ေျခာက္ေသြ႕တဲ့ဆံသားေတြကို ထိန္းသိမ္းနည္းအဆင့္ဆင့္

ပိုးသားေလးလို ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာကို ပိုင္ဆိုင္ႏိုင္ဖို႔

ေယာင္းတို႔ေရ … ဆံပင္ကို ေကာက္လိုက္ေျဖာင့္လိုက္ေဆးဆိုးလိုက္နဲ႔ အမ်ိဳးမ်ိဳးပံုသြင္းတာမ်ားလာတဲ့အေလ်ာက္ ဆံသားေျခာက္ေသြ႕တာကလည္း ျပႆနာတစ္ခုျဖစ္လာၿပီေလ။ ေျခာက္ေသြ႕ေနတဲ့ ဆံသားေတြကို ဒီထက္အေျခအေနပိုမဆိုးရေလေအာင္ ဒီအဆင့္ေလးေတြအတိုုင္း ထိန္းသိမ္းေပးလို႔ရပါတယ္။

(၁) ေရေအးေအးနဲ႔ ေခါင္းေလွ်ာ္ပါ။

ေခါင္းေလွ်ာ္တဲ့အခါ ဘယ္ေတာ့မွ ေရပူမသံုးပါနဲ႔။ ေရပူက ဦးေရျပားကို ေရဓာတ္ခမ္းေျခာက္ေစၿပီး ဆံပင္ေတြကို ႂကြပ္ဆတ္ေစလို႔ပါ။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

(၂) ဆံပင္ေပ်ာ့ေဆးသံုးပါ။

ဆံေကသာကို ေပ်ာ့ေပ်ာင္းႏူးညံ့ေစၿပီး ေရဓာတ္အျပည့္အဝရေစဖို႔ ဆံပင္ေပ်ာ့ေဆး (conditioner) သံုးၿပီး အနည္းဆံုး သံုးမိနစ္ေလာက္ထားေပးပါ။ ဆံပင္ေပ်ာ့ေဆးသံုးတဲ့အခါ ဦးေရျပားကို မထိေစဘဲ ဆံပင္အဖ်ားေတြမွာပဲ သံုးေပးရပါမယ္။

(၃) အပူေခ်ာင္းေတြသံုးၿပီး ပံုသြင္းတာေတြရပ္ပါ။

ေျခာက္ေသြ႕ေနတဲ့ဆံပင္ေလးေတြကို အပူေခ်ာင္းေတြနဲ႔ ပံုသြင္းၿပီး ရက္စက္ေတာ့မလို႔လား ေယာင္းရယ္။ စဥ္းစဥ္းစားစားလည္း လုပ္ပါဦး။ အပူဒဏ္နဲ႔ေတြ႕ရင္ နဂိုကမွ ေျခာက္ေသြ႕ေနတဲ့ဆံပင္က က်ိဳးေၾကၿပီး ပ်က္စီး႐ုံပဲရွိတာမို႔ Dryer နဲ႔မႈတ္ရင္ေတာင္ အပူအနိမ့္ဆံုးထားၿပီး မႈတ္ပါေနာ္။

Related article >>> ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာအတြက္ အသင့္ေတာ္ဆုံးဆီကို ဘယ္လိုေရြးခ်ယ္မလဲ?

(၄) အုန္းဆီသံုးပါ။

မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ဆံပင္ကိုဆီထည့္ာမယ္ဆိုရင္ လက္တြန္႔တတ္ၾကတယ္ေလ။ Stella အပါအဝင္ေပါ့။ ဒါေပမဲ့ အုန္းဆီက ဆံပင္ကို ေပ်ာ့ေပ်ာင္းၿပီး အရွည္ျမန္ေစပါတယ္။ ဒါ့အျပင္ ပ်က္စီးေနတဲ့ဆံပင္ေတြကိုလည္း အျမန္ဆံုးျပဳျပင္ေပးႏိုင္ပါေသးတယ္။အုန္းဆီကို သံုးခ်င္တယ္။ ဒါေပမဲ့ အနံ႔ႀကီး မႀကိဳက္လုိ႔ဆိုရင္ အုန္းဆီကို အေျခခံထုတ္လုပ္ထားတဲ့ ပစၥည္းေတြကို သံုးေပးႏိုိင္ပါတယ္။

(၅) အဖ်ားေလးေတြတိေပးပါ။

ေျခာက္ေသြ႕တဲ့ဆံေကသာရဲ႕ အဖ်ားေလးေတြက ႂကြပ္ဆတ္ေနတတ္ၿပီး ဆံပင္အရွည္ေႏွးေစတာေၾကာင့္ ပ်က္စီးေနတဲ့အဖ်ားေလးေတြကို တစ္လတစ္ခါပံုမွန္ၫွပ္ေပးပါ ေယာင္းေရ။

ဒါကေတာ့ ေျခာက္ေသြ႕ေနတဲ့ ဆံသားပိုင္ရွင္ေယာင္းေလးေတြ လိုက္နာရမယ့္ ဆံေကသာထိန္းသိမ္းနည္းအဆင့္ဆင့္ပါ။ လြယ္လြယ္ေလးမို႔လို႔ ေယာင္းတို႔ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

ပိုးသားလေးလို နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့

ယောင်းတို့ရေ … ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်ဆေးဆိုးလိုက်နဲ့ အမျိုးမျိုးပုံသွင်းတာများလာတဲ့အလျောက် ဆံသားခြောက်သွေ့တာကလည်း ပြဿနာတစ်ခုဖြစ်လာပြီလေ။ ခြောက်သွေ့နေတဲ့ ဆံသားတွေကို ဒီထက်အခြေအနေပိုမဆိုးရလေအောင် ဒီအဆင့်လေးတွေအတိုင်း ထိန်းသိမ်းပေးလို့ရပါတယ်။

(၁) ရေအေးအေးနဲ့ ခေါင်းလျှော်ပါ။

ခေါင်းလျှော်တဲ့အခါ ဘယ်တော့မှ ရေပူမသုံးပါနဲ့။ ရေပူက ဦးရေပြားကို ရေဓာတ်ခမ်းခြောက်စေပြီး ဆံပင်တွေကို ကြွပ်ဆတ်စေလို့ပါ။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

(၂) ဆံပင်ပျော့ဆေးသုံးပါ။

ဆံကေသာကို ပျော့ပျောင်းနူးညံ့စေပြီး ရေဓာတ်အပြည့်အဝရစေဖို့ ဆံပင်ပျော့ဆေး (conditioner) သုံးပြီး အနည်းဆုံး သုံးမိနစ်လောက်ထားပေးပါ။ ဆံပင်ပျော့ဆေးသုံးတဲ့အခါ ဦးရေပြားကို မထိစေဘဲ ဆံပင်အဖျားတွေမှာပဲ သုံးပေးရပါမယ်။

(၃) အပူချောင်းတွေသုံးပြီး ပုံသွင်းတာတွေရပ်ပါ။

ခြောက်သွေ့နေတဲ့ဆံပင်လေးတွေကို အပူချောင်းတွေနဲ့ ပုံသွင်းပြီး ရက်စက်တော့မလို့လား ယောင်းရယ်။ စဉ်းစဉ်းစားစားလည်း လုပ်ပါဦး။ အပူဒဏ်နဲ့တွေ့ရင် နဂိုကမှ ခြောက်သွေ့နေတဲ့ဆံပင်က ကျိုးကြေပြီး ပျက်စီးရုံပဲရှိတာမို့ Dryer နဲ့မှုတ်ရင်တောင် အပူအနိမ့်ဆုံးထားပြီး မှုတ်ပါနော်။

Related article >>> ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် အသင့်တော်ဆုံးဆီကို ဘယ်လိုရွေးချယ်မလဲ?

(၄) အုန်းဆီသုံးပါ။

မိန်းကလေးတော်တော်များများက ဆံပင်ကိုဆီထည့်ာမယ်ဆိုရင် လက်တွန့်တတ်ကြတယ်လေ။ Stella အပါအဝင်ပေါ့။ ဒါပေမဲ့ အုန်းဆီက ဆံပင်ကို ပျော့ပျောင်းပြီး အရှည်မြန်စေပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ဆံပင်တွေကိုလည်း အမြန်ဆုံးပြုပြင်ပေးနိုင်ပါသေးတယ်။အုန်းဆီကို သုံးချင်တယ်။ ဒါပေမဲ့ အနံ့ကြီး မကြိုက်လို့ဆိုရင် အုန်းဆီကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို သုံးပေးနိုင်ပါတယ်။ ဥပမာ – Parachute Advansed လိုမျိုး အုန်းဆီကို အခြေခံထုတ်လုပ်ထားပြီး အုန်းဆီနံ့ပြင်းပြင်းမပါတာမျိုးပေါ့..

(၅) အဖျားလေးတွေတိပေးပါ။

ခြောက်သွေ့တဲ့ဆံကေသာရဲ့ အဖျားလေးတွေက ကြွပ်ဆတ်နေတတ်ပြီး ဆံပင်အရှည်နှေးစေတာကြောင့် ပျက်စီးနေတဲ့အဖျားလေးတွေကို တစ်လတစ်ခါပုံမှန်ညှပ်ပေးပါ ယောင်းရေ။

ဒါကတော့ ခြောက်သွေ့နေတဲ့ ဆံသားပိုင်ရှင်ယောင်းလေးတွေ လိုက်နာရမယ့် ဆံကေသာထိန်းသိမ်းနည်းအဆင့်ဆင့်ပါ။ လွယ်လွယ်လေးမို့လို့ ယောင်းတို့ကျေနပ်ကြမယ်ထင်ပါတယ်နော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed