Beauty Fashion & Beauty Tips

ေဆးရခက္တဲ့ beauty sponge နဲ႔ brush ေတြကို အသစ္ေလးအတိုင္း ျဖဴေဖြးသြားေစဖို႔

ေတာ္ေတာ္အဆင္ေျပတယ္..

ျပစ္မိ်ဳးမွဲ႔မထင္တဲ့ မိတ္ကပ္လိမ္းျခယ္မႈအတြက္ အေရးပါဆံုးပစၥည္းကို ေျပာပါဆိုရင္ brush setနဲ႔ beauty spongeေတြပါပဲ။ မိတ္ကပ္ကို အဆင့္ဆင့္ လိမ္းတဲ့အခါ လက္နဲ႔ လိမ္းတာထက္ မွန္ကန္တဲ့ Brushေတြကို ေရြးခ်ယ္ကိုင္တြယ္တာဟာ ပိုၿပီး စနစ္က်ပါတယ္။

ဒါေၾကာင့္ brush set ဟာ အက္ဒ္မင္တို႔ရဲ႕ အသည္းေလးေတြဆိုလည္း မမွားပါဘူး။ အဲ.ဒါေပမဲ့လို႔..ဒီအသည္းေလးေတြကို မွန္မွန္ကန္ကန္ ေဆးေၾကာထိန္းသိမ္းတတ္ဖို႔လည္း လုိပါေသးတယ္။ မည္းညစ္ညစ္ႀကီးဆို မ်က္ႏွာလည္း ထိခိုက္သလို သံုးရတာလည္း ဖီးလည္း က်ဲရတယ္။

ဒါေၾကာင့္ ခုတစ္ေခါက္မွာ beauty spongeနဲ႔ brush set​ေတြကို အသစ္အတိုင္း ေဖြးေဖြးေလး ျဖစ္သြားေအာင္ ဘယ္လိုေဆးရမလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

မည္းညစ္ေနတဲ့ Beauty Sponge အတြက္

  • ပန္းကန္လံုး အေသး (၁)လံုး
  • သံလြင္ဆီ အနည္းငယ္
  • ဆူပြက္ေနတဲ့ေရ
  • အဝတ္ေလၽွာ္ဆပ္ျပာဆီ နဲ႔
  •  ေရေအးတစ္ခြက္ရယ္ ဒီ(၅) မ်ိဳးပဲ လိုပါတယ္။

ပထမအဆင့္ကေတာ့ ပန္းကန္လံုးအေသးထဲ သံလြင္ဆီကို ပန္းကန္လံုးေအာက္ေျခဖံုးသြားရံု ေလာင္းထည့္ပါ။ၿပီးရင္ အဲ့သံလြင္ဆီထဲကို beauty sponge ထဲၿပီး ဖိေခ် ညစ္ခ်ပါ။ ေဖာင္ေဒးရွင္းေတြ အျပံဳလိုက္ ထြက္လာပါလိမ့္မယ္။ မိတ္ကပ္အႏွစ္ေတြကို အေတာ္ေလး ညစ္ထုတ္ၿပီးၿပီဆိုရင္ ဒုတိယအဆင့္ သြားပါမယ္္။

ဒုတိယအဆင့္မွာ ပန္းကန္တစ္လံုးထဲ ဆပ္ျပာဆီနည္းနည္း နဲ႔ ေရေႏြးဆူဆူထည့္ပါမယ္။ အဲ့ထဲကို ခုနက beauty spongeထည့္ထားၿပီး ေရေအးသြားတဲ့အထိ ၁၀မိနစ္ေလာက္ ေစာင့္ပါမယ္။ ေရေအးသြားတဲ့အခါ beauty sponge ထဲက အညစ္ေၾကးေတြကို လက္နဲ႔ ေနာက္တစ္ႀကိမ္ ညစ္ခ်ပါမယ္။ ေရေႏြးထဲ စိမ္ထားတာမို႔ အဆီေတြ အညစ္ေၾကးေတြ အေတာ္ေလး စင္သြားတာကို ေတြ႕ရမွာပါ။

 

တတိယအဆင့္အတြက္ ေရေအးထည့္ထားတဲ့ ခြက္တစ္လံုး လိုပါတယ္။ ေရေအးထဲကို beauty sponge ထည့္ၿပီး ေနာက္ဆံုးအႀကိမ္အျဖစ္ မိတ္ကပ္ေခ်းေတြကို ညစ္ခ်ေပးပါ။ ေရေအးမွာပါ ထပ္ညစ္ခ်ၿပီးရင္ေတာ့ အားလံုးေျပာင္ၿပီး ျဖဴျဖဴေဖြးေဖြး အသစ္ကေလး ျဖစ္သြားပါၿပီေနာ္။

brush set ​ေတြ ေဆးဖို႔ အတြက္ကေတာ့  နည္းလမ္း (၂) ခုရွိပါတယ္။

ပထမနည္းလမ္း ကေတာ့ baby shampoo နဲ႔ အဝတ္သန္႔သန္႔ပဲ လိုပါတယ္။ ခြက္ႀကီးႀကီးထဲ baby shampooအနည္းငယ္ ထည့္ပါ။ brushတစ္ခုခ်င္းစီကို baby shampooထဲမွာ အသာေလး ပြတ္တိုက္ခ်ပါ။

အညစ္ေၾကးေတြ ေျပာင္သြားၿပီဆိုရင္ တစ္ေခ်ာင္းခ်င္းကို ေရေႏြးနဲ႔ ေဆးခ်ရပါမယ္။ baby shampooေတြပါ ေျပာင္သြားေအာင္ brush အေမႊးေတြကို လက္ေခ်ာင္းေလးေတြနဲ႔ ေသခ်ာေဆးေပးပါ။ ၿပီးရင္ေတာ့ brushထဲက ေရေတြကို လံုးဝစင္သြားေအာင္လည္း လက္နဲ႔အသာအယာ ညစ္ခ်ရပါမယ္။

ေရညစ္ၿပီးရင္ေတာ့ brushေတြကို ေလၽွာ္ထားတဲ့ အဝတ္ ခပ္သန္႔သန္႔ အေျခာက္တစ္ခုေပၚ တင္ထားေပးပါ။ အဝတ္မွာ ဖုန္ေတြ ကပ္မေနဖို႔ေတာ့ လိုတယ္ေနာ္။ ၿပီးရင္ တစ္ေခ်ာင္းခ်င္းကို ေရေတြ စင္သြားေအာင္ အသာအယာ သုတ္ေပးပါ။ ခပ္ၾကမ္းၾကမ္းသုတ္ရင္ အေမႊးေတြ ပ်က္စီးသြားႏိုင္လို႔ပါ။

ဒုတိယနည္းလမ္းကေတာ့ vinegar၊ ပန္းကန္ေဆး ဆပ္ျပာဆီ၊ ေရေႏြးပူပူ၊ ဘီးစိတ္အေသးေလး တစ္ခုနဲ႔ အဝတ္သန္႔သန္႔ တစ္ခု လိုပါတယ္။

မက္ခြက္အႀကီးႀကီးထဲကို ပံုထဲက ဇြန္းအရြယ္အစားနဲ႔ vinegar တစ္ဇြန္း၊ ဆပ္ျပာဆီတစ္ဇြန္း၊ ေနာက္ၿပီး ေရေႏြးပူပူ ခြက္ငယ္တစ္ခြက္စာ ေရာထည့္ၿပီး ေမႊပါမယ္။ ၿပီးရင္ အဲ့ထဲကို brush ေတြ အကုန္ထည့္ၿပီး မိနစ္၂၀ေလာက္ ထားပါမယ္။ ဒါမွ foundationေတြ ေပ်ာ္ဝင္ၿပီး စိမ့္ထြက္လာမွာပါ။

ၿပီးရင္ေတာ့ ေရဘံုဘိုင္က ေရကို ဖြင့္ခ်ၿပီး brushတစ္ခုခ်င္း ေဆးပါမယ္။ က်န္ေနေသးတဲ့ မိတ္ကပ္ေတြေျပာင္သြားေအာင္ brush အေမႊးေတြကို ဘီးစိတ္အေသးေလး သံုးၿပီး ဖီးခ်ပါမယ္။ အဲ့အခါ လက္က်န္မိတ္ကပ္ေတြအားလံုး စစ္က်လာတာကို ေတြ႕ရမွာပါ။

brush အေမြးေလးေတြကို လက္နဲ႔ ေရညစ္ခ်ၿပီးရင္ အဝတ္သန္႔သန္႔ အေျခာက္ေလးေပၚ တင္ၿပီး အသာအယာ သုတ္ေပးပါ။ ကဲ…ဒါဆို မိတ္ကပ္အညစ္ေၾကးေတြ အားလံုး ကင္းစင္ၿပီး brush အသစ္ေလးအတိုင္း ျပန္ျဖစ္သြားၿပီေပါ့။

ညစ္ေထးေနတဲ့ beauty sponge ကို ေတာ္ေတာ္နဲ႔ ေဆးမရလို႔ စိတ္ညစ္ေနတဲ့ ေယာင္းေတြ၊ မိတ္ကပ္ကာလာေပါင္းစံု ေပက်ံေနတဲ့ Brush ကို ေျပာင္လက္ေနေအာင္ ခၽြတ္မရလို႔ စိတ္ညစ္ေနတဲ့ ေယာင္းေတြ ရွိရင္ ဒီနည္းေလးကို စမ္းၾကည့္ၾကပါေနာ္ …

ဒါနဲ႔ vinegar က ေပ်ာ့ေပ်ာင္းတဲ့ ပံုထဲကလို white distilled vinegar ျဖစ္မွရမယ္ေနာ္။ ျပင္းတဲ့ vinegarဆို အသား ေလာင္သြားႏိုင္လို႔ပါ ေယာင္းတို႔ေရ

By
Mia (For Her Myammar)
Reference links: youtube meganthemakeupartist Kayleigh Noelle

>>> Unicode >>>

တော်တော်အဆင်ပြေတယ်..

ပြစ်မျိုးမှဲ့မထင်တဲ့ မိတ်ကပ်လိမ်းခြယ်မှုအတွက် အရေးပါဆုံးပစ္စည်းကို ပြောပါဆိုရင် brush setနဲ့ beauty spongeတွေပါပဲ။ မိတ်ကပ်ကို အဆင့်ဆင့် လိမ်းတဲ့အခါ လက်နဲ့ လိမ်းတာထက် မှန်ကန်တဲ့ Brushတွေကို ရွေးချယ်ကိုင်တွယ်တာဟာ ပိုပြီး စနစ်ကျပါတယ်။

ဒါကြောင့် brush set ဟာ အက်ဒ်မင်တို့ရဲ့ အသည်းလေးတွေဆိုလည်း မမှားပါဘူး။ အဲ.ဒါပေမဲ့လို့..ဒီအသည်းလေးတွေကို မှန်မှန်ကန်ကန် ဆေးကြောထိန်းသိမ်းတတ်ဖို့လည်း လိုပါသေးတယ်။ မည်းညစ်ညစ်ကြီးဆို မျက်နှာလည်း ထိခိုက်သလို သုံးရတာလည်း ဖီးလည်း ကျဲရတယ်။

ဒါကြောင့် ခုတစ်ခေါက်မှာ beauty spongeနဲ့ brush setတွေကို အသစ်အတိုင်း ဖွေးဖွေးလေး ဖြစ်သွားအောင် ဘယ်လိုဆေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

မည်းညစ်နေတဲ့ Beauty Sponge အတွက်

  • ပန်းကန်လုံး အသေး (၁)လုံး
  • သံလွင်ဆီ အနည်းငယ်
  • ဆူပွက်နေတဲ့ရေ
  • အဝတ်လျှော်ဆပ်ပြာဆီ နဲ့
  •  ရေအေးတစ်ခွက်ရယ် ဒီ(၅) မျိုးပဲ လိုပါတယ်။

ပထမအဆင့်ကတော့ ပန်းကန်လုံးအသေးထဲ သံလွင်ဆီကို ပန်းကန်လုံးအောက်ခြေဖုံးသွားရုံ လောင်းထည့်ပါ။ပြီးရင် အဲ့သံလွင်ဆီထဲကို beauty sponge ထဲပြီး ဖိချေ ညစ်ချပါ။ ဖောင်ဒေးရှင်းတွေ အပြုံလိုက် ထွက်လာပါလိမ့်မယ်။ မိတ်ကပ်အနှစ်တွေကို အတော်လေး ညစ်ထုတ်ပြီးပြီဆိုရင် ဒုတိယအဆင့် သွားပါမယ်။

ဒုတိယအဆင့်မှာ ပန်းကန်တစ်လုံးထဲ ဆပ်ပြာဆီနည်းနည်း နဲ့ ရေနွေးဆူဆူထည့်ပါမယ်။ အဲ့ထဲကို ခုနက beauty spongeထည့်ထားပြီး ရေအေးသွားတဲ့အထိ ၁၀မိနစ်လောက် စောင့်ပါမယ်။ ရေအေးသွားတဲ့အခါ beauty sponge ထဲက အညစ်ကြေးတွေကို လက်နဲ့ နောက်တစ်ကြိမ် ညစ်ချပါမယ်။ ရေနွေးထဲ စိမ်ထားတာမို့ အဆီတွေ အညစ်ကြေးတွေ အတော်လေး စင်သွားတာကို တွေ့ရမှာပါ။

တတိယအဆင့်အတွက် ရေအေးထည့်ထားတဲ့ ခွက်တစ်လုံး လိုပါတယ်။ ရေအေးထဲကို beauty sponge ထည့်ပြီး နောက်ဆုံးအကြိမ်အဖြစ် မိတ်ကပ်ချေးတွေကို ညစ်ချပေးပါ။ ရေအေးမှာပါ ထပ်ညစ်ချပြီးရင်တော့ အားလုံးပြောင်ပြီး ဖြူဖြူဖွေးဖွေး အသစ်ကလေး ဖြစ်သွားပါပြီနော်။

brush set တွေ ဆေးဖို့ အတွက်ကတော့  နည်းလမ်း (၂) ခုရှိပါတယ်။

ပထမနည်းလမ်း ကတော့ baby shampoo နဲ့ အဝတ်သန့်သန့်ပဲ လိုပါတယ်။ ခွက်ကြီးကြီးထဲ baby shampooအနည်းငယ် ထည့်ပါ။ brushတစ်ခုချင်းစီကို baby shampooထဲမှာ အသာလေး ပွတ်တိုက်ချပါ။

အညစ်ကြေးတွေ ပြောင်သွားပြီဆိုရင် တစ်ချောင်းချင်းကို ရေနွေးနဲ့ ဆေးချရပါမယ်။ baby shampooတွေပါ ပြောင်သွားအောင် brush အမွှေးတွေကို လက်ချောင်းလေးတွေနဲ့ သေချာဆေးပေးပါ။ ပြီးရင်တော့ brushထဲက ရေတွေကို လုံးဝစင်သွားအောင်လည်း လက်နဲ့အသာအယာ ညစ်ချရပါမယ်။

ရေညစ်ပြီးရင်တော့ brushတွေကို လျှော်ထားတဲ့ အဝတ် ခပ်သန့်သန့် အခြောက်တစ်ခုပေါ် တင်ထားပေးပါ။ အဝတ်မှာ ဖုန်တွေ ကပ်မနေဖို့တော့ လိုတယ်နော်။ ပြီးရင် တစ်ချောင်းချင်းကို ရေတွေ စင်သွားအောင် အသာအယာ သုတ်ပေးပါ။ ခပ်ကြမ်းကြမ်းသုတ်ရင် အမွှေးတွေ ပျက်စီးသွားနိုင်လို့ပါ။

ဒုတိယနည်းလမ်းကတော့ vinegar၊ ပန်းကန်ဆေး ဆပ်ပြာဆီ၊ ရေနွေးပူပူ၊ ဘီးစိတ်အသေးလေး တစ်ခုနဲ့ အဝတ်သန့်သန့် တစ်ခု လိုပါတယ်။

မက်ခွက်အကြီးကြီးထဲကို ပုံထဲက ဇွန်းအရွယ်အစားနဲ့ vinegar တစ်ဇွန်း၊ ဆပ်ပြာဆီတစ်ဇွန်း၊ နောက်ပြီး ရေနွေးပူပူ ခွက်ငယ်တစ်ခွက်စာ ရောထည့်ပြီး မွှေပါမယ်။ ပြီးရင် အဲ့ထဲကို brush တွေ အကုန်ထည့်ပြီး မိနစ်၂၀လောက် ထားပါမယ်။ ဒါမှ foundationတွေ ပျော်ဝင်ပြီး စိမ့်ထွက်လာမှာပါ။

ပြီးရင်တော့ ရေဘုံဘိုင်က ရေကို ဖွင့်ချပြီး brushတစ်ခုချင်း ဆေးပါမယ်။ ကျန်နေသေးတဲ့ မိတ်ကပ်တွေပြောင်သွားအောင် brush အမွှေးတွေကို ဘီးစိတ်အသေးလေး သုံးပြီး ဖီးချပါမယ်။ အဲ့အခါ လက်ကျန်မိတ်ကပ်တွေအားလုံး စစ်ကျလာတာကို တွေ့ရမှာပါ။

brush အမွေးလေးတွေကို လက်နဲ့ ရေညစ်ချပြီးရင် အဝတ်သန့်သန့် အခြောက်လေးပေါ် တင်ပြီး အသာအယာ သုတ်ပေးပါ။ ကဲ…ဒါဆို မိတ်ကပ်အညစ်ကြေးတွေ အားလုံး ကင်းစင်ပြီး brush အသစ်လေးအတိုင်း ပြန်ဖြစ်သွားပြီပေါ့။

ညစ်ထေးနေတဲ့ beauty sponge ကို တော်တော်နဲ့ ဆေးမရလို့ စိတ်ညစ်နေတဲ့ ယောင်းတွေ၊ မိတ်ကပ်ကာလာပေါင်းစုံ ပေကျံနေတဲ့ Brush ကို ပြောင်လက်နေအောင် ချွတ်မရလို့ စိတ်ညစ်နေတဲ့ ယောင်းတွေ ရှိရင် ဒီနည်းလေးကို စမ်းကြည့်ကြပါနော် …

ဒါနဲ့ vinegar က ပျော့ပျောင်းတဲ့ ပုံထဲကလို white distilled vinegar ဖြစ်မှရမယ်နော်။ ပြင်းတဲ့ vinegarဆို အသား လောင်သွားနိုင်လို့ပါ ယောင်းတို့ရေ

By
Mia (For Her Myammar)
Reference links: youtube meganthemakeupartist Kayleigh Noelle

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *