Beauty

တစ္ေနကုန္ ျပစ္မ်ိဳးမွဲ႕မထင္မိတ္ကပ္ျဖစ္ဖို႔အတြက္ ေရွာင္ရန္၊ ေဆာင္ရန္အခ်က္မ်ား

‘မဖတ္ၾကည့္ရင္ေတာ့ ေသခ်ာေပါက္ ေနာင္တရေတာ့မယ္ကြာ…’

တစ္ေနကုန္ ေနပူထဲေခၽြးတစ္လံုးလံုးနဲ႔ ေျပးလႊားသြားလာေနရလို႔ မိတ္ကပ္မၿမဲသည္ျဖစ္ေစ အဲယားကြန္းခန္းထဲမွာ သာသာယာယာေလး ထိုင္ေနရေပမဲ့ အဆီအရမ္းျပန္လို႔ ျဖစ္ေစ မိတ္ကပ္ေတြအကြက္လိုက္ျဖစ္တတ္တဲ့ ျပႆနာက ဒီလိုရာသီဥတု၊ အစားအေသာက္ျပႆနာမ်ားတဲ့ ႏိုင္ငံမ်ိဳးမွာအျဖစ္မ်ားမယ္ထင္တယ္။ ဒါေပမဲ့လည္း ျဖစ္သမွ်အေၾကာင္းအေကာင္းဆိုေတာ့လည္း မျဖစ္ျဖစ္တဲ့နည္းနဲ႔ အေျဖရွာရမွာေပါ့ကြယ္။ ဒါေၾကာင့္ ႏွင္းက တစ္ေနကုန္ မပ်က္မကြက္ဘဲ လံုးဝလံုးဝ ေနရာမေရြ႕တဲ့မိတ္ကပ္အျပင္အဆင္ေလးျဖစ္ေအာင္ ေဆာင္ရန္ေရွာင္ရန္ေလးေတြေျပာျပမယ္ဆို အဇမ္းေတြမ်ားစိတ္ဆိုးသြားမလား ေယာင္းတို႔ေရ… ေစ့ဆိုးလည္းမတတ္ႏိုင္ဘူး ေရးဆ်ာရွိတာေတာ့ေရးရမွာပဲ အယ္လဲ့ 😝😝

(၁) မိတ္ကပ္ေအာက္ခံသံုးပါ။

ဒါကေတာ့ေလ ေတြ႔တိုင္းေျပာတယ္၊ သတိရတိုင္းလည္းထည့္ေျပာတယ္ ေနာက္လည္း အခါအခြင့္သင့္သလိုကို ေျပာေနရဦးမွာပဲ။ မိတ္ကပ္ၿမဲဖို႔ဆိုတာ ပင္ကိုယ္အသားအေရေကာင္းဖို႔အေရးႀကီးသလို အကယ္၍ ခ်ိဳ႕ယြင္းခ်က္တစ္ခုခု ရွိေနတယ္ဆိုရင္လည္း အဲဒါေလးကိုတတ္ႏိုင္သေလာက္ျဖည့္ေပးဖို႔အတြက္ ဒီလိုအကူပစၥည္းေတြက အရမ္းကိုအေရးႀကီးပါတယ္။ ေနာက္ၿပီး ကိုယ္နဲ႔လိုက္ဖက္တဲ့ ေအာက္ခံကိုသံုးရင္ (ဥပမာ ေခၽြးေပါက္က်ယ္တဲ့ေယာင္းေတြက ေခၽြးေပါက္ေတြကိုျဖည့္ေပးမယ့္ Pore eraser တို႔၊ အသားေျခာက္တဲ့ေယာင္းေတြကလည္း မိတ္ကပ္သားကို ညက္တဲ့အျပင္ အသားအေရကိုပါ ေရဓာတ္ျဖည့္ေပးမယ့္ Aqua Primer ေလးသံုးေပးတာမ်ိဳး) စသည္ျဖင့္ သံုးေပးတဲ့အခါမွာ မိတ္ကပ္ကအရမ္းမၿမဲရင္ေတာင္ အရမ္းႀကီးကြက္ေနတာမ်ိဳး ျဖစ္ေတာ့မွာမဟုတ္ပါဘူးေနာ္။

(၂) မိတ္ကပ္အရည္ကို ေပါင္ဒါနဲ႔အေခ်ာသတ္ပါ။

အသားေျခာက္သည္ျဖစ္ေစ၊ အဆီျပန္သည္ျဖစ္ေစ မိတ္ကပ္အရည္ကို ဒီအတိုင္းပဲလိမ္းတဲ့အခါ ေျပာင္ေျပာင္ႀကီးနဲ႔ မိတ္ကပ္ကမညီမညာျဖစ္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ အကယ္၍ေယာင္းက အဆီျပန္တတ္တဲ့လူဆိုရင္ေတာ့ ေပါင္ဒါကို ေရွာင္ႏိုင္ေလေကာင္းေလမို႔ အေရာင္မပါတဲ့ ေပါင္ဒါအမႈန္႔ကို ဘရပ္ရွ္ခပ္ႀကီးႀကီးနဲ႔ နည္းနည္းပဲယူၿပီး မ်က္ႏွာအႏွံ႕ခပ္ပါးပါးေလး ပုတ္လိုက္တာက အဆင္ေျပေစပါလိမ့္မယ္။ (အသားလည္းအရမ္းမေျခာက္ေတာ့ဘူးေလ။)

Related Article >>> Collagen က ခႏၶာကိုယ္ကို ဘယ္လိုအက်ဳိးျပဳေနလဲ?

(၃) မွန္ကန္တဲ့ေဖာင္ေဒးရွင္းအမ်ိဳးအစားကိုေရြးပါ။

ဒါကေတာ့ရွင္းပါတယ္။ အဆီျပန္တဲ့လူက အဆီပါဝင္မႈႏႈန္းမ်ားတဲ့ ေဖာင္ေဒးရွင္းကိုေရြးရင္ အဆီျပင္ႀကီးျဖစ္ေနမွာျဖစ္သလို အသားေျခာက္တဲ့လူကလည္း အယ္လ္ကိုေဟာပါဝင္ၿပီး ေျခာက္ေသြ႔တဲ့အမ်ိဳးအစားကိုေရြးခ်ယ္ရင္ေတာ့ မိတ္ကပ္ကေျခာက္ေသြ႔အက္ကြဲေနမွာပါပဲ။ ဒါေၾကာင့္ မွန္ကန္တဲ့ေဖာင္ေဒးရွင္းအေရာင္ေရြးဖို႔ အေရးႀကီးသလို အမ်ိဳးအစားကလည္း မွန္ကန္ေနဖို႔က မျဖစ္မေနလိုအပ္တယ္ေနာ္။

(၄) မ်က္ႏွာကို တစ္ပတ္တစ္ခါေလာက္ ဆဲလ္အေသေတြဖယ္ရွားေပးပါ။

မ်က္ႏွာမွာ ဆဲလ္အေသေတြမ်ားေနရင္ မိတ္ကပ္လိမ္းရတာ အဆင္မေျပသလို အသားအေရမညီညာတဲ့ေနရာေတြမ်ားေနတာမို႔ မိတ္ကပ္ညီေအာင္ညွိဖို႔အတြက္ အရမ္းကိုခက္ခဲပါတယ္ေနာ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ေယာင္းေယာင္းေလးေတြ တစ္ပတ္မွာတစ္ခါ ဆဲလ္အေသေတြကိုဖယ္ရွားဖို႔အတြက္ Exfoliate လုပ္ဖို႔လံုးဝမေမ့ပါဘူးလို႔ ကတိေပး။

Related Article >>> အသားျဖဴဖို႔ကနံပါတ္ (၁) လား? ႏိုးးးး အသားအေရေကာင္းဖို႔က နံပါတ္ (၁) ပါေနာ္…

(၅) ေခၽြးထြက္တတ္တဲ့ အသားအေရပိုင္ရွင္ဆိုရင္ ေရစိုခံ၊ ေခၽြးစိုခံတဲ့ မိတ္ကပ္ကိုသံုးပါ။

တခ်ိဳ႕ေတြရွိတယ္ ငုတ္တုပ္ထိုင္ေနရင္းကို အဆီမျပန္ဘဲ ေခၽြးေတြျပန္ေနတာ။ အဲဒါမ်ိဳးက်ေတာ့ ေတာ္ရံု Matte အမ်ိဳးအစားနဲ႔ သိပ္အဆင္မေျပေတာ့ဘူးေလ။ အဲဒီအခါက်ရင္ေတာ့ ေရစိုခံ၊ ေခၽြးစိုခံတဲ့ ပစၥည္းမ်ိဳးသံုးမွ အဆင္ေျပမွာမို႔ ရဲရဲသာသံုးပါလို႔။ (မိတ္ကပ္ေတာ့ ေသခ်ာျပန္ဖ်က္ေပးေနာ္။ မဟုတ္ရင္ ေခၽြးေပါက္ပိတ္ၿပီး အဖုအထစ္ေတြ ထလာလိမ့္မယ္။)

ကဲ ဘာခက္လို႔တုန္း? ဒီအထဲမွာေရာ ခက္တဲ့အခ်က္ေတြပါလားေျပာ? ဒါမဲ့ေလ ေယာင္းေလးတို႔က အာ့လိုလြယ္လြယ္ေလးေတြကိုပဲ လိုက္မလုပ္ခ်င္တာက ျပႆနာ။ တစ္ေနကုန္လွခ်င္တယ္ဟုတ္? ဒါဆိုရင္ ဒီလိုအခ်က္ေလးေတြကိုလိုက္နာၿပီး ကိုယ့္အသားအေရကိုလည္း ေကာင္းေကာင္းဂရုစိုက္ရမယ္ေနာ္။ အာ့ဆိုရင္ ေနာက္တစ္ပုဒ္မွ ထပ္ေတြ႔ၾကမယ္လို႔ ခုေတာ့တာ့တာ။

Hnin Ei Oo (For Her Myanmar)

‘မဖတ်ကြည့်ရင်တော့ သေချာပေါက် နောင်တရတော့မယ်ကွာ…’

တစ်နေကုန် နေပူထဲချွေးတစ်လုံးလုံးနဲ့ ပြေးလွှားသွားလာနေရလို့ မိတ်ကပ်မမြဲသည်ဖြစ်စေ အဲယားကွန်းခန်းထဲမှာ သာသာယာယာလေး ထိုင်နေရပေမဲ့ အဆီအရမ်းပြန်လို့ ဖြစ်စေ မိတ်ကပ်တွေအကွက်လိုက်ဖြစ်တတ်တဲ့ ပြဿနာက ဒီလိုရာသီဥတု၊ အစားအသောက်ပြဿနာများတဲ့ နိုင်ငံမျိုးမှာအဖြစ်များမယ်ထင်တယ်။ ဒါပေမဲ့လည်း ဖြစ်သမျှအကြောင်းအကောင်းဆိုတော့လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ အဖြေရှာရမှာပေါ့ကွယ်။ ဒါကြောင့် နှင်းက တစ်နေကုန် မပျက်မကွက်ဘဲ လုံးဝလုံးဝ နေရာမရွေ့တဲ့မိတ်ကပ်အပြင်အဆင်လေးဖြစ်အောင် ဆောင်ရန်ရှောင်ရန်လေးတွေပြောပြမယ်ဆို အဇမ်းတွေများစိတ်ဆိုးသွားမလား ယောင်းတို့ရေ… စေ့ဆိုးလည်းမတတ်နိုင်ဘူး ရေးဆျာရှိတာတော့ရေးရမှာပဲ အယ်လဲ့

(၁) မိတ်ကပ်အောက်ခံသုံးပါ။

ဒါကတော့လေ တွေ့တိုင်းပြောတယ်၊ သတိရတိုင်းလည်းထည့်ပြောတယ် နောက်လည်း အခါအခွင့်သင့်သလိုကို ပြောနေရဦးမှာပဲ။ မိတ်ကပ်မြဲဖို့ဆိုတာ ပင်ကိုယ်အသားအရေကောင်းဖို့အရေးကြီးသလို အကယ်၍ ချို့ယွင်းချက်တစ်ခုခု ရှိနေတယ်ဆိုရင်လည်း အဲဒါလေးကိုတတ်နိုင်သလောက်ဖြည့်ပေးဖို့အတွက် ဒီလိုအကူပစ္စည်းတွေက အရမ်းကိုအရေးကြီးပါတယ်။ နောက်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ အောက်ခံကိုသုံးရင် (ဥပမာ ချွေးပေါက်ကျယ်တဲ့ယောင်းတွေက ချွေးပေါက်တွေကိုဖြည့်ပေးမယ့် Pore eraser တို့၊ အသားခြောက်တဲ့ယောင်းတွေကလည်း မိတ်ကပ်သားကို ညက်တဲ့အပြင် အသားအရေကိုပါ ရေဓာတ်ဖြည့်ပေးမယ့် Aqua Primer လေးသုံးပေးတာမျိုး) စသည်ဖြင့် သုံးပေးတဲ့အခါမှာ မိတ်ကပ်ကအရမ်းမမြဲရင်တောင် အရမ်းကြီးကွက်နေတာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူးနော်။

(၂) မိတ်ကပ်အရည်ကို ပေါင်ဒါနဲ့အချောသတ်ပါ။

အသားခြောက်သည်ဖြစ်စေ၊ အဆီပြန်သည်ဖြစ်စေ မိတ်ကပ်အရည်ကို ဒီအတိုင်းပဲလိမ်းတဲ့အခါ ပြောင်ပြောင်ကြီးနဲ့ မိတ်ကပ်ကမညီမညာဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အကယ်၍ယောင်းက အဆီပြန်တတ်တဲ့လူဆိုရင်တော့ ပေါင်ဒါကို ရှောင်နိုင်လေကောင်းလေမို့ အရောင်မပါတဲ့ ပေါင်ဒါအမှုန့်ကို ဘရပ်ရှ်ခပ်ကြီးကြီးနဲ့ နည်းနည်းပဲယူပြီး မျက်နှာအနှံ့ခပ်ပါးပါးလေး ပုတ်လိုက်တာက အဆင်ပြေစေပါလိမ့်မယ်။ (အသားလည်းအရမ်းမခြောက်တော့ဘူးလေ။)

Related Article >>> Collagen က ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုနေလဲ?

(၃) မှန်ကန်တဲ့ဖောင်ဒေးရှင်းအမျိုးအစားကိုရွေးပါ။

ဒါကတော့ရှင်းပါတယ်။ အဆီပြန်တဲ့လူက အဆီပါဝင်မှုနှုန်းများတဲ့ ဖောင်ဒေးရှင်းကိုရွေးရင် အဆီပြင်ကြီးဖြစ်နေမှာဖြစ်သလို အသားခြောက်တဲ့လူကလည်း အယ်လ်ကိုဟောပါဝင်ပြီး ခြောက်သွေ့တဲ့အမျိုးအစားကိုရွေးချယ်ရင်တော့ မိတ်ကပ်ကခြောက်သွေ့အက်ကွဲနေမှာပါပဲ။ ဒါကြောင့် မှန်ကန်တဲ့ဖောင်ဒေးရှင်းအရောင်ရွေးဖို့ အရေးကြီးသလို အမျိုးအစားကလည်း မှန်ကန်နေဖို့က မဖြစ်မနေလိုအပ်တယ်နော်။

(၄) မျက်နှာကို တစ်ပတ်တစ်ခါလောက် ဆဲလ်အသေတွေဖယ်ရှားပေးပါ။

မျက်နှာမှာ ဆဲလ်အသေတွေများနေရင် မိတ်ကပ်လိမ်းရတာ အဆင်မပြေသလို အသားအရေမညီညာတဲ့နေရာတွေများနေတာမို့ မိတ်ကပ်ညီအောင်ညှိဖို့အတွက် အရမ်းကိုခက်ခဲပါတယ်နော်။ ဒါကြောင့် ကိုယ့်ရဲ့ယောင်းယောင်းလေးတွေ တစ်ပတ်မှာတစ်ခါ ဆဲလ်အသေတွေကိုဖယ်ရှားဖို့အတွက် Exfoliate လုပ်ဖို့လုံးဝမမေ့ပါဘူးလို့ ကတိပေး။

Related Article >>> အသားဖြူဖို့ကနံပါတ် (၁) လား? နိုးးးး အသားအရေကောင်းဖို့က နံပါတ် (၁) ပါနော်…

(၅) ချွေးထွက်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ရေစိုခံ၊ ချွေးစိုခံတဲ့ မိတ်ကပ်ကိုသုံးပါ။

တချို့တွေရှိတယ် ငုတ်တုပ်ထိုင်နေရင်းကို အဆီမပြန်ဘဲ ချွေးတွေပြန်နေတာ။ အဲဒါမျိုးကျတော့ တော်ရုံ Matte အမျိုးအစားနဲ့ သိပ်အဆင်မပြေတော့ဘူးလေ။ အဲဒီအခါကျရင်တော့ ရေစိုခံ၊ ချွေးစိုခံတဲ့ ပစ္စည်းမျိုးသုံးမှ အဆင်ပြေမှာမို့ ရဲရဲသာသုံးပါလို့။ (မိတ်ကပ်တော့ သေချာပြန်ဖျက်ပေးနော်။ မဟုတ်ရင် ချွေးပေါက်ပိတ်ပြီး အဖုအထစ်တွေ ထလာလိမ့်မယ်။)

ကဲ ဘာခက်လို့တုန်း? ဒီအထဲမှာရော ခက်တဲ့အချက်တွေပါလားပြော? ဒါမဲ့လေ ယောင်းလေးတို့က အာ့လိုလွယ်လွယ်လေးတွေကိုပဲ လိုက်မလုပ်ချင်တာက ပြဿနာ။ တစ်နေကုန်လှချင်တယ်ဟုတ်? ဒါဆိုရင် ဒီလိုအချက်လေးတွေကိုလိုက်နာပြီး ကိုယ့်အသားအရေကိုလည်း ကောင်းကောင်းဂရုစိုက်ရမယ်နော်။ အာ့ဆိုရင် နောက်တစ်ပုဒ်မှ ထပ်တွေ့ကြမယ်လို့ ခုတော့တာ့တာ။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *