နွေရာသီအတွက်အသားအရေ ထိန်းသိမ်းနည်း

နံပါတ် ၄ အချက်က အံ့အားသင့်စရာပါ။

နွေနေပူပူကို လှပစွာ အံတုနိုင်ပါပြီပျိုမေတို့ရေ။ နေရောင်ဒဏ်ကြောင့် အသားမဲတာ

အပူဒဏ်ကြောင့် အသားခြောက်တာ နေလောင်တာ တွေကို အကောင်းမွန်ဆုံး ကာကွယ်နိုင်ဖို့ အသားအရေထိန်းသိမ်းနည်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။

1) SPF 35 နဲ့အထက် နေရောင်ကာ လူးဆေးကိုလူးပါ။

အပြင်သွားတာပဲ ဖြစ်ဖြစ် ကမ်းခြေမှာ အလန်းတွေနဲ့ အပန်းဖြေတာဖြစ်ဖြစ် SPF ပါတဲ့ နေရောင်ကာ လူးဆေး လိမ်းကို လိမ်းပေးသင့်ပါတယ်။ ထူးခြားချက်ကို တွေ့ရမှာပါ။

2) အကာအကွယ်ယူပါ။

နေပူထဲ ထွက်ပြီဆိုတာနဲ့ ထီး ဦးထုပ် နေကာမျက်မှန် ပါပါစေ။ အင်္ကျီလက်ရှည် ဘောင်းဘီရှည်လည်း ဝတ်သင့်ပါတယ်။ ဘောင်းဘီတိုနဲ့ ထွက်ရင် အသားလောင်ပါတယ်။ အင်္ကျီကို လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါးကို ဝတ်ပါ။

3) ရေနွေးနဲ့ရေချိုးပါ။

ဟင် ပူပါတယ်ဆိုမှ ရေနွေးနဲ့ ချိုးခိုင်းရအောင် ရူးနေတာလား လို့ မေးချင်ပါလိမ့်မယ်။ ရေနွေးက ချွေးပေါက်ပွင့်စေပါတယ်။ အခိုးတွေ အကုန်ထွက်လို့ လူကိုပေါ့ပါးစေမှာပါ။ ရေနွေးနဲ့ ချိုးလို့ပြီးခါနီးကျရင် ရေအေးလေး လောင်းပေးပါ။ ရေချိုးရင် ရေကို ဒူးခေါင်းက စလောင်းပါ။ အပေါ်ကို နည်းနည်းချင်းတက်ပြီးလောင်းသွားပါ။ ပုခုံးပေါ်ကနေ တန်းမလောင်းရပါဘူး။

4) ရေသောက်ပါ။

နေ့တိုင်းလည်း ရေသောက်နေတာပဲ။ ထပ်သောက်ရဦးမှာလား။ သောက်ရပါမယ်။ ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးနေချိန်မှာ ပြန်လည်ဖြည့်တင်းဖို့ တစ်နေ့ကို ရေသုံးလီတာ သောက်ပေးပါ။ ရေသောက်တာဟာ အသားအရေ ထိန်းသိမ်းခြင်း တစ်မျိုးပါပဲ။ ဓာတ်ဆားရည် အုန်းရည် နဲ့ ကြံရည်တို့လည်း သောက်ပေးနိုင်ပါတယ်။ (ထန်းရည် မပါပါ။ :v )

5) ညအိပ်ခါနီးတိုင်း လိုးရှင်းလိမ်းပါ။

အိပ်ရာဝင်ချိန်မှာ ရေချိုးတာ ဖြစ်ဖြစ် ခြေလက်ဆေး မျက်နှာသစ်တာဖြစ်ဖြစ် လုပ်ပြီးရင် လက်ခြေထောက်နဲ့ လည်ပင်းကို lotion လိမ်းပေးပါ။ အိပ်ရာနိုးတဲ့အခါ သိသာတဲ့ ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

 

Your perfection is here.

Verte McKenzie (For Her Myanmar)

 

No Comments Yet

Comments are closed