၂၅ ႏွစ္ေက်ာ္မမေတြ တည္တည္ၿငိမ္ၿငိမ္နဲ႔ အလိုက္ဖက္ဆံုးမိတ္ကပ္ကို ဘယ္လုိလိမ္းၾကမလဲ?

တည္ၿငိမ္ရင့္က်က္တဲ့အလွကို မတ္မတ္တို႔အရြယ္မွာ ဖန္တီးရမွာေနာ္

အမွန္ေတာ့ အိုဗာ ၂၅ ဆိုတာ ဘာမွႀကီးတဲ့အသက္အရြယ္လည္းမဟုတ္ဘဲနဲ႔ ဘာကိစၥ ဇြတ္ႀကီးခိုင္းေနလဲဆိုတာ နားကိုမလည္ႏိုင္ပါဘူးေအ။ (တခ်ိဳ႕က်ေတာ့ သူတို႔ကိုယ္တိုင္ကိုက ဇြတ္ႀကီးခ်င္ၾကတာ မတတ္ႏိုင္ပု။)  ဆိုေပမဲ့လည္း အယ္ဒီတာမမက ၂၅ႏွစ္ေက်ာ္ မတ္မတ္ေတြအတြက္ တည္ၿငိမ္တဲ့မိတ္ကပ္လိမ္းနည္းကို ေရးေပးပါဦးဆိုၿပီး ေတာင္းဆိုလာေတာ့လည္း ေရးေပးရတာပဲ။ ကဲ စကားေတြမရွည္ေတာ့ဘူး စပါၿပီဗ်ား…

(၁) မိတ္ကပ္

ေဖာင္ေဒးရွင္းကို ေျပာတာပါေအ။ ၂၅ ဆိုတာဘာပဲျဖစ္ျဖစ္ Collagen နဲ႔ Elastin (ေကာ္လဂ်င္နဲ႔ အသားအေရကို တင္းရင္းေစတဲ့ဓာတ္) ေလ်ာ႔နည္းလာၿပီမို႔ ကိုယ့္မူရင္းအားကို စြဲတင္းထားသလိုျဖစ္ေစတဲ့ မိတ္ကပ္အေျခာက္ (Matte) မိတ္ကပ္ေတြကို ေရွာင္သင့္ပါတယ္။ အဲဒါေတြအစား အဆီပါတဲ့ ခပ္ေျပာင္ေျပာင္မိတ္ကပ္ကို အသံုးျပဳတာမ်ိဳး၊ အကယ္၍ အဆီျပန္တတ္တယ္ဆိုရင္လည္း ေရဓာတ္ကိုအေျခခံၿပီးထုတ္ထားတဲ့ မိတ္ကပ္အရည္ေတြသံုးတာမ်ိဳးလုပ္သင့္ပါတယ္။ မျဖစ္မေနေပါင္ဒါသံုးရမယ္ဆိုရင္လည္း အမႈန္႔ကိုပဲ ခပ္ပါးပါးေလးသံုးေပးပါေနာ္။

(၂) ပါးနီ၊ Highlight နဲ႔ ပါးရိုးခ်တာ။

အကုန္သံုးလို႔ရပါတယ္ေနာ္။ နင္မိတ္ကပ္ေတြအရမ္းမ်ားလြန္းတယ္ ကိုယ့္အသက္လည္းကိုယ္ျပန္ၾကည့္ပါဦး ဆိုတဲ့စကားေတြကို အေဝးကိုပဲလႊင့္ပစ္လိုက္ပါ။ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ဝယ္လိမ္းတာပဲကို။ ဒါမဲ့ တစ္ခုသတိထားရမွာက ခုနကေျပာသလိုပဲ ေပါင္ဒါေတြက ကိုယ့္မ်က္ႏွာကို ပိုအိုသေယာင္ျဖစ္ေစတာမို႔ ခရင္မ္အမ်ိဳးအစားေလးေတြသံုးပါ။ ခရင္မ္ေတြသံုးရင္လည္း ကိုယ္က Blend မေတာ္တစ္လွမ္းမို႔ ေသခ်ာေတာ့ Blend ရမယ္ေနာ္။

Related Article >>>ခ်င္းကို သံုးၿပီး ဆံပင္သန္ေအာင္ လုပ္ၾကမယ္

(၃) မ်က္လံုး

အသားေရာင္ ရွဲဒိုးနဲ႔ ခပ္ထူထူေလးေကာ့ထားတဲ့မ်က္ေတာင္က ရိုးရိုးရွင္းရွင္းနဲ႔ က်က္သေရရွိတဲ့အသြင္ေလးကို ေဆာင္ေပးပါလိမ့္မယ္။ ညပါတီတက္ရင္ေတာ့ Cat eye လို႔ေခၚတဲ့ ေၾကာင္မ်က္လံုးက အသက္ပဲေပါ့။ အဓိကက မ်က္လံုးျခယ္မယ့္အေရာင္ကို ေရြးခ်ယ္တဲ့အခါ အမည္းေတြအရမ္းမ်ားလြန္းေနတာ၊ လိုင္နာႀကီးေတြျပဴးၿပဲထြက္ေနတာမ်ိဳး မဟုတ္ရင္ၿပီးတာပါပဲေနာ္။

(၄) ႏႈတ္ခမ္းနီ

တည္ၿငိမ္ရင့္က်က္တဲ့မမျဖစ္ခ်င္လြန္းလို႔ အားေန Nude အေရာင္ပဲဆိုးေနရင္ေတာ့ မင္းအရမ္းမွားလိမ့္မယ္ေကာင္မေလး။ တစ္ခါတေလေတာ့ ကိုယ့္ရဲ႕ရဲရင့္ၿပီး ထက္ျမက္တဲ့အသြင္ကို ေဆာင္ေစမယ့္ ႏႈတ္ခမ္းနီအေရာင္ရင့္ေလးေတြကို ဆိုးလို႔ရပါတယ္။ ဥပမာ အနီေရာင္ရင့္ရင့္ (သို႔) ၾကက္ေသြးေရာင္လို အေရာင္မ်ိဳးေပါ့။ ေနာက္ၿပီး အရမ္းေျခာက္လြန္းတဲ့ Matte ေတြအစား Tint  (သို႔မဟုတ္) Gloss အမ်ိဳးအစားေလးေတြ ေရြးေပးရင္ေတာ့ ပိုၿပီးအဆင္ေျပပါလိမ့္မယ္။ (ကိုယ္လည္း သက္ေတာင့္သက္သာျဖစ္တာေပါ့။)

Related Article >>>ဆံပင္ပါးတဲ့ေယာင္းေတြအတြက္ Hair styling လုပ္နည္း (၅) နည္း

(၅) မ်က္ခံုး

မ်က္ခံုးကေတာ့ ဘယ္အသက္အရြယ္မွာပဲျဖစ္ျဖစ္ သဘာဝဆန္ဆန္နဲ႔ အေမြးေလးေတြျဖာထြက္ေနတဲ့ မ်က္ခံုးက ပိုၿပီးမ်က္စိထဲမွာတင့္တယ္တာမို႔ မ်က္ခံုးကိုေတာ့ ေသခ်ာပံုသြင္းၿပီး ေပါင္ဒါမႈန္႔ေလးနဲ႔ပဲ လိုတဲ့ေနရာေတြမွာ လိုက္ျဖည့္ဆြဲပါ။ အဆံုးသတ္မွာ မ်က္ခံုး cara ေလးသံုးၿပီး မ်က္ခံုးတစ္ေမြးခ်င္းစီကို ျပန္ၿဖီးေပးဖို႔လံုးဝမေမ့ပါနဲ႔။

အသက္ ၂၅ ႏွစ္အထက္ဆိုတာ အသားအေရက အဆီထြက္တဲ့ႏႈန္းနည္းတာ၊ အသားအေရနည္းနည္းေလ်ာ႔တြဲတာ၊ မ်က္လံုးနားေလးမွာ အေရးအေၾကာင္းနည္းနည္းပါးပါးေလး ထြက္လာတာကလြဲရင္ က်န္တာဘာမွသိသိသာသာ ေျပာင္းလဲသြားတာမ်ိဳးလည္းမရွိပါဘူး။ (ခႏၶာကိုယ္အေလးခ်ိန္ကေတာ့ ကိုယ္ထိန္းသိမ္းတဲ့အေပၚမွာ မူတည္တာေပါ့ေနာ္။) အဲဒါေၾကာင့္ နင္အသက္ႀကီးေနၿပီ မိတ္ကပ္ကိုေလွ်ာ႔လိမ္းလို႔လာေျပာရင္ ခပ္ေခ်ေခ်ပဲ မ်က္လံုးပင့္တင္ၿပီး ၾကည့္လိုက္ပါ။ ကိုယ္နဲ႔လိုက္ဖက္ဖို႔က အေရးအႀကီးဆံုးပါပဲ။ မိတ္ကပ္မွာ စည္းကမ္းဆိုတာမရွိပါဘူး။ Makeup is your own kingdom ပါ။ မိတ္ကပ္ဆိုတာ ကိုယ့္ရဲ႕ကိုယ္ပိုင္ထီးနန္းပါပဲ။ မင္းသမီးလုပ္ခ်င္လား ဧကရီလုပ္ခ်င္လားဆိုတာေတာ့ ကိုယ့္ဘာသာဆံုးျဖတ္ေပါ့။

အရြယ္သံုးပါးမေရြး အစြမ္းကုန္လွႏိုင္ၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

တည်ငြိမ်ရင့်ကျက်တဲ့အလှကို မတ်မတ်တို့အရွယ်မှာ ဖန်တီးရမှာနော်

အမှန်တော့ အိုဗာ ၂၅ ဆိုတာ ဘာမှကြီးတဲ့အသက်အရွယ်လည်းမဟုတ်ဘဲနဲ့ ဘာကိစ္စ ဇွတ်ကြီးခိုင်းနေလဲဆိုတာ နားကိုမလည်နိုင်ပါဘူးအေ။ (တချို့ကျတော့ သူတို့ကိုယ်တိုင်ကိုက ဇွတ်ကြီးချင်ကြတာ မတတ်နိုင်ပု။)  ဆိုပေမဲ့လည်း အယ်ဒီတာမမက ၂၅နှစ်ကျော် မတ်မတ်တွေအတွက် တည်ငြိမ်တဲ့မိတ်ကပ်လိမ်းနည်းကို ရေးပေးပါဦးဆိုပြီး တောင်းဆိုလာတော့လည်း ရေးပေးရတာပဲ။ ကဲ စကားတွေမရှည်တော့ဘူး စပါပြီဗျား…

(၁) မိတ်ကပ်

ဖောင်ဒေးရှင်းကို ပြောတာပါအေ။ ၂၅ ဆိုတာဘာပဲဖြစ်ဖြစ် Collagen နဲ့ Elastin (ကော်လဂျင်နဲ့ အသားအရေကို တင်းရင်းစေတဲ့ဓာတ်) လျော့နည်းလာပြီမို့ ကိုယ့်မူရင်းအားကို စွဲတင်းထားသလိုဖြစ်စေတဲ့ မိတ်ကပ်အခြောက် (Matte) မိတ်ကပ်တွေကို ရှောင်သင့်ပါတယ်။ အဲဒါတွေအစား အဆီပါတဲ့ ခပ်ပြောင်ပြောင်မိတ်ကပ်ကို အသုံးပြုတာမျိုး၊ အကယ်၍ အဆီပြန်တတ်တယ်ဆိုရင်လည်း ရေဓာတ်ကိုအခြေခံပြီးထုတ်ထားတဲ့ မိတ်ကပ်အရည်တွေသုံးတာမျိုးလုပ်သင့်ပါတယ်။ မဖြစ်မနေပေါင်ဒါသုံးရမယ်ဆိုရင်လည်း အမှုန့်ကိုပဲ ခပ်ပါးပါးလေးသုံးပေးပါနော်။

(၂) ပါးနီ၊ Highlight နဲ့ ပါးရိုးချတာ။

အကုန်သုံးလို့ရပါတယ်နော်။ နင်မိတ်ကပ်တွေအရမ်းများလွန်းတယ် ကိုယ့်အသက်လည်းကိုယ်ပြန်ကြည့်ပါဦး ဆိုတဲ့စကားတွေကို အဝေးကိုပဲလွှင့်ပစ်လိုက်ပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်လိမ်းတာပဲကို။ ဒါမဲ့ တစ်ခုသတိထားရမှာက ခုနကပြောသလိုပဲ ပေါင်ဒါတွေက ကိုယ့်မျက်နှာကို ပိုအိုသယောင်ဖြစ်စေတာမို့ ခရင်မ်အမျိုးအစားလေးတွေသုံးပါ။ ခရင်မ်တွေသုံးရင်လည်း ကိုယ်က Blend မတော်တစ်လှမ်းမို့ သေချာတော့ Blend ရမယ်နော်။

Related Article >>>ချင်းကို သုံးပြီး ဆံပင်သန်အောင် လုပ်ကြမယ်

(၃) မျက်လုံး

အသားရောင် ရှဲဒိုးနဲ့ ခပ်ထူထူလေးကော့ထားတဲ့မျက်တောင်က ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိတဲ့အသွင်လေးကို ဆောင်ပေးပါလိမ့်မယ်။ ညပါတီတက်ရင်တော့ Cat eye လို့ခေါ်တဲ့ ကြောင်မျက်လုံးက အသက်ပဲပေါ့။ အဓိကက မျက်လုံးခြယ်မယ့်အရောင်ကို ရွေးချယ်တဲ့အခါ အမည်းတွေအရမ်းများလွန်းနေတာ၊ လိုင်နာကြီးတွေပြူးပြဲထွက်နေတာမျိုး မဟုတ်ရင်ပြီးတာပါပဲနော်။

(၄) နှုတ်ခမ်းနီ

တည်ငြိမ်ရင့်ကျက်တဲ့မမဖြစ်ချင်လွန်းလို့ အားနေ Nude အရောင်ပဲဆိုးနေရင်တော့ မင်းအရမ်းမှားလိမ့်မယ်ကောင်မလေး။ တစ်ခါတလေတော့ ကိုယ့်ရဲ့ရဲရင့်ပြီး ထက်မြက်တဲ့အသွင်ကို ဆောင်စေမယ့် နှုတ်ခမ်းနီအရောင်ရင့်လေးတွေကို ဆိုးလို့ရပါတယ်။ ဥပမာ အနီရောင်ရင့်ရင့် (သို့) ကြက်သွေးရောင်လို အရောင်မျိုးပေါ့။ နောက်ပြီး အရမ်းခြောက်လွန်းတဲ့ Matte တွေအစား Tint  (သို့မဟုတ်) Gloss အမျိုးအစားလေးတွေ ရွေးပေးရင်တော့ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ (ကိုယ်လည်း သက်တောင့်သက်သာဖြစ်တာပေါ့။)

Related Article >>>ဆံပင်ပါးတဲ့ယောင်းတွေအတွက် Hair styling လုပ်နည်း (၅) နည်း

(၅) မျက်ခုံး

မျက်ခုံးကတော့ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် သဘာဝဆန်ဆန်နဲ့ အမွေးလေးတွေဖြာထွက်နေတဲ့ မျက်ခုံးက ပိုပြီးမျက်စိထဲမှာတင့်တယ်တာမို့ မျက်ခုံးကိုတော့ သေချာပုံသွင်းပြီး ပေါင်ဒါမှုန့်လေးနဲ့ပဲ လိုတဲ့နေရာတွေမှာ လိုက်ဖြည့်ဆွဲပါ။ အဆုံးသတ်မှာ မျက်ခုံး cara လေးသုံးပြီး မျက်ခုံးတစ်မွေးချင်းစီကို ပြန်ဖြီးပေးဖို့လုံးဝမမေ့ပါနဲ့။

အသက် ၂၅ နှစ်အထက်ဆိုတာ အသားအရေက အဆီထွက်တဲ့နှုန်းနည်းတာ၊ အသားအရေနည်းနည်းလျော့တွဲတာ၊ မျက်လုံးနားလေးမှာ အရေးအကြောင်းနည်းနည်းပါးပါးလေး ထွက်လာတာကလွဲရင် ကျန်တာဘာမှသိသိသာသာ ပြောင်းလဲသွားတာမျိုးလည်းမရှိပါဘူး။ (ခန္ဓာကိုယ်အလေးချိန်ကတော့ ကိုယ်ထိန်းသိမ်းတဲ့အပေါ်မှာ မူတည်တာပေါ့နော်။) အဲဒါကြောင့် နင်အသက်ကြီးနေပြီ မိတ်ကပ်ကိုလျှော့လိမ်းလို့လာပြောရင် ခပ်ချေချေပဲ မျက်လုံးပင့်တင်ပြီး ကြည့်လိုက်ပါ။ ကိုယ်နဲ့လိုက်ဖက်ဖို့က အရေးအကြီးဆုံးပါပဲ။ မိတ်ကပ်မှာ စည်းကမ်းဆိုတာမရှိပါဘူး။ Makeup is your own kingdom ပါ။ မိတ်ကပ်ဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်ထီးနန်းပါပဲ။ မင်းသမီးလုပ်ချင်လား ဧကရီလုပ်ချင်လားဆိုတာတော့ ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။

အရွယ်သုံးပါးမရွေး အစွမ်းကုန်လှနိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed