အလွကုန္ပစၥည္းေတြကို ေဈးႀကီးေပးၿပီး ဝယ္သင့္/မသင့္?

ဘရန္းခိုင္ၿပီး ေဈးႀကီးတိုင္း မ်က္စိစံုမွိတ္ဝယ္ပစ္ရမွာလား?

ေဈးႀကီးၾကတယ္ေနာ္၊ အလွကုန္ေလးေတြကေလ အင္း။ ေဒၚလာေဈး၊ ယြမ္ေဈး၊ ဝမ္ေဈး၊ ဘတ္ေဈး စတာေတြကလည္း ျမန္မာ့ေငြေၾကးနဲ႔ ေျပာင္းျပန္အခ်ိဳးက်ၿပီး တရိပ္ရိပ္တက္ေနတာဆိုေတာ့ ပိုဆိုးေရာ။ အဲ့ေတာ့ အလွကုန္ပစၥည္းဆိုရင္ မကုန္ပါေစနဲ႔၊ ငါ့မ်က္ႏွာေလးမွာလည္း ရွိရွိသမွ် သမၼာေဒဝနတ္ေကာင္းနတ္ျမတ္ေတြ မ,စလုိ႔ Breakout ေတြ မထြက္လာပါေစနဲ႔လို႔ ဆုေတာင္းလိုက္ရတာ။ ဒါေပမဲ့လည္း ေရေျမအေနအထားအရေရာ၊ ကိုယ့္စားေသာက္တဲ့ ပံုစံအရေရာေပါင္းၿပီး Breakout က တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ျဖစ္ကို ျဖစ္လိုက္ရမွဆိုေတာ့ကာ…  အဲဒီမွာ အနာနဲ႔ေဆးတည့္ဖို႔အတြက္ ပစၥည္းရွာသံုးတဲ့အခ်ိန္ တခ်ိဳ႕ပစၥည္းေလးေတြက ကိုယ့္လစာ၊ မုန္႔ဖိုးစတာေတြရဲ႕ တစ္ဝက္ (သို႔) ၄ ပံု ၃ ပံု (သို႔) ကို္ယ့္တစ္လစာ ေလာက္ျဖစ္ေနတတ္ေတာ့ ဝယ္သင့္မဝယ္သင့္ ဆံုးျဖတ္ရခက္ေနရင္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ပါလို႔။

ကဲ ဟုတ္ၿပီ။ ဘာေၾကာင့္ေဈးႀကီးတာလဲဆိုတာကို အရင္သြားမယ္။ ႏွင္းကိုယ္တိုင္ အလွကုန္ပစၥည္းေလာကထဲမွာ က်င္လည္ေနသူမို႔ တခ်ိဳ႕ဂ်င္းေတြကို ႏွင္းသိသလို၊ တခ်ိဳ႕ပစၥည္းေတြက်ေတာ့ ဘာလို႔ေဈးႀကီးတာလဲ ဆိုတာမ်ိဳးလည္း သတိထားမိပါတယ္။

 ဥပမာတစ္ခုေျပာရရင္ ႏွင္းတို႔နဲ႔ နည္းနည္းအလွမ္းေဝးတဲ့ ဒါးမတ္စ္ႏွင္းဆီပန္းဆိုတာ ရွိတယ္။ အဲဒီႏွင္းဆီပန္းက တစ္ႏွစ္မွာ တစ္ခါပဲပြင့္တယ္။ ပြင့္တဲ့အခ်ိန္မွာပဲ ခ်က္ခ်င္းခူးၿပီး ၃ နာရီအတြင္း ေပါင္းခံရည္ထုတ္၊ အဲဒီေပါင္းခံေရကို သက္ဆိုင္ရာ အလွကုန္ပစၥည္းထဲမွာ တစ္ခါတည္းထည့္သံုးမွ ဒီပစၥည္းက အာနိသင္ရွိမယ္။ ဒီလိုပစၥည္းမ်ိဳးက်ေတာ့ တျခားဘယ္ပစၥည္းထဲမွာမွလည္း အစားရွာလုိ႔မရ၊ တကယ္လည္း အားထုတ္ရတဲ့အပိုင္းေတြမွာ အဆင့္ဆင့္မ်ားတဲ့အျပင္ တစ္ခါဆိုတစ္ခါ အရမ္းထိေရာက္တာမို႔ ေငြေၾကးအရ တျခားပစၥည္းထက္မ်ားေနတာမ်ိဳးဆိုတာမ်ိဳးက် သံုးေပ်ာ္တယ္ေလ။

ေနာက္ၿပီး ကႏၱာရထဲမွာ ပြင့္တဲ့ပန္း၊ အပင္ စတာေတြကလည္း ခက္ခဲတဲ့ေနရာကေန မနည္းအသက္ရွင္ေအာင္ ရုန္းကန္ရတဲ့ အမ်ိဳးအစားေတြမို႔ သူတို႔ေတြဆီကရတဲ့ ကုန္ၾကမ္းေတြဆိုရင္လည္း တကယ့္ကိုရွားပါးၿပီး တန္ဖိုးရွိတာမ်ိဳးေတြပါ။ ဒီလိုမ်ိဳးဆိုရင္ေတာ့ ေဈးႀကီးေပးဝယ္ရလည္း ဘယ္လိုေနေနတန္ေနတာပဲ။

Related Article >>> ေဆးရခက္တဲ့ beauty sponge နဲ႔ brush ေတြကို အသစ္ေလးအတိုင္း ျဖဴေဖြးသြားေစဖို႔

တခ်ိဳ႕ပစၥည္းေတြ က်ျပန္ေတာ့လည္း ထုတ္ထားတဲ့ အရည္အေသြး၊ သံုးထားတဲ့ကုန္ၾကမ္းပစၥည္း၊ ယုစြအဆံုး ပါကင္ဒီဇိုင္းကအစ ဘာမွကြဲျပားမႈမရွိ၊ ထူးျခားေနတာမ်ိဳးမရွိဘဲ အတင္းကာေရာ ေဈးႏႈန္းကိုစြတ္တင္တာမ်ိဳးေပါ့ေလ။ ကုန္ပစၥည္းခ၊ ေၾကာ္ျငာခနဲ႔ တျခားဘာစရိတ္ ညာစရိတ္ေတြ ထည့္ထြက္ဦးေတာင္ ရလာတဲ့ အရည္အေသြးက ကိုယ္ေပးရတဲ့ေဈးႏႈန္းနဲ႔ မတန္ဘူးဆို ေပးလိုက္ရတဲ့ နင့္ခနဲပိုက္ဆံက အရမ္းကို ႏွေျမာစရာေနာ္..

အဲဒီလိုဘာမွလည္းမဟုတ္ဘဲနဲ႔ ေဈးႏႈန္းကမ်ားေနတယ္ ဒါေပမဲ့လည္း ကိုယ္ကႀကိတ္မွိတ္ၿပီး သံုးေနရတယ္ဆိုရင္ သူ႔မွာပါတဲ့ပစၥည္းေတြကိုၾကည့္ၿပီး တျခားေဈးနည္းနည္းသက္သာတဲ့အထဲက ရွာဝယ္သံုးၾကည့္ပါ။ (ဥပမာ ကိုယ္က အမိုင္ႏိုအက္စစ္ပါတဲ့ ပစၥည္းသံုးမိၿပီး တည့္သြားတာမ်ိဳးဆိုရင္ တျခားေဈးကြက္ထဲမွာ အမိုင္ႏိုအက္စစ္ပါၿပီး ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့ပစၥည္းတစ္ခုကို ေသခ်ာရွာၿပီး သံုးၾကည့္တာမ်ိဳးေပါ့။) တခ်ိဳ႕လူေတြမ်ား ဘယ္ေလာက္ေတာင္ ယုတ္မာလဲဆိုရင္ စတီးရိြဳက္လိုမ်ိဳး ျမန္ျမန္အာနိသင္ျပၿပီး အသားအေရအတြက္ အႏၱရာယ္ျဖစ္ေစမယ့္ ပစၥည္းမ်ိဳးေတြကို ေဈးႀကီးႀကီးနဲ႔ကို ေရာင္းတာေတာ္။ (တစ္ခါနဲ႔ အခ်ီႀကီးစားၾကတာေပါ့။)

Related Article >>> အဆီျပန္တဲ့အသားအေရ (Oily skin) အတြက္ skincare tips and tricks ေပါင္းခ်ဳပ္

အဲ့ေတာ့ နိဂ်ံဳးခုပ္ (အဲေလ) နိဂံုးခ်ဳပ္ရမယ္ဆိုရင္ေတာ့ ဘယ္ပစၥည္းမဆို ဝယ္ေတာ့မယ္ဆိုရင္ ကိုယ္နဲ႔တည့္မတည့္သိၿပီးတာနဲ႔ ဒီေဈးကတန္မတန္ဆိုတာကိုလည္း ထည့္တြက္ပါ။ ကိုယ္နဲ႔တည့္တယ္ဆိုတိုင္း တာဝတိံသာေလာက္ ေဈးေရာက္ေနတာႀကီးကိုလည္း အစာငတ္ခံၿပီး ဇြတ္မဝယ္ပါနဲ႔ေနာ္။ သူနဲ႔အလားတူ၊ အာနိသင္ကို တူတူနီးပါးေပးႏိုင္ၿပီး ကိုယ့္အတြက္လည္း စိတ္ခ်ရ၊ ကိုယ္လည္း ယံုၾကည္၊ ဘရန္းနာမည္တစ္ခုလည္း ခိုင္ခိုင္မာမာရွိထားတဲ့ ပစၥည္းမ်ိဳးကို ရွာဝယ္ပါ။

ေနာက္ၿပီး တခ်ိဳ႕ဘေလာ့ဂါေတြထဲမွာ တကယ္ Honest review ကိုအားမနာတမ္း ေပးတဲ့လူမ်ိဳးရွိတယ္။ (စီးပြားေရးသက္သက္မဟုတ္ဘဲ သူ႔ေဖာ္လိုဝါေတြကို ေစတနာထားတဲ့လူမ်ိဳးေပါ့။) အဲ့လိုလူမ်ိဳးေတြရဲ႕ ရီဗ်ဴးေတြကို ေသခ်ာရွာဖတ္ပါ၊ ရွာၾကည့္ပါ။ ေနာက္ၿပီး ႏိုင္ငံတကာမွာလည္း ဘရန္းအႀကီးေတြကို အရည္အေသြးပိုင္းယွဥ္ႏိုင္တဲ့ Dupe brand ေလးေတြရွိပါတယ္။ အဲဒါေလးေတြကိုလည္း ရွာၾကည့္ၾကည့္ပါလို႔။

ဒါေၾကာင့္ အလွကုန္ပစၥည္းေတြကို ေဈးႀကီးေပးၿပီး ဝယ္သင့္လား၊ မဝယ္သင့္ဘူးလားဆိုရင္ေတာ့ သူတို႔သံုးတဲ့ကုန္ၾကမ္းရယ္၊ အရည္အေသြးရယ္၊ အမ်ိဳးအစားရယ္အေပၚမွာမူတည္ၿပီး ကိုယ္တတ္ႏိုင္တဲ့ေဈးဟုတ္မဟုတ္အေပၚမွာလည္း မူတည္ပါေသးတယ္လို႔ပဲ ေျပာခ်င္ပါတယ္ရွင္။

အားလံုးပဲ ကိုယ္နဲ႔သင့္ေတာ္တဲ့ ပစၥည္းကို ေသခ်ာေရြးဝယ္ႏိုင္ၾကပါေစေနာ္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဘရန်းခိုင်ပြီး ဈေးကြီးတိုင်း မျက်စိစုံမှိတ်ဝယ်ပစ်ရမှာလား?

ဈေးကြီးကြတယ်နော်၊ အလှကုန်လေးတွေကလေ အင်း။ ဒေါ်လာဈေး၊ ယွမ်ဈေး၊ ဝမ်ဈေး၊ ဘတ်ဈေး စတာတွေကလည်း မြန်မာ့ငွေကြေးနဲ့ ပြောင်းပြန်အချိုးကျပြီး တရိပ်ရိပ်တက်နေတာဆိုတော့ ပိုဆိုးရော။ အဲ့တော့ အလှကုန်ပစ္စည်းဆိုရင် မကုန်ပါစေနဲ့၊ ငါ့မျက်နှာလေးမှာလည်း ရှိရှိသမျှ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ မ,စလို့ Breakout တွေ မထွက်လာပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ။ ဒါပေမဲ့လည်း ရေမြေအနေအထားအရရော၊ ကိုယ့်စားသောက်တဲ့ ပုံစံအရရောပေါင်းပြီး Breakout က တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်ကို ဖြစ်လိုက်ရမှဆိုတော့ကာ…  အဲဒီမှာ အနာနဲ့ဆေးတည့်ဖို့အတွက် ပစ္စည်းရှာသုံးတဲ့အချိန် တချို့ပစ္စည်းလေးတွေက ကိုယ့်လစာ၊ မုန့်ဖိုးစတာတွေရဲ့ တစ်ဝက် (သို့) ၄ ပုံ ၃ ပုံ (သို့) ကိုယ့်တစ်လစာ လောက်ဖြစ်နေတတ်တော့ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ရခက်နေရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့။

ကဲ ဟုတ်ပြီ။ ဘာကြောင့်ဈေးကြီးတာလဲဆိုတာကို အရင်သွားမယ်။ နှင်းကိုယ်တိုင် အလှကုန်ပစ္စည်းလောကထဲမှာ ကျင်လည်နေသူမို့ တချို့ဂျင်းတွေကို နှင်းသိသလို၊ တချို့ပစ္စည်းတွေကျတော့ ဘာလို့ဈေးကြီးတာလဲ ဆိုတာမျိုးလည်း သတိထားမိပါတယ်။

 ဥပမာတစ်ခုပြောရရင် နှင်းတို့နဲ့ နည်းနည်းအလှမ်းဝေးတဲ့ ဒါးမတ်စ်နှင်းဆီပန်းဆိုတာ ရှိတယ်။ အဲဒီနှင်းဆီပန်းက တစ်နှစ်မှာ တစ်ခါပဲပွင့်တယ်။ ပွင့်တဲ့အချိန်မှာပဲ ချက်ချင်းခူးပြီး ၃ နာရီအတွင်း ပေါင်းခံရည်ထုတ်၊ အဲဒီပေါင်းခံရေကို သက်ဆိုင်ရာ အလှကုန်ပစ္စည်းထဲမှာ တစ်ခါတည်းထည့်သုံးမှ ဒီပစ္စည်းက အာနိသင်ရှိမယ်။ ဒီလိုပစ္စည်းမျိုးကျတော့ တခြားဘယ်ပစ္စည်းထဲမှာမှလည်း အစားရှာလို့မရ၊ တကယ်လည်း အားထုတ်ရတဲ့အပိုင်းတွေမှာ အဆင့်ဆင့်များတဲ့အပြင် တစ်ခါဆိုတစ်ခါ အရမ်းထိရောက်တာမို့ ငွေကြေးအရ တခြားပစ္စည်းထက်များနေတာမျိုးဆိုတာမျိုးကျ သုံးပျော်တယ်လေ။

နောက်ပြီး ကန္တာရထဲမှာ ပွင့်တဲ့ပန်း၊ အပင် စတာတွေကလည်း ခက်ခဲတဲ့နေရာကနေ မနည်းအသက်ရှင်အောင် ရုန်းကန်ရတဲ့ အမျိုးအစားတွေမို့ သူတို့တွေဆီကရတဲ့ ကုန်ကြမ်းတွေဆိုရင်လည်း တကယ့်ကိုရှားပါးပြီး တန်ဖိုးရှိတာမျိုးတွေပါ။ ဒီလိုမျိုးဆိုရင်တော့ ဈေးကြီးပေးဝယ်ရလည်း ဘယ်လိုနေနေတန်နေတာပဲ။

Related Article >>> ဆေးရခက်တဲ့ beauty sponge နဲ့ brush တွေကို အသစ်လေးအတိုင်း ဖြူဖွေးသွားစေဖို့

တချို့ပစ္စည်းတွေ ကျပြန်တော့လည်း ထုတ်ထားတဲ့ အရည်အသွေး၊ သုံးထားတဲ့ကုန်ကြမ်းပစ္စည်း၊ ယုစွအဆုံး ပါကင်ဒီဇိုင်းကအစ ဘာမှကွဲပြားမှုမရှိ၊ ထူးခြားနေတာမျိုးမရှိဘဲ အတင်းကာရော ဈေးနှုန်းကိုစွတ်တင်တာမျိုးပေါ့လေ။ ကုန်ပစ္စည်းခ၊ ကြော်ငြာခနဲ့ တခြားဘာစရိတ် ညာစရိတ်တွေ ထည့်ထွက်ဦးတောင် ရလာတဲ့ အရည်အသွေးက ကိုယ်ပေးရတဲ့ဈေးနှုန်းနဲ့ မတန်ဘူးဆို ပေးလိုက်ရတဲ့ နင့်ခနဲပိုက်ဆံက အရမ်းကို နှမြောစရာနော်..

အဲဒီလိုဘာမှလည်းမဟုတ်ဘဲနဲ့ ဈေးနှုန်းကများနေတယ် ဒါပေမဲ့လည်း ကိုယ်ကကြိတ်မှိတ်ပြီး သုံးနေရတယ်ဆိုရင် သူ့မှာပါတဲ့ပစ္စည်းတွေကိုကြည့်ပြီး တခြားဈေးနည်းနည်းသက်သာတဲ့အထဲက ရှာဝယ်သုံးကြည့်ပါ။ (ဥပမာ ကိုယ်က အမိုင်နိုအက်စစ်ပါတဲ့ ပစ္စည်းသုံးမိပြီး တည့်သွားတာမျိုးဆိုရင် တခြားဈေးကွက်ထဲမှာ အမိုင်နိုအက်စစ်ပါပြီး ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ပစ္စည်းတစ်ခုကို သေချာရှာပြီး သုံးကြည့်တာမျိုးပေါ့။) တချို့လူတွေများ ဘယ်လောက်တောင် ယုတ်မာလဲဆိုရင် စတီးရွိုက်လိုမျိုး မြန်မြန်အာနိသင်ပြပြီး အသားအရေအတွက် အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းမျိုးတွေကို ဈေးကြီးကြီးနဲ့ကို ရောင်းတာတော်။ (တစ်ခါနဲ့ အချီကြီးစားကြတာပေါ့။)

Related Article >>> အဆီပြန်တဲ့အသားအရေ (Oily skin) အတွက် skincare tips and tricks ပေါင်းချုပ်

အဲ့တော့ နိဂျုံးခုပ် (အဲလေ) နိဂုံးချုပ်ရမယ်ဆိုရင်တော့ ဘယ်ပစ္စည်းမဆို ဝယ်တော့မယ်ဆိုရင် ကိုယ်နဲ့တည့်မတည့်သိပြီးတာနဲ့ ဒီဈေးကတန်မတန်ဆိုတာကိုလည်း ထည့်တွက်ပါ။ ကိုယ်နဲ့တည့်တယ်ဆိုတိုင်း တာဝတိံသာလောက် ဈေးရောက်နေတာကြီးကိုလည်း အစာငတ်ခံပြီး ဇွတ်မဝယ်ပါနဲ့နော်။ သူနဲ့အလားတူ၊ အာနိသင်ကို တူတူနီးပါးပေးနိုင်ပြီး ကိုယ့်အတွက်လည်း စိတ်ချရ၊ ကိုယ်လည်း ယုံကြည်၊ ဘရန်းနာမည်တစ်ခုလည်း ခိုင်ခိုင်မာမာရှိထားတဲ့ ပစ္စည်းမျိုးကို ရှာဝယ်ပါ။

နောက်ပြီး တချို့ဘလော့ဂါတွေထဲမှာ တကယ် Honest review ကိုအားမနာတမ်း ပေးတဲ့လူမျိုးရှိတယ်။ (စီးပွားရေးသက်သက်မဟုတ်ဘဲ သူ့ဖော်လိုဝါတွေကို စေတနာထားတဲ့လူမျိုးပေါ့။) အဲ့လိုလူမျိုးတွေရဲ့ ရီဗျူးတွေကို သေချာရှာဖတ်ပါ၊ ရှာကြည့်ပါ။ နောက်ပြီး နိုင်ငံတကာမှာလည်း ဘရန်းအကြီးတွေကို အရည်အသွေးပိုင်းယှဉ်နိုင်တဲ့ Dupe brand လေးတွေရှိပါတယ်။ အဲဒါလေးတွေကိုလည်း ရှာကြည့်ကြည့်ပါလို့။

ဒါကြောင့် အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်သင့်လား၊ မဝယ်သင့်ဘူးလားဆိုရင်တော့ သူတို့သုံးတဲ့ကုန်ကြမ်းရယ်၊ အရည်အသွေးရယ်၊ အမျိုးအစားရယ်အပေါ်မှာမူတည်ပြီး ကိုယ်တတ်နိုင်တဲ့ဈေးဟုတ်မဟုတ်အပေါ်မှာလည်း မူတည်ပါသေးတယ်လို့ပဲ ပြောချင်ပါတယ်ရှင်။

အားလုံးပဲ ကိုယ်နဲ့သင့်တော်တဲ့ ပစ္စည်းကို သေချာရွေးဝယ်နိုင်ကြပါစေနော်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed