Beauty

Valentine’s Day မွာမက္မြန္သီး ခ်ိဳခ်ိဳေလးလို ျပင္ဆင္ၾကမယ္

ခ်ိဳခ်ိဳေမႊးေမႊးမက္မြန္သီးေလးမို႔ ကိုကိုေမာင္ေမာင္ေတြ အခ်စ္ပိုသြားေအာင္…

ျပင္တဲ့ဆင္တဲ့အေၾကာင္း မသြားခင္ ႏွင္းကဘာလို႔ မက္မြန္သီး (Peach) အေရာင္ကိုေရြးလဲဆိုတဲ့အေၾကာင္းကို အရင္သြားၾကည့္ၾကမယ္ေနာ္။ မိတ္ကပ္ပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ ၂၀၁၉ အတြက္ မိတ္ကပ္ေလာကမွာ အႀကီးဆံုးေနရာယူမယ့္အေရာင္က မက္မြန္သီးေရာင္လို႔ အမ်ားကေခၚၾကတဲ့ ပန္းေဖာက္လိေမၼာ္ေရာင္ေလးက အရမ္းကိုေခတ္စားလာမွာပါတဲ့။ ဆိုေတာ့ကား ႏွင္းရဲ႕ေယာင္းေယာင္းေလးေတြ Up to date ျပင္ဆင္လို႔ရေအာင္ ဒီမက္မြန္သီး Look ေလးကိုေရြးေပးလိုက္ပါတယ္လို႔။ ခ်ိဳေအးေမႊးမက္မြန္သီးေလးမို႔ ကိုကိုေမာင္ေမာင္ေတြ အခ်စ္ပိုသြားေအာင္ ခုပဲစျပင္လိုက္ၾကရေအာင္…

ျပင္တဲ့ဆင္တဲ့အဆင့္ကိုမသြားခင္ အရင္ဆံုးလိုအပ္တဲ့ မိတ္ကပ္ပစၥည္းေလးေတြကို ေျပာျပမယ္ေနာ္။

မိတ္ကပ္ေအာက္ခံ (Makeup Primer)

SPF 50 PA +++ ပါဝင္တဲ့မိတ္ကပ္အရည္ (Sunscreen သက္သက္ထပ္လိမ္းမယ္ဆိုရင္ေတာ့ SPF ကို သိပ္ၾကည့္စရာမလိုပါဘူး။ မလိမ္းရင္ေတာ့ ေနပူထဲထြက္မွာျဖစ္တဲ့အတြက္ မျဖစ္မေန လိမ္းေပးရပါမယ္။)

မိတ္ကပ္အခဲ (2 way cake)

မ်က္ခံုးဆြဲတဲ့ ေပါင္ဒါ (Eyebrow powder cake)

ပန္းေဖ်ာ႔ေရာင္ကိုမွ ပုလဲမႈန္နည္းနည္းပါတဲ့ ပါးနီ (Shimmer baby pink blush)

ႏႈတ္ခမ္းနီကို အသားေရာင္ကိုမွ မက္မြန္သီးေရာင္ဘက္ နည္းနည္းသမ္းတာေလး

မ်က္ခြံကေတာ့ ခ်ိဳၿမိန္တဲ့မက္မြန္သီးလို႔ ေျပာထားတဲ့အတိုင္း လိေမၼာ္ပန္းေဖာက္အေရာင္ေလးေတြပါတဲ့ ရွဲဒိုးတစ္ခ်ပ္ေလာက္ဆို အဆင္ေျပပါၿပီေနာ္။

ပထမဦးဆံုး မ်က္ႏွာသစ္ၿပီး ျပန္ထြက္လာတာနဲ႔ ကိုယ္လိမ္းေနက် skincare အဆင့္ဆင့္ကိုလိမ္းၿပီးတာနဲ႔ မ်က္ႏွာကို ႏွင္းဆီေပါင္းခံရည္ (Rose water) (သုိ႔) ရွားေစာင္းလက္ပက္ပါတဲ့ Mist ေလးျဖန္းၿပီး မ်က္ႏွာထဲစိမ့္ဝင္ေအာင္ ပုတ္ေပးပါ။ (ခါတိုင္းထက္မ်က္ႏွာေလး ပိုၾကည္ေနေအာင္လို႔ေလ။)

ဖ်န္းၿပီးရင္ေတာ့ မိတ္ကပ္ေအာက္ခံကို အရင္လိမ္းထားၿပီး အကႌ်လဲလိုက္ပါ။ ဘာလို႔လဲဆိုေတာ့ မိတ္ကပ္ေအာက္ခံရဲ႕ သဘာဝသည္ အနည္းဆံုး ၃ မိနစ္ကေန ၅ မိနစ္အထိထားမွ သူ႔အာနိသင္က ေသခ်ာျပလို႔ပါေနာ္။

ေအာက္ခံလိမ္းၿပီးတာနဲ႔ မိတ္ကပ္အရည္ကို စလိမ္းၿပီး အေပၚမွာ ေပါင္ဒါေလးပုတ္လိုက္ပါ။

ေပါင္ဒါအေပၚမွာမွ ပါးနီေလးကိုထပ္ၿပီး ဘလင္းဘလင္းျဖစ္သြားေအာင္ ပါးရိုးမွာဟိုင္းလိုက္ေလးပါ နည္းနည္းတင္ေပးေပါ့။

Related Article >>> မ်က္ရစ္မရွိတဲ့ေယာင္းေတြအတြက္ အလွဆံုး ရွဲဒိုးပံုစံ (၂) မ်ိဳး

အကယ္၍ မ်က္ႏွာမွာ အျပစ္အနာအဆာေတြ မ်ားေနတယ္ဆိုရင္ေတာ့ ကြန္ဆီလာေလးနဲ႔ အုပ္တဲ့အဆင့္ကို ထည့္လိုက္ပါ။

ၿပီးရင္ မ်က္ခံုးကို အရမ္းထူထူႀကီးမဟုတ္ဘဲ တစ္မွ်င္ခ်င္းစီကို ေပါင္ဒါေလးနဲ႔ ျဖည့္ၿပီး လိုက္ျခယ္လိုက္ေနာ္။

မိတ္ကပ္လိမ္းတဲ့အဆင့္ၿပီးသြားရင္ေတာ့ ႏႈတ္ခမ္းနီအေျခာက္ (Matte) ဆိုးမွာျဖစ္တဲ့အတြက္ ႏႈတ္ခမ္းေပါင္းေဆး (Lip balm) ကိုအရင္ဆိုးထားပါ။ ဒါၿပီးရင္ေတာ့ မ်က္လံုးစျခယ္ပါမယ္ေနာ္။

အရင္ဦးဆံုး မ်က္လံုးေပၚမွာရွိတဲ့ အသားအေရာင္မညီတာေတြနဲ႔ အျပစ္အနာအဆာေတြ ဖံုးသြားေအာင္ ကြန္ဆီလာေလးကို လက္ညွိဳးထိပ္ေလးနဲ႔တို႔ၿပီး မ်က္ခြံတစ္ခုလံုးေပၚျဖန္႔လိုက္ပါ။

ၿပီးတာနဲ႔ ရွဲဒိုးအခ်ပ္ထဲက ပန္းလိေမၼာ္ေရာင္ ခပ္ႏုႏုကိုယူၿပီး မ်က္ခြံတစ္ခုလံုးေပၚ ျဖန္႔ထားလိုက္ပါ။

မ်က္ခြံတစ္ဝက္ေလာက္ကို ခုနကထက္အေရာင္ နည္းနည္းပိုရင့္တဲ့အေရာင္ယူၿပီး သံုးပံုႏွစ္ပံုေလာက္ျဖန္႔ခ်လိုက္ပါ။

Related Article >>> Valentine’s Day နဲ႔ ပတ္သက္ၿပီး သင္မသိေသးတဲ့ အခ်က္ (၁၄)ခ်က္

ေနာက္ဆံုးမွာေတာ့ မ်က္ခြံရဲ႕ ေအာက္ဘက္မွာ အညိဳ (သို႔) အနက္ေရာင္ကို ခပ္ပါးပါးဆိုးၿပီး အေပၚအေရာင္နဲ႔ ေရာသြားေအာင္ ျဖန္႔လိုက္ရင္ေတာ့ ေယာင္းတို႔လိုခ်င္တဲ့ မက္မြန္သီးေရာင္ မ်က္ဝန္းေလးရပါၿပီလို႔။

ေအာက္မ်က္ခြံကိုလည္း နည္းနည္းပါးပါးျခယ္ၿပီး မ်က္ေတာင္ေကာ့ေဆးေလး သံုးဖို႔မေမ့နဲ႔ဦးေနာ္။

မ်က္ႏွာကို အျပည့္အစံုျခယ္ၿပီးသြားၿပီဆိုရင္ေတာ့ ေနာက္ဆံုးပိတ္ ႏႈတ္ခမ္းနီေလးကို ဆိုးလိုက္ပါ။ ႏႈတ္ခမ္းဖူးဖူးေလး ျဖစ္ေနဖို႔ဆိုရင္ေတာ့ အရင္ဆံုးႏႈတ္ခမ္းကို ခဲတံေလးနဲ႔အရင္ ေဘာင္ကြပ္လိုက္ေပါ့။

အားလံုးၿပီးသြားရင္ေတာ့ မိတ္ကပ္သားေတြ မပ်က္မကြက္၊ မေရြ႔ေအာင္ မိတ္ကပ္စပေရးေလးျဖန္းလိုက္ဦး။ ဒါဆုိရင္ေတာ့ ဗယ္တိုင္းေဒးမွာ ခ်စ္စရာေကာင္းတဲ့ ခ်ိဳျမျမ မက္မြန္သီးေလး ျဖစ္ေနမွာပါလို႔။

အခ်စ္ေလးေတြအားလံုး လွသည္ထက္လွႏိုင္ၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ချိုချိုမွှေးမွှေးမက်မွန်သီးလေးမို့ ကိုကိုမောင်မောင်တွေ အချစ်ပိုသွားအောင်…

ပြင်တဲ့ဆင်တဲ့အကြောင်း မသွားခင် နှင်းကဘာလို့ မက်မွန်သီး (Peach) အရောင်ကိုရွေးလဲဆိုတဲ့အကြောင်းကို အရင်သွားကြည့်ကြမယ်နော်။ မိတ်ကပ်ပညာရှင်တွေရဲ့ လေ့လာချက်အရ ၂၀၁၉ အတွက် မိတ်ကပ်လောကမှာ အကြီးဆုံးနေရာယူမယ့်အရောင်က မက်မွန်သီးရောင်လို့ အများကခေါ်ကြတဲ့ ပန်းဖောက်လိမ္မော်ရောင်လေးက အရမ်းကိုခေတ်စားလာမှာပါတဲ့။ ဆိုတော့ကား နှင်းရဲ့ယောင်းယောင်းလေးတွေ Up to date ပြင်ဆင်လို့ရအောင် ဒီမက်မွန်သီး Look လေးကိုရွေးပေးလိုက်ပါတယ်လို့။ ချိုအေးမွှေးမက်မွန်သီးလေးမို့ ကိုကိုမောင်မောင်တွေ အချစ်ပိုသွားအောင် ခုပဲစပြင်လိုက်ကြရအောင်…

ပြင်တဲ့ဆင်တဲ့အဆင့်ကိုမသွားခင် အရင်ဆုံးလိုအပ်တဲ့ မိတ်ကပ်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။

မိတ်ကပ်အောက်ခံ (Makeup Primer)

SPF 50 PA +++ ပါဝင်တဲ့မိတ်ကပ်အရည် (Sunscreen သက်သက်ထပ်လိမ်းမယ်ဆိုရင်တော့ SPF ကို သိပ်ကြည့်စရာမလိုပါဘူး။ မလိမ်းရင်တော့ နေပူထဲထွက်မှာဖြစ်တဲ့အတွက် မဖြစ်မနေ လိမ်းပေးရပါမယ်။)

မိတ်ကပ်အခဲ (2 way cake)

မျက်ခုံးဆွဲတဲ့ ပေါင်ဒါ (Eyebrow powder cake)

ပန်းဖျော့ရောင်ကိုမှ ပုလဲမှုန်နည်းနည်းပါတဲ့ ပါးနီ (Shimmer baby pink blush)

နှုတ်ခမ်းနီကို အသားရောင်ကိုမှ မက်မွန်သီးရောင်ဘက် နည်းနည်းသမ်းတာလေး

မျက်ခွံကတော့ ချိုမြိန်တဲ့မက်မွန်သီးလို့ ပြောထားတဲ့အတိုင်း လိမ္မော်ပန်းဖောက်အရောင်လေးတွေပါတဲ့ ရှဲဒိုးတစ်ချပ်လောက်ဆို အဆင်ပြေပါပြီနော်။

ပထမဦးဆုံး မျက်နှာသစ်ပြီး ပြန်ထွက်လာတာနဲ့ ကိုယ်လိမ်းနေကျ skincare အဆင့်ဆင့်ကိုလိမ်းပြီးတာနဲ့ မျက်နှာကို နှင်းဆီပေါင်းခံရည် (Rose water) (သို့) ရှားစောင်းလက်ပက်ပါတဲ့ Mist လေးဖြန်းပြီး မျက်နှာထဲစိမ့်ဝင်အောင် ပုတ်ပေးပါ။ (ခါတိုင်းထက်မျက်နှာလေး ပိုကြည်နေအောင်လို့လေ။)

ဖျန်းပြီးရင်တော့ မိတ်ကပ်အောက်ခံကို အရင်လိမ်းထားပြီး အင်္ကျီလဲလိုက်ပါ။ ဘာလို့လဲဆိုတော့ မိတ်ကပ်အောက်ခံရဲ့ သဘာဝသည် အနည်းဆုံး ၃ မိနစ်ကနေ ၅ မိနစ်အထိထားမှ သူ့အာနိသင်က သေချာပြလို့ပါနော်။

အောက်ခံလိမ်းပြီးတာနဲ့ မိတ်ကပ်အရည်ကို စလိမ်းပြီး အပေါ်မှာ ပေါင်ဒါလေးပုတ်လိုက်ပါ။

ပေါင်ဒါအပေါ်မှာမှ ပါးနီလေးကိုထပ်ပြီး ဘလင်းဘလင်းဖြစ်သွားအောင် ပါးရိုးမှာဟိုင်းလိုက်လေးပါ နည်းနည်းတင်ပေးပေါ့။

Related Article >>> မျက်ရစ်မရှိတဲ့ယောင်းတွေအတွက် အလှဆုံး ရှဲဒိုးပုံစံ (၂) မျိုး

အကယ်၍ မျက်နှာမှာ အပြစ်အနာအဆာတွေ များနေတယ်ဆိုရင်တော့ ကွန်ဆီလာလေးနဲ့ အုပ်တဲ့အဆင့်ကို ထည့်လိုက်ပါ။

ပြီးရင် မျက်ခုံးကို အရမ်းထူထူကြီးမဟုတ်ဘဲ တစ်မျှင်ချင်းစီကို ပေါင်ဒါလေးနဲ့ ဖြည့်ပြီး လိုက်ခြယ်လိုက်နော်။

မိတ်ကပ်လိမ်းတဲ့အဆင့်ပြီးသွားရင်တော့ နှုတ်ခမ်းနီအခြောက် (Matte) ဆိုးမှာဖြစ်တဲ့အတွက် နှုတ်ခမ်းပေါင်းဆေး (Lip balm) ကိုအရင်ဆိုးထားပါ။ ဒါပြီးရင်တော့ မျက်လုံးစခြယ်ပါမယ်နော်။

အရင်ဦးဆုံး မျက်လုံးပေါ်မှာရှိတဲ့ အသားအရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေ ဖုံးသွားအောင် ကွန်ဆီလာလေးကို လက်ညှိုးထိပ်လေးနဲ့တို့ပြီး မျက်ခွံတစ်ခုလုံးပေါ်ဖြန့်လိုက်ပါ။

ပြီးတာနဲ့ ရှဲဒိုးအချပ်ထဲက ပန်းလိမ္မော်ရောင် ခပ်နုနုကိုယူပြီး မျက်ခွံတစ်ခုလုံးပေါ် ဖြန့်ထားလိုက်ပါ။

မျက်ခွံတစ်ဝက်လောက်ကို ခုနကထက်အရောင် နည်းနည်းပိုရင့်တဲ့အရောင်ယူပြီး သုံးပုံနှစ်ပုံလောက်ဖြန့်ချလိုက်ပါ။

Related Article >>> Valentine’s Day နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၁၄)ချက်

နောက်ဆုံးမှာတော့ မျက်ခွံရဲ့ အောက်ဘက်မှာ အညို (သို့) အနက်ရောင်ကို ခပ်ပါးပါးဆိုးပြီး အပေါ်အရောင်နဲ့ ရောသွားအောင် ဖြန့်လိုက်ရင်တော့ ယောင်းတို့လိုချင်တဲ့ မက်မွန်သီးရောင် မျက်ဝန်းလေးရပါပြီလို့။

အောက်မျက်ခွံကိုလည်း နည်းနည်းပါးပါးခြယ်ပြီး မျက်တောင်ကော့ဆေးလေး သုံးဖို့မမေ့နဲ့ဦးနော်။

မျက်နှာကို အပြည့်အစုံခြယ်ပြီးသွားပြီဆိုရင်တော့ နောက်ဆုံးပိတ် နှုတ်ခမ်းနီလေးကို ဆိုးလိုက်ပါ။ နှုတ်ခမ်းဖူးဖူးလေး ဖြစ်နေဖို့ဆိုရင်တော့ အရင်ဆုံးနှုတ်ခမ်းကို ခဲတံလေးနဲ့အရင် ဘောင်ကွပ်လိုက်ပေါ့။

အားလုံးပြီးသွားရင်တော့ မိတ်ကပ်သားတွေ မပျက်မကွက်၊ မရွေ့အောင် မိတ်ကပ်စပရေးလေးဖြန်းလိုက်ဦး။ ဒါဆိုရင်တော့ ဗယ်တိုင်းဒေးမှာ ချစ်စရာကောင်းတဲ့ ချိုမြမြ မက်မွန်သီးလေး ဖြစ်နေမှာပါလို့။

အချစ်လေးတွေအားလုံး လှသည်ထက်လှနိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *