Beauty Tips

ကုိယ္ဝန္ေဆာင္စဥ္ ကာလအတြင္း ဆံသားေကာင္းမြန္ေအာင္ ထိန္းသိမ္းနည္း

ေသြးသားအေျပာင္းအလဲမွာ ဆံသားပ်က္စီးတတ္လို႔ ျပဳျပင္နည္းေတြ သိထားသင့္ပါတယ္ 🤗🤗

မိခင္ေလာင္း ျဖစ္ေတာ့မယ့္ ေမေမတို႕ေရ ဗိုက္ထဲမွာ သားသားမီးမီးေလးတို႕ကို လြယ္ထားရတယ္ဆိုရင္ ခႏၶာကိုယ္မွာ အေျပာင္းအလဲေတြ အမ်ိဳးမ်ိဳး ျပတတ္သလို  ေဟာ္မုန္းအေျပာင္းအေလဲေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆံသားျပႆနာကိုလည္း ရင္ဆိုင္ရဦးမွာပါ။ ဆံလံုးထူျပီး ဆံသားပိုသန္လာတာမ်ိဳး ျဖစ္ႏိုင္သလို ဆံသားေတြ လိမ္ေကာက္ျပီး ေျခာက္ေသြ႕လာတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ကိုယ္ဝန္ေဆာင္သည္ေတြမွာဆိုရင္ ဆံပင္ေတြတစ္ျပံဳၾကီး ကၽြတ္တာမ်ိဳးလည္း ျဖစ္ေလ့ရွိပါတယ္။

ေသခ်ာေလးဂရုစိုက္ေပးျပီး အာဟာရေကာင္းေကာင္း ရမယ္ဆိုရင္ ကေလးေမြးျပီး ၆ လ အၾကာမွာ ဆံသားကမူလအတိုင္း ျပန္ေကာင္းတယ္လို႕လည္း သိရပါတယ္။ ကိုယ္ဝန္လြယ္ထားတဲ့ ၉ လ အတြင္းမွာ ဆံသားက်န္းမာေရးကို အေလးေပးဂရုစိုက္ခ်င္တယ္ဆိုရင္ေတာ့ အိမြန္ ေဝမွ်ေပးသြားမယ့္ အၾကံေကာင္းေလးေတြအတိုင္း လုပ္ေဆာင္ၾကည့္ပါေနာ္။

ဆံသားႏွိပ္နယ္ျခင္း

တစ္ပတ္ကို အနိမ့္ဆံုး သံုးႀကိမ္ကေန ေလးႀကိမ္အထိ ဆံသားကို ဆီလိမ္းေပးပါ။ သဘာဝ အုန္းဆီ ၊ သံလြင္ဆီ တစ္ခုခုလိမ္းေပးတာက ဆံသားကိုအားျဖည့္ေပးပါတယ္။ ဦးေရျပားနဲ႕ ဆံသားေပၚ ဆီလိမ္းၿပီး ဖြဖြေလး ႏွိပ္နယ္ေပးရပါမယ္။ ဒါဆိုရင္ေတာ့ ဆံပင္အျမစ္ကေန သန္စြမ္းၿပီး ဆံပင္ကၽြတ္ျခင္း ကင္းေဝးေစပါတယ္။

ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္ေပ်ာ့ေဆး ထည့္သံုးပါ။

တစ္ပတ္ကို အနိမ့္ဆံုး တစ္ၾကိမ္ကေန ႏွစ္ၾကိမ္အထိ ေခါင္းေလွ်ာ္ပါ။ သဘာဝ သစ္ဥသစ္ျမစ္ေတြနဲ႕ ေဖာ္စပ္ထားတယ္ဆိုတဲ့ ရွန္ပူအေပ်ာ့စားကိုသာ သံုးပါ။ ေခါင္းေလွ်ာ္တိုင္းလည္း conditioner ထည့္သံုးၿပီး ဆံသားေျခာက္ေသြ႕ျခင္း နဲ႔ အဖ်ားႏွစ္ခြ ျဖစ္တာေတြ မရွိရေလေအာင္ ဆံပင္အဖ်ားကို ေသခ်ာေလးဂရုစိုက္ပါ။ ကိုယ္ဝန္ရင့္မာလာတဲ့အခါ ကိုယ္တိုင္ေခါင္းေလွ်ာ္ဖုိ႕ အဆင္မေျပေတာ့ဘူးဆိုရင္ တစ္ေယာက္ေယာက္ကုိ ကူညီခိုင္းပါေယာင္းေရ။

Related Article>>>ကိုယ္ဝန္ေဆာင္ေယာင္းတုိ႕အတြက္ ေယာဂက်င့္စဥ္မ်ား

ဆံပင္အေရာင္ မဆိုးပါနဲ႕

ကိုယ္ဝန္ေဆာင္ေနတဲ့ကာလမွာ ျဖစ္ႏိုင္ရင္ ဆံပင္ေဆးမဆိုးတာ အေကာင္းဆံုးပါပဲ ။ ဆံပင္ေဆးဆိုးလို႕ ဗိုက္ထဲကကေလးကို ထိခိုက္လို႕လား ေမးရင္ေတာ့ ဟုတ္တယ္ဆိုတဲ့ တိတိက်က် အေျဖမရွိပါဘူး။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေသြးသားအေျပာင္းအလဲ ျဖစ္ေနတာဆိုေတာ့ အခန္႕မသင့္လို႕မ်ား ဓာတ္မတည့္တာေတြ ဘာေတြမျဖစ္ေအာင္ ကာကြယ္ရာေရာက္တာေပါ့။

ဆံသားအမ်ိဳးအစားကို နားလည္ထားပါ။

ကိုယ့္ရဲ႕ ဆံသားအမ်ိဳးအစားနဲ႕ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ဘယ္လိုအေျပာင္းအလဲေတြ ရွိလာလဲဆိုတာကို နားလည္ထားပါ။ ကိုယ့္ရဲ႕ဆံသား အေျပာင္းအလဲေပၚမူတည္ျပီး ရွန္ပူကို ေသခ်ာေရြးဝယ္ပါ။ ဒါဆိုရင္ေတာ့ ဆံသားပ်က္စီးမႈ နည္းသြားပါလိမ့္မယ္။ ဆံပင္ေကကိုလည္း ကိုယ့္နဲ႕လိုက္မယ့္ စိတ္ခံစားခ်က္နဲ႕ ကိုက္မယ့္ဟာမ်ိဳး ေရြးခ်ယ္ညွပ္လို႕ရပါတယ္။

မွ်တတဲ့ အစာအာဟာရ

ကိုယ္ဝန္ေဆာင္သည္ ေမေမေတြ စားသမွ်က ကေလးအတြက္ အားျဖစ္သလို ကိုယ့္ရဲ႕ ဆံသားက်န္းမာေရးအတြက္လည္း အက်ိဳးရွိတယ္ဆိုတာ ဂရုျပဳရပါမယ္။ ႏြားႏို႕ ၊ သစ္သီး ၊ ဟင္းသီးဟင္းရြက္ ၊ အသား ၊ ငါး ၊ ပဲနီေလးတို႕ကို ေန႕စဥ္ထည့္သြင္း စားသံုးေပးရပါမယ္။

စိတ္ဖိစီးမႈ ေလွ်ာ့ပါ။

မိခင္ေလာင္းေတြ ျဖစ္ေလ့ရွိတဲ့ ေရာဂါတစ္ခုက stress ပိတာပါပဲ။ ေဟာ္မုန္းအေျပာင္းအလဲမွာ ခံစားခ်က္ အေျပာင္းအလဲျဖစ္ျပီး ဆံသားကိုထိခိုက္ေစပါတယ္။ ဒါေၾကာင့္ စိတ္ေပါ့ေပါ့ပါးပါး ေနပါ။ စိတ္ညစ္စရာေတြ စိတ္ရႈပ္စရာေတြကို ေခါက္ထားပါ။ တရားထိုင္ျခင္း ၊ ေယာဂက်င့္ျခင္း ၊ သီခ်င္းနားေထာင္ျခင္းတို႕ျပဳလုပ္ျပီး စိတ္ဖိစီးမႈ ေျဖေဖ်ာက္ပါေနာ္။

အိမြန္ေျပာျပတဲ့ အခ်က္ေလးေတြကို လိုက္နာလုပ္ေဆာင္ရင္း ဆံသားက်န္းမာတဲ့ မိခင္ေလာင္းေတြ ျဖစ္ၾကပါေစ။

With love

Ei Mon (For Her Myanmar)

Reference: stylecraze, firstcryparenting,

Photo by Renato Abati from Pexels

<<<Unicode>>>

 

သွေးသားအပြောင်းအလဲမှာ ဆံသားပျက်စီးတတ်လို့ ပြုပြင်နည်းတွေ သိထားသင့်ပါတယ် 🤗🤗

မိခင်လောင်း ဖြစ်တော့မယ့် မေမေတို့ရေ ဗိုက်ထဲမှာ သားသားမီးမီးလေးတို့ကို လွယ်ထားရတယ်ဆိုရင် ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ အမျိုးမျိုး ပြတတ်သလို  ဟော်မုန်းအပြောင်းအလေဲကြောင့် ဖြစ်လာနိုင်တဲ့ ဆံသားပြဿနာကိုလည်း ရင်ဆိုင်ရဦးမှာပါ။ ဆံလုံးထူပြီး ဆံသားပိုသန်လာတာမျိုး ဖြစ်နိုင်သလို ဆံသားတွေ လိမ်ကောက်ပြီး ခြောက်သွေ့လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်သည်တွေမှာဆိုရင် ဆံပင်တွေတစ်ပြုံကြီး ကျွတ်တာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။

သေချာလေးဂရုစိုက်ပေးပြီး အာဟာရကောင်းကောင်း ရမယ်ဆိုရင် ကလေးမွေးပြီး ၆ လ အကြာမှာ ဆံသားကမူလအတိုင်း ပြန်ကောင်းတယ်လို့လည်း သိရပါတယ်။ ကိုယ်ဝန်လွယ်ထားတဲ့ ၉ လ အတွင်းမှာ ဆံသားကျန်းမာရေးကို အလေးပေးဂရုစိုက်ချင်တယ်ဆိုရင်တော့ အိမွန် ဝေမျှပေးသွားမယ့် အကြံကောင်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါနော်။

ဆံသားနှိပ်နယ်ခြင်း

တစ်ပတ်ကို အနိမ့်ဆုံး သုံးကြိမ်ကနေ လေးကြိမ်အထိ ဆံသားကို ဆီလိမ်းပေးပါ။ သဘာဝ အုန်းဆီ ၊ သံလွင်ဆီ တစ်ခုခုလိမ်းပေးတာက ဆံသားကိုအားဖြည့်ပေးပါတယ်။ ဦးရေပြားနဲ့ ဆံသားပေါ် ဆီလိမ်းပြီး ဖွဖွလေး နှိပ်နယ်ပေးရပါမယ်။ ဒါဆိုရင်တော့ ဆံပင်အမြစ်ကနေ သန်စွမ်းပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါတယ်။

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး ထည့်သုံးပါ။

တစ်ပတ်ကို အနိမ့်ဆုံး တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ခေါင်းလျှော်ပါ။ သဘာဝ သစ်ဥသစ်မြစ်တွေနဲ့ ဖော်စပ်ထားတယ်ဆိုတဲ့ ရှန်ပူအပျော့စားကိုသာ သုံးပါ။ ခေါင်းလျှော်တိုင်းလည်း conditioner ထည့်သုံးပြီး ဆံသားခြောက်သွေ့ခြင်း နဲ့ အဖျားနှစ်ခွ ဖြစ်တာတွေ မရှိရလေအောင် ဆံပင်အဖျားကို သေချာလေးဂရုစိုက်ပါ။ ကိုယ်ဝန်ရင့်မာလာတဲ့အခါ ကိုယ်တိုင်ခေါင်းလျှော်ဖို့ အဆင်မပြေတော့ဘူးဆိုရင် တစ်ယောက်ယောက်ကို ကူညီခိုင်းပါယောင်းရေ။

Related Article>>>ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

ဆံပင်အရောင် မဆိုးပါနဲ့

ကိုယ်ဝန်ဆောင်နေတဲ့ကာလမှာ ဖြစ်နိုင်ရင် ဆံပင်ဆေးမဆိုးတာ အကောင်းဆုံးပါပဲ ။ ဆံပင်ဆေးဆိုးလို့ ဗိုက်ထဲကကလေးကို ထိခိုက်လို့လား မေးရင်တော့ ဟုတ်တယ်ဆိုတဲ့ တိတိကျကျ အဖြေမရှိပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးသားအပြောင်းအလဲ ဖြစ်နေတာဆိုတော့ အခန့်မသင့်လို့များ ဓာတ်မတည့်တာတွေ ဘာတွေမဖြစ်အောင် ကာကွယ်ရာရောက်တာပေါ့။

ဆံသားအမျိုးအစားကို နားလည်ထားပါ။

ကိုယ့်ရဲ့ ဆံသားအမျိုးအစားနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘယ်လိုအပြောင်းအလဲတွေ ရှိလာလဲဆိုတာကို နားလည်ထားပါ။ ကိုယ့်ရဲ့ဆံသား အပြောင်းအလဲပေါ်မူတည်ပြီး ရှန်ပူကို သေချာရွေးဝယ်ပါ။ ဒါဆိုရင်တော့ ဆံသားပျက်စီးမှု နည်းသွားပါလိမ့်မယ်။ ဆံပင်ကေကိုလည်း ကိုယ့်နဲ့လိုက်မယ့် စိတ်ခံစားချက်နဲ့ ကိုက်မယ့်ဟာမျိုး ရွေးချယ်ညှပ်လို့ရပါတယ်။

မျှတတဲ့ အစာအာဟာရ

ကိုယ်ဝန်ဆောင်သည် မေမေတွေ စားသမျှက ကလေးအတွက် အားဖြစ်သလို ကိုယ့်ရဲ့ ဆံသားကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်ဆိုတာ ဂရုပြုရပါမယ်။ နွားနို့ ၊ သစ်သီး ၊ ဟင်းသီးဟင်းရွက် ၊ အသား ၊ ငါး ၊ ပဲနီလေးတို့ကို နေ့စဉ်ထည့်သွင်း စားသုံးပေးရပါမယ်။

စိတ်ဖိစီးမှု လျှော့ပါ။

မိခင်လောင်းတွေ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်ခုက stress ပိတာပါပဲ။ ဟော်မုန်းအပြောင်းအလဲမှာ ခံစားချက် အပြောင်းအလဲဖြစ်ပြီး ဆံသားကိုထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါး နေပါ။ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေကို ခေါက်ထားပါ။ တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်း ၊ သီချင်းနားထောင်ခြင်းတို့ပြုလုပ်ပြီး စိတ်ဖိစီးမှု ဖြေဖျောက်ပါနော်။

အိမွန်ပြောပြတဲ့ အချက်လေးတွေကို လိုက်နာလုပ်ဆောင်ရင်း ဆံသားကျန်းမာတဲ့ မိခင်လောင်းတွေ ဖြစ်ကြပါစေ။

With love

Ei Mon (For Her Myanmar)

Reference: stylecraze, firstcryparenting,

Photo by Renato Abati from Pexels

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *