊ အပြည့်အဝဖုံးပေးနိုင်တဲ့ မိတ်ကပ်သုံးလိုက်တာမျိုး လုပ်လိုက်လို့ရပေမဲ့ ဒီမိတ်ကပ်ပုံစံမှာတော့ တတ်နိုင်သလောက်မိတ်ကပ်ကို လျှော့ပြီးသုံးရမှာမို့ ကိုယ့်အသားအရေက အရမ်းသိသိသာသာဆိုးရွားနေရင် မိတ်ကပ်ကွက်သလို ဖြစ်သွားတတ်တာမို့ ရေများများသောက်၊ အသီးအရွက်များများစားပြီး ဝမ်းမချုပ်အောင် အစားအသောက်ဆင်ခြင်ရင်း အသားအရေကို ဂရုစိုက်ပေးရပါမယ် ယောင်းတို့ရေ…

(၂) မိတ်ကပ်အရည်ကို အသားအရောင်နဲ့ တစ်ထပ်တည်း ကျစေမယ့် အရောင်၊ အမျိုးအစားကိုရွေးပါ။

ဖောင်ဒေးရှင်းပေါ့နော်။ ခါတိုင်းလည်း အသားအရောင်နဲ့ တစ်ထပ်တည်းကျတာ ရွေးရတယ်ဆိုပေမဲ့ အခုက လုံးဝတစ်ထပ်တည်းအပြင် အရမ်းမထူတာရယ်၊ အစိုဓာတ်ကို အခြေခံထားတဲ့ (water based, oil based) အမျိုးအစားတွေကို ရွေးချယ်ရပါမယ်။

မိတ်ကပ်အရည် လိမ်းတဲ့အခါမှာလည်း မိတ်ကပ်ဖော့တုံးကို ရေလေးဆွတ်ပြီး ဖြည်းဖြည်းချင်း ပုတ်လိမ်းပေးပါ။ မိတ်ကပ်မလိမ်းခင်မှာလည်း ရေဓာတ်ဖြည့်ခရင်မ်ကို များများလေး စိုအိနေအောင် လိမ်းပေးပါ.. ဒါက အရေးကြီးတယ်နော်..

Related Article >>> မိတ်ကပ်ပုံစံကို လိုက်ပြီး ရွေးချယ်နိုင်စေဖို့ အခြေခံ မိတ်ကပ်ဖျက်ဆေး (၄)မျိုး

(၃) ကွန်ဆီလာကို လိမ်းဖြစ်အောင်လိမ်းပါ။

အနီကွက်တွေ၊ မျက်နှာက အမည်းစက်တွေနဲ့ အသိသာဆုံးဖြစ်တဲ့ မျက်ကွင်းညိုတာတွေကို ဖုံးဖို့က မိတ်ကပ်တစ်ခုတည်းနဲ့ အဆင်မပြေပါဘူး။ ကွန်ဆီလာကို သုံးဖြစ်အောင် သုံးရမှာပါ။ ကွန်ဆီလာသုံးတဲ့အခါမှာလည်း ပမာဏကို သုံးနေကျထက် လျှော့ပြီး အသားအရောင်ထက် တစ်ဆင့်ပဲဖြူတဲ့ အရောင်ကို သုံးရမှာပါ။ အထဲက အရည်ကလည်း မပျစ်မကျဲအနေအထား ဖြစ်နေရမှာဖြစ်ပြီး မိတ်ကပ်သားအရမ်းမထူတဲ့ အမျိုးအစားပဲ ဖြစ်နေရပါမယ်။

(၄) ဖုန်ဖုန်ကြီးဖြစ်သွားစေမယ့် ပေါင်ဒါအမျိုးအစား မိတ်ကပ်ပစ္စည်းကို လုံးဝမသုံးပါနဲ့။

ဒီမိတ်ကပ်ပုံစံနဲ့ အဓိကရည်ရွယ်ချက်က ၁၂ နာရီလောက် လုံလုံလောက်လောက် အိပ်ထားပြီး ရေဓာတ်အပြည့်ရထားတဲ့ ကြည်လင်ရှင်းသန့်ပြီး တောက်တောက်ပပ အောက်ခံမျက်နှာအသားအရေကို ပြချင်တာလေ နော်.. ဒါကြောင့် မျက်နှာကို မိတ်ကပ်လိမ်းထားတာ သိသာစေတဲ့ ပေါင်ဒါအမျိုးအစား မိတ်ကပ်ပစ္စည်းတွေကို မသုံးသင့်ပါဘူး ယောင်းရေ… ဥပမာ ပါးနီဆိုရင်လည်း ခရင်မ်၊ ဂျယ်လ်၊ အရည် စသည်ဖြင့် ညက်ညက်လေးဖြစ်စေမယ့် အမျိုးအစားကိုပဲ အစားထိုးသုံးသင့်ပါတယ်။

(၅) မျက်ခုံးကို ခဲနဲ့အများကြီးမဆွဲဘဲ ပုံသွင်းရုံလောက်ပဲ လုပ်ပါ။

ပုံမှန်မျက်ခုံးမွေးရှိတဲ့ ယောင်းတွေဆိုရင် တိတိကျကျကြီး ဆွဲနေတာမျိုးမလုပ်ဘဲ မျက်ခုံးခြစ်တံလေးနဲ့ ညီညီညာညာဖြစ်သွားအောင် ဖြီးလိုက်တာမျိုးလောက်ဆို အဆင်ပြေပါပြီ။ မျက်ခုံးမွေး မရှိတဲ့ ယောင်းတွေကတော့ ပေါင်ဒါလောက်နဲ့ နည်းနည်းပါးပါး ဟိုခြစ် ဒီခြစ် လုပ်လိုက်ရုံနဲ့ အဆင်ပြေပါပြီ။ မျက်ခုံးနည်းတူ မျက်တောင်ကိုလည်း ကော့ဆေးမသုံးဘဲ ကော့တဲ့စက်လောက်နဲ့ပဲ ကော့လိုက်ရင် ရပါပြီ။

Related Article >>> မိတ်ကပ်လိမ်းတဲ့ နေ့တွေအတွက် မျက်နှာသန့်စင်နည်း အဆင့်ဆင့်

(၆) အရောင်တွေကို နည်းနိုင်သမျှနည်းအောင် လျှော့ချပါ။

မျက်နှာမှာ မိတ်ကပ်လိမ်းထားတယ်ဆိုပေမဲ့ ကိုယ်က သဘာဝ မျက်နှာလေးအတိုင်း ရအောင်၊ မိတ်ကပ် မပါသယောင် လိမ်းထားတာမဟုတ်လား… ဒီတော့ အမြင်အရ မိတ်ကပ်ကျတော့ နည်းနည်းလေး လိမ်းပြီး ရဲရဲတောက် နှုတ်ခမ်း၊ ကာလာစုံ မျက်လုံးနဲ့ဆို ဘယ်လိုမှ အဆင်မပြေပါဘူးနော်.. အဲဒါကြောင့် ကိုယ်က မိတ်ကပ်ကို မရှိသလောက်ထိ ဖျော့ချလိုက်ပြီဆိုရင် တခြား တစ်မျက်နှာလုံးမှာရှိတဲ့ အရောင်တွေကိုလည်း လျှော့ချမှ ရပါလိမ့်မယ်။ ဒါမှ သဘာဝမျက်နှာလေးနဲ့ အိုကေမှာ စိုပြည်မှာပေါ့။

အခုဆိုရင်တော့ သတိထားရမယ့် အချက်တွေကို လေ့လာပြီးတဲ့အပြင် မိတ်ကပ်လိမ်းတဲ့နည်းပါ ပါထားတယ်ဆိုတော့ ယောင်းတို့အတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..

နှင်းချစ်တဲ့ယောင်းယောင်းလေးတွေ လှသည်ထက်လှနိုင်ကြပါစေလို့။

Hnin Ei Oo (For Her Myanmar)

Reference Links : stylecaster, glamour

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *