Blogger မမတွေလိုမျက်ဝန်းလှလှလေးရစေဖို့ မျက်တောင်တုတပ်နည်း
Beauty

Blogger မမတွေလိုမျက်ဝန်းလှလှလေးရစေဖို့ မျက်တောင်တုတပ်နည်း

မျက်တောင်တုက တစ်မျိုးတဲ ရှိတာလား။ မဟုတ်ပါဘူး။ မျက်လုံးပုံစံပေါ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

မင်္ဂလာပါ ယောင်းတို့ရေ
ဒီတစ်ခေါက် မျက်တောင်တု အကြောင်းလေး ပြောရအောင်နော်။ အမှန်ပြောရရင် မျက်တောင်တုဆိုတာ ဂျက်မင်အတွက်တော့ အလှမ်းဝေးတဲ့ မိတ်ကပ်ပစ္စည်းတစ်ခုပါပဲ။ အဲ့တာတင်မကသေးဘူး။
ဘယ်လို မျက်တောင်တုမျိုးတပ်ရမယ်၊ ဘယ်လိုတပ်ရမယ်မှန်းတောင် ဂျက်မင်တစ်ယောက်မသိခဲ့ဘူး။ ရှင်းရှင်းပြောရရင် မျက်တောင်တု တစ်မျိုးပဲ ရှိတယ်တောင် ထင်ခဲ့တာ ယောင်းတို့ရေ။ ဟီး။
တကယ်တမ်းကျ မျက်တောင်တုဆိုတာက မျက်လုံးပုံစံပေါ်လိုက်ပြီး ကွာပြားသေးပါတယ်တဲ့။
ဘယ်လိုမျက်လုံးမျိုးနဲ့ ဘယ်လိုမျက်တောင်တုလိုက်လဲဆိုတာ ဂျက်မင်လည်း ကိုယ့်အတွက်ကိုယ်ဖတ်ရင်း ယောင်းတို့ကို သတိရလို့ မျှဝေပေးလိုက်ပါတယ်နော်။

(၁) မျက်လုံးလေးတွေ ထင်ပေါ်နေချင်ရင်တော့ မျက်တောင်ခပ်စိတ်စိတ် မျက်တောင်ရှည်ရှည်ပါတဲ့ ဒီလို မျက်တောင်တုမျိုး ရွေးတာအကောင်းဆုံးပါပဲတဲ့။(၂) ယောင်းတို့က မျက်ဝန်းဝိုင်းဝိုင်းလေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့
ခပ်ချွန်ချွန် ခပ်ကျဲကျဲ မျက်တောင်ခပ်ကျဲကျဲ မျက်တောင်တုလေးတွေတပ်တာ
အလိုက်ဖက်ဆုံးပါပဲတဲ့လေ။

 

(၃) မျက်ခွံတွဲကျနေတဲ့ မျက်လုံးပိုင်ရှင်ယောင်းတို့ကတော့ အလယ်မှာ မျက်တောင်အရှည်ဆုံးဖြစ်တဲ့ မျက်တောင်တုမျိုးရွေးသင့်ပါတယ်တဲ့။


(၄) မျက်လုံးပေါက်ကျဉ်းကျဉ်းလေးတွေ ပိုင်ဆိုင်ထားတဲ့ယောင်းတို့ကတော့ မျက်တောင်တုအထူကြီးတွေ မတပ်သင့်ပါဘူးနော်။ နို့မဟုတ်ရင် သဘာဝမဆန်ဘဲ မျက်တောင်တုမှန်း သိသာနေပါလိမ့်မယ်။ ပုံမှာ ပြထားသလို မျက်တောင်တုမျိုးလေး ရွေးတပ်ပါ။(၅) မျက်လုံးအိမ်ရှည်မျောမျောပိုင်ရှင်ယောင်းတို့ကတော့ အရမ်းကံကောင်းပါတယ်နော်။ မျက်တောင်တု တော်တော်စုံစုံလင်လင်ကို စိတ်ကြိုက်တပ်လို့ လိုက်ပါတယ်တဲ့လေ။ ကံကောင်းလိုက်ကြတာနော်။
မျက်တောင်တု စိတ်ကြိုက်ရွေးပြီးလို့ တပ်တော့မယ်ဆိုရင် အောက်က အချက်လေးတွေကို သတိထားဖတ်ပေးနော်။ မျက်တောင်တုလေးတွေမတပ်ခင် မျက်တောင်လေးနဲ့ အရင်ကော့ပေးပါ။ တပ်ပြီးသွားရင်လည်း အပေါ်ကထပ်ကော့ပေးပါ။ ဒါမှ သဘာဝကျကျလေးနဲ့ မျက်တောင်အစစ်တွေနဲ့ ရောသွားမှာဖြစ်ပါတယ်။ ပြီးတော့ မျက်တောင်အစစ်လေးတွေနဲ့ ရောသွားတဲ့အထိ Mascara တံလေးနဲ့ကော့ပေးပါ။

မျက်တောင်တုလေးတွေကို ပြန်သိမ်းထားမယ်ဆိုရင်လည်း သန့်သန့်ရှင်းရှင်းလေး ပြန်သိမ်းနော်ယောင်းတို့ရေ။ မဟုတ်ရင် ဘက်တီးရီးယားပိုးတွေ မျက်လုံးထဲဝင်နိုင်ပါတယ်။

ယောင်းတို့အလှတွေ ပိုပြီးတိုးလာစေမယ့် နည်းလမ်းကောင်းလေးတွေကို နေ့စဉ်ဖတ်ချင်တယ်ဆိုရင်
See First လုပ်ထားဖို့ မမေ့နဲ့နော်။

ချစ်ခြင်းများစွာဖြင့်
Jasmine (For Her Myanmar)

Reference – http://www.instyle.com/beauty/eyes/how-pick-right-false-lash-eye-shape#1221671

Jasmine
ဂျက်မင်ကတော့ FHM မှာ အချစ်ရေးအချစ်ရာလေးတွေ အလှအပရေးရာလေးတွေ၊ ဖက်ရှင်အကြောင်းရာလေးတွေကို အဓိကထား ရေးတတ်တဲ့ အက်ဒမင်တစ်ယောက်ပါ။ အချစ်ရေးရာအကြောင်းလေးတွေကိုဆိုရင် ဂျက်မင်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ သူငယ်ချင်းတွေနေရာမှာ ရင်ဘတ်ကြီးအစားထိုးပြီးတော့လည်း ရေးတတ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *