နှာတံလှလှလေးတွေရဖို့ မိတ်ကပ်လိမ်းတတ်ဖို့ပဲလိုပါတယ်

နှာခေါင်းလေးတွေလှဖို့ ပိုက်ဆံအများကြီးကုန်ခံ ကွီးယားထိသွားပြီး ခွဲစိတ်ပြုပြင်စရာလိုတော့ပါဘူး။

မိတ်ကပ်ပညာလေးနဲ့ပဲ ဂျက်မင်တို့နှာခေါင်းတွေကို ပြင်ဆင်လိုက်ကြရအောင်လား ယောင်းတို့ရေ။ နှာခေါင်းဖော်ဖို့အတွက် Eyeshadow အညိုရောင်လေးဖြစ်ဖြစ် မျက်ခုံးမွှေးဆွဲမှုန့်ဖြစ်ဖြစ် သုံးလို့ရပါတယ်။

Eyeshadow က Matte အမျိုးအစားဖြစ်ဖို့အရေးကြီးပါတယ်။ ယောင်းတို့ရဲ့ နဂိုအသားရောင်ထက် အရောင်ပိုရင့်ဖို့လည်း အရေးကြီးတယ်နော်။ ခုမှ စပြီး နှာခေါင်းဖော်မယ့်သူတွေကတော့ အမှုန့်သုံးတာအကောင်းဆုံးပါပဲ။

ပထမဆုံးအနေနဲ့

နှုာခေါင်းကြီးလို့ စိတ်ဓာတ်ကျနေတဲ့ယောင်းတို့ကတော့ ဒီလိုမျိုးလေးဖော်ကြည့်ပါ။
ပုံထဲကအတိုင်းနှာခေါင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ မျက်ခုံးထိပ်နားလောက်ကနေစပြီး angled brush လေးနဲ့ နည်းနည်းဖွဖွလေးဆွဲပါ။ ပြီးရင် နှာတံပေါ်မှာ Highlight လေး ပါးပါးလေးထည့်ပေးပါ။ နှာခေါင်းထိပ်ကနေ နှာဖျားထိထည့်ပေးပါ။ အရေးကြီးတာက Highlight ထည့်တာ ဗျက်မများပါစေနဲ့။ Highlight ထည့်တာများသွားရင် နှာတံသေးသွားမယ့်အစား ပိုလို့တောင် ကြီးသယောင်ထင်သွားရစေပါလိမ့်မယ်။ ယောင်းတို့ရဲ့ နှာခေါင်းထိပ်ကအရမ်းပွနေရင်တော့ Highlight ကို တစ်ဝက်လောက်ပဲထည့်ပေးပါ။

နှာတံအရမ်းရှည်လို့ စိတ်ညစ်ရတဲ့ ယောင်းတို့ကတော့ ဒီလိုနှာတံဖော်ကြည့်ပါ။
နှာထိပ်လေးတွေမှာ ပုံထဲကအတိုင်းဖော်ပေးပါ၊။ နောက်ဆုံးက Blender brush သို့ ရေမြှုပ်လေးနဲ့ ပြန်ညှိပေးပါ။ ပြီးရင် Highlight ထည့်ပေးပါ။ နှာတံတစ်ဝက်လောက်ကနေ စထည့်ပေးပါ။
နှာခေါင်း ပိုသေးသယောင်ထင်ရစေဖို့အတွက် နှာထိပ်ဘေးလေးတွေကို ပုံထဲကအတိုင်း ခြယ်ပေးပါ။

 

နှာခေါင်းတိုလို့ ရှည်သယောင်ထင်စေချင်တယ်ဆိုရင်တော့ Angled brush လေးနဲ့ မျက်ခုံးထိပ်ကနေ နှာတံထိပ်ထိဆွဲပါ။ Highlight ကို နှာတံတစ်လျှောက်လုံးထည့်ပါ။ မျက်ခုံးကြားမှာ Highlight နည်းနည်းပိုထည့်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ နှာတံဖော်လို့ပြီးရင်Blender brush သို့ ရေမြှုပ်လေးနဲ့ နှာတံဖော်ထားတာတွေကို ပြန်ညှိပေးဖို့တော့ မမေ့နဲ့နော် 😉

ကဲ ကွီးယားသွားစရာမလိုတော့ဘူးနော်။

ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

source – http://www.wikihow.com/Contour-Your-Nose

No Comments Yet

Comments are closed