Beauty

စိတ္ခံစားခ်က္ေတြက အေရျပား အလွအပကို ဘယ္လိုေတြ ထိခိုက္ေစႏုိင္လဲ?

မ်က္ႏွာေလးဂလိုးေနခ်င္ရင္ စိတ္ၾကည္လင္ေနမွရမယ္ေနာ္။

စိတ္ခံစားခ်က္ေတြကေတာ့ ၂၄ နာရီအတြင္း စြယ္စံုလာတာပါပဲ။ မနက္ခင္း အိပ္ရာထေနာက္က်လို႕ စိတ္ေလာေနရတာမ်ိဳး ၊ရုံးသြားခ်ိန္မွာ မီးပြိဳင့္မိေနလို႔ YBS ေပၚက ဆင္းၿပီး တကၠစီငွားသြားရင္ ေကာင္းမလား မေကာင္းဘူးလား ေတြေဝေနခ်ိန္မ်ိဳး ၊ ရံုးေရာက္ေတာ့ ေဒါသထြက္စရာနဲ႔ ႀကံဳရတာမ်ိဳး စသျဖင့္ ေန႔စဥ္နဲ႔အမွ် စိတ္ခံစားမႈမ်ိဳးစံုကိုေတာ့ ႀကံဳေတြ႕ေနရမွာပါပဲ။ ဒီစိတ္ခံစားခ်က္ေတြက ကိုယ့္အသားအေရ အလွအပကို ပ်က္စီးေစခဲ့တယ္ဆိုရင္…

စိတ္ဖိစီးမႈ နဲ႕ ဝက္ၿခံ

ခံစားခ်က္ေတြ အားလံုးထဲမွာမွ စိတ္ဖိစီးမႈက အႀကီးမားဆံုး ရန္သူေတာ္ႀကီးပါပဲ။ အသက္ေတြၾကီးလာလို႔ ျဖည္းျဖည္းခ်င္း အိုတာထက္ စိတ္ဖိစီးမႈေၾကာင့္ အိုတာက ပိုျမန္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈက ေမြးညွင္းေပါက္ေတြ ပိတ္ေစၿပီး ဝက္ၿခံေတြ ထြက္ေစတဲ့ အဆီကို အလြန္အကၽြံ ထုတ္ေပးပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့ေန႔ေတြဆိုရင္ ဝက္ၿခံဖုေလးေတြက အစီအရီ ေပါက္လာတယ္ဆိုတာ ဒါေၾကာင့္ေပါ့။

စိတ္ဖိစီးမႈမ်ားရင္ ေခ်ာကလက္ ၊ အာလူးေၾကာ္၊  ဘီယာတို႔ကို ေတာင့္တတတ္ၿပီး ေရေသာက္နည္းသြားတတ္ပါတယ္။ ေရေသာက္နည္းေတာ့ ေရဓာတ္ခန္းေျခာက္ၿပီး အေရးအေၾကာင္းေတြထင္ ၊ ဝက္ၿခံေတြ ထြက္လာတတ္ပါတယ္။

ေဒါသနဲ႕ အေရးအေၾကာင္း

မနက္ခင္း ရံုးခ်ိန္အမီသြားဖို႕ တကၠစီဒရိုင္ဘာႀကီးနဲ႕ ေဒါသထြက္ၿပီး ေျပာဆိုရတာေတြ အိမ္ကအေမနဲ႕ ရန္ျဖစ္လို႔ စူေဆာင့္ေအာင့္ၿပီး ထြက္လာရတာေတြ…ဒီလိုမ်ိဳး  ေဒါသစိတ္က အလွပ်က္ေစပါတယ္ေနာ္ ေယာင္းေရ။  ေဒါသထြက္ေတာ့ မ်က္ႏွာႀကီးက မႈန္သုန္ၿပီး မႈန္သုန္တာေတြမ်ားလာေတာ့ မ်က္ခံုးႏွစ္ခုအလယ္က အေရျပား တြန္႕လာပါေလေရာ။

Related Article >>> အသားအေရ ထိန္းသိမ္းဖုိ႔အတြက္အေကာင္းဆံုးသဘာဝ ဆီ (၅) မ်ိဳး

ဝမ္းနည္းျခင္းနဲ႕ အေရျပား မလန္းဆန္းျခင္း

လူတိုင္းကေတာ့ ဝမ္းနည္းတဲ့အခ်ိန္ ရွိမွာပါပဲ။ ဒါေပမဲ့ အခ်ိန္အၾကာႀကီး ဝမ္းနည္းေနမယ္ဆိုရင္ အေရျပားကို ထိခိုက္ပါတယ္။ ညလံုးေပါက္ ငိုခဲ့မိတဲ့ေန႔ေတြမွာဆို မနက္မိုးလင္းေတာ့ ေခါင္းေတြကိုက္၊ မ်က္လံုးႀကီးက ေဖာင္းကားမို႕အစ္ေနတာမ်ိဳးေတြ ျဖစ္ဖူးပါတယ္။ ဒီလုိမ်ိဳးေတြက  အေရျပားကို မက်န္းမာေစဘဲ ပိုၿပီး ပင္ပန္းေစပါတယ္။

စိတ္လႈပ္ရွားမႈနဲ႕ ေခၽြးေပါက္ပိတ္ျခင္း

စိတ္လႈပ္ရွားမႈက အေပ်ာ့စားကေန လံုးဝအျပင္းစားႀကီးအထိရွိၿပီး ရုပ္ပိုင္းဆိုင္ရာနဲ႕ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစပါတယ္။ စိတ္လႈပ္ရွားမႈေၾကာင့္ အစာေခ်စနစ္ကို ပထမဦးဆံုး သက္ေရာက္ပါတယ္။ ခႏၶာကုိယ္က အစာမေခ်ႏိုင္တဲ့အတြက္ အာဟာရကို ေကာင္းစြာမစုပ္ယူႏိုင္တာေၾကာင့္ အေရျပားေတြဆီလည္း လံုေလာက္တဲ့ အာဟာရ ရႏုိင္ေစမွာ မဟုတ္ပါဘူး။ စိတ္လႈပ္ရွားမႈ မ်ားလာၿပီဆိုရင္ ေခၽြးထြက္မ်ားၿပီး ေခၽြးေပါက္ေတြပိတ္လို႔ ဆားဝက္ၿခံအမည္းေတြ ျဖစ္ေစပါတယ္။

စိတ္ဓာတ္က်ျခင္း နဲ႕ မ်က္ႏွာအေရးအေၾကာင္း

ေဒါသထြက္ျခင္းနဲ႔ ဝမ္းနည္းျခင္းတို႔လိုပဲ စိတ္ဓာတ္က်ျခင္းကလည္း မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ ျဖစ္ေစၿပီး မ်က္ႏွာရံႈ႕တြေစပါတယ္။ စိတ္ဓာတ္က်ၿပီဆိုရင္ ေသြးေၾကာထဲမွာ ေကာ္တီေဇာလ္ ပမာဏ ျမင့္တက္လာၿပီး ဆံပင္ကၽြတ္ျခင္း ၊ အေရျပား အေရာင္မွိန္ျခင္းနဲ႔ ေဟာ္မုန္းေျပာင္းလဲမႈျဖစ္ၿပီး ဝိတ္တက္ေစပါတယ္။ ဝက္ၿခံလည္း ေပါက္ေစပါတယ္။

ရွက္ရြံ႕စိတ္

ရွက္ရြံ႕စိတ္ျဖစ္ၿပီဆိုရင္ ဦးေႏွာက္အသိကေန အေရျပားဆီ ေရာက္သြားခ်ိန္မွာ မ်က္ႏွာႀကီး နီျမန္းလာတာမ်ိဳး ျဖစ္ေစပါတယ္။ အရိုးၾကြက္သားေတြဆီ သြားတဲ့ ေသြးပို႕မႈက အေႏွာင့္အယွက္ျဖစ္တာေၾကာင့္ အေရျပားဆဲလ္ဖြဲ႕စည္းပံုေတြ အားနည္းၿပီး အင္ဇိုင္းထုတ္လုပ္မႈႏႈန္းေတြ ေျပာင္းလဲသြားပါတယ္။

ခံစားခ်က္ေတြက ခႏၶာကိုယ္မွာ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို ျဖစ္ေစၿပီး အေရျပားသ႑ာန္ကိုလည္း သက္ေရာက္ေစပါတယ္။ အိမြန္ဆုိ စိတ္ဆိုးလာၿပီဆိုရင္ အလိုလို မ်က္ႏွာစူပုတ္လာၿပီး ႏႈတ္ခမ္းက ေရွ႕ကို တစ္ေတာင္ေလာက္ ေရာက္သြားတာပါပဲ။ ရယ္ေမာျခင္းက အသက္ရွည္ေစတယ္ဆိုသလိုပဲ ရယ္ေမာျခင္းကလည္း ႏုပ်ိဳေစပါတယ္ေယာင္းတို႔ေရ… ျဖစ္ႏိုင္ရင္ေတာ့ ေန႕ရက္တိုင္း မ်ားမ်ားရယ္ေမာေပးၿပီး ႏုပ်ိဳၾကပါေစလို႕ ဆႏၵျပဳလုိက္ပါတယ္။

With love

Ei Mon ( For Her Myanmar )

References : Everyday Health, Daily Vanity, Works With Weather

<>

မျက်နှာလေးဂလိုးနေချင်ရင် စိတ်ကြည်လင်နေမှရမယ်နော်။

စိတ်ခံစားချက်တွေကတော့ ၂၄ နာရီအတွင်း စွယ်စုံလာတာပါပဲ။ မနက်ခင်း အိပ်ရာထနောက်ကျလို့ စိတ်လောနေရတာမျိုး ၊ရုံးသွားချိန်မှာ မီးပွိုင့်မိနေလို့ YBS ပေါ်က ဆင်းပြီး တက္ကစီငှားသွားရင် ကောင်းမလား မကောင်းဘူးလား တွေဝေနေချိန်မျိုး ၊ ရုံးရောက်တော့ ဒေါသထွက်စရာနဲ့ ကြုံရတာမျိုး စသဖြင့် နေ့စဉ်နဲ့အမျှ စိတ်ခံစားမှုမျိုးစုံကိုတော့ ကြုံတွေ့နေရမှာပါပဲ။ ဒီစိတ်ခံစားချက်တွေက ကိုယ့်အသားအရေ အလှအပကို ပျက်စီးစေခဲ့တယ်ဆိုရင်…

စိတ်ဖိစီးမှု နဲ့ ဝက်ခြံ

ခံစားချက်တွေ အားလုံးထဲမှာမှ စိတ်ဖိစီးမှုက အကြီးမားဆုံး ရန်သူတော်ကြီးပါပဲ။ အသက်တွေကြီးလာလို့ ဖြည်းဖြည်းချင်း အိုတာထက် စိတ်ဖိစီးမှုကြောင့် အိုတာက ပိုမြန်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုက မွေးညှင်းပေါက်တွေ ပိတ်စေပြီး ဝက်ခြံတွေ ထွက်စေတဲ့ အဆီကို အလွန်အကျွံ ထုတ်ပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့နေ့တွေဆိုရင် ဝက်ခြံဖုလေးတွေက အစီအရီ ပေါက်လာတယ်ဆိုတာ ဒါကြောင့်ပေါ့။

စိတ်ဖိစီးမှုများရင် ချောကလက် ၊ အာလူးကြော်၊  ဘီယာတို့ကို တောင့်တတတ်ပြီး ရေသောက်နည်းသွားတတ်ပါတယ်။ ရေသောက်နည်းတော့ ရေဓာတ်ခန်းခြောက်ပြီး အရေးအကြောင်းတွေထင် ၊ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

ဒေါသနဲ့ အရေးအကြောင်း

မနက်ခင်း ရုံးချိန်အမီသွားဖို့ တက္ကစီဒရိုင်ဘာကြီးနဲ့ ဒေါသထွက်ပြီး ပြောဆိုရတာတွေ အိမ်ကအမေနဲ့ ရန်ဖြစ်လို့ စူဆောင့်အောင့်ပြီး ထွက်လာရတာတွေ…ဒီလိုမျိုး  ဒေါသစိတ်က အလှပျက်စေပါတယ်နော် ယောင်းရေ။  ဒေါသထွက်တော့ မျက်နှာကြီးက မှုန်သုန်ပြီး မှုန်သုန်တာတွေများလာတော့ မျက်ခုံးနှစ်ခုအလယ်က အရေပြား တွန့်လာပါလေရော။

Related Article >>> အသားအရေ ထိန်းသိမ်းဖို့အတွက်အကောင်းဆုံးသဘာဝ ဆီ (၅) မျိုး

ဝမ်းနည်းခြင်းနဲ့ အရေပြား မလန်းဆန်းခြင်း

လူတိုင်းကတော့ ဝမ်းနည်းတဲ့အချိန် ရှိမှာပါပဲ။ ဒါပေမဲ့ အချိန်အကြာကြီး ဝမ်းနည်းနေမယ်ဆိုရင် အရေပြားကို ထိခိုက်ပါတယ်။ ညလုံးပေါက် ငိုခဲ့မိတဲ့နေ့တွေမှာဆို မနက်မိုးလင်းတော့ ခေါင်းတွေကိုက်၊ မျက်လုံးကြီးက ဖောင်းကားမို့အစ်နေတာမျိုးတွေ ဖြစ်ဖူးပါတယ်။ ဒီလိုမျိုးတွေက  အရေပြားကို မကျန်းမာစေဘဲ ပိုပြီး ပင်ပန်းစေပါတယ်။

စိတ်လှုပ်ရှားမှုနဲ့ ချွေးပေါက်ပိတ်ခြင်း

စိတ်လှုပ်ရှားမှုက အပျော့စားကနေ လုံးဝအပြင်းစားကြီးအထိရှိပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ စိတ်လှုပ်ရှားမှုကြောင့် အစာချေစနစ်ကို ပထမဦးဆုံး သက်ရောက်ပါတယ်။ ခန္ဓာကိုယ်က အစာမချေနိုင်တဲ့အတွက် အာဟာရကို ကောင်းစွာမစုပ်ယူနိုင်တာကြောင့် အရေပြားတွေဆီလည်း လုံလောက်တဲ့ အာဟာရ ရနိုင်စေမှာ မဟုတ်ပါဘူး။ စိတ်လှုပ်ရှားမှု များလာပြီဆိုရင် ချွေးထွက်များပြီး ချွေးပေါက်တွေပိတ်လို့ ဆားဝက်ခြံအမည်းတွေ ဖြစ်စေပါတယ်။

စိတ်ဓာတ်ကျခြင်း နဲ့ မျက်နှာအရေးအကြောင်း

ဒေါသထွက်ခြင်းနဲ့ ဝမ်းနည်းခြင်းတို့လိုပဲ စိတ်ဓာတ်ကျခြင်းကလည်း မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်စေပြီး မျက်နှာရှုံ့တွစေပါတယ်။ စိတ်ဓာတ်ကျပြီဆိုရင် သွေးကြောထဲမှာ ကော်တီဇောလ် ပမာဏ မြင့်တက်လာပြီး ဆံပင်ကျွတ်ခြင်း ၊ အရေပြား အရောင်မှိန်ခြင်းနဲ့ ဟော်မုန်းပြောင်းလဲမှုဖြစ်ပြီး ဝိတ်တက်စေပါတယ်။ ဝက်ခြံလည်း ပေါက်စေပါတယ်။

ရှက်ရွံ့စိတ်

ရှက်ရွံ့စိတ်ဖြစ်ပြီဆိုရင် ဦးနှောက်အသိကနေ အရေပြားဆီ ရောက်သွားချိန်မှာ မျက်နှာကြီး နီမြန်းလာတာမျိုး ဖြစ်စေပါတယ်။ အရိုးကြွက်သားတွေဆီ သွားတဲ့ သွေးပို့မှုက အနှောင့်အယှက်ဖြစ်တာကြောင့် အရေပြားဆဲလ်ဖွဲ့စည်းပုံတွေ အားနည်းပြီး အင်ဇိုင်းထုတ်လုပ်မှုနှုန်းတွေ ပြောင်းလဲသွားပါတယ်။

ခံစားချက်တွေက ခန္ဓာကိုယ်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဖြစ်စေပြီး အရေပြားသဏ္ဍာန်ကိုလည်း သက်ရောက်စေပါတယ်။ အိမွန်ဆို စိတ်ဆိုးလာပြီဆိုရင် အလိုလို မျက်နှာစူပုတ်လာပြီး နှုတ်ခမ်းက ရှေ့ကို တစ်တောင်လောက် ရောက်သွားတာပါပဲ။ ရယ်မောခြင်းက အသက်ရှည်စေတယ်ဆိုသလိုပဲ ရယ်မောခြင်းကလည်း နုပျိုစေပါတယ်ယောင်းတို့ရေ… ဖြစ်နိုင်ရင်တော့ နေ့ရက်တိုင်း များများရယ်မောပေးပြီး နုပျိုကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

With love

Ei Mon ( For Her Myanmar )

References : Everyday Health, Daily Vanity, Works With Weather

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *