ပျိုမေတို့တစ်နေ့တာလုံး မွှေးရနံ့သင်းနေစေမယ့် နည်းလမ်း(၆)ခု

ဒီနေ့ ပြောမယ့်အကြောင်းအရာလေးကတော့ တစ်နေ့တာလုံး
ပျိုမေတို့ လန်းနေစေဖို့၊ မွှေးရနံ့လေးတွေ သင်းပျံနေစေဖို့
နည်းလမ်းကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။

(၁) နံပါတ်တစ်အရေးကြီးက တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့ မမေ့ပါနဲ့။
နားနောက်၊ လည်ပင်းနောက်ရယ် ချိုင်းနဲ့ ပေါင်ကြားတို့လို
ချွေးထွက်တတ်တဲ့ နေရာတွေကို အသားပေးပြီး ချေးတွန်းပေးဖို့ အရေးကြီးပါတယ်နော်။

(၂) နံပါတ်နှစ်အရေးကြီးတာက ဆံနွယ်လေးတွေရဲ့ အနံ့ပါ။
ဆံပင်နံ့မထွက်စေဖို့အတွက် ဆံပင်စေးလာပြီဆိုတာနဲ့
ခေါင်းလျှော်ပေးဖို့ မမေ့နဲ့နော်။ ဒါ့အပြင် ခေါင်းလျှော်ပြီးတဲ့အခါ Conditioner သုံးပေးတာကလည်း ဆံနွယ်လေးတွေကို နူးညံ့မွှေးပျံ့နေစေပါတယ်တဲ့။

 

(၃) နံပါတ်မှာသုံး အရေးကြီးတာကတော့ ခြေဖဝါးတော်နုနု သန့်ရှင်းရေးပါတဲ့။
ခြေဖဝါးလေးတွေ သန့်ရှင်းမှုမရှိဖူးဆိုရင် ခြေထောက်အနံ့လေးတွေ ထွက်လာမှာပေါ့။
ဒါကြောင့် ခြေချောင်းကြားလေးတွေ ချေးတွန်းပေးဖို့နဲ့ ရေချိုးပြီးရင် ခြေထောက်လေးတွေကို ပဝါနဲ့ သုတ်ပေးဖို့ မမေ့ပါနဲ့နော်။

(၄) နံပါတ်မှာလေး အရေးကြီးဆုံးကတော့ အဝတ်အစားတွေကို လျှော်တဲ့အခါမှာ
ဆပ်ပြာမှုန့်ကောင်းကောင်းလေးကို ရွေးချယ်ဖို့ အရေးကြီးတယ်နော်။
ပြီးတော့ အဝတ်လျှော်တဲ့အခါမှာ ချေးပြောင်မှ အင်္ကျီလေးတွေက အနံ့သက်ဝေးမှာနော်။
အမွှေးရည်လေးတွေ သုံးပေးမယ်ဆိုရင် ပိုလို့တောင် အနံ့သက်မွှေးနေမှာပါ။

(၅) ရေမွှေးဘူးလေးတွေဆောင်ထားဖို့လည်း လိုတယ်နော့။
အပြင်မထွက်ခင် ရေမွှေးလေးဆွတ်ဖို့ မမေ့နဲ့နော်။ ပြီးတော့ ခန္ဓာကိုယ်မှာ ဆွတ်နေကျ ရေမွှေးလေးတွေကို
ဆံပင်မှာ နည်းနည်းလေးဆွတ်ပေးတာကလည်း ဆံပင်ကို တစ်နေ့တာလုံးမွှေးနေစေပါတယ်တဲ့။

သြော် ထူးထူးဆန်းဆန်းတွေ့မိတာတစ်ခုက ချက်မှာ ရေမွှေးဆွတ်ပေးရင် အနံ့ပိုစွဲပြီးတော့ တစ်နေ့လုံး ပိုခံတယ်တဲ့နော်။

(၆) နောက်ဆုံးအရေးကြီးတာတစ်ခုက ခံတွင်းနံ့လေးနော်။
ခံတွင်းနံ့လေးသင်းနေစေဖို့အတွက် သွားလေးတွေကို တစ်နေ့ သုံးကြိမ်တိုက်ပေးဖို့ မမေ့ရဘူးနော်။
ဒါမှမဟုတ် အရေးပေါ်အခြေနေမှာ ခံတွင်းနံ့ဆိုးထွက်ခြင်းမှ ကင်းဝေးဖို့အတွက်ဆိုရင်
ပီကေလေးတွေကလည်း အလုပ်ဖြစ်ပါတယ်။

ကဲဒါဆို အပေါ်မှာ ပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေနဲ့အတူ
ပျိုမေတို့လည်း တစ်နေ့တာလုံး မွှေးပျံနေလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

နေ့စဉ် ပျိုမေတို့အတွက် မတူညီတဲ့အကြောင်းအရာတွေကို ယူဆောင်လာပေးမှာမို့
စောင့်မျှော်ပေးကြဖို့ မမေ့နဲ့နော်။

ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

No Comments Yet

Comments are closed