Beauty

ဝင္းပစိုျပည္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ေစဖို႔ မီးဖိုေခ်ာင္ထဲက လွ်ိဳ႕ဝွက္မိတ္ေဆြေလးမ်ား

အြင္း.. မ်က္ႏွာေပၚပဲ ေရာက္မလား… ပါးစပ္ထဲပဲ ေရာက္မလား မသဲကြဲေသာ… 😀 

ေယာင္းေလးတို႕ေရ . . . ႏူးညံ့စိုျပည္ၿပီး ၾကည္လင္ေနတဲ့အသားအေရဟာ ဘယ္ Makeup Look နဲ႕ မဆို အဆင္ေျပေစမယ့္ အေျခခံလိုအပ္ခ်က္တစ္ခု ဆိုတာ ေယာင္းတို႕ သိထားၿပီးသားျဖစ္မွာပါ။ တကယ္ေတာ့ေလ မိန္းကေလးနဲ႕ Skincare ဆိုတာ လံုးဝကို ခြဲျခားထားလို႕ မရတဲ့အရာလို႔ေတာင္ ေျပာလို႔ရမယ္ ထင္တယ္ေနာ္.. နဂိုအသားအေရေလးသာ ၾကည္လင္ေနမယ္ဆို ထသြား ထလာ အျပင္ထြက္တဲ့အခါ မိတ္ကပ္ထူထူႀကီးေတြ၊ ကြန္ဆယ္လာေတြ သံုးေနစရာမလိုဘဲ Sun Protection cream ေလး လိမ္း ၊ Compact ေပါင္ဒါေလး နည္းနည္း ပုတ္လိုက္ရံုနဲ႕ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိရွိ အျပင္ထြက္ႏိုင္မွာ က်ိန္းေသပဲေပါ့… ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ေယာင္းေလးတို႕ ဝင္းပစိုျပည္တဲ့ အသားအေရေလးေတြကို ပိုင္ဆိုင္ႏိုင္ေစဖုိ႕ (ေငြကုန္ေၾကးက် သက္သာစြာနဲ႕) အိမ္မွာတင္ Skincare ျပဳလုပ္ႏိုင္မယ့္ မီးဖိုေခ်ာင္ထဲက လွ်ိဳ႕ဝွက္မိတ္ေဆြေလးေတြ အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

ဝက္ျခံေတြကို အထိေရာက္ဆံုး တိုက္ဖ်က္ေပးမယ့္ “သံပုရာသီး”

ေယာင္းေရ . . သံပုရာသီးမွာ ပါဝင္တဲ့ အခ်ဥ္ဓာတ္က အသားအေရကို ၾကည္လင္ေစၿပီး ေခ်ာေမြ႕ေစပါတယ္။ သံပုရာရည္ အနည္းငယ္ကို ဂရစ္ဆလင္းေလး နည္းနည္းေရာ၊ သမေအာင္ေမႊၿပီး မ်က္ႏွာေပၚမွာ မိနစ္ ၂၀ေလာက္ လိမ္းထားေပးမယ္ဆိုရင္ ေယာင္းတို႕မ်က္ႏွာေပၚက အမည္းစက္ေလးေတြနဲ႕ ဝက္ျခံေလးေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ တစ္ပတ္တစ္ခါေလာက္ လိမ္းေပးလို႔ ရပါတယ္ေနာ္..

Related Article >>> ႏွစ္သစ္မွာ မျဖစ္မေန ေျပာင္းလဲေပးသင့္တဲ့ အသားအေရ ထိန္းသိမ္းျခင္း နည္းလမ္း

မ်က္ႏွာေပၚ ကပ္ၿငိေနတဲ့ အညစ္အၾကးေတြကို အဆံုးစြန္ထိ သန္႕စင္ေပးမယ့္ ခရမ္းခ်ဥ္သီး

ေယာင္းေရ . . . ေယာင္းတို႕ ငယ္ငယ္တုန္းက ခရမ္းခ်ဥ္သီးစားရင္ အသားအေရလွတယ္ မ်ားမ်ားစားလုိ႕ လူႀကီးေတြ ေျပာတာကို မၾကာခဏ ၾကားဖူးၾကမွာပါ။ ခရမ္းခ်ဥ္သီးကို စားလို႔ ရရံုတင္ မကပါဘူး၊ ထက္ျခမ္းျခမ္းၿပီး မ်က္ႏွာေပၚကို ပြတ္တိုက္ေပးမယ္ဆိုရင္ အဆီျပန္ျခင္းကို သက္သာေစႏိုင္မယ့္အျပင္ ေလထုထဲကေန တစ္ဆင့္ ေယာင္းေလးတို႕ မ်က္ႏွာမွာ ကပ္ၿငိေနတဲ့ ဖုန္မႈန္႕၊ အညစ္အေၾကးေတြကို အေရျပားေအာက္ဆံုးလႊာထိ သန္႕စင္ေပးႏိုင္ပါတယ္။ အသားအေရကိုလည္း တင္းတင္းရင္းရင္း ရွိေစလို႕ မၾကာခဏ ပြတ္တိုက္ေပးဖို႔ မေမ့နဲ႔ေနာ္။ ပြတ္တိုက္ၿပီးတဲ့အခါတိုင္းလည္း ေရနဲ႕ ခ်က္ခ်င္း မေဆးခ်ဘဲ ၅ မိနစ္ေလာက္ လိမ္းထားေပးလို႔ရပါတယ္ ေယာင္းေရ။

Related Article >>> ကိုယ့္အသားအေရကို မသိမသာနဲ႔ထိခိုက္ေစတဲ့ အက်င့္ (၅) ခု

အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးမယ့္ ပန္းသီး

ေယာင္းေရ . . . ေဆးဘက္ဆိုင္ရာ တတ္ကၽြမ္းနားလည္တဲ့သူေတြက ေျပာၾကတယ္ . . . ပန္းသီးကို တစ္ေန႕တစ္လံုး ပံုမွန္စားေပးမယ္ဆိုရင္ က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ပါသတဲ့။ အက္ဒ္မင္က ေနာက္တစ္ခု ထပ္ေျပာခ်င္ေသးတယ္ ၊ ပန္းသီးအတြင္းသားေလးေတြကို မ်က္ႏွာေပၚ ပြတ္လိမ္းၿပီး မိနစ္ ၂၀ေလာက္ ထားေပးမယ္ဆိုရင္ေတာ့ ေယာင္းေလးရဲ႕ ငယ္ရြယ္ႏုပ်ိဳမႈေတြကို ထိန္းသိမ္းေပးႏိုင္ပါတယ္။

ကဲ . . . ေယာင္းတို႔ေရ အေပၚမွာ ေပးထားတဲ့ နည္းလမ္းေလးေတြနဲ႕ အသားအေရ ထိန္းသိမ္းမယ္ဆိုရင္ အခ်ိန္ကုန္လည္း သက္သာသလို ကုန္က်စရိတ္လည္း သက္သာေစမွာပါ။ တစ္ခုရွိတာကေလ.. သူမ်ားနဲ႔ ဘယ္ေလာက္ အဆင္ေျပေျပ၊ ကိုယ့္အသားနဲ႔ မတည့္ရင္ ဒုကၡေရာက္ႏိုင္တာမို႔ ဒီနည္းလမ္းေတြ စမ္းသပ္မယ္ဆိုရင္ နားလည္တတ္ကၽြမ္းတဲ့ ဆရာဝန္ေတြနဲ႔ တုိင္ပင္ၿပီးမွသာ လုပ္ၾကပါလို႔…

ေယာင္းေလးေတြ လွသည္ထက္ လွေစၾကဖို႕ ဆႏၵျပဳရင္း . . .

ခ်စ္တဲ့

အိသူ (For Her Myanmar)

<<< Unicode>>>

အွင်း.. မျက်နှာပေါ်ပဲ ရောက်မလား… ပါးစပ်ထဲပဲ ရောက်မလား မသဲကွဲသော… 😀 

ယောင်းလေးတို့ရေ . . . နူးညံ့စိုပြည်ပြီး ကြည်လင်နေတဲ့အသားအရေဟာ ဘယ် Makeup Look နဲ့ မဆို အဆင်ပြေစေမယ့် အခြေခံလိုအပ်ချက်တစ်ခု ဆိုတာ ယောင်းတို့ သိထားပြီးသားဖြစ်မှာပါ။ တကယ်တော့လေ မိန်းကလေးနဲ့ Skincare ဆိုတာ လုံးဝကို ခွဲခြားထားလို့ မရတဲ့အရာလို့တောင် ပြောလို့ရမယ် ထင်တယ်နော်.. နဂိုအသားအရေလေးသာ ကြည်လင်နေမယ်ဆို ထသွား ထလာ အပြင်ထွက်တဲ့အခါ မိတ်ကပ်ထူထူကြီးတွေ၊ ကွန်ဆယ်လာတွေ သုံးနေစရာမလိုဘဲ Sun Protection cream လေး လိမ်း ၊ Compact ပေါင်ဒါလေး နည်းနည်း ပုတ်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ အပြင်ထွက်နိုင်မှာ ကျိန်းသေပဲပေါ့… ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ယောင်းလေးတို့ ဝင်းပစိုပြည်တဲ့ အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ (ငွေကုန်ကြေးကျ သက်သာစွာနဲ့) အိမ်မှာတင် Skincare ပြုလုပ်နိုင်မယ့် မီးဖိုချောင်ထဲက လျှို့ဝှက်မိတ်ဆွေလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

ဝက်ခြံတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးမယ့် “သံပုရာသီး”

ယောင်းရေ . . သံပုရာသီးမှာ ပါဝင်တဲ့ အချဉ်ဓာတ်က အသားအရေကို ကြည်လင်စေပြီး ချောမွေ့စေပါတယ်။ သံပုရာရည် အနည်းငယ်ကို ဂရစ်ဆလင်းလေး နည်းနည်းရော၊ သမအောင်မွှေပြီး မျက်နှာပေါ်မှာ မိနစ် ၂၀လောက် လိမ်းထားပေးမယ်ဆိုရင် ယောင်းတို့မျက်နှာပေါ်က အမည်းစက်လေးတွေနဲ့ ဝက်ခြံလေးတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ တစ်ပတ်တစ်ခါလောက် လိမ်းပေးလို့ ရပါတယ်နော်..

Related Article >>> နှစ်သစ်မှာ မဖြစ်မနေ ပြောင်းလဲပေးသင့်တဲ့ အသားအရေ ထိန်းသိမ်းခြင်း နည်းလမ်း

မျက်နှာပေါ် ကပ်ငြိနေတဲ့ အညစ်အကြးတွေကို အဆုံးစွန်ထိ သန့်စင်ပေးမယ့် ခရမ်းချဉ်သီး

ယောင်းရေ . . . ယောင်းတို့ ငယ်ငယ်တုန်းက ခရမ်းချဉ်သီးစားရင် အသားအရေလှတယ် များများစားလို့ လူကြီးတွေ ပြောတာကို မကြာခဏ ကြားဖူးကြမှာပါ။ ခရမ်းချဉ်သီးကို စားလို့ ရရုံတင် မကပါဘူး၊ ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ်ကို ပွတ်တိုက်ပေးမယ်ဆိုရင် အဆီပြန်ခြင်းကို သက်သာစေနိုင်မယ့်အပြင် လေထုထဲကနေ တစ်ဆင့် ယောင်းလေးတို့ မျက်နှာမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေကို အရေပြားအောက်ဆုံးလွှာထိ သန့်စင်ပေးနိုင်ပါတယ်။ အသားအရေကိုလည်း တင်းတင်းရင်းရင်း ရှိစေလို့ မကြာခဏ ပွတ်တိုက်ပေးဖို့ မမေ့နဲ့နော်။ ပွတ်တိုက်ပြီးတဲ့အခါတိုင်းလည်း ရေနဲ့ ချက်ချင်း မဆေးချဘဲ ၅ မိနစ်လောက် လိမ်းထားပေးလို့ရပါတယ် ယောင်းရေ။

Related Article >>> ကိုယ့်အသားအရေကို မသိမသာနဲ့ထိခိုက်စေတဲ့ အကျင့် (၅) ခု

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးမယ့် ပန်းသီး

ယောင်းရေ . . . ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့သူတွေက ပြောကြတယ် . . . ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါသတဲ့။ အက်ဒ်မင်က နောက်တစ်ခု ထပ်ပြောချင်သေးတယ် ၊ ပန်းသီးအတွင်းသားလေးတွေကို မျက်နှာပေါ် ပွတ်လိမ်းပြီး မိနစ် ၂၀လောက် ထားပေးမယ်ဆိုရင်တော့ ယောင်းလေးရဲ့ ငယ်ရွယ်နုပျိုမှုတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ကဲ . . . ယောင်းတို့ရေ အပေါ်မှာ ပေးထားတဲ့ နည်းလမ်းလေးတွေနဲ့ အသားအရေ ထိန်းသိမ်းမယ်ဆိုရင် အချိန်ကုန်လည်း သက်သာသလို ကုန်ကျစရိတ်လည်း သက်သာစေမှာပါ။တစ်ခုရှိတာကလေ.. သူများနဲ့ ဘယ်လောက် အဆင်ပြေပြေ၊ ကိုယ့်အသားနဲ့ မတည့်ရင် ဒုက္ခရောက်နိုင်တာမို့ ဒီနည်းလမ်းတွေ စမ်းသပ်မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ လုပ်ကြပါလို့…

ယောင်းလေးတွေ လှသည်ထက် လှစေကြဖို့ ဆန္ဒပြုရင်း . . .

ချစ်တဲ့

အိသူ (For Her Myanmar)

Ei Thu
Ei Thu
ေယာင္​းတို႔ေရ . . . ကိုယ္​့နာမည္​ကေတာ့ အိသူ ပါ။ ပြင္​့ပြင္​့လင္​းလင္​းေျပာရရင္​ ကိုယ္​က အားလပ္​ခ်ိန္​တိုင္​း အေတြးေရယဥ္​ေၾကာမွာ ေမ်ာရင္​း၊ သဘာ၀တရားႀကီးရဲ႕ အလွအပကို ခံစားရင္​း၊ လသာတဲ့ညေတြမွာ လမင္​းႀကီးကို ေငးေမာရင္​း ရသစာေပေတြကို ဖန္​တီး ပံုေဖာ္​ခ်င္​တဲ့သူ တစ္​ေယာက္​ေပါ့။ အခုကစၿပီး For Her Myanmar မွာ ေယာင္​းေလးတို႔နဲ႔အတူ ခံစားခ်က္​ေလးေတြမွ်ေ၀ရင္​း၊ ဗဟုသုတေတြ အတူ ရွာေဖြနွီးေနွာရင္​း ၊ ရင္​ဘတ္​ခ်င္​းနီးစပ္​တဲ့ သူငယ္​ခ်င္​းေကာင္​း၊ တိုင္​ပင္​ေဖာ္​တိုင္​ပင္​ဖက္​ေတြ အျဖစ္​ အခ်ိန္​အၾကာႀကီး အတူရွိသြားခ်င္​ပါတယ္​။ Let me be your trusted friend! <3

Leave a Reply

Your email address will not be published. Required fields are marked *