Beauty Fashion & Beauty Tips

အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို မျဖစ္မေန လုပ္ရမယ့္ မ်က္ႏွာအသားအေရ ထိန္းသိမ္းနည္း (၇) ခ်က္

အသက္(၂၅)နွစ္ေက်ာ္ မမေတြဆို ဖတ္ၾကည့္သင့္ၿပီေနာ္

အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို အေရျပားဆဲလ္ေတြက ေလ်ာ့ရဲစျပဳလာၿပီမို႔ အသားအေရကို အရင္ကထက္ ႏွစ္ဆပိုဂရုစိုက္သင့္ပါၿပီ။ အၿမဲတမ္း အရြယ္တင္ႏုပ်ိဳေနေစဖို႔ ေယာင္းရဲ႕ပံုမွန္ skincare routine အျပင္ ဒီအခ်က္(၇)ခ်က္ကို ဂရုတစိုက္ လုပ္ေပးဖို႔ လိုပါမယ္ေနာ္… 

(၁) Matte foundation ေတြကို မသံုးပါနဲ႔ေတာ့။

(၂၅) မတိုင္ခင္က matte မွ matte ျဖစ္ခဲ့ေပမဲ့ အခုခ်ိန္မွာေတာ့ matte foundation ေတြကို ပစ္လိုက္ပါေတာ့ေယာင္းေရ။ matte foundation ေတြက အေရးအေၾကာင္းေတြကို ပိုသိသာေစတဲ့အတြက္ အဲ့ဒီအစား dewy foundation အမ်ိဳးအစားေတြနဲ႔ BB cream, CC cream စတာေတြကို သံုးေပးပါ။

Related article >>> မိတ္ကပ္ခ်စ္သူအခ်င္းခ်င္းသာ နားလည္ႏိုင္မယ့္ခံစားခ်က္ (၇) ခု

(၂) Eyecream (မ်က္လံုး ခရင္မ္) သံုးပါ။

အသက္(၂၀) ဝန္းက်င္က မလိုဘူးထင္ခဲ့တဲ့ eyecream ကိုလည္း အခုစၿပီးသံုးဖို႔ လိုလာပါၿပီ။ မ်က္လံုးေအာက္က အေရးအေၾကာင္းေတြဟာ လူကိုပိုၿပီး အိုမင္းရင့္ေရာ္တဲ့ပံု ေပါက္ေစတာမို႔ ဒါကို ကာကြယ္ဖို႔အတြက္ eyecream ကို ေန႔တိုင္း ညအိပ္ရာမဝင္မွာ သံုးေပးပါ ေယာင္းေရ.. 

(၃) SPF (ေနေရာင္ကာ လိမ္းေဆး) လိမ္းပါ။

ေနေရာင္ျခည္ကလာတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြဟာ အေရျပားဆဲလ္ေတြကို ပ်က္ဆီးေစႏိုင္တာကေတာ့ ေယာင္းတို႔ သိၿပီးသားျဖစ္မွာပါ။ ဒါေၾကာင့္မို႔ ေန႔ဘက္ေတြမွာ SPF ပါတဲ့ product ေတြကို မျဖစ္မေနသံုးေပးရပါမယ္။ Sunscreen တစ္ခုတည္း လိမ္းရင္ေတာင္ အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစႏိုင္ပါတယ္ ေယာင္းတို႔ေရ… မိုးအံု႔ေနရင္ေတာင္ Sunscreen ကို လိမ္းေပးရမယ္ေနာ္.. 

(၄) ဗီတာမင္ စီ (Vitamin C) လိုအပ္ပါတယ္။

Vitamin C က အသားအေရကို ျဖဴဝင္းေစတဲ့အျပင္ အေရးအေၾကာင္းနဲ႔ အစက္အေျပာက္ေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ Vitamin C ပါတဲ့ serum ေတြကို သံုးေပးရသလို လိေမၼာ္သီး၊ ပင္မွည့္သီးစတဲ့ vitamin C ၾကြယ္ဝတဲ့ အသီးအႏွံေတြလည္း စားေပးဖို႔ လိုအပ္ပါတယ္… 

Related article >>> က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့ အစားအစာ (Healthy meal) အေၾကာင္းတစ္ေစ့တေစာင္း

(၅) Exfoliation (ေၾကးခၽြတ္ျခင္း) ပံုမွန္လုပ္ေပးပါ။

အရြယ္တင္ႏုပ်ိဳတဲ့ အသားအေရေလးရဖို႔ဆိုရင္ေတာ့ မ်က္ႏွာေၾကးခၽြတ္တာက မပါမျဖစ္ေပါ့ေနာ္။ တစ္ပတ္တစ္ခါ ပံုမွန္ ေၾကးခၽြတ္ေပးျခင္းက မ်က္ႏွာမွာရွိတဲ့ ဆဲလ္အေသေတြကို ဖယ္ရွားေပးၿပီး ဆားဝက္ျခံနဲ႔ အဆီဖုေတြကို ေလ်ာ႔ပါးေစပါတယ္။

(၆) မိတ္ကပ္ဖ်က္ပါ။ 

Stella အပါအဝင္ မိန္းကေလးအေတာ္မ်ားမ်ားက မိတ္ကပ္ဖ်က္ရမွာကို ပ်င္းတတ္ၾကပါတယ္ေလ။ ဒါေပမဲ့ ကိုယ္မဖ်က္လိုက္မိတဲ့ မိတ္ကပ္ေတြက ေခၽြးေပါက္ေတြကို ပိတ္ဆို႔ေစၿပီး အင္မတန္ဒုကၡေပးတဲ့ဝက္ျခံေတြရဲ႕ တရားခံေတြပါပဲ။ ဒါေၾကာင့္ အိပ္ရာမဝင္ခင္တိုင္း makeup remover နဲ႔  မိတ္ကပ္ဖ်က္ၿပီး ေရနဲ႔ တစ္ခါ မ်က္ႏွာျပန္သစ္ေပးဖို႔ လိုပါတယ္ေနာ္။

(၇) မ်က္ႏွာေပါင္းတင္ မ်က္ႏွာဖံုး (Face Mask) ေလးေတြ ကပ္ေပးပါ။ 

ကိုယ့္မ်က္ႏွာအတြက္ လိုအပ္တဲ့ ဓာတ္ေတြ ပါဝင္တဲ့ maskေတြကို ကပ္ေပးဖို႔လည္း မေမ့ပါနဲ႔ ေယာင္းတို႔ေရ… Mask ကပ္ျခင္းက ေရဓာတ္ျပည့္ၿပီး ၾကည္လင္တဲ့ glow face ေလးရလာဖို႔လည္း အေထာက္အကူ တစ္ခု ျဖစ္ေစမွာပါ။ ကပ္တဲ့အခါမွာ သံုးေနက် ready-made sheet mask ေတြလည္းကပ္ႏိုင္သလို  အိမ္မွာပဲ သဘာဝပစၥည္းေတြကို ေရာစပ္ထားတဲ့ DIY mask ေတြလည္း ကပ္လို႔ရပါတယ္။

အဆင္ေျပ လွပႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Stella (For Her Myanmar)

<<< Unicode >>>

အသက်(၂၅)နှစ်ကျော် မမတွေဆို ဖတ်ကြည့်သင့်ပြီနော်

အသက်(၂၅)နှစ်ကျော်လာပြီဆို အရေပြားဆဲလ်တွေက လျော့ရဲစပြုလာပြီမို့ အသားအရေကို အရင်ကထက် နှစ်ဆပိုဂရုစိုက်သင့်ပါပြီ။ အမြဲတမ်း အရွယ်တင်နုပျိုနေစေဖို့ ယောင်းရဲ့ပုံမှန် skincare routine အပြင် ဒီအချက်(၇)ချက်ကို ဂရုတစိုက် လုပ်ပေးဖို့ လိုပါမယ်နော်…

(၁) Matte foundation တွေကို မသုံးပါနဲ့တော့။

(၂၅) မတိုင်ခင်က matte မှ matte ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ matte foundation တွေကို ပစ်လိုက်ပါတော့ယောင်းရေ။ matte foundation တွေက အရေးအကြောင်းတွေကို ပိုသိသာစေတဲ့အတွက် အဲ့ဒီအစား dewy foundation အမျိုးအစားတွေနဲ့ BB cream, CC cream စတာတွေကို သုံးပေးပါ။

Related article >>> မိတ်ကပ်ချစ်သူအချင်းချင်းသာ နားလည်နိုင်မယ့်ခံစားချက် (၇) ခု

(၂) Eyecream (မျက်လုံး ခရင်မ်) သုံးပါ။

အသက်(၂၀) ဝန်းကျင်က မလိုဘူးထင်ခဲ့တဲ့ eyecream ကိုလည်း အခုစပြီးသုံးဖို့ လိုလာပါပြီ။ မျက်လုံးအောက်က အရေးအကြောင်းတွေဟာ လူကိုပိုပြီး အိုမင်းရင့်ရော်တဲ့ပုံ ပေါက်စေတာမို့ ဒါကို ကာကွယ်ဖို့အတွက် eyecream ကို နေ့တိုင်း ညအိပ်ရာမဝင်မှာ သုံးပေးရပါမယ်နော်။

(၃) SPF (နေရောင်ကာ လိမ်းဆေး) လိမ်းပါ။

နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားဆဲလ်တွေကို ပျက်ဆီးစေနိုင်တာကတော့ ယောင်းတို့ သိပြီးသားဖြစ်မှာပါ။ ဒါကြောင့်မို့ နေ့ဘက်တွေမှာ SPF ပါတဲ့ product တွေကို မဖြစ်မနေသုံးပေးရပါမယ်။ Sunscreen တစ်ခုတည်း လိမ်းရင်တောင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ် ယောင်းတို့ရေ… မိုးအုံ့နေရင်တောင် Sunscreen ကို လိမ်းပေးရမယ်နော်..

(၄) ဗီတာမင် စီ (Vitamin C) လိုအပ်ပါတယ်။

Vitamin C က အသားအရေကို ဖြူဝင်းစေတဲ့အပြင် အရေးအကြောင်းနဲ့ အစက်အပြောက်တွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် Vitamin C ပါတဲ့ serum တွေကို သုံးပေးရသလို လိမ္မော်သီး၊ ပင်မှည့်သီးစတဲ့ vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေလည်း စားပေးပါနော်။

Related article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

(၅) Exfoliation (ကြေးချွတ်ခြင်း) ပုံမှန်လုပ်ပေးပါ။

အရွယ်တင်နုပျိုတဲ့ အသားအရေလေးရဖို့ဆိုရင်တော့ မျက်နှာကြေးချွတ်တာက မပါမဖြစ်ပေါ့နော်။ တစ်ပတ်တစ်ခါ ပုံမှန် ကြေးချွတ်ပေးခြင်းက မျက်နှာမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆားဝက်ခြံနဲ့ အဆီဖုတွေကို လျော့ပါးစေပါတယ်။

(၆) မိတ်ကပ်ဖျက်ပါ။ 

Stella အပါအဝင် မိန်းကလေးအတော်များများက မိတ်ကပ်ဖျက်ရမှာကို ပျင်းတတ်ကြပါတယ်လေ။ ဒါပေမဲ့ ကိုယ်မဖျက်လိုက်မိတဲ့ မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အင်မတန်ဒုက္ခပေးတဲ့ဝက်ခြံတွေရဲ့ တရားခံတွေပါပဲ။ ဒါကြောင့် အိပ်ရာမဝင်ခင်တိုင်း makeup remover နဲ့  မိတ်ကပ်ဖျက်ပြီး ရေနဲ့ တစ်ခါ မျက်နှာပြန်သစ်ပေးဖို့ လိုပါတယ်နော်။

(၇) မျက်နှာပေါင်းတင် မျက်နှာဖုံး (Face Mask) လေးတွေ ကပ်ပေးပါ။ 

ကိုယ့်မျက်နှာအတွက် လိုအပ်တဲ့ ဓာတ်တွေ ပါဝင်တဲ့ maskတွေကို ကပ်ပေးဖို့လည်း မမေ့ပါနဲ့ ယောင်းတို့ရေ… Mask ကပ်ခြင်းက ရေဓာတ်ပြည့်ပြီး ကြည်လင်တဲ့ glow face လေးရလာဖို့လည်း အထောက်အကူ တစ်ခု ဖြစ်စေမှာပါ။ ကပ်တဲ့အခါမှာ သုံးနေကျ ready-made sheet mask တွေလည်းကပ်နိုင်သလို  အိမ်မှာပဲ သဘာဝပစ္စည်းတွေကို ရောစပ်ထားတဲ့ DIY mask တွေလည်း ကပ်လို့ရပါတယ်။

အဆင်ပြေ လှပနိုင်ကြပါစေ ယောင်းတို့ရေ…

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *