စတော်ဘယ်ရီသီးသုံး၍ ပေါင်းတင်နည်း (၃)မျိုး

ကဲ စတော်ဘယ်ရီနဲ့ဘယ်လိုပေါင်းတင်ကြမလဲ။ ဘာတွေကောင်းကျိုးရမလဲဆိုတာ လေ့လာလိုက်ကြရအောင်။

ခုလိုရာသီမျိုးမှာ စတော်ဘယ်ရီသီးတွေပေါနေပြီနော်။ တော်ဘယ်ရီဟာအရေးကြောင်းတွေကာကွယ်ပေးတယ်၊ နေလောင်ဒဏ်ကာကွယ်ပေးတယ်၊ ဝက်ခြံ တင်းတိပ်ပျောက်စေတယ်၊ အဆီပြန်ခြင်းကိုလည်း သက်သာစေတယ်ဆိုတာကြောင့် ပျိုမေတို့အတွက် အကျိုးရရှိစေပါတယ်။ ကဲ..အသုံးပြုပုံလေးတွေကြည့်ရအောင်။

အသုံးပြုနည်း (၁)
• -စတော်ဘယ်ရီ ၈လုံး ၉လုံး
• -ပျားရည်စားပွဲတင်ဇွန်း ၃ ဇွန်း
ဖစတော်ဘယ်ရီများကို ခက်ရင်းဖြင့်ကျေညက်အောင်ချေပါ။ ထို့နောက်ပျားရည်ရော၍မွှေပါ။ မျက်နှာတစ်ဝိုက် လိမ်းပြီး ၁၀-၁၅ မိနစ်ခန့်ထားပါ။ ပြီးနောက်ရေဆေးချ၍ အစိုဓာတ်ပါသောခရင်မ် တစ်ခုခုလိမ်းပါ။

အသုံးပြုနည်း (၂)
• -စတော်ဘယ်ရီ ၈လုံး ၉လုံး
• -ပျားရည်စားပွဲတင်ဇွန်း ၂ ဇွန်း
• -သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်း
• -သံပုရာရည် ၁ စက် ၂ စက် (အသားခြောက်သူများအတွက် ၈ စက်၊ အဆီပြန်သူများအတွက် ၁ စက်) စတော်ဘယ်ရီသီးများကို ခက်ရင်းဖြင့်ကျေညက်အောင်ချေပါ။ ထို့နောက်ပျားရည်ရော၍မွှေပါ။ ကျန်ပါဝင်ပစ္စည်းများရောထည့်၍မွှေပြီးနောက် မျက်နှာတစ်ဝိုက် ၅ မိနစ်ခန့်ထားပါ။ ထို့နောက်ရေနွေးဖြင့်ဆေးပါ။ အစိုဓာတ်ပါသောခရင်မ် လိမ်းပါ။

အသုံးပြုနည်း (၃)
• -လတ်ဆတ်သောစတော်ဘယ်ရီ ၅ လုံး
• -အချိုမပါသောဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဝက်
• -ပျားရည်စားပွဲတင်ဇွန်း ၂ ဇွန်း
စတော်ဘယ်ရီသီးများကို ခက်ရင်းဖြင့်ကျေညက်အောင်ချေပါ။ ထို့နောက်ပျားရည်ရော၍မွှေပါ။ ကျန်ပါဝင်ပစ္စည်းများရောထည့်၍မွှေပြီးနောက် မျက်နှာတစ်ဝိုက် ၁၀ မိနစ်ခန့်ထားပါ။ ထို့နောက်ရေနွေးဖြင့်ဆေးပါ။ အစိုဓာတ်ပါသောခရင်မ် လိမ်းပါ။

အဲ့ဒီ့တော့ စတော်ဘယ်ရီကြိုက်တတ်တဲ့ မမတို့ရေ..စတော်ဘယ်ရီတွေဝယ်ပြီး စားလို့ဝသွားရင် မျက်နှာလေးအတွက်လည်းချန်ထားပါဦးလို့။

 

Miko (For Her Myanmar)

No Comments Yet

Comments are closed