Beauty Fashion

ဘယ္လို အခ်ိန္မ်ိဳးေတြမွာ ဆံပင္တို ညွပ္သင့္လဲ?

ႏွင္းကေတာ့ ဆိုင္သြားတိုင္း ညွပ္ရင္း ညွပ္ရင္းနဲ႔ ျပန္ကို မရွည္ေတာ့ဘူးရယ္ 😛

ငါဆံပင္ညွပ္ေတာ့မယ္ႏွင့္ ေခါင္းေလွ်ာ္ၿပီး ျပန္ျပန္လာခဲ့ေသာ ေန႔ရက္မ်ား၊ အတိုေလးညွပ္ခ်င္တယ္ႏွင့္ ထပ္ထပ္ရွည္လာေသာ အေမြးေပါင္းခ်ဳပ္ စသည္ျဖင့္ အိပ္ရာဝင္ပံုျပင္ေတြ ေျပာေျပာေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီေနာ္။ အခုထိ အေကာင္အထည္ေဖာ္ျဖစ္ဖို႔ ေနေနသာသာ ဆိုင္ထဲဝင္ရင္ ညွပ္မိမွာစိုးလို႔ဆိုၿပီး အေဝးကေနေရွာင္ကြင္း ထြက္ေျပးေနတာမလား။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ဆံပင္ဆိုတဲ့ အမ်ိဳးက ရွည္တိုင္းမေကာင္းသလို ညွပ္သင့္တဲ့အခ်ိန္ဆိုတာလည္း ရွိပါတယ္။ ကိုယ့္ဆံပင္ေတြကို ဘယ္အခ်ိန္မွာ တိုတို ညွပ္သင့္လဲဆိုေတာ့…. 

မွန္ထဲၾကည့္တဲ့အခ်ိန္ ကိုယ့္ကိုယ္ကိုယ္လွတယ္လို႔ မျမင္ေတာ့ရင္။

ဒါကေတာ့ ရွင္းပါတယ္ေနာ္။ လူဆိုတဲ့ အမ်ိဳးက ကိုယ္သိပ္ၾကည့္မေကာင္းေနရင္ေတာင္ တျခားလွတဲ့ေနရာေလးေတြကို ျဖည့္ၾကည့္ရင္း ကိုယ့္ကိုယ္ကိုယ္ အလွပေဂးဆိုၿပီး ဂုဏ္ဆာေနတတ္တာမလား။ (မလွဘူးျမင္ရင္လည္း ခဏပါပဲ။) ဒါေပမဲ့ ေနာက္ပိုင္းမွာ မွန္ၾကည့္တိုင္း ‘ငါ့ဆံပင္ႀကီးက ဘုတ္သိုက္နဲ႔ အဆင္မေျပလိုက္တာ’ ဆိုတဲ့ စိတ္မ်ိဳး ခဏခဏျဖစ္လာၿပီဆိုရင္ေတာ့ ဆံပင္ညွပ္ခ်ိန္တန္ပါၿပီ။

Related Article >>> ဆံပင္ညွပ္မယ္လို႔ စိတ္ကူးလိုက္သူတိုင္း သိထားသင့္တဲ့ Lob Hair စတုိင္လ္ (၁၀)မ်ိဳး

ကိုယ့္ဆံပင္ေတြကပ်က္စီးေနရင္

ကိုယ့္ဆံပင္ေလးက ရွည္ေတာ့ရွည္ပါရဲ႕ အနားေတြကဖြာၿပီး ေျပာင္းဖူးေမြးျဖစ္၊ ဆံပင္ၿဖီးရင္လည္း ဂ်ပ္ခဲႀကီး ျဖစ္ျဖစ္ေနေတာ့ ဘယ္လိုမွ အရွည္ဆက္ထားဖို႔ မျဖစ္ႏိုင္ေတာ့ဘူးေလ။ အဲ့ေတာ့ ခုေလာေလာဆယ္အရွည္ထားလည္း ၾကည့္ရတာမတင့္တယ္မယ့္အတူတူ ညွပ္လိုက္ၿပီး ဆံပင္ေကာင္းေကာင္းေလး ျပန္ေမြးတာကမွ အမ်ားႀကီးပိုအဆင္ေျပသြားမွာမို႔ ဒီလိုပ်က္စီးေနတယ္ဆိုရင္လည္း ညွပ္လိုက္ပါ။

အသစ္အဆန္းျဖစ္ခ်င္ရင္

ဥပမာ အသည္းကြဲတဲ့ အေျခအေနမ်ိဳး၊ စာေမးပြဲက်သြားတဲ့ အေျခအေနမ်ိဳးေပါ့ ေယာင္းရယ္။ ကိုယ္က အရာရာကို အရံႈးေပးခ်င္ေနၿပီး စိတ္ဓာတ္လံုးလံုးက်ေနတဲ့ ဒီလို အေျခအေနမ်ိဳးမွာဆိုရင္ အသစ္အဆန္း တစ္ခုခုဘက္ကို ကိုယ့္အာရံု လႊဲပစ္လိုက္တာ အေကာင္းဆံုးပါပဲ။ အနီးစပ္ဆံုးကေတာ့ ဒီဆံပင္ေပါ့။ ကာလာေတြဆိုးၿပီး ကိုယ္အရင္တုန္းကလံုးဝမညွပ္ခဲ့ဖူးတဲ့ ပံုစံမ်ိဳးသာ ညွပ္ခ်လိုက္ေယာင္းရာ။ လြင့္ခ်က္တစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ၿပီး စိတ္လည္းေပါ့ပါးသြားေစရမယ္။

ကိုယ္တိုင္ ဆံပင္ညွပ္ခ်င္ေနရင္

ဆံပင္ကိုေလ ညွပ္ခ်င္ေနရင္ ညွပ္သာခ်လိုက္။ တျခား ဘာမွေထြေထြထူးထူး ေတြးေတာမေနနဲ႔။ ရည္းစားက ခြင့္မျပဳလုိ႔၊ အေဖအေမ ဆူမွာဆိုးလို႔ စသည္ျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ့္ဆႏၵကိုထိန္းခ်ဳပ္ထားရတာမ်ိဳး မလုပ္နဲ႔။ ေလာကမွာ တျခားလူေၾကာင့္ ကိုယ့္စိတ္ကိုယ္ ခ်ဳပ္တည္းေနရတာေလာက္ စိတ္ပ်က္စရာေကာင္းတာ မရွိဘူး။ ကိုယ္ညွပ္ခ်င္စိတ္ေပၚလာရင္ ညွပ္ခ်လိုက္၊ အရွည္ထားခ်င္ရင္ ဆက္ထားလိုက္။ ကိုယ့္စိတ္ႀကိဳက္၊ ကိုယ့္ပံုစံအတိုင္း ေနပါ။ စိတ္ထဲအမ်ားႀကီး ေပါ့ပါးသြားပါလိမ့္မယ္။

Related Article >>> ဆံပင္ခြဲေၾကာင္းေတြကို မ်က္စိတစ္မွိတ္အတြင္း ဘယ္လုိ ေဖ်ာက္ၾကမလဲ?

ဆံပင္ဆိုတာ ကိုယ္မေသမခ်င္း ျပန္ျပန္ရွည္တတ္တဲ့ အမ်ိဳးအစားပါေနာ္ :3 ။ အကယ္၍ ကိုယ္ကရုတ္တရက္ႀကီး ညွပ္ခ်လိုက္လို႔ ကိုယ့္မ်က္ႏွာအေနအထား၊ ပံုစံနဲ႔ မလိုက္ရင္ဘယ္လိုလုပ္မလဲ ဆိုရင္ေတာ့ ကိုယ့္မ်က္ႏွာနဲ႔ လိုက္မယ့္ပံုစံကို ေသခ်ာအရင္ေရြးသြား၊  ပညာရွင္ေတြနဲ႔တိုင္ပင္ၿပီးမွ ကိုယ္လိုခ်င္တဲ့ပံုုစံကို ေသခ်ာပံုသြင္းညွပ္ပါ။ ျဖစ္ႏိုင္ရင္ ႏွင္းကေတာ့ ငယ္တုန္းရြယ္တုန္းေလး အသစ္အဆန္းမွန္သမွ်ကိုလိုက္ စမ္းၾကည့္ေစခ်င္တယ္။ အကယ္၍ ယုတ္စြအဆံုး ကိုယ္နဲ႔ သိပ္မလိုက္ခဲ့ရင္လည္း စိတ္ေက်နပ္မႈရေစပါလိမ့္မယ္လို႔။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

နှင်းကတော့ ဆိုင်သွားတိုင်း ညှပ်ရင်း ညှပ်ရင်းနဲ့ ပြန်ကို မရှည်တော့ဘူးရယ် 😛

ငါဆံပင်ညှပ်တော့မယ်နှင့် ခေါင်းလျှော်ပြီး ပြန်ပြန်လာခဲ့သော နေ့ရက်များ၊ အတိုလေးညှပ်ချင်တယ်နှင့် ထပ်ထပ်ရှည်လာသော အမွေးပေါင်းချုပ် စသည်ဖြင့် အိပ်ရာဝင်ပုံပြင်တွေ ပြောပြောနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီနော်။ အခုထိ အကောင်အထည်ဖော်ဖြစ်ဖို့ နေနေသာသာ ဆိုင်ထဲဝင်ရင် ညှပ်မိမှာစိုးလို့ဆိုပြီး အဝေးကနေရှောင်ကွင်း ထွက်ပြေးနေတာမလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဆံပင်ဆိုတဲ့ အမျိုးက ရှည်တိုင်းမကောင်းသလို ညှပ်သင့်တဲ့အချိန်ဆိုတာလည်း ရှိပါတယ်။ ကိုယ့်ဆံပင် ညှပ်သင့်မသင့်ကို ဘယ်လို ဆုံးဖြတ်ရမလဲဆိုတော့…

မှန်ထဲကြည့်တဲ့အချိန် ကိုယ့်ကိုယ်ကိုယ်လှတယ်လို့ မမြင်တော့ရင်။

ဒါကတော့ ရှင်းပါတယ်နော်။ လူဆိုတဲ့ အမျိုးက ကိုယ်သိပ်ကြည့်မကောင်းနေရင်တောင် တခြားလှတဲ့နေရာလေးတွေကို ဖြည့်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် အလှပဂေးဆိုပြီး ဂုဏ်ဆာနေတတ်တာမလား။ (မလှဘူးမြင်ရင်လည်း ခဏပါပဲ။) ဒါပေမဲ့ နောက်ပိုင်းမှာ မှန်ကြည့်တိုင်း ‘ငါ့ဆံပင်ကြီးက ဘုတ်သိုက်နဲ့ အဆင်မပြေလိုက်တာ’ ဆိုတဲ့ စိတ်မျိုး ခဏခဏဖြစ်လာပြီဆိုရင်တော့ ဆံပင်ညှပ်ချိန်တန်ပါပြီ။

Related Article >>> ဆံပင်ညှပ်မယ်လို့ စိတ်ကူးလိုက်သူတိုင်း သိထားသင့်တဲ့ Lob Hair စတိုင်လ် (၁၀)မျိုး

ကိုယ့်ဆံပင်တွေကပျက်စီးနေရင်

ကိုယ့်ဆံပင်လေးက ရှည်တော့ရှည်ပါရဲ့ အနားတွေကဖွာပြီး ပြောင်းဖူးမွေးဖြစ်၊ ဆံပင်ဖြီးရင်လည်း ဂျပ်ခဲကြီး ဖြစ်ဖြစ်နေတော့ ဘယ်လိုမှ အရှည်ဆက်ထားဖို့ မဖြစ်နိုင်တော့ဘူးလေ။ အဲ့တော့ ခုလောလောဆယ်အရှည်ထားလည်း ကြည့်ရတာမတင့်တယ်မယ့်အတူတူ ညှပ်လိုက်ပြီး ဆံပင်ကောင်းကောင်းလေး ပြန်မွေးတာကမှ အများကြီးပိုအဆင်ပြေသွားမှာမို့ ဒီလိုပျက်စီးနေတယ်ဆိုရင်လည်း ညှပ်လိုက်ပါ။

အသစ်အဆန်းဖြစ်ချင်ရင်

ဥပမာ အသည်းကွဲတဲ့ အခြေအနေမျိုး၊ စာမေးပွဲကျသွားတဲ့ အခြေအနေမျိုးပေါ့ ယောင်းရယ်။ ကိုယ်က အရာရာကို အရှုံးပေးချင်နေပြီး စိတ်ဓာတ်လုံးလုံးကျနေတဲ့ ဒီလို အခြေအနေမျိုးမှာဆိုရင် အသစ်အဆန်း တစ်ခုခုဘက်ကို ကိုယ့်အာရုံ လွှဲပစ်လိုက်တာ အကောင်းဆုံးပါပဲ။ အနီးစပ်ဆုံးကတော့ ဒီဆံပင်ပေါ့။ ကာလာတွေဆိုးပြီး ကိုယ်အရင်တုန်းကလုံးဝမညှပ်ခဲ့ဖူးတဲ့ ပုံစံမျိုးသာ ညှပ်ချလိုက်ယောင်းရာ။ လွင့်ချက်တစ်ပေါက် လျှမ်းလျှမ်းတောက်ပြီး စိတ်လည်းပေါ့ပါးသွားစေရမယ်။

ကိုယ်တိုင် ဆံပင်ညှပ်ချင်နေရင်

ဆံပင်ကိုလေ ညှပ်ချင်နေရင် ညှပ်သာချလိုက်။ တခြား ဘာမှထွေထွေထူးထူး တွေးတောမနေနဲ့။ ရည်းစားက ခွင့်မပြုလို့၊ အဖေအမေ ဆူမှာဆိုးလို့ စသည်ဖြင့် အကြောင်းကြောင်းကြောင့် ကိုယ့်ဆန္ဒကိုထိန်းချုပ်ထားရတာမျိုး မလုပ်နဲ့။ လောကမှာ တခြားလူကြောင့် ကိုယ့်စိတ်ကိုယ် ချုပ်တည်းနေရတာလောက် စိတ်ပျက်စရာကောင်းတာ မရှိဘူး။ ကိုယ်ညှပ်ချင်စိတ်ပေါ်လာရင် ညှပ်ချလိုက်၊ အရှည်ထားချင်ရင် ဆက်ထားလိုက်။ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံအတိုင်း နေပါ။ စိတ်ထဲအများကြီး ပေါ့ပါးသွားပါလိမ့်မယ်။

Related Article >>> ဆံပင်ခွဲကြောင်းတွေကို မျက်စိတစ်မှိတ်အတွင်း ဘယ်လို ဖျောက်ကြမလဲ?

ဆံပင်ဆိုတာ ကိုယ်မသေမချင်း ပြန်ပြန်ရှည်တတ်တဲ့ အမျိုးအစားပါနော် :3 ။ အကယ်၍ ကိုယ်ကရုတ်တရက်ကြီး ညှပ်ချလိုက်လို့ ကိုယ့်မျက်နှာအနေအထား၊ ပုံစံနဲ့ မလိုက်ရင်ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကိုယ့်မျက်နှာ်နဲ့ လိုက်မယ့်ပုံစံကို သေချာအရင်ရွေးသွား၊  ပညာရှင်တွေနဲ့တိုင်ပင်ပြီးမှ ကိုယ်လိုချင်တဲ့ပုံစံကို သေချာပုံသွင်းညှပ်ပါ။ ဖြစ်နိုင်ရင် နှင်းကတော့ ငယ်တုန်းရွယ်တုန်းလေး အသစ်အဆန်းမှန်သမျှကိုလိုက် စမ်းကြည့်စေချင်တယ်။ အကယ်၍ ယုတ်စွအဆုံး ကိုယ်နဲ့ သိပ်မလိုက်ခဲ့ရင်လည်း စိတ်ကျေနပ်မှုရစေပါလိမ့်မယ်လို့။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *