ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာအတြက္ အသင့္ေတာ္ဆုံးဆီကို ဘယ္လိုေရြးခ်ယ္မလဲ?

အေျဖက နီးနီးေလးမွာပါေနာ္..

ေယာင္းတို႔ေရ.. ဆံပင္ေတြကို ေျဖာင့္လုိက္ ေကာက္လိုက္ ေဆးဆိုးလိုက္နဲ႔ အမ်ိဳးမ်ိဳးျခယ္လွယ္မိတာေၾကာင့္  ေျခာက္ေသြ႕ပ်က္စီးတဲ့ ဆံေကသာ အဖတ္တင္က်န္ရစ္ေနၿပီလား.. ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးက ေယာင္းအတြက္ပါပဲ။ ဒီေဆာင္းပါးေလးထဲမွာ မင္မင္က ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာအတြက္ အထိေရာက္ဆံုး၊ အသင့္ေတာ္ဆံုး ဆီကို ဘယ္လို ေရြးခ်ယ္ရမလဲဆိုတာ မွ်ေဝေပးပါ့မယ္။ တကယ္ေတာ့ ေရြးခ်ယ္ရတာ လြယ္လြယ္ေလးပါ ေယာင္းတို႔ေရ… ေယာင္းတို႔ ဆံသားအတြက္ သံုးစြဲမယ့္ ဆီထဲမွာ ဒီဓာတ္ေတြ ပါေနဖို႔ပဲ လိုတာပါ။

၁။ Catechins

Catechins ဓာတ္က ဆံပင္ကၽြတ္ေစႏိုင္တဲ့ Dihydrotestosterone (DTH) ကုိ ေလွ်ာ့ခ်ေပးတာေၾကာင့္ ဆံပင္ကၽြတ္တာကုိ သက္သာေစႏိုင္သလို ဦးေရျပားေျခာက္ေသြ႕တာနဲ႔ ေဗာက္ျဖစ္ေပၚတာကိုလည္း တားဆီးေပးႏိုင္ပါတယ္။

၂။ Antioxidants

Antioxidants ကေတာ့ ဆံပင္က်န္းမာ သန္စြမ္းေစဖို႔အတြက္ အထိေရာက္ဆုံးအားျဖည့္ေပးႏိုင္သလို ဆံပင္ကၽြတ္တာကိုလည္း ကာကြယ္ေပးႏိုင္ၿပီး ဆံပင္အရွည္ျမန္ေစပါတယ္။

၃။ ဗီတာမင္ A, B , C နဲ႔ D

  • Vitamin A က ဆံသားအရွည္ျမန္ေစဖို႔ အားျဖည့္ေပးႏိုင္ၿပီး
  • Vitamin B ကေတာ့ ဆံပင္ကၽြတ္တာကို ကုသေပးႏိုင္တဲ့ ေနရာမွာ အစြမ္းထက္ဆုံးပါပဲ။
  • Vitamin C ကေတာ့ ဆံပင္ပ်က္စီးမႈေတြကုိ ဟန္႔တားေပးႏိုင္ၿပီး ဆံပင္သန္စြမ္းေစဖို႔ အေရးႀကီးတဲ့ Collagen (ေကာ္လာဂ်င္) လို႔လူသိမ်ားတဲ့ ပရိုတိန္းဓာတ္ကို  ျဖည့္တင္းေပးႏုိင္ပါတယ္။
  • Vitamin D ကေတာ့ ေနေရာင္ျခည္နဲ႔ ဆံသားတိုက္ရိုက္ထိေတြ႕ရမွာ ၾကားခံအေနနဲ႕ ဆံသားပ်က္စီးမႈမရွိေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

Related Article >>> ဆံပင္ပါးတဲ့ေယာင္းေတြအတြက္ Hair styling လုပ္နည္း (၅) နည္း

၄။ Enzymes

Enzymes ကေတာ့ ဦးေရျပားကို ေသြးလည္ပတ္မႈအားေကာင္းေစၿပီး ဆံပင္သန္စြမ္းေစဖို႔အတြက္ အေကာင္းဆုံး ပံ့ပိုးကူညီေပးႏိုင္တဲ့အျပင္ ဆံသားႂကြပ္ဆတ္ျခင္းကိုလည္း ထိထိေရာက္ေရာက္ ကာကြယ္ေပးႏုိင္ပါတယ္။

၅။ Amino acids

Amino acids ကေတာ့ ဆံပင္အရင္းကေန အဖ်ားအထိ သန္စြမ္းေစဖို႔အတြက္ အေကာင္းဆုံး အားျဖည့္ေပးႏိုင္ပါတယ္။  ဆံပင္သန္စြမ္းၿပီဆိုမွျဖင့္ ဆံသားႏွစ္ခြျဖစ္တဲ့ ျပႆနာေတြနဲ႔လည္း ေဝးၿပီေပါ့..

ဒီဓာတ္ေတြသာ စံုေအာင္ပါမယ္ဆိုရင္ ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံသားေတြအတြက္ ပူစရာမလိုေတာ့ဘူးေပါ့… ဆံသားပ်က္စီးတဲ့ လကၡဏာေတြျဖစ္တဲ့ ဆံပင္ၾကမ္းတမ္းျခင္းေတြ၊ မြဲေျခာက္ျခင္းေတြ၊ ဆံသားႂကြပ္ဆတ္ျခင္းေတြနဲ႔ ဆံသားႏွစ္ခြျဖစ္ျခင္းေတြကို ကာကြယ္ေပးႏုိင္ၿပီေလ။

Related Article >>> Hair Rebounding လုပ္ေတာ့မယ္ဆုိ သိသင့္တာေလးေတြ

ဟုတ္ၿပီ… ဓာတ္ေတြကိုေတာ့ သိၿပီ။ ဒီဓာတ္ေတြ အကုန္ပါတဲ့ ဆီကို ဘယ္နားက သြားရွာရမလဲလို႔လည္း ေခါင္းခဲမေနပါနဲ႔။ ေယာင္းတို႔စဥ္းစားေနတဲ့ ေမးခြန္းအတြက္ မင္မင့္မွာ အေျဖရွိပါတယ္။ ဒီအေျဖကေတာ့ Green Tea Oil ပါ။ ေယာင္းတို႔ ဆံေကသာ က်န္းမာသန္စြမ္းဖို႔အတြက္ အေကာင္းဆံုး ျဖစ္တဲ့ Green Tea အဆီကိုေရာ ဘယ္က ရႏုိင္မွာလဲ၊ ဘယ္လို သံုးရမွာလဲ?

silk n shine
silk n shine no more damage

လြယ္လြယ္ေလးပါ။ Silk-n Shine က ထုတ္လုပ္ထားတဲ့ No More Damage HairCoat ဟာ Green Tea ရဲ႕ အဆီအႏွစ္ေတြနဲ႔ ျပဳလုပ္ထားတာမို႔ ေယာင္းတို႔ရဲ႕ ပ်က္စီးေနတဲ့ ဆံေကသာအတြက္ အေကာင္းဆံုး အေျဖျဖစ္မွာပါ။ ေန႔စဥ္သံုးလို႔ရတဲ့ HairCoat လည္း ျဖစ္တာမို႔ ေထြေထြထူးထူးလည္း အလုပ္ရႈပ္ေနစရာ မလိုေတာ့ဘူးေလ…

ဒီ့ထက္ပုိၿပီး ေယာင္းတို႔ရဲ႕ ေျခာက္ေသြ႕ပ်က္စီးေနတဲ့ဆံသားေတြနဲ႔ ပတ္သက္လို႔ အေျဖရွာခ်င္တယ္ဆိုရင္လည္း မင္မင္တို႔ For Her Myanmar က က်င္းပမယ့္ Her Beauty Her Choice ဆိုတဲ့ပြဲရဲ႕ “Right Haircare For Your Hair” ဆိုတဲ့ Panel Discussion မွာ လာေလ့လာလို႔ ရပါေသးတယ္ ေယာင္းတို႔ေရ…

ကဲ.. ဒီေတာ့ ဆံသားေျခာက္ေသြ႕ပ်က္စီးမႈအတြက္ အေကာင္းဆုံးဆီကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ၿပီး ဆံသားကို ပ်က္စီးမႈေတြကေန ေဝးေဝးေျပးႏိုင္ၾကပါေစေနာ္..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အဖြေက နီးနီးလေးမှာပါနော်..

ယောင်းတို့ရေ.. ဆံပင်တွေကို ဖြောင့်လိုက် ကောက်လိုက် ဆေးဆိုးလိုက်နဲ့ အမျိုးမျိုးခြယ်လှယ်မိတာကြောင့်  ခြောက်သွေ့ပျက်စီးတဲ့ ဆံကေသာ အဖတ်တင်ကျန်ရစ်နေပြီလား.. ဒါဆိုရင်တော့ ဒီဆောင်းပါးက ယောင်းအတွက်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာ မင်မင်က ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် အထိရောက်ဆုံး၊ အသင့်တော်ဆုံး ဆီကို ဘယ်လို ရွေးချယ်ရမလဲဆိုတာ မျှဝေပေးပါ့မယ်။ တကယ်တော့ ရွေးချယ်ရတာ လွယ်လွယ်လေးပါ ယောင်းတို့ရေ… ယောင်းတို့ ဆံသားအတွက် သုံးစွဲမယ့် ဆီထဲမှာ ဒီဓာတ်တွေ ပါနေဖို့ပဲ လိုတာပါ။

၁။ Catechins

Catechins ဓာတ်က ဆံပင်ကျွတ်စေနိုင်တဲ့ Dihydrotestosterone (DTH) ကို လျှော့ချပေးတာကြောင့် ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဦးရေပြားခြောက်သွေ့တာနဲ့ ဗောက်ဖြစ်ပေါ်တာကိုလည်း တားဆီးပေးနိုင်ပါတယ်။

၂။ Antioxidants

Antioxidants ကတော့ ဆံပင်ကျန်းမာ သန်စွမ်းစေဖို့အတွက် အထိရောက်ဆုံးအားဖြည့်ပေးနိုင်သလို ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး ဆံပင်အရှည်မြန်စေပါတယ်။

၃။ ဗီတာမင် A, B , C နဲ့ D

  • Vitamin A က ဆံသားအရှည်မြန်စေဖို့ အားဖြည့်ပေးနိုင်ပြီး
  • Vitamin B ကတော့ ဆံပင်ကျွတ်တာကို ကုသပေးနိုင်တဲ့ နေရာမှာ အစွမ်းထက်ဆုံးပါပဲ။
  • Vitamin C ကတော့ ဆံပင်ပျက်စီးမှုတွေကို ဟန့်တားပေးနိုင်ပြီး ဆံပင်သန်စွမ်းစေဖို့ အရေးကြီးတဲ့ Collagen (ကော်လာဂျင်) လို့လူသိများတဲ့ ပရိုတိန်းဓာတ်ကို  ဖြည့်တင်းပေးနိုင်ပါတယ်။
  • Vitamin D ကတော့ နေရောင်ခြည်နဲ့ ဆံသားတိုက်ရိုက်ထိတွေ့ရမှာ ကြားခံအနေနဲ့ ဆံသားပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

Related Article >>> ဆံပင်ပါးတဲ့ယောင်းတွေအတွက် Hair styling လုပ်နည်း (၅) နည်း

၄။ Enzymes

Enzymes ကတော့ ဦးရေပြားကို သွေးလည်ပတ်မှုအားကောင်းစေပြီး ဆံပင်သန်စွမ်းစေဖို့အတွက် အကောင်းဆုံး ပံ့ပိုးကူညီပေးနိုင်တဲ့အပြင် ဆံသားကြွပ်ဆတ်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

၅။ Amino acids

Amino acids ကတော့ ဆံပင်အရင်းကနေ အဖျားအထိ သန်စွမ်းစေဖို့အတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။  ဆံပင်သန်စွမ်းပြီဆိုမှဖြင့် ဆံသားနှစ်ခွဖြစ်တဲ့ ပြဿနာတွေနဲ့လည်း ဝေးပြီပေါ့..

ဒီဓာတ်တွေသာ စုံအောင်ပါမယ်ဆိုရင် ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေအတွက် ပူစရာမလိုတော့ဘူးပေါ့… ဆံသားပျက်စီးတဲ့ လက္ခဏာတွေဖြစ်တဲ့ ဆံပင်ကြမ်းတမ်းခြင်းတွေ၊ မွဲခြောက်ခြင်းတွေ၊ ဆံသားကြွပ်ဆတ်ခြင်းတွေနဲ့ ဆံသားနှစ်ခွဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီလေ။

Related Article >>> Hair Rebounding လုပ်တော့မယ်ဆို သိသင့်တာလေးတွေ

ဟုတ်ပြီ… ဓာတ်တွေကိုတော့ သိပြီ။ ဒီဓာတ်တွေ အကုန်ပါတဲ့ ဆီကို ဘယ်နားက သွားရှာရမလဲလို့လည်း ခေါင်းခဲမနေပါနဲ့။ ယောင်းတို့စဉ်းစားနေတဲ့ မေးခွန်းအတွက် မင်မင့်မှာ အဖြေရှိပါတယ်။ ဒီအဖြေကတော့ Green Tea Oil ပါ။ ယောင်းတို့ ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် အကောင်းဆုံး ဖြစ်တဲ့ Green Tea အဆီကိုရော ဘယ်က ရနိုင်မှာလဲ၊ ဘယ်လို သုံးရမှာလဲ?

silk n shine
silk n shine no more damage

လွယ်လွယ်လေးပါ။ Silk-n Shine က ထုတ်လုပ်ထားတဲ့ No More Damage HairCoat ဟာ Green Tea ရဲ့ အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတာမို့ ယောင်းတို့ရဲ့ ပျက်စီးနေတဲ့ ဆံကေသာအတွက် အကောင်းဆုံး အဖြေဖြစ်မှာပါ။ နေ့စဉ်သုံးလို့ရတဲ့ HairCoat လည်း ဖြစ်တာမို့ ထွေထွေထူးထူးလည်း အလုပ်ရှုပ်နေစရာ မလိုတော့ဘူးလေ…

ဒီ့ထက်ပိုပြီး ယောင်းတို့ရဲ့ ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားတွေနဲ့ ပတ်သက်လို့ အဖြေရှာချင်တယ်ဆိုရင်လည်း မင်မင်တို့ For Her Myanmar က ကျင်းပမယ့် Her Beauty Her Choice ဆိုတဲ့ပွဲရဲ့ “Right Haircare For Your Hair” ဆိုတဲ့ Panel Discussion မှာ လာလေ့လာလို့ ရပါသေးတယ် ယောင်းတို့ရေ…

ကဲ.. ဒီတော့ ဆံသားခြောက်သွေ့ပျက်စီးမှုအတွက် အကောင်းဆုံးဆီကို မှန်မှန်ကန်ကန် ရွေးချယ်ပြီး ဆံသားကို ပျက်စီးမှုတွေကနေ ဝေးဝေးပြေးနိုင်ကြပါစေနော်..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed