အခ်ိန္ ၅ မိနစ္ပဲ ရမယ္ဆိုရင္ လွလွပပ မိတ္ကပ္ Look ကေလးရလာေအာင္ ဘယ္လိုလိမ္းမလဲ?

ၾကာတယ္။ စာရြက္ထဲမွာ လိမ္းထားၿပီး သြားခါနီးက်ရင္ ေကာက္ကပ္ပစ္လိုက္ 😛

ေခတ္မီတဲ့ မိတ္ကပ္လိမ္းဖို႔အတြက္ အခ်ိန္ (၃) နာရီေလာက္ယူဖို႔ မလိုအပ္ပါဘူး။ စိုျပည္တဲ့အသားအေရ၊ ရႊနး္စိုတဲ့ႏႈတ္ခမ္းနဲ႔ ပန္းႏုေရာင္သန္းတဲ့ ပါးမို႔ႏွစ္ဘက္အတြက္ အခ်ိန္ ၅ မိနစ္ေလာက္ရွိရံုနဲ႔တင္ အဆင္ေျပပါၿပီ။ သိတဲ့အတိုင္း ၅ မိနစ္ဆိုတာ အရမ္းနည္းပါးတဲ့ အခ်ိန္အတိုင္းအတာဆိုေတာ့ ေမးရိုးခ်တာ၊ မ်က္ေတာင္အတုတပ္တာ၊ လိုင္နာအခၽြန္အတက္ေတြ ဆိုးတာနဲ႔ ေျပာင္ေျပာင္လက္လက္ မ်က္လံုးရွဲဒိုးေတြ မပါပါဘူးေနာ္။ တကယ့္အေျခခံမိတ္ကပ္အဆင့္ ၆ ဆင့္ပဲ ပါဝင္မွာပါ။

(၁) အရင္ဆံုး မ်က္ႏွာသစ္ၿပီးၿပီဆိုတာနဲ႔ ကိုယ္လုပ္ေနက် အသားအေရထိန္းသိမ္းတဲ့ အဆင့္ေတြအားလံုးကို အရင္လုပ္ထားပါ။ (ဇိမ္ဆြဲၿပီး ပြတ္မေနနဲ႔ေနာ္။ လက္နဲ႔သာပြတ္ပစ္။)

5 minutes makeup
ကဲ ျမန္ျမန္ဆန္ဆန္ ပြတ္မယ္

(၂) Skincare လိမ္းၿပီး မိတ္ကပ္တန္းလိမ္းရင္ မ်က္ႏွာက မည္းသြားတတ္တာမို႔ ခဏေစာင့္ရပါတယ္။ အဲဒီလို ေစာင့္ေနတဲ့အခ်ိန္မွာ မ်က္ခံုးေမြးဆြဲပါ။ မ်က္ခံုးေမြးကိုလည္း ကိုယ့္ရဲ႕ရွိၿပီးသားမ်က္ခံုးပံုအတိုင္းပဲ ေပါင္ဒါေလးနဲ႔ျဖည့္ၿပီး ဆြဲပါ။ အကယ္၍ ကိုယ္က မ်က္ခံုးရွိၿပီးသား လူဆိုရင္ေတာ့ ဘရပ္ရွ္ေလးနဲ႔ နည္းနညး္ပံုက်သြားေအာင္ ၿဖီးလိုက္ရင္အဆင္ေျပပါၿပီ။

5 minutes makeup
မ်က္ခံုးေမြးကို ေပါက္ထားတဲ့လမ္းေၾကာင္းအတိုင္းပဲဆြဲေနာ္။ လြယ္လည္းလြယ္ ျမန္လည္းျမန္တယ္

Related Article >>> ဆံပင္ခြဲေၾကာင္းေတြကို မ်က္စိတစ္မွိတ္အတြင္း ဘယ္လုိ ေဖ်ာက္ၾကမလဲ?

(၃) မိတ္ကပ္စလိမ္းပါၿပီ။ မိတ္ကပ္လိမ္းတဲ့အခါ တျခားဆြဲရျပဳရခက္တဲ့ ေဖာင္ေဒးရွင္းေတြ ဘာဘာညာညာေတြအစား တစ္ခုတည္းမွာ အကုန္ပါတဲ့ ကူရွင္မိတ္ကပ္ကိုေရြးပါ။ ကိုယ့္မ်က္ႏွာမွာ အဖုအပိန္႔ ဘာဘာညာညာသိပ္မရွိရင္ေတာ့ ကြန္ဆီလာအဆင့္ကို ေက်ာ္လို႔ရပါတယ္။

5 minutes makeup
ကူရွင္ကို တဘုတ္ဘုတ္ ပုတ္မယ္

(၄) ၿပံဳးလိုက္ပါ။ ၿပံဳးလိုက္တဲ့အခါ တက္လာတဲ့ ပါးမို႔ႏွစ္ဘက္ကို ပန္းႏုေရာင္ပါးနီေလးေတြကို စက္ဝိုင္းပံုစံ ျခယ္လိုက္ရံုနဲ႔ ေသြးေရာင္သန္းတဲ့ ပါးေလးကို ပိုင္ဆိုင္ေစမွာပါ။ (ပါးနီကို တတ္ႏိုင္ရင္ သဘာဝဆန္တဲ့ ပန္းႏုေရာင္၊ မက္မြန္သီးေရာင္ေလးေတြကို သံုးပါ။ ဒါမွ အခ်ခံထားရသလို ျဖစ္မေနမွာ :P)

5 minutes makeup
ၿပံဳးတံုးတံုးေလးနဲ႔ လွလွေလးေနာ္

(၅) ေနာက္တစ္ဆင့္ကေတာ့ မ်က္ေတာင္ေကာ့လိုက္ပါ။ အေပၚမ်က္ေတာင္ရဲ႕ အရင္းကေန ေဘးဘယ္ညာႏွစ္ဖက္ ေကာ့တင္ရင္း ထူထဲၿပီး ျဖာထြက္ေနတဲ့ အသြင္ကို ရယူလိုက္ပါ။ (ႏွာမေခ်ရေနာ္ မဟုတ္ရင္ အကုန္ပ်ံ႕ကုန္ၿပီး ပရမ္းပတာေတြ ျဖစ္ကုန္လိမ့္မယ္။)

5 minutes makeup
သဘာဝဆန္ဆန္နဲ႔ တစ္ေခ်ာင္းခ်င္းပဲေနာ္

Related Article >>> တစ္ကိုယ္လံုးမွာ ဘယ္ေနရာေတြ အေပါက္ေဖာက္လို႔ရလဲ?

(၆) ေနာက္ဆံုးကေတာ့ ႏႈတ္ခမ္းနီပါပဲ။ အသားေရာင္ႏႈတ္ခမ္းနီေလးကို လက္ေလးနဲ႔ပုတ္ပုတ္ၿပီး ဆိုးလိုက္ၿပီးရင္ေတာ့ မိတ္ကပ္အဆင့္က အားလံုးၿပီးသြားပါၿပီ။ (ႏႈတ္ခမ္းနီကိုလည္း အသားေရာင္၊ ပန္းႏုေရာင္ေလးေတြ သံုးေပးႏိုင္ရင္ ပိုအဆင္ေျပပါတယ္။)

5 minutes makeup
Matte ေတြဘာညာေတြ လုပ္မေနနဲ႔ ခရင္မ္အေခ်ာင္းသာေဆာင္ထား

ကဲ ဒါဆိုအားလံုးၿပီးၿပီ။ မိတ္ကပ္စပေရးေလး ဖ်န္းလိုက္ေတာ့။ ဒါႏွင္းရဲ႕ မနက္ခင္း မိတ္ကပ္လိမ္းတဲ့ အဆင့္ေတြပါ။ (တကယ္ ၅ မိနစ္အတြင္း ၿပီးပါတယ္ေနာ္) ဆိုေတာ့ကာ မနက္အိပ္ယာထေနာက္က်တဲ့ ေယာင္းေယာင္းေလးေတြအတြက္ အရမ္းအသံုးဝင္မယ္ထင္ပါတယ္ 😛 ဒါေပမဲ့ ၅ မိနစ္ဆိုေတာ့ ပြဲတက္သလိုမ်ိဳး အျပည့္အစံုေတာ့ မရႏိုင္ဘူးေလေနာ္႔။ ထသြားထလာ သပ္သပ္ရပ္ရပ္ေတာ့ ျဖစ္ေနမွာပါေနာ္။

အိပ္ရာထေနာက္က်လည္း ဖရိုမရဲမျဖစ္ေစခ်င္တဲ့ ေစတနာဗလပြနဲ႔…

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

ကြာတယ်။ စာရွက်ထဲမှာ လိမ်းထားပြီး သွားခါနီးကျရင် ကောက်ကပ်ပစ်လိုက် 😛

ခေတ်မီတဲ့ မိတ်ကပ်လိမ်းဖို့အတွက် အချိန် (၃) နာရီလောက်ယူဖို့ မလိုအပ်ပါဘူး။ စိုပြည်တဲ့အသားအရေ၊ ရွှန်းစိုတဲ့နှုတ်ခမ်းနဲ့ ပန်းနုရောင်သန်းတဲ့ ပါးမို့နှစ်ဘက်အတွက် အချိန် ၅ မိနစ်လောက်ရှိရုံနဲ့တင် အဆင်ပြေပါပြီ။ သိတဲ့အတိုင်း ၅ မိနစ်ဆိုတာ အရမ်းနည်းပါးတဲ့ အချိန်အတိုင်းအတာဆိုတော့ မေးရိုးချတာ၊ မျက်တောင်အတုတပ်တာ၊ လိုင်နာအချွန်အတက်တွေ ဆိုးတာနဲ့ ပြောင်ပြောင်လက်လက် မျက်လုံးရှဲဒိုးတွေ မပါပါဘူးနော်။ တကယ့်အခြေခံမိတ်ကပ်အဆင့် ၆ ဆင့်ပဲ ပါဝင်မှာပါ။

(၁) အရင်ဆုံး မျက်နှာသစ်ပြီးပြီဆိုတာနဲ့ ကိုယ်လုပ်နေကျ အသားအရေထိန်းသိမ်းတဲ့ အဆင့်တွေအားလုံးကို အရင်လုပ်ထားပါ။ (ဇိမ်ဆွဲပြီး ပွတ်မနေနဲ့နော်။ လက်နဲ့သာပွတ်ပစ်။)

5 minutes makeup
ကဲ မြန်မြန်ဆန်ဆန် ပွတ်မယ်

(၂) Skincare လိမ်းပြီး မိတ်ကပ်တန်းလိမ်းရင် မျက်နှာက မည်းသွားတတ်တာမို့ ခဏစောင့်ရပါတယ်။ အဲဒီလို စောင့်နေတဲ့အချိန်မှာ မျက်ခုံးမွေးဆွဲပါ။ မျက်ခံးမွေးကိုလည်း ကိုယ့်ရဲ့ရှိပြီးသားမျက်ခုံးပုံအတိုင်းပဲ ပေါင်ဒါလေးနဲ့ဖြည့်ပြီး ဆွဲပါ။ အကယ်၍ ကိုယ်က မျက်ခုံးရှိပြီးသား လူဆိုရင်တော့ ဘရပ်ရှ်လေးနဲ့ နည်းနည်းပုံကျသွားအောင် ဖီးလိုက်ရင်အဆင်ပြေပါပြီ။

5 minutes makeup
မျက်ခုံးမွှေးကို ပေါက်ထားတဲ့လမ်းကြောင်းအတိုင်းပဲဆွဲနော်။ လွယ်လည်းလွယ် မြန်လည်းမြန်တယ်

Related Article >>> ဆံပင်ခွဲကြောင်းတွေကို မျက်စိတစ်မှိတ်အတွင်း ဘယ်လို ဖျောက်ကြမလဲ?

(၃) မိတ်ကပ်စလိမ်းပါပြီ။ မိတ်ကပ်လိမ်းတဲ့အခါ တခြားဆွဲရပြုရခက်တဲ့ ဖောင်ဒေးရှင်းတွေ ဘာဘာညာညာတွေအစား တစ်ခုတည်းမှာ အကုန်ပါတဲ့ ကူရှင်မိတ်ကပ်ကိုရွေးပါ။ ကိုယ့်မျက်နှာမှာ အဖုအပိန့် ဘာဘာညာညာသိပ်မရှိရင်တော့ ကွန်ဆီလာအဆင့်ကို ကျော်လို့ရပါတယ်။

5 minutes makeup
ကူရှင်ကို တဘုတ်ဘုတ် ပုတ်မယ်

(၄) ပြုံးလိုက်ပါ။ ပြုံးလိုက်တဲ့အခါ တက်လာတဲ့ ပါးမို့နှစ်ဘက်ကို ပန်းနုရောင်ပါးနီလေးတွေကို စက်ဝိုင်းပုံစံ ခြယ်လိုက်ရုံနဲ့ သွေးရောင်သန်းတဲ့ ပါးလေးကို ပိုင်ဆိုင်စေမှာပါ။ (ပါးနီကို တတ်နိုင်ရင် သဘာဝဆန်တဲ့ ပန်းနုရောင်၊ မက်မွန်သီးရောင်လေးတွေကို သုံးပါ။ ဒါမှ အချခံထားရသလို ဖြစ်မနေမှာ :P)

5 minutes makeup
ပြုံးတုံးတုံးလေးနဲ့ လှလှလေးနော်

(၅) နောက်တစ်ဆင့်ကတော့ မျက်တောင်ကော့လိုက်ပါ။ အပေါ်မျက်တောင်ရဲ့ အရင်းကနေ ဘေးဘယ်ညာနှစ်ဖက် ကော့တင်ရင်း ထူထဲပြီးဖြာထွက်နေတဲ့အသွင်ကို ရယူလိုက်ပါ။ (နှာမချေရနော် မဟုတ်ရင် အကုန်ပျံ့ကုန်ပြီး ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်။)

5 minutes makeup
သဘာဝဆန်ဆန်နဲ့ တစ်ချောင်းချင်းပဲနော်

Related Article >>> တစ်ကိုယ်လုံးမှာ ဘယ်နေရာတွေ အပေါက်ဖောက်လို့ရလဲ?

(၆) နောက်ဆုံးကတော့ နှုတ်ခမ်းနီပါပဲ။ အသားရောင်နှုတ်ခမ်းနီလေးကို လက်လေးနဲ့ပုတ်ပုတ်ပြီး ဆိုးလိုက်ပြီးရင်တော့ မိတ်ကပ်အဆင့်က အားလုံးပြီးသွားပါပြီ။ (နှုတ်ခမ်းနီကိုလည်း အသားရောင်၊ ပန်းနုရောင်လေးတွေ သုံးပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။)

5 minutes makeup
Matte တွေဘာညာတွေ လုပ်မနေနဲ့ ခရင်မ်အချောင်းသာဆောင်ထား

ကဲ ဒါဆိုအားလုံးပြီးပြီ။ မိတ်ကပ်စပရေးလေး ဖျန်းလိုက်တော့။ ဒါနှင်းရဲ့ မနက်ခင်း မိတ်စကပ်လိမ်းတဲ့ အဆင့်တွေပါ။ (တကယ် ၅ မိနစ်အတွင်း ပြီးပါတယ်နော်။) ဆိုတော့ကား မနက်အိပ်ယာထနောက်ကျတဲ့ ယောင်းယောင်းလေးတွေအတွက် အရမ်းအသုံးဝင်မယ်ထင်ပါတယ် 😛 ဒါပေမဲ့ ၅ မိနစ်ဆိုတော့ ပွဲတက်သလိုမျိုး အပြည့်အစုံတော့ မရနိုင်ဘူးလေနော့်။ ထသွားထလာ သပ်သပ်ရပ်ရပ်တော့ ဖြစ်နေမှာပါနော်။

အိပ်ရာထနောက်ကျလည်း ဖရိုမရဲမဖြစ်စေချင်တဲ့ စေတနာဗလပွနဲ့…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed