Beauty

သႀကၤန္တြင္း အသားအေရကို ဘယ္လိုထိန္းသိမ္းၾကမလဲ

 ဒါေတြမလုပ္ဘဲ သႀကၤန္အျပင္ထြက္ကဲရင္ေတာ့ အသားအေရပ်က္စီးမွာ က်ိန္းေသပဲ

ေယာင္းတို႔ေရ … ႏွစ္သစ္ကူးအတာသႀကၤန္ကလည္း လက္တစ္ကမ္းအလိုဆိုေတာ့ ဘယ္သြားမယ္ ဘာလုပ္မယ္ဆိုတဲ့အစီအစဥ္ေတြ ကိုယ္စီရွိၾကမယ္ထင္တယ္။ တစ္ႏွစ္မွာတစ္ခါပဲရွိတဲ့သႀကၤန္ဆိုေတာ့ ေပ်ာ္ၾကတာေတာ့ဟုတ္ပါၿပီ … သႀကၤန္ၿပီးတာနဲ႔ ေရစိုစို ေနပူပူမွာ ကဲထားသမွ် ေနေတြေလာင္ၿပီး အသားအေရပ်က္စီးေတာ့မယ္ဆိုတာေကာ ျမင္ေယာင္ၾကရဲ႕လား ? ဒါေတြျဖစ္လာမွ အသည္းအသန္ ခဲမွန္ၿပီး skin care မယ့္အစား ႀကိဳတင္ကာကြယ္ထားတာ ပိုေကာင္းပါတယ္ေနာ္။ ဒါေၾကာင့္ သႀကၤန္အျပင္ထြက္မယ္ဆိုရင္ ဒီ skincare အဆင့္ေတြကို လံုးဝေက်ာ္မခ်သင့္ပါဘူး။

Moisturizer
မ်က္ႏွာသစ္ၿပီးတာနဲ႔ တိုနာလိမ္းၿပီး moisturizer ကို ခါတိုင္းထက္ ပိုလိမ္းေပးပါ။ တစ္ေနကုန္ ေနထဲ၊ ေရထဲမွာ ေပ်ာ္ေနမွာျဖစ္တဲ့အတြက္ မ်က္ႏွာအသားအေရ မထိခိုက္ေအာင္ ေရဓာတ္ျဖည့္ေပးဖို႔လိုပါတယ္ေနာ္။ ရွားေစာင္းလက္ပတ္ပါတဲ့ moisturizer ေတြက ေယာင္းကို တစ္ေနကုန္ေအးျမေစပါတယ္။

Related article >>> အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို မျဖစ္မေန လုပ္ရမယ့္ မ်က္ႏွာအသားအေရ ထိန္းသိမ္းနည္း (၇) ခ်က္

Sunscreen
Moisturizer လိမ္းၿပီးတာနဲ႔ sunscreen လိမ္းရပါမယ္။ Sunscreen ကို မလိုဘူး မထင္လိုက္ပါနဲ႔ေနာ္။ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြက အသားအေရကို အလြန္ထိခိုက္ပ်က္စီးေစႏိုင္ၿပီး အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစတဲ့အထိ အႏၱရယ္ေပးတဲ့အျပင္ အခန္႔မသင့္ရင္ တင္းတိပ္၊ မွဲ႔ေျခာက္စတာေတြပါ ျဖစ္ေစပါတယ္။ Sunscreen ေရြးခ်ယ္တဲ့အခါ အသားအေရကို အထိေရာက္ဆံုးကာကြယ္ေပးတဲ့ SPF 30+ နဲ႔ PA +++ ပါတဲ့ အမ်ိဳးအစားေတြကို ေရြးခ်ယ္ေပးပါ။ (အေရးအႀကီးဆံုးကလည္း Sunscreen ပါပဲ)

Related article >>> ေႏြရာသီမွာ အသားအေရထိန္းသိမ္းဖို႔နည္းလမ္း (၅) သြယ္

Lotion
Skin care ဆိုတာနဲ႔ မ်က္ႏွာကိုပဲ ေျပးသၿပီး ခႏၶာကိုယ္ကို ေမ့ထားတာမ်ိဳးေတာ့ မလုပ္သင့္ပါေနာ္။ အျပင္ထြက္ခါနီးတိုင္း လက္တစ္ဆံုးေျခတစ္ဆံုးသာ လိုးရွင္းလိမ္းသြားပါ။ မလိမ္းသြားဘဲ သႀကၤန္ၿပီးမွ အသားအေရာင္ညီခ်င္ပါရဲ႕ဆိုရင္ေတာ့ ဘယ္သူမွ မကူမကယ္ႏိုင္ပါဘူး။

Related article >>> သႀကၤန္တြင္း ေရစိုလည္းအလွမပ်က္ေစမယ့္ ေရစိုခံမိတ္ကပ္လိမ္းနည္းအဆင့္ဆင့္

Sheet Mask
ကဲလို႔ဝလို႔ ညဘက္အိမ္ျပန္ေရာက္ရင္ေတာ့ ပံုမွန္အတိုင္း skin care လုပ္ၿပီး sheet mask မျဖစ္မေနကပ္ေပးရပါမယ္။ တစ္ေနကုန္ ေနေတြေရေတြၾကားမွာ ပင္ပန္းသြားတဲ့ အသားအေရဆဲလ္ေလးေတြကို အားျဖည့္ေပးတဲ့အေနနဲ႔ soothing mask, hydrating mask, whitening mask စသျဖင့္ ႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္ၿပီး ကပ္ေပးႏိုင္ပါတယ္။

Related article >>> သႀကၤန္မွာ အလန္းဆံုးျဖစ္ေစဖို႔ ဒါေတြကို ဒီလိုဝတ္ပါ

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း သႀကၤန္တြင္း အသားအေရကို ဘယ္လိုထိန္းသိမ္းရမလဲဆိုတာ သိၾကေလာက္ၿပီထင္ပါတယ္။ ေယာင္းတို႔ အၿမဲတမ္း ယံုၾကည္မႈအျပည့္နဲ႔ ဒီထက္ ပိုလွႏိုင္ၾကပါေစေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

ဒါတွေမလုပ်ဘဲ သြင်္ကန်အပြင်ထွက်ကဲရင်တော့ အသားအရေပျက်စီးမှာ ကျိန်းသေပဲ

ယောင်းတို့ရေ … နှစ်သစ်ကူးအတာသြင်္ကန်ကလည်း လက်တစ်ကမ်းအလိုဆိုတော့ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်တွေ ကိုယ်စီရှိကြမယ်ထင်တယ်။ တစ်နှစ်မှာတစ်ခါပဲရှိတဲ့သြင်္ကန်ဆိုတော့ ပျော်ကြတာတော့ဟုတ်ပါပြီ … သြင်္ကန်ပြီးတာနဲ့ ရေစိုစို နေပူပူမှာ ကဲထားသမျှ နေတွေလောင်ပြီး အသားအရေပျက်စီးတော့မယ်ဆိုတာကော မြင်ယောင်ကြရဲ့လား ? ဒါတွေဖြစ်လာမှ အသည်းအသန် ခဲမှန်ပြီး skin care မယ့်အစား ကြိုတင်ကာကွယ်ထားတာ ပိုကောင်းပါတယ်နော်။ ဒါကြောင့် သြင်္ကန်အပြင်ထွက်မယ်ဆိုရင် ဒီ skincare အဆင့်တွေကို လုံးဝကျော်မချသင့်ပါဘူး။

Moisturizer
မျက်နှာသစ်ပြီးတာနဲ့ တိုနာလိမ်းပြီး moisturizer ကို ခါတိုင်းထက် ပိုလိမ်းပေးပါ။ တစ်နေကုန် နေထဲ၊ ရေထဲမှာ ပျော်နေမှာဖြစ်တဲ့အတွက် မျက်နှာအသားအရေ မထိခိုက်အောင် ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်နော်။ ရှားစောင်းလက်ပတ်ပါတဲ့ moisturizer တွေက ယောင်းကို တစ်နေကုန်အေးမြစေပါတယ်။

Related article >>> အသက်(၂၅)နှစ်ကျော်လာပြီဆို မဖြစ်မနေ လုပ်ရမယ့် မျက်နှာအသားအရေ ထိန်းသိမ်းနည်း (၇) ချက်

Sunscreen
Moisturizer လိမ်းပြီးတာနဲ့ sunscreen လိမ်းရပါမယ်။ Sunscreen ကို မလိုဘူး မထင်လိုက်ပါနဲ့နော်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို အလွန်ထိခိုက်ပျက်စီးစေနိုင်ပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့အထိ အန္တရယ်ပေးတဲ့အပြင် အခန့်မသင့်ရင် တင်းတိပ်၊ မှဲ့ခြောက်စတာတွေပါ ဖြစ်စေပါတယ်။ Sunscreen ရွေးချယ်တဲ့အခါ အသားအရေကို အထိရောက်ဆုံးကာကွယ်ပေးတဲ့ SPF 30+ နဲ့ PA +++ ပါတဲ့ အမျိုးအစားတွေကို ရွေးချယ်ပေးပါ။ (အရေးအကြီးဆုံးကလည်း Sunscreen ပါပဲ)

Related article >>> နွေရာသီမှာ အသားအရေထိန်းသိမ်းဖို့နည်းလမ်း (၅) သွယ်

Lotion
Skin care ဆိုတာနဲ့ မျက်နှာကိုပဲ ပြေးသပြီး ခန္ဓာကိုယ်ကို မေ့ထားတာမျိုးတော့ မလုပ်သင့်ပါနော်။ အပြင်ထွက်ခါနီးတိုင်း လက်တစ်ဆုံးခြေတစ်ဆုံးသာ လိုးရှင်းလိမ်းသွားပါ။ မလိမ်းသွားဘဲ သြင်္ကန်ပြီးမှ အသားအရောင်ညီချင်ပါရဲ့ဆိုရင်တော့ ဘယ်သူမှ မကူမကယ်နိုင်ပါဘူး။

Related article >>> သြင်္ကန်တွင်း ရေစိုလည်းအလှမပျက်စေမယ့် ရေစိုခံမိတ်ကပ်လိမ်းနည်းအဆင့်ဆင့်

Sheet Mask
ကဲလို့ဝလို့ ညဘက်အိမ်ပြန်ရောက်ရင်တော့ ပုံမှန်အတိုင်း skin care လုပ်ပြီး sheet mask မဖြစ်မနေကပ်ပေးရပါမယ်။ တစ်နေကုန် နေတွေရေတွေကြားမှာ ပင်ပန်းသွားတဲ့ အသားအရေဆဲလ်လေးတွေကို အားဖြည့်ပေးတဲ့အနေနဲ့ soothing mask, hydrating mask, whitening mask စသဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ကပ်ပေးနိုင်ပါတယ်။

Related article >>> သြင်္ကန်မှာ အလန်းဆုံးဖြစ်စေဖို့ ဒါတွေကို ဒီလိုဝတ်ပါ

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း သြင်္ကန်တွင်း အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိကြလောက်ပြီထင်ပါတယ်။ ယောင်းတို့ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ဒီထက် ပိုလှနိုင်ကြပါစေနော် …

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *