(၃)လအတွင်းပေါင်(၂၀)ကျစေမယ့်မသိမသာဝိတ်ချနည်း

ဝိတ်ချချင်တယ် အချိန်ပေးပြီးလေ့ကျင့်ခန်းမလုပ်နိုင် အစားမလျှော့နိုင်ဖြစ်နေရင်တော့ ဖတ်သင့်ပြီ။

ယောင်းယောင်းတို့ရေ..

ဝတယ်ဆိုတာ ကိုယ့်ဟာကိုယ် ဝတာ ဘယ်သူနဲ့မှမဆိုင် ဆိုပေမယ့်လို့ ဝတယ်လို့ အပြောခံရရင် မကြိုက်ပါဘူး။ မကြိုက်သော်ငြား ဝိတ်ချလားဆိုတော့လည်း ပလန်တွေသာဆွဲ မလုပ်ဖြစ်တာ များပါတယ်။ တကယ်က ဝိတ်ချတယ်ဆိုတာ သိသိသာသာကြီး အစားတွေလျှော့ လေ့ကျင့်ခန်းတွေ စွတ်လုပ်မှ ကျတာ မဟုတ်ပါဘူး။ နည်းနည်းချင်းစီ မသိမသာနဲ့ ချမယ်ဆိုလည်း ရပါတယ်။အက်မင်ကတော့ စလင်းဆိုတော့ (ကပ်ကြွားသွားသည်?)ချစရာမလိုပေမယ့် အက်မင်အစ်မတွေအစ်ကိုတွေကတော့ အဝဓာတ်ခံလေးရှိကြရှာတယ်။တစ်တစ်ခါ ပဲများချင်ပြီဆို သူတို့ရဲ့ လုပ်နေကျနည်းလမ်းလေးရှိပါတယ်။အာ့ကို မျှဝေပေးတာပါနော်။တကယ်လက်တွေ့ မျက်စိရှေ့တင် ကျသွားတဲ့နည်းလမ်းလေးမို့လို့ပါ။

(၁)လမ်းလျှောက်ပါ။

လမ်းလျှောက်တာဟာ အားလုံးအတွက်လွယ်ကူပြီး အကျိုးသက်ရောက်မှုအရှိဆုံး လေ့ကျင့်ခန်းပါ။ အက်မင်အစ်မဆို သူဝိတ်ချရင် တခြားလေ့ကျင့်ခန်း မလုပ်ပါဘူး။လမ်းပဲလျှောက်တာပါ။ တစ်နေ့ကို(၁)နာရီလောက် ခပ်သွက်သွက်လေး လျှောက်ပေးနိုင်ရင် အတော် အဆင်ပြေနေပါပြီ။ ကျိန်းသေပေါက် လမ်းလျှောက်မယ်ဟေ့ဆိုပြီး အစီအစဉ်တွေဆွဲပြီးလျှောက်စရာမလိုပါဘူး။ အလုပ်အသွားအပြန် ကျောင်းအသွားအပြန် ဘတ်စ်ကားမှတ်တိုင်သွားရင်လည်း လမ်းလျှောက်တာပါပဲ။ သူငယ်ချင်းနဲ့ လေတပေါပေါနဲ့ သွားတာထက် အဲ့အချိန်လေး ခပ်သွက်သွက်လျှောက်ပေးပါ။ရိုးရိုးသွားတာထက် ခပ်သွက်သွက်လေးလျှောက်တာက ပိုသိသာမှုရှိစေပါတယ်။ အရမ်းကြီးလည်းပြေးလွှားသလိုလည်း လျှောက်စရာတော့ မလိုပါ။ ရှိုးပဲ့မှာစိုးလို့ပါ။?အသွားမှာ ချွေးသံတရွှဲရွဲ မထွက်ချင်ရင် (၁၅)မိနစ်လောက်လေးပဲ လျှောက်ပြီး အပြန်ကျ (၂)ခါပြန် မိနစ်(၃၀)စာလောက် လျှောက်ပြီးမှအိမ်ထဲဝင်ပေါ့ရှင်။ သက်သက်ညနေပိုင်းဖြစ်ဖြစ် အချိန်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ပေးနိုင်ရင်(၁)နာရီလောက်တော့ လျှောက်စေချင်ပါတယ်။

(၂)အနည်းငယ်လှုပ်ရှားပါ။

ရုံးရောက်တဲ့အခါမှာလည်း ကွန်ပျူတာရှေ့ချည်းပဲ ငုတ်တုပ်မထိုင်ပါနဲ့။ အနည်းဆုံး (၂)နာရီခြားတစ်ခါလောက် ခဏနားပြီး ဟိုလျှောက်ပတ် ဒီလျှောက်ပတ်လုပ်ပါ။ ဗရန်တာရှိရင် အပြင်ခဏထွက်ပြီး (၅)မိနစ်(၁၀)မိနစ်လောက် ခါးလေးလှည့်ပြီး လေ့ကျင့်ခန်းလုပ်ပါ။လေကောင်းလေသန့်ရှူပါ။ (သူဌေးက ဘာလုပ်တာလဲမေးရင် သူ့ကိုပါဆွဲပြီး လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ အလုပ်ပြုတ်ရင်တော့ တာဝန်မယူပါ။?စတာနော်။)

(၃)ငြင်းပါ။

သူငယ်ချင်းက ဟိုဟာသွားစားမယ် ဒီဟာသွားစားမယ်ဆိုရင် အတတ်နိုင်ဆုံးငြင်းပါ။ မသိမသာ ဝိတ်ချနေသော်ငြား ကိုယ်ကိုယ့်ကိုယ် ဝိတ်ချနေတယ်ဆိုတာ သတိထားပါ။ ဒါပေမယ့်လည်း အရမ်းကြီးတော့ ညှင်းဆဲစရာမလိုပါ။ ဆယ်ခါခေါ် နှစ်ခါ လောက်တော့ လိုက်လို့ရပါတယ်။?

(၄)အစားထိုးပါ။

ကိုယ်ကမှ အစားမလျှော့နိုင်တာ။ အဲ့တော့ ကိုယ်စားနေကျ ဆီများတဲ့ အစားအစာကို ဆီမများတဲ့ဟာမျိုးနဲ့ အစားထိုးပါ။ (ဘာပဲဖြစ်ဖြစ် စားရပြီးရော မဟုတ်လား??) ချက်ချင်းကြီး ရေလုံပြုတ်ပဲ စားခိုင်းတာ မဟုတ်ပါ။ လူဆိုတာ စားနေကျမှ မစားရရင် အာသာမပြေတတ်ပါ။နားလည်ပါတယ်။ ဖြည်းဖြည်းချင်းပြောင်းစားပါ။ (ဝက်သားတော့ ရှောင်ပါ။?)မနက်စာ နေ့လည်စာ စားမယ်ဆို ဆီနည်းနည်းနဲ့ကြော်ထားတဲ့ အသီးအရွက်ကြော်လေးရယ် ဟင်းချိုလေးရယ် က်ြသား၊ငါး၊ ဘဲဥဟင်း ဒါမျိုးလေးတွေစားပေါ့။ ဆီကိုအတတ်နိုင်ဆုံး နည်းပါ။ ညနေကျ (၆)နာရီဝန်းကျင်လောက် အသီးအရွက်ကြော်လေးနဲ့ ထမင်းနည်းနည်းစားပေါ့။ညကျရင် လုံးဝမစားပါနဲ့။ မစားပဲမနေနိုင်ရင်တော့ စားနေကျ အာလူးကြော်ဘာညာထက် အသီးအနှံလေးတွေစားပါ။ အက်မင်အစ်မကတော့ ပန်းသီးအပွစားတယ်။ဝိတ်ကျဖို့အတွက်ဆို ပန်းသီးကဆရာကြီးပဲ။

 

(၅)အကျင့်ပြင်ပါ။

တစ်ခါတည်းနဲ့အများကြီးစားတတ်ရင် ပြင်ပါ။နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။ တစ်ခါတည်းနဲ့စားတာဟာ အစာအိမ်ကိုချဲ့သလိုဖြစ်ပြီး စားလေလေ ဝင်လေလေပါပဲ။ ထမင်းစားချိန်မှာ ဗိုက်ပြည့်မစားဘဲ အစာအိမ်ကို ချုံ့ပါ။ နောက်ပြန်ဆာရင် ထမင်းမစားဘဲ တခြားအသီးအနှံလေးတွေစားပါ။တချို့ဆို ထမင်းစားရင် ဟင်းချို အရင်ကုန်အောင်သောက်ပါတယ်။ ပြီးမှထမင်းစားပါတယ်။ အဲ့တော့ ထမင်းက သိပ်မဝင်တော့ဘူးပေါ့။ချက်ချင်း အစားလျှော့ဖို့ခက်ရင် ဒီနည်းလမ်းအသုံးပြုလို့ရပါတယ်။

(၆)အိပ်ပါ။

ဝိတ်ချတဲ့အထဲမှာ အိပ်တာကလည်း အရေးကြီးပါတယ်။ အိပ်ရေးမဝတာက လူကို ပိုဝစေပါတယ်။
အဝဓာတ်ခံရှိရင် မအိပ်လေလေ ဝလေလေပါ။ အိပ်ရေးမဝရင် တစ်နေ့တာလုံး အလုပ်လုပ်ရတာလည်း အဆင်မပြေတဲ့ အပြင် ခပ်သွက်သွက် လမ်းလျှောက်တာကိုလည်း အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ အိပ်ရေးမဝတဲ့အခါ လူက ဝသာဝနေတာ သွေးအားနည်းတာတို့ဘာတို့ ဖြစ်တတ်ပါတယ်။တကယ်တော့ အိပ်ရေးမဝတာက ဝိတ်ချတာကို အနှောင့်အယှက်ဖြစ်စေလို့ပါ။

ယောင်းယောင်းတို့ ဒါမျိုးလုပ်တာလေးတွေက အရမ်းအပန်းမကြီးဘူးဟုတ်။ ကိုယ်နေ့တဓူဝ လုပ်နေကျပုံစံကို မသိမသာလေး ပြင်လိုက်ရုံပါပဲ။ နေ့စဉ်နေ့တိုင်းတော့ ဒီမသိမသာလေးတွေကို သတိထားပြီး ဇွဲရှိရှိနဲ့ လုပ်ဖို့လိုပါမယ်။ ကိုယ်ကိုယ့်ကိုယ် အလိုလိုက်ပြီး စားလိုက်ပါဦးမယ်ဆိုပြီး ခဏခဏလုပ်နေရင်တော့ ဒီပလန်အထမမြောက်နိုင်ပါ။ ဝိတ်ကျပြီးတဲ့နောက်ပိုင်းလည်း ကျန်းမာရေးနဲ့အညီစားသောက်နေထိုင်ပေးပါ။ ဒါဆို ဝိတ်ပြန်တက်ဖို့ အလားအလာ နည်းသွားပါမယ်။ အက်မင်အစ်မကတော့ ဝိတ်ချပါတယ်။ တကယ်ကျသွားပါတယ်။ ပြီးတော့ အသေပြန်စားပါတယ်။ ပြန်ဝလာတယ်။ ပြန်ချတယ်။ ပြန်ကျတယ်။ ဒါနဲ့ပဲ တစ်ပတ်လည်နေပါတယ်။(သူတွေ့ရင်တော့ အဆဲခံရတော့မယ်။?)အတင်းတုပ်တာ ဟုတ်ပါဘူးနော်။ ဥပမာအနေနဲ့ သင်ခန်းစာယူဖို့ပြောတာ။ ယောင်းယောင်းတို့လည်း အဲ့လိုမဖြစ်စေနဲ့လို့။?

 

Nilar (For Her Myanmar)

 

 

No Comments Yet

Comments are closed