မိန်းကလေးတွေကြားခေတ်စားလာတဲ့ ချစ်စရာ တက်တူးပိစိလေးများ

တက်တူးလေးတွေကိုချစ်တဲ့ ယောင်းတို့ရှိကြလားဗျိုး ?

မြန်မာ့ရိုးရာအရကြည့်ရင် တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီခေတ်အရဆို တက်တူးဆိုတာ ဖက်ရှင်အတွက် အဆင်တန်ဆာတစ်ခုလိုကိုဖြစ်လာနေပါပြီ ။

ဒါကြောင့်မို့ ဒီတစ်ခါမှာတော့ မိန်းကလေးတွေကြားခေတ်စားလာတဲ့ ချစ်စရာ တက်တူးပိစိလေးတွေအကြောင်းကို ယောင်းတို့ကိုဖောက်သည်ချမယ်နော် ။

တက်တူးဆို ယောကျာင်္းလေးတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယခင်ကထင်ခဲ့ကြသော်လည်းပဲ ခေတ်ရေစီးကြောင်းအလိုက်ပြောင်းလဲလာတဲ့အခါ မိန်းကလေးတွေအတွက်သီးသန့် တက်တူးလေးတွေလဲ ရေပန်းစားလာခဲ့ပါတယ် ။

ပွင့်လင်းလာတဲ့ယနေ့ခေတ်မှာတော့ ယောကျာ်းလေးများသာမက မိန်းကလေးများပါ ဖက်ရှင်တစ်ခုအဖြစ် တက်တူးထိုးရတာကို နှစ်သက်လာကြပါပြီ ။ နှစ်သက်ချင်စရာကောင်းလာအောင်လည်း တက်တူးပုံစံလေးတွေက အလွန်ချစ်ဖို့ကောင်းပြီး လှပနေတာကိုး …

ယောကျာ်းလေးတွေအတွက်က ဘယ်လိုထိုးထိုး ကိစ္စမရှိပေမယ့် မိန်းကလေးတွေအတွက်ကျတော့ ခေတ်လူငယ်ပီပီ သူများတွေထိုးထားတဲ့ တက်တူးလှလှလေးတွေကိုသဘောကျပေမယ့် နာမှာစိုးလို့ ဒါမှမဟုတ် အိမ်ကလူကြီးတွေ သဘောမတူလို့ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်ကြတဲ့ သူတွေလည်း တစ်ပုံကြီးပါပဲ ။

နိုင်ငံတကာမှာတော့ မိန်းကလေးတွေ တတ်တူးထိုးတာဟာ မထူးဆန်းတော့ပေမယ့် … မြန်မာနိုင်ငံကရှေးလူကြီးအချို့ နဲ့တော့ အမြင်မတူတာတွေရှိနေကြတုန်းပါ ။ အဲဒါကြောင့်မို့ တတ်တူးထိုးချင်ကြတဲ့ မိန်းကလေးထုအတွက် လူကြီးတွေအမြင်မှာ တက်တူးထိုးထားတယ်လို့ မထင်ရလောက်အောင် ချစ်ဖို့ကောင်းတဲ့ Tatoo ပိစိလေးတွေဟာ လူကြိုက်များလာခဲ့ပါတယ် ။ ပိစိလေးတွေမို့ ထိုးတဲ့အခါလည်း အရမ်းမနာတော့ဘူးပေါ့နော် …

လူကြိုက်အများဆုံး ခေတ်အစားဆုံး ဒီဇိုင်းလေးတွေက ဘာတွေများဖြစ်မလဲ … ကြည့်ကြရအောင် …

Related Article >>> လွတ်လပ်သလို ဝတ်စားတာက ဖက်ရှင်အမြင်မရှိလို့တဲ့လား

၁ ။ ကြောင်တက်တူးလေး

ကြောင်ချစ်တတ်တဲ့သူတွေအတွက်တက်တူးပါ ။ စကားမစပ် ပုံထဲကအချေစိန်ကြောင်လေးကချစ်စရာလေးနော် ! =D အဲဒီလို ချစ်စရာကြောင်လေးတစ်ကောင်လောက်မွေးထားတဲ့ ညောင်မေမေတို့ ကိုယ့်ကလေးအတွက် အမှတ်တရထိုးချင်တယ်ဆို ဒီ တတ်တူးပုံလေးက ကွက်တိပါပဲ ။

၂ ။ စာလုံးအလှတက်တူး

ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့စာလေးတွေကို အရုပ်လေးတွေနဲ့ တွဲပြီးထိုးလာကြတာလဲ Trend တစ်ခုဖြစ်လာပါတယ် ။

၃ ။ စာလုံးတက်တူး

အထက်မှာဖော်ပြထားသလိုပါပဲ … ကိုယ့်အတွက်အဓိပ္ပါယ်ရှိတဲ့ စာလုံးလေးတွေကိုလှလှလေး ပုံဖော်တာပါ ။ နေရာမျိုးစုံမှာထိုးလို့လှတဲ့ ပုံစံလေးလဲဖြစ်ပါတယ် ။

Related Article >>> ပိစိကွေးတို့ရဲ့ အဝတ်ဗီရိုထဲက မရှိမဖြစ် ဖက်ရှင် (၆)မျိုး

၎ ။ မျက်မှန်တက်တူး

မျက်မှန်လေးကချစ်စရာလေးနော်။ ဒီလိုလက်ချောင်းလေးကြားမှာတော့ ကိုယ်ကြိုက်တဲ့ပုံလေးတွေကိုထိုးထားတာကိုလည်းတွေ့ရတတ်ပါတယ် ။ မြန်မာနိုင်ငံက မိန်းကလေးတော်တော်များများတောင် ထိုးကြတဲ့နေရာပါ ။ မိန်းကလေးတွေ သဘောကျတဲ့ပုံစံလေးလဲဖြစ်ပါတယ် ။

၅ ။ တွယ်ချိတ်တက်တူး

အဆန်းလေးပေါ့နော် ။ တစ်စုံတစ်ယောက်ကိုတွယ်ချိတ်လို ချိတ်ထားမယ်ဆိုတဲ့ သဘောများလား ?

၆ ။ နှလုံးခုန်သံတက်တူး

ရှင်းရှင်းလေးနဲ့ လှတဲ့တက်တူး ဒီဇိုင်းတစ်ခုပါ ။ အဓိပ္ပါယ်လည်းပြည့်ဝပါတယ် ။

၇ ။ ဝေလငါးလေး

ကာတွန်းရုပ်ကလေးလိုပါပဲ … ရိုးရှင်းပြီးချစ်ဖို့ကောင်းပါတယ် ။

၈ ။ စက္ကူလေယာဉ်ပျံ

ငယ်ဘ၀ကိုသတိရသွားတယ်ဟုတ် ။ ဒီ Design လေးကတော့ မိန်းကလေးတွေတင်မကဘဲ ယောကျာင်္းလေးတွေပါ နှစ်သက်ကြတဲ့ ဒီဇိုင်းပါ ။ လေအဟုန်မှာမျောလွင့်နေတဲ့ လေယာဉ်လေးက ခံစားချက်တစ်ခုခုကိုပေးစွမ်းနေပါတယ် ။

၉ ။ ဖဲပြား တက်တူး

မိန်းကလေးအဆန်ဆုံးအရာဟာ ဖဲပြားလေးပဲပေါ့ ။ အလှဆင်ဖို့အတွက်သုံးမယ်ဆို မျက်စိပသာဒအဖြစ်ဆုံးအရာလည်းဖြစ်ပါတယ် ။

Related Article >>> ပရော်ဖက်ရှင်နယ်ကျကျ မိတ်ကပ်ပြင်ဖို့ သိထားသင့်တဲ့ အချက်(၅)ချက်

၁၀ ။ ခွေးခြေရာ

ညောင်မေမေ အတွက် ကြောင်တက်တူးဆို အာဝုလေးမေမေတို့ အတွက်တော့ ချစ်ဖို့ကောင်းတဲ့ ခွေးခြေရာလေးပေါ့နော် ။

၁၁ ။ အစားအသောက်ပုံ

ဒါကတော့ အစားတစ်လိုင်း ယောင်းယောင်းတို့အတွက် မြင်လိုက်တိုင်းစိတ်ချမ်းသာမယ့်ပုံလေးပေါ့ ။

၁၂ ။ အုန်းပင်

အုန်းပင်လေးတွေကို မြင်ရတာ ကမ်းစပ်ကိုရောက်သွားသလိုပါပဲ ။ လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ တက်တူးလေးပါ ။

၁၃ ။ ဂီတ သံစဉ်

လူကြိုက်အများဆုံး တက်တူး ဒီဇိုင်းတစ်ခုဖြစ်ပါတယ် ။

Related Article >>> ပုခုံးကျယ်တဲ့ယောင်းတို့အတွက် ဖက်ရှင်

၁၄ ။ ဘုရင်မ Crown

ဘုရင်မအတွက် Crown လေးကလည်း တစ်မျိုးချစ်စရာကောင်းနေတာပါပဲ ။

၁၅ ။ ရွက်လှေ

သေးသေးလေးနဲ့ ပြည့်စုံတဲ့ တက်တူး ဒီဇိုင်းတစ်ခုပါ ။

၁၆ ။ တိမ်

အပူအပင်မရှိဘဲ လေနှင်ရာလွင့်နေတဲ့ တိမ်တွေလို လွတ်လပ်ခြင်းကိုဖော်ကျူးတဲ့ ဒီဇိုင်း လေးတစ်ခုမို့ ရေပန်းစားပါတယ် ။

၁၇ ။ ပန်းပွင့် နှင့် စာတန်း

ဒီနေရာမှာတော့ ဒီဇိုင်းထက် ထိုးထားတဲ့နေရာကို ပိုပြချင်ပါတယ် ။ နေရာရွေးချယ်မှုမှန်ကန်တဲ့ အတွက် တတ်တူးလေးတွေက ရှင်းလင်းမြင်သာနေပြီး ဒီဇိုင်းပိုင်းဆိုင်ရာ သပ်ရပ်မှုကြောင့်လဲ ပိုကြည့်ကောင်းစေတာပဲဖြစ်ပါတယ် ။

ဒီတက်တူးပိစိလေးတွေကို သဘောကျကြရဲ့လား ယောင်းတို့ရေ … ဒီထဲကပုံမှမဟုတ်ဘဲ အခြား ဒီလို ရိုးရိုးရှင်းရှင်းလေး လှနေတဲ့ ပုံစံတွေ အများကြီးရှိပါသေးတယ်နော် … တက်တူးထိုးရတာကိုသဘောကျတယ်ဆိုဒါလေးတွေဆီကနေ အသုံးဝင်တဲ့ Idea လေးတွေရသွားရင် ကျေနပ်ပါတယ် … ပျော်ရွှင်ကြပါစေ ယောင်းတို့ ရေ …

ချစ်တဲ့

အသဲကျော်(For Her Myanmar)

Ref : http://www.pinterest.com

No Comments Yet

Comments are closed