ဆွဲငင်အားကောင်းတဲ့ နှုတ်ခမ်းတစ်စုံဘယ်လိုဖန်တီးမလဲ

ဒီနေ့ ချစ်ရတဲ့ ယောင်းယောင်းတို့ရဲ့ နှုတ်ခမ်းလေးတွေ ပိုလှအောင်
ဆိုးလို့ရမယ့် စပါယ်ရှယ်နည်းလေးတွေ ပြောပြဖို့ ဂျက်စမင် ရှာဖွေထားပါတယ်။

နှုတ်ခမ်းနီလေးတွေ မဆိုးခင်

(၁) နှုတ်ခမ်းလေးတွေက တစ်ခါတစ်လေကျ အဖတ်လေးတွေ ဖြစ်နေတတ်တယ်နော်။
အဲ့အချိန် သွားဆိုးလိုက်ရင် မလှဘူးနော် ယောင်းယောင်းတို့ရေ။
ဒါကြောင့် ပထမဆုံး နှုတ်ခမ်းလေးတွေကို သန့်ပေးရမယ်နော်။
အရင်ဆုံး Lip Balm လေး လိမ်းပြီးမှ တစ်ရှူးနုနုလေးနဲ့ဖြစ်ဖြစ်
မျက်တောင်ကော့သံ အသန့်လေးနဲ့ဖြစ်ဖြစ် ပွတ်ပေးနော်။
ပြီးတော့မှ နှုတ်ခမ်းနီလေးတွေ စဆိုးပါ ယောင်းယောင်းတို့ရေ။

(၂) နှုတ်ခမ်းနီလေးတွေက အရောင်အရမ်းရဲနေလို့ မဆိုးရဲဖြစ်နေတယ့် ယောင်းယောင်းတို့ရေ
နှုတ်ခမ်းနီမဆိုးခင် Concealer နည်းနည်းကို နှုတ်ခမ်းလေးပေါ်မှာ အရင်လိမ်းပေးနော်။ ပြီးတော့မှ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် အရောင်လေးက နည်းနည်းဖျော့သွားပါလိမ့်မယ်။
ဒါမှမဟုတ်လည်း နှုတ်ခမ်းနီဆိုးပြီးမှ ပေါင်ဒါနည်းနည်းလေးနဲ့  ဖြေးဖြေးချင်း သိပ်ပေးလိုက်ရင် အရောင်လေးက Nude လေးနည်းနည်းဆန်သွားပါလိမ့်မယ်နော်။

(၃) နှုတ်ခမ်းလေးတွေပါးပါးလေးဖြစ်နေလို့ ထူထူလေးပုံပေါ်ချင်တဲ့
ယောင်းယောင်းတို့ကတော့ နှုတ်ခမ်းနီမဆိုးခင် Lip Liner လေးနဲ့ အရင်ပုံဖော်ပေးပြီးမှ နှုတ်ခမ်းနီဆိုးပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးတွေဟာ ပိုထူသယောင်လေး ဖြစ်နေမှာပါ။ ဂျက်စမင်ကတော့ နှုတ်ခမ်းအရမ်းပါးတော့ ဒီနည်းလေးကို အမြဲသုံးနေရတယ်။ သြော် Lip Liner စဆွဲတဲ့အခါကျ အပေါ်နှုတ်ခမ်း အလယ်တည့်တည့်ကနေ X ပုံစံလေးအရင်ဆွဲပြီးမှ ဆက်ဆွဲပေးနော်။

(၄) တစ်ခါတစ်နှေုတ်ခမ်းနီဆိုးရင်းနဲ့ သွားလေးတွေမှာ နှုတ်ခမ်းနီလေးတွေ
ပေသွားတတ်တယ်ဟုတ်။ ဒါဆိုရင် စိတ်မပူနဲ့နော်။ လက်ညှိုးသန့်သန့်လေးကို နှုတ်ခမ်းလေးထဲထည့်မွှေပြီးတော့ ပြန်ထုတ်ပေးပါ။ အဲ့အခါကျ သွားမှာကပ်နေတဲ့ နှုတ်ခမ်းနီလေးတွေ လက်ချောင်းထဲ
ပါလာလိမ့်မယ်နော်။

(၅) နှုတ်ခမ်းနီလေးတွေ အကြာကြီးခံချင်တယ်ဆိုရင်တော့
နှုတ်ခမ်းနီလေးတွေကို ဆိုးနေကျအတိုင်းလေး အရင်ဆိုး၊ ဆိုးပြီးရင် တစ်ရှူးလေးကို နှုတ်ခမ်းမှာကပ်၊ ပြီးရင် ပေါင်ဒါမှုန့်လေးကို ဘရက်ရှ်လေးသုံးပြီး ပုတ်ပေးမယ်ဆိုရင်တော့ နှုတ်ခမ်းနီလေးတွေက ပိုမိုတာရှည်ခံနေမှာနော် ယောင်းယောင်းတို့ရေ။

ဂျက်စမင် အကြံပေးချင်တာလေးကတော့ ဘယ်သွားသွား အိတ်ထဲမှာ နှုတ်ခမ်းနီလေးတစ်ချောင်းတော့ ထည့်သွားဖို့ မမေ့ပါနဲ့လို့။

ယောင်းယောင်းတို့ ပိုမိုလှပနိုင်ကြစေနော်။

ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

No Comments Yet

Comments are closed