Beauty Fashion & Beauty

အင်္ဂလန်​​ရောက်​မြန်​မာမ​လေးရဲ့အလှအပနဲ့ ဘဝနေထိုင်မှုပုံစံ

အင်္ဂလန်မှာနေတဲ့ ကိုယ့်သူငယ်ချင်း တအားလှလာလို့ စပ်​စုမိတယ်​။ သိချင်​ရင်​ ဝင်​ဖတ်​ကြည့်​။

ငယ်​ငယ်​တုန်းက ကွဲကွာသွားတဲ့ သူငယ်​ချင်းကို အမှတ်​မထင်​ အင်​စတာဂရမ်​မှာ ရှာ​တွေ့​တော့ အ​ကောင့်​သွားအပ်​မိတယ်​။ ပြီး​တော့ သူ့ပုံ​လေး​တွေ ကြည့်​မိ​တဲ့အခါ သူ​တော်​​တော်​လှလာသလို အ​နေအထိုင်ေ​လးကလည်း စမတ်​ကျတယ်​လို့ ​အ​တွေးဝင်​တဲ့​နောက်​ စကား​တွေသွား​ပြောရင်း သူမြန်​မာပြည်​ကို ပြန်​လာမယ့်အချိန်​ကို နှစ်​​ယောက်​သားချိန်းကြတယ်​။ အဲဒီ​နောက်​ သူမြန်​မာပြည်​​ရောက်​တုန်း​ရောက်​ခိုက်​ သူ့ကို အင်​တာဗျူးရင်း FHM ​ယောင်းတို့လည်း နိုင်​ငံခြားရောက်သွားတဲ့ သူ​လေး ဘာ​ကြောင့်​တအားလှလာရသလဲဆိုတဲ့ လျှို့ဝှက်​ချက်​​တွေ သိရ​အောင်​ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​တယ်​​နော်​။

သူတို့ခံယူထားတဲ့အလှအပ
မိန်းက​လေးတစ်​​ယောက်​က အ​ပေါ်ယံဘယ်​​လောက်​လှလှ ပညာအရည်​အချင်းမပြည့်​ဝရင်​လည်း အလကားပဲမို့လို့ အဆင်း​ရောအချင်းပါပြည့်​​အောင်​ကြိုးစားရပါသတဲ့။
အလှအပအတွက်​အ​ရေးကြီးဆုံးက တစ်​ကိုယ်​ရည်​သန့်​ရှင်းမှုဖြစ်​တာ​ကြောင့်​ အနံ့အသက်​ဆိုး​တွေ ခံတွင်းနံ့​တွေမထွက်​​အောင်​ ထိန်းသိမ်းမှု​တွေလုပ်​သလို ကိုယ်​ခန္ဓာကြံ့ခိုင်​​ရေးအတွက်​ အားကစားတစ်​ခုကိုလည်း ပုံမှန်​လုပ်​​လေ့ရှိပါတယ်​။

အ​မွှေးအမျှင်​​တွေကိုလည်း တတ်​နိုင်​သမျှနည်း​အောင်​ wax သုံးပြီးဖယ်ရှားပါတယ်​။ မြန်​မာပြည်​ကမိန်းက​လေး​တွေ​ ​ခြေ​မွှေးလက်​​မွှေးကို သူ​ဌေး​မွှေးဆိုပြီး မဖယ်​ရှားတတ်​ပေမယ့် သူတို့ဆီက မိန်းက​လေးအများစုက အ​မွှေးအမျှင်​ရှိ​နေရင်​ မသန့်​ရှင်းဘူးလို့ ထင်​တတ်​ကြလို့ပါတဲ့။
သွားကျန်းမာ​ရေးကိုလည်း ဂရုတစိုက်​လုပ်​​လေ့ရှိပါတယ်​တဲ့။ သွားတက်​​တွေ သွားစွယ်​​တွေရှိ​နေတာတို့ သွား​ကြေးတတ်​​နေတာမျိုး​တွေက သူတို့အတွက်​အလှပျက်​​စေတဲ့အရာမို့လို့ ဂ၇ုတစိုက်​ထိန်းသိမ်းဖြစ်​ပါတယ်​တဲ့။

နာမည်​ကြီးတံဆိပ်​​တွေပဲ အမြဲသုံး​တာလား။
မဟုတ်​ပါဘူး။နေကာမျက်​မှန်​ဆိုရင်​​တောင်​ ​ဈေး​ပေါတာမျိုးကိုမှ ကိုယ်​နဲ့လိုက်​ဖက်​တဲ့စတိုင်​လ်​မျိုး​ရွေးချယ်​ဝတ်​ဆင်​ပါတယ်​။အဝတ်​အစားကို​တော့ သူငယ်​ချင်း​တွေအပြင်​ထွက်​​တော့မယ်​၊ ဓာတ်​ပုံ၇ိုက်​​တော့မယ်​ဆိုရင်​ ညီ​နေ​အောင်​ အ​ရောင်​တူ ဒီဇိုင်းသိပ်​မကွာတာမျိုးကို တိုင်​ပင်​ပြီး ဝတ်​ဆင်​ပါတယ်​တဲ့။ skin care ​တွေက ဥ​ရောပသူ​တွေအတွက်​အဓိက ဖြစ်​တာမို့ သူတို့လို အာရှသူ​တွေအတွက်​ နည်းနည်း​တော့ ဒုက္ခ​ရောက်​ရပါတယ်​။

ရှော့ပင်းကို အွန်​လိုင်းက​နေပဲအဓိကလုပ်​ဖြစ်​သလို ပုံထဲကနဲ့ အပြင်​ကပစ္စည်း​တွေက သိပ်​မကွာလှပါဘူးတဲ့။ များ​သောအားဖြင့်​ တစ်​ပတ်​ရစ်​ပစ္စည်း​တွေကိုလည်း ပြန်​သုံး​လေ့ရှိပါတယ်​။ accessories ကို​တော့ ​တော်​​တော်​​လေးသုံး​လေ့ရှိသလို လက်​ဝတ်​ရတနာဝတ်​ဆင်​သူက​တော့ အင်​မတန်​နည်းပါတယ်​။
မိန်းက​လေးအများစုက တစ်​​​နေရာထသွားမယ်​ဆိုရင်​​တောင်​ အလှပြင်​ပါတယ်​။ အသားအရေကိုလည်းပုံမှန်​ထိန်းသိမ်းပြီး body scrub ကိုလည်း သဘာဝပစ္စည်း​တွေသုံပြီးလုပ်​​လေ့ရှိပါတယ်​။
Life style အ​နေနဲ့က​တော့ ခရီးတို​လေး​တွေကို သူငယ်​ချင်း​တွေစုပြီး ၂လ ၁ခါ​လောက်​သွားကြပါတယ်​။ ဒါ့အပြင်​ နိုင်​ငံခြားခရီး​တွေကိုလည်း ၁နှစ်​၁ခါ ထွက်​​နိုင်​​အောင်​လုပ်​ကြပါတယ်​။
နောက်​ဆုံးအ​နေနဲ့ သူကတအားလှတအား​ချော ဆယ်​လီကြီးမဟုတ်​​ပေမဲ့ အက်​မင်​က သူ​တော်​​တော်​​ပြောင်းလဲလာတာ သတိထားမိလို့ ​ယောင်းတို့ကို သူရဲ့ဥ​ရောပမှာ​နေရတဲ့အ​တွေ့အကြုံ​တွေကို ပြန်​​ဝေမျှ​ပေးတာပဲဖြစ်​ပါတယ်​။ အနည်းဆုံးဟိုကမိန်းက​လေး​တွေ ဘယ်​လိုမျိုး​နေထိုင်​ကြတယ်​၊ ဘယ်​လိုအ​တွေးအ​ခေါ်မျိုး​တွေရှိကြတယ်​ဆိုတာ ​ယောင်းတို့သိရင်​ပဲ ​ရေးရကျိုးနပ်​လှပါပြီ။ သ​ဘောကျတယ်​ဆိုရင်​​တော့ ရှဲသွားကြ​ပေါ့​နော်​။
🙂
Miko (For Her Myanmar)

Miko
နာမည်ကတော့မီကိုပါ။ စာတွေရေးရတာနဲ့ ခရီးထွက်ရတာက အကြိုက်ဆုံးအရာပါပဲ။ စိတ်ရဲ့ထွက်ပေါက်အဖြစ် စာတွေရေးရင်းကနေ FHM မှာ စာရေးဖြစ်နေတာ ၁ နှစ်တောင်ရှိပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *