Beauty

အဆီျပန္တဲ့အသားအေရ (Oily skin) အတြက္ skincare tips and tricks ေပါင္းခ်ဳပ္

အဆီျပန္သူေတြ မျဖစ္မေနကို ဖတ္ၾကည့္သင့္ေနပါၿပီေနာ္ 🤔🤔🤔

>>> Zawgyi >>>

အဆီျပန္တယ္ဆိုတဲ့ စကားလံုးကေတာ့ ဒီလိုပူျပင္းၿပီး ဖုန္ထူထပ္၊ ဆီေၾကာ္အစားအေသာက္ေတြ သိပ္မ်ားလြန္းတဲ့ မီယန္မာႏိုင္ငံမွာေတာ့ အင္မတန္မွရင္းႏွီးၿပီးသားစကားလံုး ျဖစ္ေနမွာပါ။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ အသားအေရစၿပီးေျပာင္းလဲတဲ့အခ်ိန္မွာ ဒီကလူေတြ ေတာ္ေတာ္မ်ားမ်ား အဆီျပန္တဲ့အသားအေရ ပိုင္ရွင္ေတြ ျဖစ္သြားၾကတာပဲ။ ေနာက္ၿပီး အဆီျပန္ေတာ့ ဝက္ျခံေလးေတြ ဟိုတစ္ဖု၊ ဒီတစ္စထြက္လာရင္း ေမ့မ်က္ႏွာ လဝင္ႀကီးလို ဝင္းပပျဖစ္သြားတာေပါ့ေအ။ အဲ့ေတာ့ တစ္ေနရာတည္း တစ္စုတစ္စည္းတည္းကေန Skincare ေပါင္းခ်ဳပ္ကို ထုတ္ခ်ေပးလိုက္ေတာ့မယ္။

၁။ အရင္ဦးဆံုး မ်က္ႏွာသစ္တဲ့အပိုင္းကို သြားလိုက္ရေအာင္ေနာ္။ အဆီျပန္တဲ့လူေတာ္ေတာ္မ်ားမ်ားက ေခၽြးေပါက္က်ယ္တတ္ၾကပါတယ္။ အဲ့ေတာ့ မ်က္ႏွာသစ္တဲ့အခါမွာ ဟိုးေခၽြးေပါက္အတြင္းပိုင္းအထိ သန္႔စင္သြားဖို႔က အင္မတန္မွအေရးႀကီးၿပီး အဆီျပန္တဲ့လူေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ မ်က္ႏွာသစ္ဆပ္ျပာကို ေရြးသံုးဖို႔ အရမ္းအေရးႀကီးပါတယ္ေနာ္။ ေနာက္ၿပီးရင္ ေရဓာတ္ျပန္ျဖည့္ေပးတဲ့ Moisturizing မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ျပန္သစ္ဖို႔မေမ့ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ အဆီျပန္တဲ့လူေတြအတြက္ ထုတ္ထားတဲ့ မ်က္ႏွာသစ္ဆပ္ျပာက မလိုအပ္တဲ့အဆီေတြအျပင္ လိုအပ္တဲ့ေရဓာတ္ကိုပါ စုပ္ယူသြားတာမို႔ အသားေျခာက္ေစတယ္ေလ။

Related Article >>> မိတ္ကပ္မလိမ္းခင္ လုပ္သင့္တဲ့ skincare အဆင့္(၆)ဆင့္

၂။ ၿပီးတာနဲ႔ တိုနာအဆင့္ေရာက္ၿပီ။ တိုနာကို ဂြမ္းစနဲ႔ လုိက္လိမ္းေနမယ့္အစား လက္ထဲထည့္ မ်က္ႏွာေပၚပုတ္ပုတ္ၿပီး သိပ္ခ်လိုက္ပါ။ မ်က္ႏွာသစ္တဲ့အခ်ိန္ က်ယ္သြားမယ့္ေခၽြးေပါက္ကို ျပန္က်ဥ္းေပးပါလိမ့္မယ္။

၃။ ေရဓာတ္ျဖည့္ခရင္မ္လိမ္းဖို႔ လံုးဝမေၾကာက္ပါနဲ႔။ မ်က္ႏွာမွာအဆီျပန္တယ္ဆိုတာ ေရဓာတ္စြတ္ျပည့္ေနလို႔မဟုတ္ဘဲ ေခၽြးေပါက္က်ယ္ေနလို႔ဆိုတာ ခ်ိမတို႔သိေအာင္ ဘယ္လိုရွင္းျပရမလဲမသိဘူး။ ဆိုေတာ့ကား မ်က္ႏွာမွာအဆီနဲ႔ ေရဓာတ္မွ်တဖို႔အတြက္ ေရဓာတ္ျဖည့္ခရင္မ္လိမ္းဖို႔ လံုးဝမေၾကာက္ပါနဲ႔ေနာ္။

၄။ ေနေလာင္ဒဏ္ကာကြယ္တဲ့ခရင္မ္ကို မျဖစ္မေနလိမ္းပါ။ ေနေရာင္ထဲမွာပါတဲ့ UVA, UVB ေရာင္ျခည္ေတြက မ်က္ႏွာအဆီျပန္ျခင္းရဲ႕ အဓိကအေၾကာင္းအရင္းထဲမွာ ဒါကလည္းပါေနလို႔ေလ။

၅။ Skincare ဝယ္တဲ့အခါ အဆီထိန္းခ်င္ေဇာနဲ႔ Alcohol ပါတဲ့ပစၥည္းေတြကို အရမ္းမဝယ္ပါနဲ႔။ ခဏတာအတြက္ေတာ့ အဆင္ေျပႏိုင္ေပမဲ့ ေရရွည္မွာေတာ့ ဒီပစၥည္းေတြက ကိုယ့္ေခၽြးေပါက္ကို ပိတ္ဆို႔ၿပီး အသားအေရျပႆနာေတြကို ျဖစ္ေစပါလိမ့္မယ္။

၆။ Vitamin C ပါဝင္တဲ့ အသားျဖဴစကြင္းကဲေတြကို ေယာင္လို႔ေတာင္မသံုးပါနဲ႔ေနာ္။ လံုးဝလံုးဝ မတည့္ပါဘူး။ ရွိေနတဲ့ အဖုေတြ ပိုေယာင္ကိုင္းၿပီး စုတ္ျပတ္ခ်င္ရင္ေတာ့ ယူ႔သေဘာပဲ။

၇။ ခရင္မ္အမ်ိဳးအစားေတြ ဝယ္တဲ့အခါမွာ ရိုးရိုးခရင္မ္ထက္ Light cream လို႔ေခၚတဲ့ ဂ်ယ္လ္ဘက္သြားတဲ့ ခရင္မ်ိဳး ေရြးဝယ္ပါ။ အဲဒီအမ်ိဳးအစားေတြက စိမ့္ဝင္အားေကာင္းတာမို႔ အဆီျပန္တဲ့လူေတြနဲ႔ ပိုၿပီးသင့္ေတာ္တယ္ေလ။

၈။ မိတ္ကပ္ဖ်က္ေဆးေတြ ဝယ္တဲ့အခါ ျဖစ္ႏိုင္ရင္ ေရဓာတ္ေအာက္ခံ (Water based) အမ်ိဳးအစားကို ဝယ္ေပးပါ။ ၿပီးရင္ ေခၽြးေပါက္ဟိုးအတြင္းပိုင္းအထိ သန္႔စင္ေပးတဲ့ Deep pore double cleansing ကိုအၿမဲလုပ္ေပးပါေနာ္။

Related Article >>> BB,CC and DD cream ေတြက တကယ္ မိတ္ကပ္သားပါးတာလား?

၉။ ေနာက္ဆံုးမ်က္ႏွာသစ္တဲ့အခါမွာ ေရေႏြးနဲ႔တစ္ေခါက္သစ္ၿပီးတာနဲ႔ ေရေအးျပန္ၿပီးေဆးခ်ပါ။ ဘာလို႔လဲဆိုေတာ့ ေရေႏြးက မ်က္ႏွာေပၚမွာရွိတဲ့ ေခၽြးေပါက္ေတြကို က်ယ္ေစၿပီး ေရေအးက အဲဒီေခၽြးေပါက္ေတြကို ျပန္က်ဥ္းေစလို႔ေလ။

ဒီေဆာင္းပါးေလးက ေယာင္းေလးတို႔ကို အမ်ားႀကီးအေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။ ေမ့မ်က္ႏွာအဆီတျပန္ျပန္ ဝင္းပပရန္ကေန ကင္းေဝးၿပီး စိုျပည္ၾကည္လင္တဲ့ အသားအေရကို ပိုင္ဆိုင္ႏုိင္ၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

>>> Unicode >>>

အဆီပြန်သူတွေ မဖြစ်မနေကို ဖတ်ကြည့်သင့်နေပါပြီနော် 

အဆီပြန်တယ်ဆိုတဲ့ စကားလုံးကတော့ ဒီလိုပူပြင်းပြီး ဖုန်ထူထပ်၊ ဆီကြော်အစားအသောက်တွေ သိပ်များလွန်းတဲ့ မီယန်မာနိုင်ငံမှာတော့ အင်မတန်မှရင်းနှီးပြီးသားစကားလုံး ဖြစ်နေမှာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေစပြီးပြောင်းလဲတဲ့အချိန်မှာ ဒီကလူတွေ တော်တော်များများ အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေ ဖြစ်သွားကြတာပဲ။ နောက်ပြီး အဆီပြန်တော့ ဝက်ခြံလေးတွေ ဟိုတစ်ဖု၊ ဒီတစ်စထွက်လာရင်း မေ့မျက်နှာ လဝင်ကြီးလို ဝင်းပပဖြစ်သွားတာပေါ့အေ။ အဲ့တော့ တစ်နေရာတည်း တစ်စုတစ်စည်းတည်းကနေ Skincare ပေါင်းချုပ်ကို ထုတ်ချပေးလိုက်တော့မယ်။

၁။ အရင်ဦးဆုံး မျက်နှာသစ်တဲ့အပိုင်းကို သွားလိုက်ရအောင်နော်။ အဆီပြန်တဲ့လူတော်တော်များများက ချွေးပေါက်ကျယ်တတ်ကြပါတယ်။ အဲ့တော့ မျက်နှာသစ်တဲ့အခါမှာ ဟိုးချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်သွားဖို့က အင်မတန်မှအရေးကြီးပြီး အဆီပြန်တဲ့လူတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးသုံးဖို့ အရမ်းအရေးကြီးပါတယ်နော်။ နောက်ပြီးရင် ရေဓာတ်ပြန်ဖြည့်ပေးတဲ့ Moisturizing မျက်နှာသစ်ဆပ်ပြာနဲ့ ပြန်သစ်ဖို့မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ အဆီပြန်တဲ့လူတွေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာက မလိုအပ်တဲ့အဆီတွေအပြင် လိုအပ်တဲ့ရေဓာတ်ကိုပါ စုပ်ယူသွားတာမို့ အသားခြောက်စေတယ်လေ။

Related Article >>> မိတ်ကပ်မလိမ်းခင် လုပ်သင့်တဲ့ skincare အဆင့်(၆)ဆင့်

၂။ ပြီးတာနဲ့ တိုနာအဆင့်ရောက်ပြီ။ တိုနာကို ဂွမ်းစနဲ့ လိုက်လိမ်းနေမယ့်အစား လက်ထဲထည့် မျက်နှာပေါ်ပုတ်ပုတ်ပြီး သိပ်ချလိုက်ပါ။ မျက်နှာသစ်တဲ့အချိန် ကျယ်သွားမယ့်ချွေးပေါက်ကို ပြန်ကျဉ်းပေးပါလိမ့်မယ်။

၃။ ရေဓာတ်ဖြည့်ခရင်မ်လိမ်းဖို့ လုံးဝမကြောက်ပါနဲ့။ မျက်နှာမှာအဆီပြန်တယ်ဆိုတာ ရေဓာတ်စွတ်ပြည့်နေလို့မဟုတ်ဘဲ ချွေးပေါက်ကျယ်နေလို့ဆိုတာ ချိမတို့သိအောင် ဘယ်လိုရှင်းပြရမလဲမသိဘူး။ ဆိုတော့ကား မျက်နှာမှာအဆီနဲ့ ရေဓာတ်မျှတဖို့အတွက် ရေဓာတ်ဖြည့်ခရင်မ်လိမ်းဖို့ လုံးဝမကြောက်ပါနဲ့နော်။

၄။ နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်ကို မဖြစ်မနေလိမ်းပါ။ နေရောင်ထဲမှာပါတဲ့ UVA, UVB ရောင်ခြည်တွေက မျက်နှာအဆီပြန်ခြင်းရဲ့ အဓိကအကြောင်းအရင်းထဲမှာ ဒါကလည်းပါနေလို့လေ။

၅။ Skincare ဝယ်တဲ့အခါ အဆီထိန်းချင်ဇောနဲ့ Alcohol ပါတဲ့ပစ္စည်းတွေကို အရမ်းမဝယ်ပါနဲ့။ ခဏတာအတွက်တော့ အဆင်ပြေနိုင်ပေမဲ့ ရေရှည်မှာတော့ ဒီပစ္စည်းတွေက ကိုယ့်ချွေးပေါက်ကို ပိတ်ဆို့ပြီး အသားအရေပြဿနာတွေကို ဖြစ်စေပါလိမ့်မယ်။

၆။ Vitamin C ပါဝင်တဲ့ အသားဖြူစကွင်းကဲတွေကို ယောင်လို့တောင်မသုံးပါနဲ့နော်။ လုံးဝလုံးဝ မတည့်ပါဘူး။ ရှိနေတဲ့ အဖုတွေ ပိုယောင်ကိုင်းပြီး စုတ်ပြတ်ချင်ရင်တော့ ယူ့သဘောပဲ။

၇။ ခရင်မ်အမျိုးအစားတွေ ဝယ်တဲ့အခါမှာ ရိုးရိုးခရင်မ်ထက် Light cream လို့ခေါ်တဲ့ ဂျယ်လ်ဘက်သွားတဲ့ ခရင်မျိုး ရွေးဝယ်ပါ။ အဲဒီအမျိုးအစားတွေက စိမ့်ဝင်အားကောင်းတာမို့ အဆီပြန်တဲ့လူတွေနဲ့ ပိုပြီးသင့်တော်တယ်လေ။

၈။ မိတ်ကပ်ဖျက်ဆေးတွေ ဝယ်တဲ့အခါ ဖြစ်နိုင်ရင် ရေဓာတ်အောက်ခံ (Water based) အမျိုးအစားကို ဝယ်ပေးပါ။ ပြီးရင် ချွေးပေါက်ဟိုးအတွင်းပိုင်းအထိ သန့်စင်ပေးတဲ့ Deep pore double cleansing ကိုအမြဲလုပ်ပေးပါနော်။

Related Article >>> BB,CC and DD cream တွေက တကယ် မိတ်ကပ်သားပါးတာလား?

၉။ နောက်ဆုံးမျက်နှာသစ်တဲ့အခါမှာ ရေနွေးနဲ့တစ်ခေါက်သစ်ပြီးတာနဲ့ ရေအေးပြန်ပြီးဆေးချပါ။ ဘာလို့လဲဆိုတော့ ရေနွေးက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျယ်စေပြီး ရေအေးက အဲဒီချွေးပေါက်တွေကို ပြန်ကျဉ်းစေလို့လေ။

ဒီဆောင်းပါးလေးက ယောင်းလေးတို့ကို အများကြီးအထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ မေ့မျက်နှာအဆီတပြန်ပြန် ဝင်းပပရန်ကနေ ကင်းဝေးပြီး စိုပြည်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *