Beauty

မျက်လုံးပုံစံကိုလိုက်ပြီး မျက်တောင်အတု ဘယ်သို့ဘယ်ပုံ ရွေးကြမယ်

အရင်ကတော့ မျက်တောင်အတုဆို ၂၀၀ တန်အပြားကြီးပဲသိခဲ့တာ။ 😛

မျက်တောင်အတုဆိုရင် မိတ်ကပ်စပြင်တုန်းက တွေ့တဲ့ ၂၀၀ တန် အပြားလိုက်တွေကို အားကြီးနဲ့ကပ်ပြီး သိပ်ဂေါ်တယ်ထင်ခဲ့တာ။ ပွဲတွေများတက်ရင် အဲ့ဒီအပြားကြီးကို တပ်ရတာလည်း အလုပ်တစ်လုပ်။ (လှတယ်ထင်တာကိုး :P) အခုချိန် ဓာတ်ပုံအဟောင်းတွေလည်းပြန်ကြည့်ရော မျက်လုံးတွေပြူးပြီး ရွံတာရွံတာဆိုတာ။ အဲ့တော့ ကိုယ့်ယောင်းယောင်းတွေကို ဒီလိုမျိုးတွေ မဖြစ်ရလေအောင် မျက်တောင်အတုက ဘယ်လိုအမျိုးအစားတွေရှိတယ်၊ မျက်လုံးပုံစံကိုလိုက်ပြီး ဘယ်လိုမျက်တောင်အတု အမျိုးအစားတွေကို ရွေးရမယ်ဆိုတာ နှင်းနဲ့ တူတူကြည့်ကြရအောင်နော်.. 

မျက်တောင်အတု အမျိုးအစားကတော့ အဓိကအားဖြင့် သဘာဝဆန်ဆန် မျက်တောင်အတု၊ ခပ်ထူထူ ရှည်ရှည်မျက်တောင်အတု၊ အတိုအရှည်ရောနေတဲ့မျက်တောင်အတု၊ တစ်ခုချင်းစီဆက်ရတဲ့ မျက်တောင်အတု ဆိုပြီးတော့ (၄) မျိုးရှိပါတယ်။

သဘာဝဆန်ဆန် မျက်တောင်အတု (Natural False Eyelashes)

သဘာဝဆန်ဆန် မျက်တောင်အတုကတော့ နာမည်အကြီးဆုံးနဲ့ အသုံးအများဆုံး အမျိုးအစားပေါ့။ တကယ့် ကိုယ့်ရဲ့ပင်ကိုယ်မျက်တောင်ကို မြင်နေရတဲ့အတိုင်း ပါးပါးလေးနဲ့ မျက်ခွံလည်းတအားမလေးဘဲ ရုံးသွားကျောင်းတက် နေ့စဉ်သုံးအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။ (အကယ်၍ ကိုယ်က ပွဲတစ်ခုခုတက်လို့ မိတ်ကပ်ကို ခပ်ပါးပါးပဲလိမ်းသွားတဲ့အခါမှာလည်း အဲ့ဒီသဘာဝဆန်တဲ့ မျက်တောင်အတုက သဘာဝအလှကို ပိုပေါ်စေမှာပါ။) အဲ့ဒီမျက်တောင်အတုကတော့ ဘယ်မျက်လုံးပုံစံနဲ့မဆိုသင့်တော်ပါတယ်။

သဘာဝဆန်ဆန် မျက်တောင်အတု (Natural Eyelashes)

ခပ်ထူထူ၊ ရှည်ရှည်မျက်တောင်အတု (Dramatic False Eyelashes)

ဒီမျက်တောင်အမျိုးအစားကတော့ သဘာဝနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ညှို့မျက်ဝန်းတွေ၊ အကြည့်စူးစူးတွေ၊ ပြတ်သားတဲ့ အကြည့်တွေကို အားဖြည့်ပေးမယ့် အကူလက်နက်ပေါ့။ သူ့မှာ ကော့ညွန့်ပြီး ရှည်လျားတဲ့ မျက်တောင်တွေပါဝင်တာမို့ ညဘက်ပါတီပွဲတွေ၊ ခပ်မိုက်မိုက် အင်္ကျီတွေနဲ့ တွဲရင် အရမ်းဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုအသွင်ကိုဆောင်စေတာမို့ အများသောအားဖြင့် မင်းသမီးတွေ၊ မော်ဒယ်လ်နဲ့ ဆယ်လီတွေ အသုံးများကြပါတယ်။

ခပ်ထူထူရှည်ရှည် မျက်တောင်အတု (Dramatic False Eyelashes)
ဗာဒံစေ့ပုံစံမျက်လုံး
မျက်လုံးဝိုင်းဝိုင်းလေး

Related Article >>> သမိုင်းတစ်လျှောက်က ထူးထူးခြားခြား အလှပြုပြင်နည်းများ

မျက်ရစ်မရှိတဲ့ မျက်လုံး

အဲဒီလို အမျိုးအစားမှာမှ ဆက်ဆီ (Sexy) နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ (Glamorous) မျက်တောင်အတုဆိုပြီး နှစ်မျိုးပြန်ကွဲသွားပါသေးတယ်။ Sexy က ကျတော့ ရှေ့မှာနည်းနည်းတိုပြီး အနောက်ဘက်မှာ ခပ်ရှည်ရှည်ထူထူ ဖြစ်သွားတဲ့ပုံစံဖြစ်ပြီး glamorous ပုံစံကတော့ တစ်ချောင်းချင်းစီက ထူထူထဲထဲနဲ့ တစ်စုချင်းစီစုထားတဲ့ ပုံစံပေါ့။

Sexy False Eyelashes

Related Article >>> မျက်တောင်အတုကပ်တဲ့ကော်ကို နေ့တိုင်းသုံးသင့်လား?

ရိုးရိုး Dramatic ပုံစံကတော့ မျက်ရစ်မရှိတဲ့မျက်လုံး၊ ဗာဒံစေ့ပုံစံမျက်လုံး၊ မျက်ရစ်ကြီးကြီးပါတဲ့ မျက်လုံးပုံစံတွေနဲ့ပိုလိုက်ပါတယ်။ Sexy မျက်တောင်အတုကတော့ ကြောင်မျက်လုံးလို့ခေါ်ကြတဲ့ မျက်လုံးအရှေ့ဘက်ထောင့်စွန်းက အနောက်ဘက်ထက် ပိုရှည်တဲ့မျက်လုံးပုံစံနဲ့ အလိုက်ဆုံးဖြစ်ပြီး Glamorous ကတော့ မျက်ခုံးရိုးအရှည်နဲ့ မျက်လုံးအကျယ်တို့ တစ်ထပ်ထဲကျနေတဲ့ မျက်လုံပုံစံမျိုးနဲ့ အရမ်းလိုက်ပါတယ်နော်။

Glamorous False Eyelashes
ကြောင်မျက်လုံး (Upturned eyes)

အတိုအရှည်ရောနေတဲ့ မျက်တောင်အတု (Long & Short False Eyelashes)

အတိုအရှည်ရောနေတဲ့ ခပ်ကြဲကြဲ မျက်တောင်အတုပါ။ သဘာဝဆန်တဲ့ မျက်တောင်နဲ့ ခပ်ဆင်ဆင်သွားတူပေမဲ့ သူကတော့ ထိပ်မှာ သွားစုပြီး အတိုအရှည်ရောနေတာမို့ မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ မျက်လုံးထောင့်နဲ့ နှာခေါင်းရိုးနီးတဲ့ မျက်လုံးမျိုးတွေတပ်ရင် ပိုပေါ်ပါတယ်။

အတိုအရှည်ရောနေတဲ့ မျက်တောင်တု

တစ်ခုချင်းတပ်ရတဲ့ မျက်တောင်အတု (Individual Eyelashes)

ဒီမျက်တောင်ကတော့ အရမ်းလက်ဝင်ပြီး ကိုယ်လိုချင်တဲ့ပုံစံကို ကိုယ်တိုင် သေသေချာချာ တစ်ခုချင်းစီလုပ်ပေးနိုင်တဲ့ မျက်တောင်အတုပါ။ မျက်တောင်တစ်စုချင်းစီကို ဇာကနာနဲ့ယူပြီး ကော်သုတ်၊ ကိုယ်ကပ်ချင်တဲ့ပုံစံနဲ့ နေရာကိုရွေးပြီး ကပ်တာပါ။ အဲ့ဒီမျက်တောင်အတုကတော့ မျက်ရစ်မညီတဲ့မျက်လုံး၊ မျက်ခွံပိနေတဲ့မျက်လုံးနဲ့ ပိုပြီးသင့်တော်ပါတယ်။

တစ်စုချင်းစီ တပ်ရတဲ့မျက်တောင်အတု (Individual False Eyelashes)

မျက်တောင်အတုဆိုတာ ရွေးတတ်ရင် အရမ်းလှသလောက် မရွေးတတ်ရင် အရမ်းကြည့်ရဆိုးတဲ့ အလှအပပစ္စည်းပါ။ ဒါပေမဲ့ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ မျက်တောင်အတုကို ကောင်းကောင်းရွေးတတ်မယ့်အပြင် မျက်တောင်ဆက်တဲ့အချိန်မှာလည်း ပုံစံရွေးရင် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

လှနိုင်ကြပါစေ ယောင်းတို့ရေ။

Reference Link : ElleFalse Eyelashes

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *