အလှကုန် အတုတွေ ဝယ်သုံးမိရင် ဘယ်လိုဒုက္ခတွေ ကြုံရမလဲ?

မိတ်ကပ်ပစ္စည်းဖိုးကို နှမြောပြီး အတုတွေများ ဝယ်သုံးမိရင် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲဆိုတော့…

ကမ္ဘာကျော်တံဆိပ် Mac, Kylie ကအစ ကိုရီးယားတံဆိပ်တွေဖြစ်တဲ့ Etude House, 3CE စတဲ့တံဆိပ်အဆုံး (၁၂) ချောင်းပါ တစ်ပါကင်ကိုမှ ၃၅၀၀ ဆိုတော့ မျက်စိတွေပြူးပြီလေ။ MAC တို့ Kylie တို့ကတော့ ၆၀၀၀၀ ကျော် ၇၀၀၀၀၀ တွေဆိုတော့ ထားပါတော့။ အဲ့ဒီ ကိုရီယားဘရမ်းတွေဆိုတာ ၁၀၀၀၀ ကျော် ၂၀၀၀၀ လောက်နဲ့ ပစ္စည်းတော်တော်ကောင်းနေတာကို ဘာလို့များ အဲ့လိုအတုတွေ ထွက်လာပါလိမ့်။ ကိုယ်က တကူးတကကြီး ဝယ်မသုံးပေမဲ့ လက်ဆောင်လာပေးလို့ ခဏလောက်နှုတ်ခမ်းပေါ်တင်လိုက်တဲ့အခါ ချက်ချင်းပူပြီး ယောင်တက်လာလို့ မနည်းပြန်ဖျက်လိုက်ရတယ်။ ခဏလေးတင်လိုက်တာတောင် နှုတ်ခမ်းတွေ တအားကွဲပြီး စုတ်ပြတ်သွားတာ။ အဲ့ပစ္စည်းနေ့တိုင်းသုံးပြီး တစ်နေကုန်နေတဲ့လူတွေဆို ဘယ်လိုများနေမလဲနော်။

အဓိကအားဖြင့် နှုတ်ခမ်းနီပေါ့နော်။ တော်တော်များများက နှုတ်ခမ်းနီကို သြော် နှုတ်ခမ်းပေါ်တင်ရုံပါပဲ ဘာမှမဖြစ်ဘူးဆိုပြီး တံဆိပ်အကောင်းမတတ်နိုင်တော့ အတုတွေဝယ်ပြီး သုံးကြရော။ ဒါပေမဲ့ သုံးရင်းသုံးရင်း ကိုယ့်နှုတ်ခမ်းက လုံးပါးပါးလာတာ၊ အရေခွံတွေတအားလန်ပြီး ဖောင်းဖောင်းလာတာကို သာမန်အပေါ်ယံလောက်ပဲ တွေးထားရင်တော့ ကြာလာရင်ကိုယ့်နှုတ်ခမ်းက ရစရာမရှိအောင် ပျက်စီးသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နှုတ်ခမ်းနီထဲမှာ ခဲ၊ အလူမီနီယံ၊ ပြဒါး စတဲ့ ဓာတုပစ္စည်းတွေပါဝင်တာမို့နှုတ်ခမ်းပေါ်ကို ခဏလေးတောင် မတင်သင့်တဲ့ ပစ္စည်းတွေပါ။

Lead လို့ခေါ်တဲ့ ခဲဆိပ်သင့်ရင်တော့ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ကြွက်သားတွေ နာကျင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခဲသုံးတာ အရမ်းများလာရင်တော့ မီးဖွားရာမှာ အခက်အခဲတွေ အရမ်းဖြစ်စေနိုင်တာမို့ အန္တရာယ် အရမ်းကြီးတဲ့ ဓာတုပစ္စည်းပါ။ ပြီးတော့ ထပ်ပြောစရာရှိသေးတာက အလူမီနီယံကွန်ပေါင်းတွေပါ။ ဒါတွေ ပါတာအရမ်းများရင်တော့ အရိုးပြဿနာ၊ အရမ်းမောပန်းနွမ်းနယ်တာ၊ မှတ်ဉာဏ်မကောင်းတော့တာ စသည်ဖြင့် အရိုးနဲ့ အာရုံကြောပြဿနာတွေ အများကြီးဖြစ်တတ်ပါတယ်။ နောက်ပြီး ပြဒါးအသုံးများလာရင်တော့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စတဲ့အတွင်းကလီစာတွေကို အရမ်းထိခိုက်စေတာမို့ လုံးဝမသုံးသင့်ပါဘူး။ အဲ့ဒီဓာတုပစ္စည်း (၃) မျိုးဟာ အရေပြားအတွက် အန္တရာယ်ရှိ ဓာတုပစ္စည်းတွေအဖြစ် အလှကုန်ပစ္စည်းတွေထဲမှာ ထည့်ဖို့တားမြစ်ထားတဲ့ပစ္စည်း သုံးမျိုးပါ။ ဒါပေမဲ့ အတုတွေမှာတော့ ဒီပစ္စည်းတွေ ဖောချင်းသောချင်းကို ထည့်ထားတာမို့ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ တွက်ကြည့်ပါတော့ ယောင်းတို့ရေ…

lip affection

Related Article >>> ယောင်းတို့အတွက် Suncream ရဲ့ အကျိုးကျေးဇူး (၅)ချက်

နောက်ပြီး မျက်နှာအသားအရေပေါ့..  ဟိုးတလောကတွေ့လိုက်ပါသေးတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ် (အတု) တစ်ခုကိုသုံးမိပြီး ဆေးရုံပါရောက်သွားတဲ့ အဖြစ်အပျက်လေးတစ်ခု။ နောက်.. ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ဖူးတဲ့ ယိုးဒယားကအလှကုန်ပစ္စည်းကြောင့် မျက်နှာမှာ စတီးရွိုက်တွေ အရမ်းထိပြီး ဖုတွေတအားပေါက်လာတာမျိုးတွေ စသည်ဖြင့်ပေါ့ အများကြီးဖြစ်ဖူးကြတယ်လေ။ အဲ့လိုပဲ အွန်လိုင်းမှာ တင်ရောင်းတဲ့ မိတ်ကပ်ပစ္စည်းတွေ အထဲမှာလည်း ဘာပါမှန်းမသိ၊ ညာပါမှန်းမသိ။ ဥပမာ မသန့်စင်တဲ့စက်ရုံတွေမှာ ပေါပေါပဲပဲလုပ်တာမို့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေ ဝင်နေတာမျိုး၊ Glitter လို့ခေါ်တဲ့ အလက်လက်တွေကို တကယ့်ကျောက်မှုန်တွေထည့်မယ့်အစား Arsenic လို့ခေါ်တဲ့ စိန် (အဆိပ်) မှုန့်တွေ အစားထိုးထည့်တာမျိုး၊ DEHP ခေါ် ကင်ဆာဖြစ်စေတဲ့ဓာတ် တွေပါဝင်နေတာမို့ မျက်နှာအတွက် တကယ်ကို စိုးရိမ်ရေမှတ်တွေပါပဲ။ ဒီလို ပေါက်ကရဓာတ်တွေ၊ ပိုးတွေ ပါလာရင်တော့ ရေရှည်မှာ မျက်နှာတစ်ခုလုံးကို စုတ်ပြတ်သွားစေမှာမို့ အဲ့လိုအတုတွေကို တတ်နိုင်ရင် လုံးဝမသုံးတာပဲကောင်းပါတယ် ယောင်းတို့ရေ.. အသားအရေ ထိန်းသိမ်းမယ်ဆိုရင်လည်း ကိုယ်နဲ့လိုက်တဲ့ပစ္စည်းကို သက်ဆိုင်ရာ ပညာရှင်နဲ့မေးပြီး သုံးသင့်ပါတယ်။ ဈေးနှုန်းအရမ်းမမြင့်ပေမဲ့လည်း ကိုယ့်အသားအရေနဲ့တည့်ရင် အဆင်ပြေတယ်လေ။

မျက်နှာမှာ ဒီလိုအလက်ဂျစ်တွေ ဖြစ်တတ်ပါတယ်။
ရှားစောင်းလက်ပတ်အတုကြောင့် ဆေးရုံပါရောက်သွားတဲ့ မိန်းကလေး

နောက်ပြီး အသုံးများတဲ့ အိုင်းလိုင်နာ၊ မျက်တောင်ကော့ဆေးတွေမှာလည်း Paint stripper လို့ခေါ်တဲ့ ပန်းချီဆေးဖျက်ဆေးတွေ သုံးထားပါတယ်။ အဲ့ဒီဆေးတွေမှာလည်း ခဲတွေအများကြီးပါဝင်တာမို့ အသားအရေပျက်စီးခြင်း၊ အရေပြားကင်ဆာ စတဲ့တာတွေအပြင် မျက်လုံးထဲဝင်သွားရင်တော့ မျက်စိအလွန်အမင်း ပူစပ်ခြင်း၊ အာရုံကြောရောင်ရမ်းခြင်း ကနေစပြီး နောက်ဆုံးမှာ အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာမို့ လုံးဝ (လုံးဝ) မသုံးသင့်တဲ့ အဆိပ်သင့်ပစ္စည်းတွေလို့ သတ်မှတ်လို့ ရပါတယ်။ အစစ်တောင် ကိုယ်နဲ့ မတည့်ရင် သုံးလိုက်တာနဲ့ မျက်လုံးတွေ နီလာတာ၊ စပ်လာတာ၊ ရောင်လာတာ တစ်ခုခု ပုံမှန်မဟုတ်တာတွေ ဖြစ်တတ်သေးတာမဟုတ်လား။ စကားစပ်လို့ ပြောရရင် အစစ်သုံးပေမဲ့ သုံးပြီးတဲ့အချိန်မှာ အဲ့လို မူမမှန်တာတွေ ဖြစ်လာခဲ့ရင် ချက်ချင်း ပြန်ဆေးချပါ။ ပြီးတော့ ဆရာဝန်နဲ့ တိုင်ပင်ပါနော်…

မျက်လုံးရောင်ရမ်းခြင်း

Related Article >>> ဘရမ်းဒတ်လား? နိုး မလိုချင်ဘူး…

ခြုံပြောရရင်တော့ ယောင်းတို့ရယ်… ဒီဘက်ခေတ်မှာ မိတ်ကပ်ပစ္စည်းတွေ၊ တံဆိပ်တွေ အများကြီး ရှိလာတာမို့ ကိုယ့်အသားအရည်၊ ကိုယ့်ဝင်ငွေနဲ့ သင့်တော်တာမျိုးကို သေချာစဉ်းစားပြီး ဝယ်သင့်ပါတယ်။ အဲ့ဒီအတုတွေက တံဆိပ်ပဲဘူးအပေါ်မှာပါပြီး ဘယ်နိုင်ငံ၊ ဘယ်နေရာက ဘယ်လိုပစ္စည်းတွေနဲ့ လုပ်ထားလည်းဆိုတာ မသိနိုင်ဘူးလေ။ မျက်နှာက ခန္ဓာကိုယ်မှာ လူအမြင်နိုင်ဆုံး အစိတ်အပိုင်းဆိုတော့ မျက်နှာပျက်စီးသွားရင် တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်နေမှာမို့ ဂရုစိုက်ဝယ်ရမယ်နော်။ အတုမပြောနဲ့ အစစ်တောင် မတည့်ရင် အဆီဖုတွေ ပေါက်လာတာမျိုးတွေ၊ အသားတွေ နီလာတာမျိုးတွေ ရှိနေတတ်သေးတာ မဟုတ်လား။ ဒီတော့ အတုဆို ရှောင်ကြဖို့ ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်နော်.. 

အတုဘေးက ဝေးနိုင်ကြပါစေ ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

References : The Talk O , Mashable , Project Vanity

No Comments Yet

Comments are closed